ပါေမာကၡခ်ဳပ္ကို အေရးယူဖို႔ မႏၲေလးေက်ာင္းသားတခ်ိဳ႕ ေတာင္းဆို

မႏၲေလးတကၠသိုလ္က စားေသာက္ဆိုင္တန္းအေဆာက္အအုံ ေဆာက္လုပ္ရာမွာ ပြင့္လင္းျမင္သာမႈမရွိတဲ့အတြက္ ေက်ာင္းသားသမဂၢ အဖြဲ႕ဝင္ေတြ ၂၀၂၀ ဇန္နဝါရီ ၁၄ ရက္ေန႔က ဆႏၵျပစဥ္ /Photo: Khaymani Win‎/RFA
(Zawgyi)⤵⤵⤵
မႏၲေလးတကၠသိုလ္အတြင္းမွာ Food Court ဖြင့္လွစ္ဖို႔ တင္ဒါေခၚယူျခင္းမရွိဘဲ ခြင့္ျပဳခဲ့တဲ့ ပါေမာကၡခ်ဳပ္ကို အေရးယူေပးဖို႔ ေက်ာင္းသားသမဂၢ အဖြဲ႕ဝင္ေတြ ဒီေန႔အထိ ဆက္လက္သပိတ္ ေမွာက္ဆႏၵျပေနပါတယ္။

ဇန္နဝါရီ ၉ ရက္ေန႔ကစၿပီး ပါေမာကၡခ်ဳပ္ကို အေရးယူေပးဖို႔ ပညာေရးဝန္ႀကီးဌာနကို ေက်ာင္သားေတြက ဆႏၵျပေတာင္းဆိုေနတာ ဒီေန႔ဆိုရင္ ၆ ရက္ေျမာက္ ရွိေနၿပီျဖစ္ပါတယ္။

မႏၲေလးတကၠသိုလ္အတြင္းမွာ ေျမဧရိယာ ၅၅ ေပ၊ ေပ ၁၄၀ ကိုအသုံးျပဳၿပီးတည္ေဆာက္ထားတဲ့ ပုဂၢလိကပိုင္ Food Court စားေသာက္ဆိုင္တည္ေဆာက္မႈမွာ ပြင့္လင္းျမင္သာမႈ မရွိတာေၾကာင့္ ေက်ာင္းသားသမဂၢအဖြဲ႕ ဝင္ေတြက ဦးေဆာင္ၿပီး ဆႏၵျပေတာင္းဆိုေနတာပါ။

ၿပီးခဲ့တဲ့ စက္တင္ဘာလကလည္း Oriental House လို႔ အမည္ေပးထားတဲ့ Food Court စားေသာက္ဆိုင္ တည္ေဆာက္ဖို႔ ခြင့္ျပဳခဲ့တဲ့ ပါေမာကၡခ်ဳပ္ကို အေရးယူေပးဖို႔ ဆႏၵျပေတာင္းဆိုခဲ့ပါတယ္။ အဲဒီေနာက္ ပညာေရးဝန္ႀကီးဌာန ဒု-ဝန္ႀကီး ကိုယ္တိုင္ ဦးေဆာင္တဲ့ အဖြဲ႕က စုံစမ္းစစ္ေဆးမႈ ႏွစ္ႀကိမ္ျပဳလုပ္ခဲ့ရာမွာ အခ်ိန္ သုံးလခန႔္ၾကာျမင့္လာေပမယ့္ ရလဒ္ကို အခုအခ်ိန္ထိ မထုတ္ျပန္ေသးတာေၾကာင့္ ထပ္မံဆႏၵျပေတာင္းဆိုတာလို႔ ေက်ာင္းသားေတြက ေျပာပါတယ္။

ဆႏၵျပေက်ာင္းသားေတြက ႏိုင္ငံေတာ္သမၼတ ၫြန္ၾကားခ်က္နဲ႔ တည္ဆဲဥပေဒေတြကို ေဖာက္ဖ်က္က်ဴးလြန္တဲ့ ေက်ာင္းအုပ္ခ်ဳပ္ေရးအဖြဲ႕ကို အျမန္ဆုံးအေရးယူေပးေရး၊ မႏၲေလး တကၠသိုလ္ကိုအသုံးခ်ၿပီး ကိုယ္က်ိဳးရွာတဲ့ ပါေမာကၡခ်ဳပ္ အလိုမရွိ၊ ပညာေရးဝန္ႀကီးဌာန အခ်ိန္ဆြဲၿပီး ဘက္လိုက္တဲ့ ေျဖရွင္းမႈ အလိုမရွိ၊ မွန္ကန္မွ်တတဲ့ အၿပီးသတ္ စုံစမ္းစစ္ေဆးမႈရလဒ္ အျမန္ဆုံးထုတ္ျပန္ေပးေရး ဆိုတဲ့အခ်က္ေတြကို ေတာင္းဆိုေနၾကတာ ျဖစ္ပါတယ္။

ေက်ာင္းသားေတြ ဆႏၵျပေတာင္းဆိုတာနဲ႔ ပတ္သက္ၿပီး မႏၲေလး တကၠသိုလ္ ပါေမာကၡခ်ဳပ္နဲ႔ ပညာေရး ဝန္ႀကီးဌာန တာဝန္ရွိသူေတြကို RFA က ဆက္သြယ္ေမးျမန္းဖို႔ ႀကိဳးစားေနပါတယ္။

RFA Burmese
https://www.rfa.org
------------
(Unicode)⤵⤵⤵
ပါမောက္ခချုပ်ကို အရေးယူဖို့ မန္တလေးကျောင်းသားတချို့ တောင်းဆို

