ဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံပါ တစ္ေထာင္တန္ေငြစကၠဴသစ္ေတြ ဝန္ထမ္းလစာထဲ ထည့္ေပးမယ္

အသစ္ထုတ္ေဝတဲ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံပါ က်ပ္တစ္ေထာင္တန္ ေငြစကၠဴ
(Zawgyi)⤵⤵⤵
ဗိုလ္ခ်ဳပ္ေအာင္ဆန္း႐ုပ္ပုံပါတဲ့ တစ္ေထာင္တန္ ေငြစကၠဴသစ္ေတြကို အစိုးရ စီးပြားေရးဘဏ္ေတြမွာ ဇန္နဝါရီလ ၇ ရက္ေန႔ကစလို႔ လဲလွယ္ရယူႏိုင္ေနၿပီ ျဖစ္ပါတယ္။

ဒါ့အျပင္ ဇန္နဝါရီလကုန္လို႔ အစိုးရဝန္ထမ္းေတြ လစာထုတ္တဲ့အခါမွာလည္း ဗိုလ္ခ်ဳပ္ပုံပါ ေငြစကၠဴသစ္ေတြ ပါလာမွာ ျဖစ္တယ္လို႔ ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္၊ ေငြေၾကးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးဝင္းျမင့္က ေျပာပါတယ္။

"ေငြစကၠဴအသစ္ေတြကို ပုဂၢလိက ဘဏ္ေတြေရာ၊ အစိုးရဘဏ္ေတြ အားလုံးမွာပါ ေပးထားၿပီးသားပါ၊ ဘဏ္ေတြက ဆက္ၿပီး ေဆာင္႐ြက္ပါလိမ့္မယ္" လို႔ ေငြေၾကးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးဝင္းျမင့္က ေျပာပါတယ္။
လက္ရွိသုံးစြဲေနတဲ့ က်ပ္တစ္ေထာင္တန္ကို ေလွ်ာ့ၿပီးထုတ္သြားမယ္

တစ္ေထာင္တန္ ေငြစကၠဴအသစ္ေတြကို ဇန္နဝါရီလ ၄ ရက္ေန႔ လြတ္လပ္ေရးေန႔မွာ ျမန္မာႏိုင္ငံ ဗဟိုဘဏ္က စတင္ထုတ္ေဝမယ္လို႔ ေၾကညာထားခဲ့ပါတယ္။

ဇန္နဝါရီလ ၇ ရက္ေန႔ မနက္ပိုင္းမွာေတာ့ ရန္ကုန္၊ မႏၲေလး၊ ေနျပည္ေတာ္ အပါအဝင္ ၿမိဳ႕ႀကီးေတြက စီးပြားေရးဘဏ္ေတြမွာ လိုခ်င္တဲ့ ပမာဏကို ေငြစကၠဴအသစ္ေတြနဲ႔ လဲလွယ္ေပးေနပါတယ္။

အသစ္နဲ႔ အစားထိုးတာ ျဖစ္ေပမယ့္ လက္ရွိသုံးေနတဲ့ ျခေသၤ့ပုံပါ ေငြစကၠဴေတြက ဆက္ၿပီး ရွိေနဦးမွာပါ လို႔ ေငြေၾကးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးဝင္းျမင့္က ေျပာပါတယ္။

"အသစ္ေတြခ်ည္း ထုတ္လိုက္ရင္ ေငြေၾကးေဖာင္းပြမႈ ျဖစ္သြားမွာေပါ့၊ ခုက ေငြေၾကးအေဟာင္းေပးမွ အသစ္နဲ႔ လဲလွယ္ေပးတာပါ" လို႔ ဦးဝင္းျမင့္က ဆက္ေျပာပါတယ္။

တစ္ေထာင္တန္ ေငြစကၠဴသစ္ ဘယ္ေလာက္႐ိုက္ႏွိပ္ထားၿပီး ျဖစ္သလဲ ဆိုတဲ့ ဘီဘီစီရဲ႕ အေမးကိုေတာ့ ဦးဝင္းျမင့္က ႐ိုက္ႏွိပ္ထားတဲ့ ပမာဏကို ေျပာလို႔ မရေသးဘူးလို႔ ျပန္ေျဖပါတယ္။

လတ္တေလာမွာေတာ့ ထြက္ရွိလာတဲ့ ေငြစကၠဴသစ္ေၾကာင့္ ေငြေၾကးေဖာင္းပြမႈနဲ႔ ကုန္ေဈးႏႈန္းႀကီးျမင့္လာႏိုင္မလားဆိုၿပီးေတာ့ စိုးရိမ္မႈေတြလည္း ရွိေနၾကပါတယ္။

ဗဟိုဘဏ္ ဘက္ကေတာ့ ရွိၿပီးသား တစ္ေထာင္တန္ အေဟာင္းေတြကို အသစ္နဲ႔ အစားထိုးတာျဖစ္ၿပီး အေဟာင္းေတြက တျဖည္းျဖည္းခ်င္း အမ်ားျပည္သူလက္ထဲကေန ေပ်ာက္သြားေအာင္ လုပ္တာပါလို႔ ေျပာပါတယ္။

အခု ဗိုလ္ခ်ဳပ္ပုံ တစ္ေထာင္တန္ေတြ ထုတ္ေဝခဲ့ၿပီး ေနာက္ထပ္လည္း ဗိုလ္ခ်ဳပ္႐ုပ္ပုံပါ ငါးေထာင္တန္နဲ႔ တစ္ေသာင္းတန္ ေငြစကၠဴေတြကိုလည္း အစဥ္လိုက္ ထုတ္ေဝသြားဖို႔ ရွိတယ္လို႔ ေငြေၾကးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးဝင္းျမင့္က ေျပာပါတယ္။

