NLD ပါတီက ထုတ္တဲ့ ဦးေက်ာ္ေဇယ် PPP ပါတီဝင္ေရာက္

NLD ပါတီက ဖြဲ႕စည္းထားတဲ့ ရန္ကုန္တိုင္းအစိုးရကို မၾကာခဏ ထုတ္ေဖာ္ေဝဖန္ေျပာၾကားေလ့ရွိသူ
(Zawgyi)⤵⤵⤵
NLDက ပါတီဝင္ အျဖစ္က ထုတ္ပယ္လိုက္တဲ့ ရန္ကုန္တိုင္း ဒဂုံၿမိဳ႕နယ္ တိုင္းလႊတ္ေတာ္ အမတ္ ဦးေက်ာ္ေဇယ်ဟာ ထုတ္ပယ္ေၾကာင္းစာရတဲ့ ဇန္နဝါရီ ၂၅ ရက္မွာပဲ ေဒၚသက္သက္ခိုင္ရဲ႕ PPP ပါတီကို ဝင္ေရာက္မယ္လို႔ ေျပာပါတယ္။

ေဒါက္တာသက္သက္ခိုင္ဟာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီက ႏုတ္ထြက္ၿပီး ျပည္သူ႔ေရွ႕ေဆာင္ PPP ပါတီကို တည္ေထာင္ထားတာ ျဖစ္ပါတယ္။

ဦးေက်ာ္ေဇယ်ဟာ ရန္ကုန္တိုင္းအစိုးရရဲ႕ လုပ္ေဆာင္ခ်က္ေတြကို မီဒီယာေတြနဲ႔ လူမႈကြန္ရက္ေတြမွာ ထုတ္ေဖာ္ ေဝဖန္ေျပာဆိုေလ့ရွိသူ ျဖစ္ပါတယ္။ သူဟာ တပ္မေတာ္မွာ ဒုဗိုလ္မႉးႀကီး တာဝန္ထမ္းေဆာင္ခဲ့သူျဖစ္ၿပီး ျမန္မာ့စီးပြားေရး ဦးပိုင္လီမီတက္မွာ ဒါ႐ိုက္တာ အျဖစ္တာဝန္ယူခဲ့ၿပီး အၿငိမ္းစားယူခဲ့သူလည္း ျဖစ္ပါတယ္။

သူ႔ကို ပါတီက ထုတ္ပယ္တာနဲ႔ ပတ္သက္ၿပီး NLD ပါတီ ေျပာခြင့္ရသူ ေဒါက္တာမ်ိဳးၫြန႔္က "စာထြက္မထြက္ေတာ့ မသိဘူး။ သူ႔ကို အေရးယူဖို႔ ဆုံးျဖတ္ထားတာေတာ့ ရွိတယ္။ အဓိကကေတာ့ ပါတီက ခ်ထားတဲ့ မူဝါဒေတြရွိပါတယ္။ ကိုယ့္အခ်င္းခ်င္း စည္းလုံးညီၫြတ္မႈ ပ်က္ေစတာ၊ ပါတီရဲ႕ ပုံရိပ္ထိခိုက္ေစမယ့္ အျပဳအမူ အေျပာအဆိုေတြ မလုပ္ရဘူးဆိုတာ သတ္မွတ္ထားပါတယ္"

"အတြင္းစည္းထဲမွာေတာ့ ႀကိဳက္သလို ေဝဖန္လို႔ ရပါတယ္။ ဒါေပမဲ့ ျပည္သူေတြကို အဲဒါေတြ ထုတ္ေျပာျခင္းဟာ ပါတီတြင္းမွာ စည္းလုံးညီၫြတ္မႈ ၿပိဳကြဲေစႏိုင္တယ္ဆိုရင္ ကြၽန္ေတာ္တို႔ အေရးယူပါတယ္" လို႔ ေျပာပါတယ္။

ဦးေက်ာ္ေဇယ်နဲ႔ေဒါက္တာသက္သက္ခိုင္တို႔ကို ၂၀၁၈ ခုႏွစ္ ႏွစ္ကုန္ပိုင္းကစလို႔ NLD က ပါတီတာဝန္ေတြက ရပ္နားထားခဲ့တာ ျဖစ္ပါတယ္။

အခုလို ပါတီက ထုတ္ပယ္ခံရတာနဲ႔ ပတ္သက္လို႔ ဦးေက်ာ္ေဇယ်က "ဟုတ္ပါတယ္။ ဒီေန႔ ရရခ်င္း တရားဝင္(စာ)ရလို႔ တင္လိုက္တာပါ။ ပထမ ပါတီက ရပ္နားတုန္းကလည္း ၿမိဳ႕နယ္အလုပ္အမႈေဆာင္အဖြဲ႕က အံ့ၾသတယ္ေပါ့။ အခုလည္း ထုတ္လိုက္ပါတယ္။ ပထမ ကြၽန္ေတာ့္ကို ျပန္ၿပီးေတာ့ တာဝန္ေပးမလားေပါ့"

