ျမစ္ဆံုစီမံကိန္းအဆံုးသတ္ဖို႔ တ႐ုတ္သမၼတ ခရီးစဥ္အတြင္း စာပို႔မည္

ျမစ္ဆံုစီမံကိန္းအဆံုးသတ္ဖို႔ တ႐ုတ္သမၼတ ခရီးစဥ္အတြင္း စာပို႔မည္

(Zawgyi/Unicode)

ျမန္မာႏုိင္ငံကို မနက္ျဖန္မွာေရာက္ရွိမယ့္ တရုတ္သမၼတ Xi Jinping ထံ ျမစ္ဆံုစီမံကိန္းအၿပီးုတိုင္ ဖ်က္သိမ္းေပးဖုိ႔ အိတ္ဖြင့္ေပးစာကို ကခ်င္အရပ္ဘက္အဖြဲ႕အစည္းေတြက ေပးပို႔ဖို႔ စီစဥ္ေနပါတယ္။

တဆက္တည္းမွာပဲ တရုတ္ႏုိင္ငံက ရင္းႏွီးျမွဳပ္ႏွံထားတဲ့ စီးပြားေရးလုပ္ငန္းေတြနဲ႔ ပတ္သက္ၿပီး ႏွစ္ဖက္အစိုးရက ပြင့္လင္းျမင္သာမႈရွိရွိ ျပည္သူကို ခ်ျပေပးဖုိ႔ စည္းလံုးညီညြတ္ေသာ တိုင္းရင္းသားမ်ိဳးႏြယ္မ်ား မဟာမိတ္အဖြဲ႕ကလည္း ေတာင္းဆိုလိုက္ပါတယ္။ ဒီအေၾကာင္းအျပည့္အစံုကို ဗီြအိုေအသတင္းေထာက္ စုစုက ေျပာျပသြားပါမယ္။

ျမန္မာႏိုင္ငံကုိ ဇန္နဝါရီလ ၁၇နဲ႔ ၁၈ ႏွစ္ရက္တာ လာေရာက္မယ့္ တရုတ္သမၼတ Xi Jinping ရဲ႕ခရီးစဥ္မွာ သမၼတ ဦးဝင္းျမင့္၊ ႏိုင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္တုိ႔အျပင္ အစိုးရနဲ႔ တပ္မေတာ္ထိပ္တန္းအရာရွိတို႔ကုိ ေတြ႕ဆံုသြားဖို႔ရွိပါတယ္။ ျမန္မာ ထိပ္တန္း ေခါင္းေဆာင္ေတြနဲ႔ ေတြ႔ ဆံုမယ့္ တရုတ္သမၼတ ဟာ ျမန္မာ ႏိုင္ငံတြင္း ရင္းႏွီး ျမွဳပ္ႏွံမႈ ဆိုင္ရာ ကိစၥရပ္ေတြကို ေဆြးေႏြးဖို႔ ရွိတာမို႔ ဒီအထဲမွာ ျမန္မာႏုိင္ငံတြင္းမွာ တရုတ္ ဦးေဆာင္ၿပီး အေကာင္အထည္ေဖာ္ဖို႔ လုပ္ေနတဲ့ ျမစ္ဆံုစီမံကိန္းအတြက္ တေက်ာ့ျပန္အေကာင္အထည္ ေဖာ္ဖို႔ ေဆြးေႏြးညွိႏႈိင္းမွာကို ေဒသခံေတြ စိုးရိမ္ေနၾကတာပါ။

လူထုကန္႔ကြက္မႈျပင္းထန္ေနတဲ့ ဒီျမစ္ဆံုစီမံကိန္းကို ေဒသခံေတြသာမကဘဲ ပညာရွင္အသီးသီးကလည္း ျမန္မာ့ ေရေျမ သဘာဝပတ္ဝန္းက်င္ထိခိုက္ပ်က္စီးမႈ မ်ားမယ့္ ဒီစီမံကိန္းကို ေခတ္အဆက္ဆက္က ကန္႔ကြက္ခဲ့ၾကတာပါ။ အခု ေဒသခံ ကခ်င္အရပ္ဘက္အဖြဲ႕အစည္း ၅၂ဖြဲ႕ကလည္း ပြင့္လင္းျမင္သာမႈမရွိတဲ့ ဒီစီမံကိန္းႀကီး အၿပီးတိုင္ဖ်က္သိမ္းဖုိ႔အတြက္ တရုတ္သမၼတရွီက်င့္ဖ်င္ထံ သူတုိ႔ရဲ႕သေဘာထားကို ေပးပို႔သြားမွာ ျဖစ္ပါတယ္။

