ဘန်ကောက်လေထု ညစ်ညမ်း စာသင်ကျောင်းတွေ ခေတ္တပိတ်

(Unicode)⤵⤵⤵
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ လေထု ညစ်ညမ်းတာကြောင့် မြို့တွင်းက ကျောင်းတွေအားလုံးကို တရက်ကြာ ပိတ်ခဲ့ရပါတယ်။ လေထုထဲက ဖုန်တွေရဲ့ ဒဏ်ကနေ ကျောင်းသူ၊ ကျောင်းသားတွေနဲ့ ဆရာ၊ ဆရာမတွေကို အကာအကွယ်ပေးနိုင်ဖို့အတွက် ကျောင်း စုစုပေါင်း ၄၃၇ ကျောင်းကို ပိတ်ခဲ့တာပါ။

ဘန်ကောက် မြို့တော် အုပ်ချုပ်ရေးအဖွဲ့ (BMA) က လေထုထဲ ကုဗပေ တမီတာ အတွင်း ဖုန်ပါရှိမှု ပမာဏဟာ ပုံမှန်ထက် ပိုများနေတာကြောင့် အခုလို ကျောင်းပိတ်ရတာလို့ ဆိုပါတယ်။ မြို့တော်မှာ လေပြင်းပြင်း မတိုက်ပဲနဲ့ အဲဒီ ဖုန်တွေဟာ နောက် ရက်အနည်းငယ်အတွင်း ပျောက်ကွယ်သွားမှာ မဟုတ်ဘူးလို့လည်း မြို့တော် အုပ်ချုပ်ရေး အဖွဲ့က ပြောပါတယ်။

ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့က ကျန်းမာရေး ဝန်ဆောင်မှုပေးတဲ့ ဌာန ၆၈ နေရာ အပါအဝင် လျှပ်စစ် ရထား ဘူတာနဲ့ ဘတ်စ်ကားဂိတ်တွေမှာလည်း မြို့တော်တွင်း ခရီးသွားနေသူတွေ မကျန်းမာတဲ့ မြူမှုန်တွေရဲ့ ဒဏ်ကို ကာကွယ်နိုင်အောင် နှာခေါင်းစည်းတွေ ဝေငှပေးနေရပါတယ်။

မော်တော်ယာဉ်က ထွက်တဲ့ မီးခိုးတွေကို လျှော့ချနိုင်ဖို့ အတွက်လည်း မြို့တော် အုပ်ချုပ်ရေး ဝန်ထမ်းတွေက အလုပ်ချိန်ကို ၈ နာရီခွဲက ၄ နာရီခွဲ အစား ၁၀ နာရီက ၆ နောက်ရီ အထိ ပြောင်းလဲခဲ့ပါတယ်။ မော်တော်ယာဉ် exhaust (အိပ်ဇောပိုက်) တွေက ထွက်လာတဲ့ မီးခိုးတွေကလည်း မြို့တော်အတွင်း လေထု ညစ်ညမ်းမှု ပြဿနာဖြစ်စေတဲ့ အကြောင်းရင်း တစ်ခုလည်း ဖြစ်ပါတယ်။
--------------

(Zawgyi)

ဘန္ေကာက္ေလထု ညစ္ညမ္း စာသင္ေက်ာင္းေတြ ေခတၱပိတ္

ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕မွာ ေလထု ညစ္ညမ္းတာေၾကာင့္ ၿမိဳ႕တြင္းက ေက်ာင္းေတြ အားလုံးကို တရက္ၾကာ ပိတ္ခဲ့ရပါတယ္။ ေလထုထဲက ဖုန္ေတြရဲ႕ ဒဏ္ကေန ေက်ာင္းသူ၊ ေက်ာင္းသားေတြနဲ႔ ဆရာ၊ ဆရာမေတြကို အကာအကြယ္ေပးႏိုင္ဖို႔အတြက္ ေက်ာင္း စုစုေပါင္း ၄၃၇ ေက်ာင္းကို ပိတ္ခဲ့တာပါ။

ဘန္ေကာက္ ၿမိဳ႕ေတာ္ အုပ္ခ်ဳပ္ေရးအဖြဲ႕ (BMA) က ေလထုထဲ ကုဗေပ တမီတာ အတြင္း ဖုန္ပါရွိမႈ ပမာဏဟာ ပုံမွန္ထက္ ပိုမ်ားေနတာေၾကာင့္ အခုလို ေက်ာင္းပိတ္ရတာလို႔ ဆိုပါတယ္။ ၿမိဳ႕ေတာ္မွာ ေလျပင္းျပင္း မတိုက္ပဲနဲ႔ အဲဒီ ဖုန္ေတြဟာ ေနာက္ ရက္အနည္းငယ္အတြင္း ေပ်ာက္ကြယ္သြားမွာ မဟုတ္ဘူးလို႔လည္း ၿမိဳ႕ေတာ္ အုပ္ခ်ဳပ္ေရး အဖြဲ႕က ေျပာပါတယ္။

ဘန္ေကာက္ၿမိဳ႕ေတာ္ အုပ္ခ်ဳပ္ေရးအဖြဲ႕က က်န္းမာေရး ဝန္ေဆာင္မႈေပးတဲ့ ဌာန ၆၈ ေနရာ အပါအဝင္ လွ်ပ္စစ္ ရထား ဘူတာနဲ႔ ဘတ္စ္ကားဂိတ္ေတြမွာလည္း ၿမိဳ႕ေတာ္တြင္း ခရီးသြားေနသူေတြ မက်န္းမာတဲ့ ျမဴမႈန္ေတြရဲ႕ ဒဏ္ကို ကာကြယ္ႏိုင္ေအာင္ ႏွာေခါင္းစည္းေတြ ေဝငွေပးေနရပါတယ္။

ေမာ္ေတာ္ယာဥ္က ထြက္တဲ့ မီးခိုးေတြကို ေလွ်ာ့ခ်ႏိုင္ဖို႔ အတြက္လည္း ၿမိဳ႕ေတာ္ အုပ္ခ်ဳပ္ေရး ဝန္ထမ္းေတြက အလုပ္ခ်ိန္ကို ၈ နာရီခြဲက ၄ နာရီခြဲ အစား ၁၀ နာရီက ၆ ေနာက္ရီ အထိ ေျပာင္းလဲခဲ့ပါတယ္။ ေမာ္ေတာ္ယာဥ္ exhaust (အိပ္ေဇာပိုက္) ေတြက ထြက္လာတဲ့ မီးခိုးေတြကလည္း ၿမိဳ႕ေတာ္အတြင္း ေလထု ညစ္ညမ္းမႈ ျပႆနာျဖစ္ေစတဲ့ အေၾကာင္းရင္း တစ္ခုလည္း ျဖစ္ပါတယ္။

VOA (Burmese)
https://burmese.voanews.com
ဘန်ကောက်လေထု ညစ်ညမ်း စာသင်ကျောင်းတွေ ခေတ္တပိတ် ဘန်ကောက်လေထု ညစ်ညမ်း စာသင်ကျောင်းတွေ ခေတ္တပိတ် Reviewed by THITHTOOLWIN on 08:13 Rating: 5
Powered by Blogger.