Corona ဗိုင်းရပ် ထိန်းချုပ်နိုင်ရေး တရုတ် ဝူဟန်မြို့ အဝင်အထွက် ပိတ်ပင်

(Unicode)⤵⤵⤵
တရုတ်နိုင်ငံမှာ လူ ၁၇ ဦး သေဆုံးပြီး ရာနဲ့ချီ ရောဂါပိုး ကူးစက်ခံနေရတဲ့ Coronavirus ကို ထိန်းချုပ်နိုင်အောင် လုပ်ဆောင်တဲ့ အနေနဲ့ ဒီကူးစက်ရောဂါ စတင်ဖြစ်ပွားတဲ့ Wuhan မြို့က ထွက်ခွာမယ့် လေယာဉ်နဲ့ မီးရထားတွေအားလုံး ပိတ်ပင်ထားလိုက်ပါတယ်။

မြို့ခံတွေ အနေနဲ့လည်း ကိစ္စအကြောင်း ကြီးငယ်မရှိဘဲ မြို့ကနေ မထွက်ခွာကြဖို့ အာဏာပိုင်တွေက အမိန့်ထုတ်ထားတယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းမှာ ကြာသပတေးနေ့ ရက်စွဲနဲ့ ဖော်ပြထားပါတယ်။

မြို့ကနေ မနက် ၁၀ နာရီကစလို့ ဘယ်သူမှ ထွက်ခွာခွင့် မပြုကြောင်း၊ လေဆိပ်နဲ့ ရထားဘူတာတွေ အားလုံးကိုလည်း ပိတ်ထားကြောင်း အစိုးရပိုင် နောက်ထပ် သတင်းဌာန တခုဖြစ်တဲ့ People’s Daily သတင်းမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် မြို့မှာ လည်ပတ်နေတဲ့ ဘတ်စ်ကား၊ မြေအောက်ရထား၊ ဖယ်ရီယာဉ်နဲ့ အဝေးပြေး ဘတ်စ်ကားတွေကိုလည်း ယာယီ ပိတ်ပင်ထားကြောင်း Wuhan မြို့ အာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး People’s Daily သတင်းမှာ ဖော်ပြထားပါတယ်။

တရုတ်အစိုးရက အခုလို ဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်တဲ့ လုပ်ဆောင်မှုတွေအပေါ် ကြိုဆိုကြောင်း WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး ကလည်း ပြောပါတယ်။

ကြာသပတေးနေ့က စလို့ Wuhan မြို့က ထွက်မယ့် လေယာဉ်နဲ့ ရထားတွေ ပိတ်ပင်လိုက်တဲ့ တရုတ်အစိုးရရဲ့ လုပ်ရပ်ဟာ ပြင်းထန်ပြီး ထိရောက်တဲ့ လုပ်ရပ်ဖြစ်ကြောင်း WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
-------------
(Zawgyi)

Corona ဗိုင္းရပ္ ထိန္းခ်ဳပ္ႏိုင္ေရး တ႐ုတ္ ဝူဟန္ၿမိဳ႕ အဝင္အထြက္ ပိတ္ပင္


တ႐ုတ္ႏိုင္ငံမွာ လူ ၁၇ ဦး ေသဆုံးၿပီး ရာနဲ႔ခ်ီ ေရာဂါပိုး ကူးစက္ခံေနရတဲ့ Coronavirus ကို ထိန္းခ်ဳပ္ႏိုင္ေအာင္ လုပ္ေဆာင္တဲ့ အေနနဲ႔ ဒီကူးစက္ေရာဂါ စတင္ျဖစ္ပြားတဲ့ Wuhan ၿမိဳ႕က ထြက္ခြာမယ့္ ေလယာဥ္နဲ႔ မီးရထားေတြအားလုံး ပိတ္ပင္ထားလိုက္ပါတယ္။

ၿမိဳ႕ခံေတြ အေနနဲ႔လည္း ကိစၥအေၾကာင္း ႀကီးငယ္မရွိဘဲ ၿမိဳ႕ကေန မထြက္ခြာၾကဖို႔ အာဏာပိုင္ေတြက အမိန႔္ထုတ္ထားတယ္လို႔ တ႐ုတ္အစိုးရပိုင္ ဆင္ဟြာသတင္းမွာ ၾကာသပေတးေန႔ ရက္စြဲနဲ႔ ေဖာ္ျပထားပါတယ္။

ၿမိဳ႕ကေန မနက္ ၁၀ နာရီကစလို႔ ဘယ္သူမွ ထြက္ခြာခြင့္ မျပဳေၾကာင္း၊ ေလဆိပ္နဲ႔ ရထားဘူတာေတြ အားလုံးကိုလည္း ပိတ္ထားေၾကာင္း အစိုးရပိုင္ ေနာက္ထပ္ သတင္းဌာန တခုျဖစ္တဲ့ People’s Daily သတင္းမွာ ေဖာ္ျပထားပါတယ္။ ဒါ့အျပင္ ၿမိဳ႕မွာ လည္ပတ္ေနတဲ့ ဘတ္စ္ကား၊ ေျမေအာက္ရထား၊ ဖယ္ရီယာဥ္နဲ႔ အေဝးေျပး ဘတ္စ္ကားေတြကိုလည္း ယာယီ ပိတ္ပင္ထားေၾကာင္း Wuhan ၿမိဳ႕ အာဏာပိုင္ေတြရဲ႕ ထုတ္ျပန္ခ်က္ကို ကိုးကားၿပီး People’s Daily သတင္းမွာ ေဖာ္ျပထားပါတယ္။

တ႐ုတ္အစိုးရက အခုလို ဗိုင္းရပ္စ္ပိုး ကူးစက္ပ်ံ႕ႏွံ႔မႈကို ထိန္းခ်ဳပ္တဲ့ လုပ္ေဆာင္မႈေတြအေပၚ ႀကိဳဆိုေၾကာင္း WHO ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီး ကလည္း ေျပာပါတယ္။

ၾကာသပေတးေန႔က စလို႔ Wuhan ၿမိဳ႕က ထြက္မယ့္ ေလယာဥ္နဲ႔ ရထားေတြ ပိတ္ပင္လိုက္တဲ့ တ႐ုတ္အစိုးရရဲ႕ လုပ္ရပ္ဟာ ျပင္းထန္ၿပီး ထိေရာက္တဲ့ လုပ္ရပ္ျဖစ္ေၾကာင္း WHO အႀကီးအကဲ Tedros Adhanom Ghebreyesus က ဗုဒၶဟူးေန႔မွာ ေျပာပါတယ္။

VOA (Burmese)
https://burmese.voanews.com
Corona ဗိုင်းရပ် ထိန်းချုပ်နိုင်ရေး တရုတ် ဝူဟန်မြို့ အဝင်အထွက် ပိတ်ပင် Corona ဗိုင်းရပ် ထိန်းချုပ်နိုင်ရေး တရုတ် ဝူဟန်မြို့ အဝင်အထွက် ပိတ်ပင် Reviewed by THITHTOOLWIN on 08:11 Rating: 5
Powered by Blogger.