"တခ်ိဳ႕ဆို အယူခံ ဝင္တဲ့အတြက္ တစ္ႏွစ္ေလာက္ ေျခာက္လေလာက္ၾကာရင္ တာဝန္ျပန္ေပးတာ ရွိတယ္။ ကြၽန္ေတာ့္က် တာဝန္ ျပန္ေပးမလားလို႔ ေစာင့္ေနတယ္"

"ကြၽန္ေတာ္ကစၿပီး မထြက္ပါဘူး။ ထုတ္ရင္ေတာ့ ထုတ္တဲ့အေလွ်ာက္ေတာ့ နာခံရမွာေပါ့ေလ။ ကြၽန္ေတာ္ကလည္း ျပန္ၿပီးအယူခံ မဝင္ပါဘူး" လို႔ ေျပာပါတယ္။

မီဒီယာေတြနဲ႔ လူမႈကြန္ရက္မွာ သူေျပာဆိုတာေတြနဲ႔ ပတ္သက္လို႔ေတာ့ ပါတီေခါင္းေဆာင္ေတြက အခုလို အေရးမယူခင္ ေခၚယူ သတိေပးတာေတြ မရွိခဲ့ဘူးလို႔ ဦးေက်ာ္ေဇယ်က ေျပာပါတယ္။

NLD ပါတီက၂၀၁၅ ေ႐ြးေကာက္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့တဲ့ ပါတီ ကိုယ္စားျပဳ ကိုယ္စားလွယ္တခ်ိဳ႕ကို ပါတီတာဝန္ကရပ္စဲတာ၊ ထုတ္ပယ္တာေတြ ရွိခဲ့ပါတယ္။

ေဒါက္တာသက္သက္ခိုင္ကေတာ့ NLD ပါတီက ဒီမိုကေရစီနဲ႔မညီတဲ့ ကန႔္သတ္မႈေတြလုပ္တဲ့အျပင္ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ကိုယ္စားလွယ္အျဖစ္ ပါတီက ျပန္ေ႐ြးမွာ မဟုတ္ဘူးစတာေတြေၾကာင့္ ႏုတ္ထြက္တယ္လို႔ ေျပာခဲ့ပါတယ္။

ျပည္သူ႔ေရွ႕ေဆာင္ပါတီဟာ လူငယ္နဲ႔အမ်ိဳးသမီးေတြပါဝင္မႈကို ျမႇင့္တင္သြားမွာျဖစ္သလို၊ ေခါင္းေဆာင္ တစ္ဦးတည္းက ဦးတည္ဆုံးျဖတ္တဲ့စနစ္မ်ိဳးမဟုတ္တဲ့ အမ်ားစုဆႏၵနဲ႔ ဆုံးျဖတ္ခ်က္ေတြကို ခ်မွတ္ လုပ္ေဆာင္မယ့္ ပါတီျဖစ္တယ္လို႔ ေျပာထားပါတယ္။

BBC Burmese
https://www.bbc.com
-----------
(Unicode)⤵⤵⤵
NLD ပါတီက ထုတ်တဲ့ ဦးကျော်ဇေယျ PPP ပါတီဝင်ရောက်

ဓာတ်ပုံ မူပိုင် U Kyaw Zay Ya's Facebook
Image caption NLD ပါတီက ဖွဲ့စည်းထားတဲ့ ရန်ကုန်တိုင်းအစိုးရကို မကြာခဏ ထုတ်ဖော်ဝေဖန်ပြောကြားလေ့ရှိသူ

NLDက ပါတီဝင် အဖြစ်က ထုတ်ပယ်လိုက်တဲ့ ရန်ကုန်တိုင်း ဒဂုံမြို့နယ် တိုင်းလွှတ်တော် အမတ် ဦးကျော်ဇေယျဟာ ထုတ်ပယ်ကြောင်းစာရတဲ့ ဇန်နဝါရီ ၂၅ ရက်မှာပဲ ဒေါ်သက်သက်ခိုင်ရဲ့ PPP ပါတီကို ဝင်ရောက်မယ်လို့ ပြောပါတယ်။

ဒေါက်တာသက်သက်ခိုင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက နုတ်ထွက်ပြီး ပြည်သူ့ရှေ့ဆောင် PPP ပါတီကို တည်ထောင်ထားတာ ဖြစ်ပါတယ်။

ဦးကျော်ဇေယျဟာ ရန်ကုန်တိုင်းအစိုးရရဲ့ လုပ်ဆောင်ချက်တွေကို မီဒီယာတွေနဲ့ လူမှုကွန်ရက်တွေမှာ ထုတ်ဖော် ဝေဖန်ပြောဆိုလေ့ရှိသူ ဖြစ်ပါတယ်။ သူဟာ တပ်မတော်မှာ ဒုဗိုလ်မှူးကြီး တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်မှာ ဒါရိုက်တာ အဖြစ်တာဝန်ယူခဲ့ပြီး အငြိမ်းစားယူခဲ့သူလည်း ဖြစ်ပါတယ်။