မန္တလေးတက္ကသိုလ်က စားသောက်ဆိုင်တန်းအဆောက်အအုံ ဆောက်လုပ်ရာမှာ ပွင့်လင်းမြင်သာမှုမရှိတဲ့အတွက် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေ ၂၀၂၀ ဇန်နဝါရီ ၁၄ ရက်နေ့က ဆန္ဒပြစဉ်
Photo: Khaymani Win‎/RFA

မန္တလေးတက္ကသိုလ်အတွင်းမှာ Food Court ဖွင့်လှစ်ဖို့ တင်ဒါခေါ်ယူခြင်းမရှိဘဲ ခွင့်ပြုခဲ့တဲ့ ပါမောက္ခချုပ်ကို အရေးယူပေးဖို့ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေ ဒီနေ့အထိ ဆက်လက်သပိတ် မှောက်ဆန္ဒပြနေပါတယ်။

ဇန်နဝါရီ ၉ ရက်နေ့ကစပြီး ပါမောက္ခချုပ်ကို အရေးယူပေးဖို့ ပညာရေးဝန်ကြီးဌာနကို ကျောင်သားတွေက ဆန္ဒပြတောင်းဆိုနေတာ ဒီနေ့ဆိုရင် ၆ ရက်မြောက် ရှိနေပြီဖြစ်ပါတယ်။

မန္တလေးတက္ကသိုလ်အတွင်းမှာ မြေဧရိယာ ၅၅ ပေ၊ ပေ ၁၄၀ ကိုအသုံးပြုပြီးတည်ဆောက်ထားတဲ့ ပုဂ္ဂလိကပိုင် Food Court စားသောက်ဆိုင်တည်ဆောက်မှုမှာ ပွင့်လင်းမြင်သာမှု မရှိတာကြောင့် ကျောင်းသားသမဂ္ဂအဖွဲ့ ဝင်တွေက ဦးဆောင်ပြီး ဆန္ဒပြတောင်းဆိုနေတာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း Oriental House လို့ အမည်ပေးထားတဲ့ Food Court စားသောက်ဆိုင် တည်ဆောက်ဖို့ ခွင့်ပြုခဲ့တဲ့ ပါမောက္ခချုပ်ကို အရေးယူပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။ အဲဒီနောက် ပညာရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ကိုယ်တိုင် ဦးဆောင်တဲ့ အဖွဲ့က စုံစမ်းစစ်ဆေးမှု နှစ်ကြိမ်ပြုလုပ်ခဲ့ရာမှာ အချိန် သုံးလခန့်ကြာမြင့်လာပေမယ့် ရလဒ်ကို အခုအချိန်ထိ မထုတ်ပြန်သေးတာကြောင့် ထပ်မံဆန္ဒပြတောင်းဆိုတာလို့ ကျောင်းသားတွေက ပြောပါတယ်။

ဆန္ဒပြကျောင်းသားတွေက နိုင်ငံတော်သမ္မတ ညွန်ကြားချက်နဲ့ တည်ဆဲဥပဒေတွေကို ဖောက်ဖျက်ကျူးလွန်တဲ့ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကို အမြန်ဆုံးအရေးယူပေးရေး၊ မန္တလေး တက္ကသိုလ်ကိုအသုံးချပြီး ကိုယ်ကျိုးရှာတဲ့ ပါမောက္ခချုပ် အလိုမရှိ၊ ပညာရေးဝန်ကြီးဌာန အချိန်ဆွဲပြီး ဘက်လိုက်တဲ့ ဖြေရှင်းမှု အလိုမရှိ၊ မှန်ကန်မျှတတဲ့ အပြီးသတ် စုံစမ်းစစ်ဆေးမှုရလဒ် အမြန်ဆုံးထုတ်ပြန်ပေးရေး ဆိုတဲ့အချက်တွေကို တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

ကျောင်းသားတွေ ဆန္ဒပြတောင်းဆိုတာနဲ့ ပတ်သက်ပြီး မန္တလေး တက္ကသိုလ် ပါမောက္ခချုပ်နဲ့ ပညာရေး ဝန်ကြီးဌာန တာဝန်ရှိသူတွေကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

RFA Burmese
https://www.rfa.org

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အခ်ိန္နဲ ့တေျပးညီ သတင္းမ်ား ဖတ္ရႈႏိုင္ဖုိ ့ facebook "like" ကုိ ႏွိပ္ပါ။ thithtoolwin9@gmail.com ကုိ လည္း သတင္းမ်ား ဆက္သြယ္ေပးပုိ ့ႏိုင္ပါသည္။
ေနာက္ဆုံးရ သတင္းမ်ားကုိ ေအာက္ပါ Tweets မွာ ေဖာ္ျပထားပါတယ္။ Tweets ရဲ ့ေဘးေဘာင္တန္းကုိ ဆဲြခ်ျပီ မိမိတုိ ့စိတ္၀င္စားတဲ့ သတင္းေခါင္းစဥ္ ေအာက္က Link ကုိ ႏွိပ္ျပီ အျပည့္အစုံဖတ္ရႈႏိုင္ပါတယ္။
 

Advertisement

 

အသစ္ တင္သမွ် သတင္းမ်ား အလို အေလွ်ာက္ပုိ ့ ေပးပါမည္

က်န္းမာေရးႏွင့္ ေဖ်ာ္ေျဖေရး

တစ္ပတ္အတြင္း စိတ္ဝင္စားဖြယ္ရာ သတင္းမ်ား