ေျခာက္လတခါထိုးရမယ့္ ကိုလက္စထေရာခ်ေဆး

(Zawgyi)⤵⤵⤵
ႏွလုံးကို အကာအကြယ္ေပးဖို႔ အတြက္ မေကာင္းတဲ့ကိုလက္စထေရာ က်ဆင္းေစတဲ့ေဆးကို ၁ ႏွစ္ ၂ ႀကိမ္ထိုးေပးမယ့္စနစ္ အဂၤလန္ႏိုင္ငံက်န္းမာေရးဌာနက စတင္အေကာင္အထည္ေဖာ္ပါေတာ့မယ္။ အဂၤလန္အမ်ိဳးသားက်န္းမာေရးဌာန NHS ဟာ ဒီစနစ္ကို ပထမဆုံးစတင္မယ့္သူ ျဖစ္ပါတယ္။

မေကာင္းတဲ့ကိုလက္စထေရာ အဆီက်ေစတဲ့ စတက္တင္ေဆးျပားကို လူသန္းေပါင္းမ်ားစြာဟာ ေန႔စဥ္ေသာက္သုံးေနၾကပါတယ္။

အခုေတာ့ စတက္တင္ေဆးျပားအစား အင္ကလစ္ဆရင္ ဆိုတဲ့ ထိုးေဆးကို ဒီႏွစ္ေႏွာင္းပိုင္းမွာ အဂၤလန္ႏိုင္ငံ က်န္းမာေရးဌာနက စတင္စမ္းသပ္ ထိုးခဲ့ပါၿပီ။

အခုတီထြင္လိုက္တဲ့စနစ္သစ္ေၾကာင့္ ေနာက္ဆယ္ႏွစ္အတြင္းမွာ လူေပါင္း ၃ ေသာင္းရဲ႕ အသက္ကို ကယ္တင္ႏိုင္လိမ့္မယ္လို႔ က်န္းမာေရးဝန္ႀကီး မက္တ္ဟန္းေကာ့ကဆိုပါတယ္။
ကိုလက္စထေရာက ဘာေတြဆိုးသလဲ

ကိုလက္စထေရာဟာ ေသြးထဲမွာရွိတဲ့ အဆီခဲပါ။ အသည္းက ထုတ္လုပ္လိုက္တဲ့ ပစၥည္းျဖစ္ပါတယ္။ အဲဒီကိုလက္စထေရာဟာ ေသြးေၾကာေတြရဲ႕နံရံမွာတြယ္ကပ္ေနပါတယ္။ သူတို႔ေၾကာင့္ ေသြးေၾကာေတြ က်ဥ္းေျမာင္းၿပီး ႏွလုံးေရာဂါနဲ႔ ေလျဖတ္ဝဒနာ ျဖစ္ေစႏိုင္တဲ့ အႏၲရာယ္ရွိပါတယ္။
ေဆးအသစ္က ဘာထူးသလဲ

အင္ကလစ္ဆရင္ေဆးဟာ PCSK9 ဆိုတဲ့မ်ိဳးဗီဇကို ဆြံ႕အသြားေအာင္ ဖန္တီးေပးပါတယ္။ အဲသလိုဖန္တီးေပးတဲ့အတြက္ အသည္းဟာ ေသြးေၾကာထဲရွိ မေကာင္းတဲ့ ကိုလက္စထေရာေတြကို စုပ္ယူေခ်ဖ်က္ေပးႏိုင္ပါတယ္။

မ်ိဳးဗီဇဆြံ႕အေဆးကို အဂၤလန္အမ်ိဳးသားက်န္းမာေရးဌာန NHS ကပထမဆုံး အသုံးျပဳခြင့္ေပးခဲ့တာကေတာ့ သားစဥ္ေျမးဆက္မ်ိဳး႐ိုးလိုက္ျဖစ္ေပၚတတ္တဲ့ ဖေယာင္းတည္ေရာဂါေခၚ အမီလြိဳက္ဒိုးဆစ္ ပ႐ိုတိန္း အနည္က်ေရာဂါကို ကုသဖို႔ျဖစ္ပါတယ္။
အင္ကလစ္ဆရင္က ဘယ္ေလာက္ထူးျခားသလဲ

