ေတာင္ႀကီးၿမိဳ႕ ေနအိမ္မီးေလာင္ အမ်ိဳးသားတဦးေသ

(Zawgyi)⤵⤵⤵
ဇန္နဝါရီ ၇၊ ၂၀၂၀

သွ်မ္းျပည္ ေတာင္ပိုင္း ေတာင္ႀကီးၿမိဳ႕ ကံေအာက္ရပ္ကြက္တြင္ ယေန႔ ေန႔လည္ ၁၁နာရီေက်ာ္တြင္ ေနအိမ္ တလံုးမီးေလာင္မႈျဖစ္ပြားကာ အမ်ိဳးသားတဦးေသဆံုးခဲ့ေၾကာင္း သတင္းရရွိသည္။

ယေန႔ ေန႔လည္ ၁၁နာရီ ၂၅မိနစ္ အခ်ိန္တြင္ ေနအိမ္မီးေလာင္ကြ်မ္းမႈေၾကာင့္ အသက္ ၃၀ႏွစ္ အရြယ္ ကိုဆူရီယာ မီးေလာင္ကြ်မ္းဒဏ္ရာျဖင့္ ေသဆံုးသြားေၾကာင္း ကံေအာက္ရပ္ကြက္ ေနထုိင္သူမ်ားေျပာျပခ်က္ အရသိရသည္။

“ မီးေလာင္ထဲမွာ အမ်ိဳးသားတဦး ေသဆံုးသြားတယ္။ ဘာေၾကာင့္ေလာင္လဲဆုိတာမသိရေသးဘူး” ဟု ကံေအာက္ရပ္ကြက္ ေနထိုင္သည့္ အမ်ိဳးသားတဦး က ေျပာသည္။

မီးေလာင္သည့္ထဲတြင္ ေသဆံုးသည့္ အမ်ိဳးသားသည္ စကားမေျပာႏုိင္ေၾကာင္း၊ ခႏၶာကိုယ္မသန္စြမ္းသည့္ သူျဖစ္ေနေၾကာင္းလည္း ရပ္ကြက္ေန ျပည္သူမ်ားေျပာျပခ်က္ အရ သိရသည္။

အဆိုပါ မီးေလာင္မႈ ႏွင့္ ပတ္သက္ၿပီး ေတာင္ႀကီးၿမိဳ႕မီးသတ္ဌာန မွ စံုစမ္းေနေၾကာင္း၊ မီးေလာင္ကြ်မ္းမႈေၾကာင့္ ပ်က္စီး ဆံုး႐ံႈးမႈကိုုလည္း အေသးစိတ္မသိရွိေသးေၾကာင္း သိရသည္။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
------------
(Unicode)⤵⤵⤵
တောင်ကြီးမြို့ နေအိမ်မီးလောင် အမျိုးသားတဦးသေ

သျှမ်းသံတော်ဆင့်၊ နန်းဆိုင်နွမ်

ဇန်နဝါရီ ၇၊ ၂၀၂၀

သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့ ကံအောက်ရပ်ကွက်တွင် ယနေ့ နေ့လည် ၁၁နာရီကျော်တွင် နေအိမ် တလုံးမီးလောင်မှုဖြစ်ပွားကာ အမျိုးသားတဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ နေ့လည် ၁၁နာရီ ၂၅မိနစ် အချိန်တွင် နေအိမ်မီးလောင်ကျွမ်းမှုကြောင့် အသက် ၃၀နှစ် အရွယ် ကိုဆူရီယာ မီးလောင်ကျွမ်းဒဏ်ရာဖြင့် သေဆုံးသွားကြောင်း ကံအောက်ရပ်ကွက် နေထိုင်သူများပြောပြချက် အရသိရသည်။

“ မီးလောင်ထဲမှာ အမျိုးသားတဦး သေဆုံးသွားတယ်။ ဘာကြောင့်လောင်လဲဆိုတာမသိရသေးဘူး” ဟု ကံအောက်ရပ်ကွက် နေထိုင်သည့် အမျိုးသားတဦး က ပြောသည်။

မီးလောင်သည့်ထဲတွင် သေဆုံးသည့် အမျိုးသားသည် စကားမပြောနိုင်ကြောင်း၊ ခန္ဓာကိုယ်မသန်စွမ်းသည့် သူဖြစ်နေကြောင်းလည်း ရပ်ကွက်နေ ပြည်သူများပြောပြချက် အရ သိရသည်။

အဆိုပါ မီးလောင်မှု နှင့် ပတ်သက်ပြီး တောင်ကြီးမြို့မီးသတ်ဌာန မှ စုံစမ်းနေကြောင်း၊ မီးလောင်ကျွမ်းမှုကြောင့် ပျက်စီး ဆုံးရှုံးမှုကိုလည်း အသေးစိတ်မသိရှိသေးကြောင်း သိရသည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
ေတာင္ႀကီးၿမိဳ႕ ေနအိမ္မီးေလာင္ အမ်ိဳးသားတဦးေသ ေတာင္ႀကီးၿမိဳ႕ ေနအိမ္မီးေလာင္ အမ်ိဳးသားတဦးေသ Reviewed by THITHTOOLWIN on 21:27 Rating: 5
Powered by Blogger.