ျမန္မာႏုိင္ငံမွာ စီမံကိန္းတခုကို အေကာင္အထည္ေဖာ္ေဆာင္မယ္ဆိုရင္ ႏုိ္င္ငံတကာ စံခ်ိန္စံညႊန္းေတြနဲ႔အညီ လုပ္ေဆာင္ေပးဖို႔ကို ကခ်င္အရပ္ဘက္အဖြဲ႕က ေနာင္ခိုင္တူးေခါင္က ေျပာပါတယ္။

“က်ေနာ္တုိ႔ႏိုင္ငံမွာ မျဖစ္မေနလုပ္ေဆာင္ရမယ့္ စီမံကိန္းေတြ ရွိေနရင္လည္းေပါ့ေနာ္။ စီမံကိန္းတခုခုလုပ္မယ္ဆုိရင္ ပြင့္လင္းျမင္သာစြာ ျပည္သူေတြကုိခ်ျပဖုိ႔ရယ္၊ ၿပီးေတာ့ ျပည္သူေတြရဲ႕ဆႏၵကို အေလးထားၿပီး ရယူဖုိ႔ရယ္၊ သဘာဝပတ္ဝန္းက်င္ဆုိင္ရာ ဆန္းစစ္ေလ့လာမႈေတြကုိ ျပဳလုပ္ဖုိ႔ေပါ့ေနာ္။ စီမံကိန္းတခုလုပ္မယ္ဆိုရင္ ႏုိင္ငံတကာစံခ်ိန္စံညႊန္းေတြနဲ႔အညီ စဥ္းစားၿပီးေတာ့ ဒါေတြကို လုပ္ေဆာင္ဖို႔ က်ေနာ္တုိ႔ေမွ်ာ္လင့္တာေပါ့။”

ျမစ္ဆံုစီမံကိန္းဟာ ျမန္မာ-တရုတ္ ႏွစ္ႏုိင္ငံဆက္ဆံေရးကို ထိခိုက္ေစတဲ့ စီမံကိန္းတခုျဖစ္ၿပီး ျမန္မာႏုိင္ငံတဝွမ္းလံုးက ျပည္သူေတြရဲ႕ သာယာဝေျပာေရးကို ျခိမ္းေျခာက္ေနတာေၾကာင့္ အၿပီးတိုင္ဖ်က္သိမ္းေပးဖို႔ကို တရုတ္သမၼတထံ ေပးပို႔မယ့္အိတ္ဖြင့္ေပးစာထဲ ထည့္သြင္းေဖာ္ျပထားပါတယ္။

ျမစ္ဆံုစီမံကိန္းအနီးမွာေနထုိင္တဲ့ ေဒသခံ တဦးျဖစ္တဲ့ လုရာကလည္း တရုတ္သမၼတလာမယ့္ခရီးစဥ္မွာ ျမစ္ဆံုစီမံကိန္းျပန္စမွာကို စိုးရိမ္ေနတာပါ။

“ေလာေလာဆယ္ကေတာ့ ဘာမွမထူးျခားေသးဘူး။ ဒါေပမယ့္ တရုတ္ေတြကေတာ့ အျမဲတမ္းအဲဒီမွာ ေစာင့္ၾကည့္ေနတာေပါ့ သူတုိ႔။ အခုေနာက္ပုိင္းက် ဘယ္လိုျဖစ္လာမလဲမသိဘူး။ အခုတရုတ္နဲ႔ ဒီႏွစ္ရက္တာေဆြးေႏြးပြဲမွာ ဒီျမစ္ဆံုကိစၥေရာ ပါမလားမသိဘူး။ တခ်ိဳ႕ကေတာ့ မပါဘူးလို႔ေျပာတာပဲ။ ဒါေပမယ့္ ဘယ္လိုျပန္ေျပာင္းလာမလဲေတာ့ မသိဘူးေသးဘူးေပါ့။ က်မတို႔လည္း စုိးရိမ္ေနတာေပါ့။ တကယ္လို႔ျပန္စမလားေပါ့။ အဲဒါမ်ိဳးစုိးရိမ္မႈေတာ့ ရွိတာေပါ့။”