ဥေရာပႏွလုံးေရာဂါသုေတသနအဖြဲ႕ European Society of Cardiology ရဲ႕မႏွစ္က စမ္းသပ္ခ်က္အရ သီတင္းပတ္အနည္းငယ္အတြင္းမွာ ကိုလက္စထေရာကို တဝက္ေလာက္က်ဆင္းသြားေအာင္ အင္ကလစ္ဆရင္က စြမ္းေဆာင္ႏိုင္ေၾကာင္းေတြ႕ရပါတယ္။

ဒါဟာ အလြန္ႀကီးမားတဲ့ အလားအလာေကာင္းတခုပါပဲလို႔ စမ္းသပ္မႈကို ဦးေဆာင္တဲ့ လန္ဒန္ အင္ပီရီရယ္လ္ ေကာလိပ္က ပါေမာကၡ ေကာ့စကီေရးကဆိုပါတယ္။

ႏွစ္စဥ္လူနာေပါင္း ၃ သိန္းကို ကုသေပးရာမွာ ၅၅၀၀၀ ကိုႏွလုံးေရာဂါအေရးေပၚျဖစ္ပြားမႈနဲ႔ ေလျဖတ္မႈ အႏၲရာယ္က ကာကြယ္ေပးႏိုင္ခဲ့တယ္လို႔ က်န္းမာေရးနဲ႔ လူမႈေရးဌာန Department of Health and Social Care ကဆိုပါတယ္။
ဘယ္သူေတြထိုးဖို႔လိုအပ္သလဲ

ႏွလုံးေရာဂါအေရးေပၚအေျခအေန heart attack တခါမွ မျဖစ္ဖူးေသးသလို ေလလည္း တခါမွ မျဖတ္ဖူးေသးေပမယ့္ အဲသလိုျဖစ္ႏိုင္တဲ့အလားအလာ ရွိတဲ့သူေတြကို ေနာက္တခါ ေဆးစမ္းသပ္တဲ့ အခ်ိန္မွာ ဖိတ္ေခၚၿပီး ထိုးေပးဖို႔ရွိပါတယ္။

အဲဒီေနာက္တခါ စမ္းသပ္မႈမွာ ပါဝင္ခြင့္ရသူဟာ လူေပါင္း ၄ ေသာင္းေလာက္ရွိပါမယ္။

ႏွစ္စဥ္ထိုးသြားရင္ျဖစ္ေပၚလာမယ့္အက်ိဳးဆက္ေတြကို ပထမအႀကိမ္ စမ္းသပ္သူေတြနဲ႔ ဒုတိယအႀကိမ္ စမ္းသပ္သူေတြရဲ႕ ရလဒ္ေတြႏႈိင္းယွဥ္ၾကည့္ၿပီး အကဲျဖတ္ပါမယ္။

အခုေလာေလာဆယ္မွာေတာ့ ရလဒ္ကို အဂၤလန္အတြင္းမွာပဲ ကနဦးေၾကညာပါမယ္။ အခုက်န္းမာေရးဆုံးျဖတ္ခ်က္ကို အဂၤလန္အတြင္းမွာ စတင္ခဲ့တာမို႔ အဂၤလန္အတြင္းမွာပဲ အရင္ေၾကညာတာျဖစ္ပါတယ္။
စတက္တင္ေနရာ အစားထိုးမွာလား

တခ်ိဳ႕လူနာေတြမွာ စတက္တင္ေပးထားေပမယ့္ ကိုလက္စထေရာအဆင့္က သိပ္ျမင့္ေနေသးၿပီး အႏၲရာယ္ မကင္းတာကိုေတြ႕ရပါတယ္။ လူနာတဝက္ေလာက္မွာ စတက္တင္ဟာ သိပ္မထိေရာက္တာေတြ႕ရပါတယ္။

စတက္တင္က အမ်ိဳးမ်ိဳးရွိပါတယ္။ တခ်ိဳ႕လူနာေတြဟာ သူတို႔နဲ႔ သင့္ေတာ္တဲ့ စတက္တင္ကို မသုံးမိဘဲ လြဲေခ်ာ္ေနတာေတြရွိသလို၊ တခ်ိဳ႕လူနာေတြမွာေတာ့ စတက္တင္ တေန႔တလုံးေသာက္ဖို႔ရာ ခဏခဏ ေမ့ေနတတ္တာမ်ိဳးလည္း ရွိပါတယ္။