BBC Burmese
https://www.bbc.com
--------
(Unicode)⤵⤵⤵
ဗိုလ်ချုပ်အောင်ဆန်းပုံပါ တစ်ထောင်တန်ငွေစက္ကူသစ်တွေ ဝန်ထမ်းလစာထဲ ထည့်ပေးမယ်

ဓာတ်ပုံ မူပိုင် ရွှေအင်းသားခင်မောင်ဝင်း
Image caption အသစ်ထုတ်ဝေတဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံပါ ကျပ်တစ်ထောင်တန် ငွေစက္ကူ

ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါတဲ့ တစ်ထောင်တန် ငွေစက္ကူသစ်တွေကို အစိုးရ စီးပွားရေးဘဏ်တွေမှာ ဇန်နဝါရီလ ၇ ရက်နေ့ကစလို့ လဲလှယ်ရယူနိုင်နေပြီ ဖြစ်ပါတယ်။

ဒါ့အပြင် ဇန်နဝါရီလကုန်လို့ အစိုးရဝန်ထမ်းတွေ လစာထုတ်တဲ့အခါမှာလည်း ဗိုလ်ချုပ်ပုံပါ ငွေစက္ကူသစ်တွေ ပါလာမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ငွေကြေးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်က ပြောပါတယ်။

"ငွေစက္ကူအသစ်တွေကို ပုဂ္ဂလိက ဘဏ်တွေရော၊ အစိုးရဘဏ်တွေ အားလုံးမှာပါ ပေးထားပြီးသားပါ၊ ဘဏ်တွေက ဆက်ပြီး ဆောင်ရွက်ပါလိမ့်မယ်" လို့ ငွေကြေးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Taylor Weidman
Image caption လက်ရှိသုံးစွဲနေတဲ့ ကျပ်တစ်ထောင်တန်ကို လျှော့ပြီးထုတ်သွားမယ်

တစ်ထောင်တန် ငွေစက္ကူအသစ်တွေကို ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့မှာ မြန်မာနိုင်ငံ ဗဟိုဘဏ်က စတင်ထုတ်ဝေမယ်လို့ ကြေညာထားခဲ့ပါတယ်။

ဇန်နဝါရီလ ၇ ရက်နေ့ မနက်ပိုင်းမှာတော့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပါအဝင် မြို့ကြီးတွေက စီးပွားရေးဘဏ်တွေမှာ လိုချင်တဲ့ ပမာဏကို ငွေစက္ကူအသစ်တွေနဲ့ လဲလှယ်ပေးနေပါတယ်။

အသစ်နဲ့ အစားထိုးတာ ဖြစ်ပေမယ့် လက်ရှိသုံးနေတဲ့ ခြင်္သေ့ပုံပါ ငွေစက္ကူတွေက ဆက်ပြီး ရှိနေဦးမှာပါ လို့ ငွေကြေးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်က ပြောပါတယ်။

"အသစ်တွေချည်း ထုတ်လိုက်ရင် ငွေကြေးဖောင်းပွမှု ဖြစ်သွားမှာပေါ့၊ ခုက ငွေကြေးအဟောင်းပေးမှ အသစ်နဲ့ လဲလှယ်ပေးတာပါ" လို့ ဦးဝင်းမြင့်က ဆက်ပြောပါတယ်။

တစ်ထောင်တန် ငွေစက္ကူသစ် ဘယ်လောက်ရိုက်နှိပ်ထားပြီး ဖြစ်သလဲ ဆိုတဲ့ ဘီဘီစီရဲ့ အမေးကိုတော့ ဦးဝင်းမြင့်က ရိုက်နှိပ်ထားတဲ့ ပမာဏကို ပြောလို့ မရသေးဘူးလို့ ပြန်ဖြေပါတယ်။

လတ်တလောမှာတော့ ထွက်ရှိလာတဲ့ ငွေစက္ကူသစ်ကြောင့် ငွေကြေးဖောင်းပွမှုနဲ့ ကုန်ဈေးနှုန်းကြီးမြင့်လာနိုင်မလားဆိုပြီးတော့ စိုးရိမ်မှုတွေလည်း ရှိနေကြပါတယ်။

ဗဟိုဘဏ် ဘက်ကတော့ ရှိပြီးသား တစ်ထောင်တန် အဟောင်းတွေကို အသစ်နဲ့ အစားထိုးတာဖြစ်ပြီး အဟောင်းတွေက တဖြည်းဖြည်းချင်း အများပြည်သူလက်ထဲကနေ ပျောက်သွားအောင် လုပ်တာပါလို့ ပြောပါတယ်။

အခု ဗိုလ်ချုပ်ပုံ တစ်ထောင်တန်တွေ ထုတ်ဝေခဲ့ပြီး နောက်ထပ်လည်း ဗိုလ်ချုပ်ရုပ်ပုံပါ ငါးထောင်တန်နဲ့ တစ်သောင်းတန် ငွေစက္ကူတွေကိုလည်း အစဉ်လိုက် ထုတ်ဝေသွားဖို့ ရှိတယ်လို့ ငွေကြေးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်က ပြောပါတယ်။

BBC Burmese
https://www.bbc.com
ဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံပါ တစ္ေထာင္တန္ေငြစကၠဴသစ္ေတြ ဝန္ထမ္းလစာထဲ ထည့္ေပးမယ္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံပါ တစ္ေထာင္တန္ေငြစကၠဴသစ္ေတြ ဝန္ထမ္းလစာထဲ ထည့္ေပးမယ္ Reviewed by THITHTOOLWIN on 21:24 Rating: 5
Powered by Blogger.