သူ့ကို ပါတီက ထုတ်ပယ်တာနဲ့ ပတ်သက်ပြီး NLD ပါတီ ပြောခွင့်ရသူ ဒေါက်တာမျိုးညွန့်က "စာထွက်မထွက်တော့ မသိဘူး။ သူ့ကို အရေးယူဖို့ ဆုံးဖြတ်ထားတာတော့ ရှိတယ်။ အဓိကကတော့ ပါတီက ချထားတဲ့ မူဝါဒတွေရှိပါတယ်။ ကိုယ့်အချင်းချင်း စည်းလုံးညီညွတ်မှု ပျက်စေတာ၊ ပါတီရဲ့ ပုံရိပ်ထိခိုက်စေမယ့် အပြုအမူ အပြောအဆိုတွေ မလုပ်ရဘူးဆိုတာ သတ်မှတ်ထားပါတယ်"

"အတွင်းစည်းထဲမှာတော့ ကြိုက်သလို ဝေဖန်လို့ ရပါတယ်။ ဒါပေမဲ့ ပြည်သူတွေကို အဲဒါတွေ ထုတ်ပြောခြင်းဟာ ပါတီတွင်းမှာ စည်းလုံးညီညွတ်မှု ပြိုကွဲစေနိုင်တယ်ဆိုရင် ကျွန်တော်တို့ အရေးယူပါတယ်" လို့ ပြောပါတယ်။

ဦးကျော်ဇေယျနဲ့ဒေါက်တာသက်သက်ခိုင်တို့ကို ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းကစလို့ NLD က ပါတီတာဝန်တွေက ရပ်နားထားခဲ့တာ ဖြစ်ပါတယ်။

အခုလို ပါတီက ထုတ်ပယ်ခံရတာနဲ့ ပတ်သက်လို့ ဦးကျော်ဇေယျက "ဟုတ်ပါတယ်။ ဒီနေ့ ရရချင်း တရားဝင်(စာ)ရလို့ တင်လိုက်တာပါ။ ပထမ ပါတီက ရပ်နားတုန်းကလည်း မြို့နယ်အလုပ်အမှုဆောင်အဖွဲ့က အံ့သြတယ်ပေါ့။ အခုလည်း ထုတ်လိုက်ပါတယ်။ ပထမ ကျွန်တော့်ကို ပြန်ပြီးတော့ တာဝန်ပေးမလားပေါ့"

"တချို့ဆို အယူခံ ဝင်တဲ့အတွက် တစ်နှစ်လောက် ခြောက်လလောက်ကြာရင် တာဝန်ပြန်ပေးတာ ရှိတယ်။ ကျွန်တော့်ကျ တာဝန် ပြန်ပေးမလားလို့ စောင့်နေတယ်"

"ကျွန်တော်ကစပြီး မထွက်ပါဘူး။ ထုတ်ရင်တော့ ထုတ်တဲ့အလျှောက်တော့ နာခံရမှာပေါ့လေ။ ကျွန်တော်ကလည်း ပြန်ပြီးအယူခံ မဝင်ပါဘူး" လို့ ပြောပါတယ်။

မီဒီယာတွေနဲ့ လူမှုကွန်ရက်မှာ သူပြောဆိုတာတွေနဲ့ ပတ်သက်လို့တော့ ပါတီခေါင်းဆောင်တွေက အခုလို အရေးမယူခင် ခေါ်ယူ သတိပေးတာတွေ မရှိခဲ့ဘူးလို့ ဦးကျော်ဇေယျက ပြောပါတယ်။

NLD ပါတီက၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပါတီ ကိုယ်စားပြု ကိုယ်စားလှယ်တချို့ကို ပါတီတာဝန်ကရပ်စဲတာ၊ ထုတ်ပယ်တာတွေ ရှိခဲ့ပါတယ်။

ဒေါက်တာသက်သက်ခိုင်ကတော့ NLD ပါတီက ဒီမိုကရေစီနဲ့မညီတဲ့ ကန့်သတ်မှုတွေလုပ်တဲ့အပြင် ၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်အဖြစ် ပါတီက ပြန်ရွေးမှာ မဟုတ်ဘူးစတာတွေကြောင့် နုတ်ထွက်တယ်လို့ ပြောခဲ့ပါတယ်။

ပြည်သူ့ရှေ့ဆောင်ပါတီဟာ လူငယ်နဲ့အမျိုးသမီးတွေပါဝင်မှုကို မြှင့်တင်သွားမှာဖြစ်သလို၊ ခေါင်းဆောင် တစ်ဦးတည်းက ဦးတည်ဆုံးဖြတ်တဲ့စနစ်မျိုးမဟုတ်တဲ့ အများစုဆန္ဒနဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ် လုပ်ဆောင်မယ့် ပါတီဖြစ်တယ်လို့ ပြောထားပါတယ်။

BBC Burmese
https://www.bbc.com
NLD ပါတီက ထုတ္တဲ့ ဦးေက်ာ္ေဇယ် PPP ပါတီဝင္ေရာက္ NLD ပါတီက ထုတ္တဲ့ ဦးေက်ာ္ေဇယ် PPP ပါတီဝင္ေရာက္ Reviewed by THITHTOOLWIN on 02:06 Rating: 5
Powered by Blogger.