အခုကနဦးစမ္းသပ္ခ်က္ေတြအရ စတက္တင္နဲ႔ အင္ကလစ္ဆရင္ကို ႏွစ္မ်ိဳးလုံးတၿပိဳင္တည္း တြဲသုံးလို႔လည္း ရတာေတြ႕ရပါတယ္။
ပညာရွင္ေတြရဲ႕အျမင္

အင္ကလစ္ဆရင္ကို ဥေရာပ ေဆးဝါးေအဂ်င္စီ European Medicines Agency နဲ႔ အစားအေသာက္နဲ႔ ေဆးဝါးကြပ္ကဲေရးဌာန Food and Drug Administration တို႔ရဲ႕ စစ္ေဆး အတည္ျပဳခ်က္ မလုပ္ရေသးေပမယ့္ လူနာေတြကို စမ္းသပ္ ကုသၾကည့္တဲ့အခါ ဆန္းသစ္ေကာင္းမြန္တာ၊ ေဘးကင္းတာ၊ စမ္းသပ္ခ်က္ရလဒ္ေကာင္းေတြ ထြက္ေပၚေနတာကေတာ့ ဝမ္းသာစရာသတင္းပါပဲ လို႔ဒန္ဒီးတကၠသိုလ္က ပါေမာကၡ ဂ်က္ေကာ့ေဂ်ာ့က ေျပာပါတယ္။

ဒါဟာ စိတ္လႈပ္ရွားစရာ ေၾကညာခ်က္ပါပဲ။ လူနာေတြရဲ႕ ေဆးဝါးေသာက္သုံးပုံကို အေျပာင္းအလဲျဖစ္ေစပါလိမ့္မယ္။ အဂၤလန္နဲ႔ အဂၤလန္က်န္းမာေရးဌာနတို႔ကိုလည္း ဒီလိုအမ်ိဳးအစား ေဆးဝါးသုေတသနေတြထဲမွာ ကမာၻ႔ေရွ႕တန္းေခါင္းေဆာင္ေနရာပို႔ေပးပါလိမ့္မယ္လို႔လည္း အဂၤလန္က်န္းမာေရးဌာနရဲ႕ ႏွလုံးေရာဂါကာကြယ္ေရး အဖြဲ႕ေခါင္းေဆာင္ ေဒါက္တာ ရီယတ္ဇ္ ေပ့တဲလ္က ဆိုပါတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
ခြောက်လတခါထိုးရမယ့် ကိုလက်စထရောချဆေး
ဓာတ်ပုံ မူပိုင် Getty Images

နှလုံးကို အကာအကွယ်ပေးဖို့ အတွက် မကောင်းတဲ့ကိုလက်စထရော ကျဆင်းစေတဲ့ဆေးကို ၁ နှစ် ၂ ကြိမ်ထိုးပေးမယ့်စနစ် အင်္ဂလန်နိုင်ငံကျန်းမာရေးဌာနက စတင်အကောင်အထည်ဖော်ပါတော့မယ်။ အင်္ဂလန်အမျိုးသားကျန်းမာရေးဌာန NHS ဟာ ဒီစနစ်ကို ပထမဆုံးစတင်မယ့်သူ ဖြစ်ပါတယ်။

မကောင်းတဲ့ကိုလက်စထရော အဆီကျစေတဲ့ စတက်တင်ဆေးပြားကို လူသန်းပေါင်းများစွာဟာ နေ့စဉ်သောက်သုံးနေကြပါတယ်။

အခုတော့ စတက်တင်ဆေးပြားအစား အင်ကလစ်ဆရင် ဆိုတဲ့ ထိုးဆေးကို ဒီနှစ်နှောင်းပိုင်းမှာ အင်္ဂလန်နိုင်ငံ ကျန်းမာရေးဌာနက စတင်စမ်းသပ် ထိုးခဲ့ပါပြီ။

အခုတီထွင်လိုက်တဲ့စနစ်သစ်ကြောင့် နောက်ဆယ်နှစ်အတွင်းမှာ လူပေါင်း ၃ သောင်းရဲ့ အသက်ကို ကယ်တင်နိုင်လိမ့်မယ်လို့ ကျန်းမာရေးဝန်ကြီး မက်တ်ဟန်းကော့ကဆိုပါတယ်။
ကိုလက်စထရောက ဘာတွေဆိုးသလဲ

ကိုလက်စထရောဟာ သွေးထဲမှာရှိတဲ့ အဆီခဲပါ။ အသည်းက ထုတ်လုပ်လိုက်တဲ့ ပစ္စည်းဖြစ်ပါတယ်။ အဲဒီကိုလက်စထရောဟာ သွေးကြောတွေရဲ့နံရံမှာတွယ်ကပ်နေပါတယ်။ သူတို့ကြောင့် သွေးကြောတွေ ကျဉ်းမြောင်းပြီး နှလုံးရောဂါနဲ့ လေဖြတ်ဝဒနာ ဖြစ်စေနိုင်တဲ့ အန္တရာယ်ရှိပါတယ်။
ဆေးအသစ်က ဘာထူးသလဲ

အင်ကလစ်ဆရင်ဆေးဟာ PCSK9 ဆိုတဲ့မျိုးဗီဇကို ဆွံ့အသွားအောင် ဖန်တီးပေးပါတယ်။ အဲသလိုဖန်တီးပေးတဲ့အတွက် အသည်းဟာ သွေးကြောထဲရှိ မကောင်းတဲ့ ကိုလက်စထရောတွေကို စုပ်ယူချေဖျက်ပေးနိုင်ပါတယ်။

မျိုးဗီဇဆွံ့အဆေးကို အင်္ဂလန်အမျိုးသားကျန်းမာရေးဌာန NHS ကပထမဆုံး အသုံးပြုခွင့်ပေးခဲ့တာကတော့ သားစဉ်မြေးဆက်မျိုးရိုးလိုက်ဖြစ်ပေါ်တတ်တဲ့ ဖယောင်းတည်ရောဂါခေါ် အမီလွိုက်ဒိုးဆစ် ပရိုတိန်း အနည်ကျရောဂါကို ကုသဖို့ဖြစ်ပါတယ်။
အင်ကလစ်ဆရင်က ဘယ်လောက်ထူးခြားသလဲ

ဥရောပနှလုံးရောဂါသုတေသနအဖွဲ့ European Society of Cardiology ရဲ့မနှစ်က စမ်းသပ်ချက်အရ သီတင်းပတ်အနည်းငယ်အတွင်းမှာ ကိုလက်စထရောကို တဝက်လောက်ကျဆင်းသွားအောင် အင်ကလစ်ဆရင်က စွမ်းဆောင်နိုင်ကြောင်းတွေ့ရပါတယ်။

ဒါဟာ အလွန်ကြီးမားတဲ့ အလားအလာကောင်းတခုပါပဲလို့ စမ်းသပ်မှုကို ဦးဆောင်တဲ့ လန်ဒန် အင်ပီရီရယ်လ် ကောလိပ်က ပါမောက္ခ ကော့စကီရေးကဆိုပါတယ်။

နှစ်စဉ်လူနာပေါင်း ၃ သိန်းကို ကုသပေးရာမှာ ၅၅၀၀၀ ကိုနှလုံးရောဂါအရေးပေါ်ဖြစ်ပွားမှုနဲ့ လေဖြတ်မှု အန္တရာယ်က ကာကွယ်ပေးနိုင်ခဲ့တယ်လို့ ကျန်းမာရေးနဲ့ လူမှုရေးဌာန Department of Health and Social Care ကဆိုပါတယ်။
ဘယ်သူတွေထိုးဖို့လိုအပ်သလဲ

နှလုံးရောဂါအရေးပေါ်အခြေအနေ heart attack တခါမှ မဖြစ်ဖူးသေးသလို လေလည်း တခါမှ မဖြတ်ဖူးသေးပေမယ့် အဲသလိုဖြစ်နိုင်တဲ့အလားအလာ ရှိတဲ့သူတွေကို နောက်တခါ ဆေးစမ်းသပ်တဲ့ အချိန်မှာ ဖိတ်ခေါ်ပြီး ထိုးပေးဖို့ရှိပါတယ်။

အဲဒီနောက်တခါ စမ်းသပ်မှုမှာ ပါဝင်ခွင့်ရသူဟာ လူပေါင်း ၄ သောင်းလောက်ရှိပါမယ်။

နှစ်စဉ်ထိုးသွားရင်ဖြစ်ပေါ်လာမယ့်အကျိုးဆက်တွေကို ပထမအကြိမ် စမ်းသပ်သူတွေနဲ့ ဒုတိယအကြိမ် စမ်းသပ်သူတွေရဲ့ ရလဒ်တွေနှိုင်းယှဉ်ကြည့်ပြီး အကဲဖြတ်ပါမယ်။

အခုလောလောဆယ်မှာတော့ ရလဒ်ကို အင်္ဂလန်အတွင်းမှာပဲ ကနဦးကြေညာပါမယ်။ အခုကျန်းမာရေးဆုံးဖြတ်ချက်ကို အင်္ဂလန်အတွင်းမှာ စတင်ခဲ့တာမို့ အင်္ဂလန်အတွင်းမှာပဲ အရင်ကြေညာတာဖြစ်ပါတယ်။
စတက်တင်နေရာ အစားထိုးမှာလား

တချို့လူနာတွေမှာ စတက်တင်ပေးထားပေမယ့် ကိုလက်စထရောအဆင့်က သိပ်မြင့်နေသေးပြီး အန္တရာယ် မကင်းတာကိုတွေ့ရပါတယ်။ လူနာတဝက်လောက်မှာ စတက်တင်ဟာ သိပ်မထိရောက်တာတွေ့ရပါတယ်။

စတက်တင်က အမျိုးမျိုးရှိပါတယ်။ တချို့လူနာတွေဟာ သူတို့နဲ့ သင့်တော်တဲ့ စတက်တင်ကို မသုံးမိဘဲ လွဲချော်နေတာတွေရှိသလို၊ တချို့လူနာတွေမှာတော့ စတက်တင် တနေ့တလုံးသောက်ဖို့ရာ ခဏခဏ မေ့နေတတ်တာမျိုးလည်း ရှိပါတယ်။

အခုကနဦးစမ်းသပ်ချက်တွေအရ စတက်တင်နဲ့ အင်ကလစ်ဆရင်ကို နှစ်မျိုးလုံးတပြိုင်တည်း တွဲသုံးလို့လည်း ရတာတွေ့ရပါတယ်။
ပညာရှင်တွေရဲ့အမြင်

အင်ကလစ်ဆရင်ကို ဥရောပ ဆေးဝါးအေဂျင်စီ European Medicines Agency နဲ့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန Food and Drug Administration တို့ရဲ့ စစ်ဆေး အတည်ပြုချက် မလုပ်ရသေးပေမယ့် လူနာတွေကို စမ်းသပ် ကုသကြည့်တဲ့အခါ ဆန်းသစ်ကောင်းမွန်တာ၊ ဘေးကင်းတာ၊ စမ်းသပ်ချက်ရလဒ်ကောင်းတွေ ထွက်ပေါ်နေတာကတော့ ဝမ်းသာစရာသတင်းပါပဲ လို့ဒန်ဒီးတက္ကသိုလ်က ပါမောက္ခ ဂျက်ကော့ဂျော့က ပြောပါတယ်။

ဒါဟာ စိတ်လှုပ်ရှားစရာ ကြေညာချက်ပါပဲ။ လူနာတွေရဲ့ ဆေးဝါးသောက်သုံးပုံကို အပြောင်းအလဲဖြစ်စေပါလိမ့်မယ်။ အင်္ဂလန်နဲ့ အင်္ဂလန်ကျန်းမာရေးဌာနတို့ကိုလည်း ဒီလိုအမျိုးအစား ဆေးဝါးသုတေသနတွေထဲမှာ ကမ္ဘာ့ရှေ့တန်းခေါင်းဆောင်နေရာပို့ပေးပါလိမ့်မယ်လို့လည်း အင်္ဂလန်ကျန်းမာရေးဌာနရဲ့ နှလုံးရောဂါကာကွယ်ရေး အဖွဲ့ခေါင်းဆောင် ဒေါက်တာ ရီယတ်ဇ် ပေ့တဲလ်က ဆိုပါတယ်။

BBC Burmese
https://www.bbc.com
ေျခာက္လတခါထိုးရမယ့္ ကိုလက္စထေရာခ်ေဆး ေျခာက္လတခါထိုးရမယ့္ ကိုလက္စထေရာခ်ေဆး Reviewed by THITHTOOLWIN on 20:15 Rating: 5
Powered by Blogger.