ျမန္မာႏုိင္ငံကို ပထမဆံုးခရီးစဥ္အျဖစ္ လာေရာက္မယ့္ တရုတ္သမၼတရဲ႕ ခရီးစဥ္ရက္အနီးမွာပဲ စည္းလံုးညီညြတ္ေသာ တိုင္းရင္းသားလူမ်ိဳးမ်ား မဟာမိတ္အဖြဲ႕ကလည္း တရုတ္ႏုိင္ငံက လာေရာက္ရင္းႏွီးျမွဳပ္ႏွံတဲ့ စီးပြားေရးလုပ္ငန္းေတြနဲ႔ပတ္သက္ၿပီး သူတုိ႔ရဲ့ သေဘာထားကို ထုတ္ျပန္ခဲ့ပါတယ္။

တရုတ္ရင္းႏွီးျမွဳပ္ႏွံမႈ စီမံကိန္းေတြနဲ႔ပတ္သက္ၿပီး ႏွစ္ဖက္အစုိးရအပါအဝင္ စီမံကိန္းကိုေဖာ္ေဆာင္မယ့္ တာဝန္ရွိသူေတြအေနနဲ႔ ေဒသခံလူထုေတြကို ေဆြးေႏြးညွိႏႈိင္းၿပီးမွ သေဘာတူညီခ်က္ ရယူဖို႔ သူတုိ႔ အဖြဲ႔ က ေတာင္းဆုိတယ္လို႔ စည္းလံုးညီညြတ္ေသာတုိင္းရင္းသား လူမ်ိဳးမ်ားမဟာမိတ္က စိုင္းလိတ္ ကေျပာ ပါတယ္။

“ျမန္မာႏုိင္ငံမွာလုပ္မယ့္ ရင္းႏွီးျမွဳပ္ႏွံမႈ အကုန္လံုးကုိ ျမန္မာႏုိင္ငံရဲ႕ လက္ရွိဥပေဒကို ေလးစားလုိက္နာၿပီး အတိအက်လုပ္ကိုင္ေဆာင္ရြက္ဖို႔ က်ေနာ္တုိ႔တုိက္တြန္းလိုတယ္။ ေနာက္တခ်က္ကေတာ့ ျပည္သူလူထုကုိ ထိခိုက္ရံုတင္မကဘဲ ႏိုင္ငံေတာ္ရဲ႕အခ်ဳပ္အျခာအာဏာကို ထိပါးေစမယ့္ ေလွ်ာ့ပါးေစမယ့္ကိစၥမ်ိဳးကိုလည္း အစိုးရအေနနဲ႔ သတိျပဳဆင္ျခင္ဖုိ႔ လုိအပ္တယ္ေပါ့ေနာ္။”

ျမန္မာႏုိင္ငံမွာ ႏုိင္ငံျခားရင္းႏွီးျမွဳပ္ႏွံမႈ အမ်ားဆံုးအျဖစ္ တရုတ္ကရပ္တည္လ်က္ရွိၿပီး အိမ္နီးခ်င္းႏို္င္ငံျဖစ္တဲ့အျပင္ ႏိုင္ငံေရးအရပါ ေမ့ထားလို႔မရတာေၾကာင့္ တရုတ္နဲ႔ႏုိင္ငံခ်င္းဆက္ဆံမႈ ရင္းႏွီးဖုိ႔လုိေပမယ့္ တဘက္မွာလည္း ရင္းႏွီးျမွဳပ္ႏွံမႈလုပ္မယ္ဆုိ ေဒသခံေတြရဲ႕ သေဘာတူညီခ်က္ကို အရင္ဆံုးယူသင့္ၿပီး သဘာဝပတ္ဝန္းက်င္ မထိခိုက္ရေလေအာင္ ေဆာင္ရြက္ဖုိ႔ကိုလည္း တုိင္းရင္းသားအဖြဲ႕အစည္းအသီးသီးက လုိလားေနၾကတာပါ။

......................

မြစ်ဆုံစီမံကိန်းအဆုံးသတ်ဖို့ တရုတ်သမ္မတခရီးစဉ်အတွင်း စာပို့မည်

(Unicode)

မြန်မာနိုင်ငံကို မနက်ဖြန်မှာရောက်ရှိမယ့် တရုတ်သမ္မတ Xi Jinping ထံ မြစ်ဆုံစီမံကိန်းအပြီးုတိုင် ဖျက်သိမ်းပေးဖို့ အိတ်ဖွင့်ပေးစာကို ကချင်အရပ်ဘက်အဖွဲ့အစည်းတွေက ပေးပို့ဖို့ စီစဉ်နေပါတယ်။ တဆက်တည်းမှာပဲ တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး နှစ်ဘက်အစိုးရက ပွင့်လင်းမြင်သာမှုရှိရှိ ပြည်သူကို ချပြပေးဖို့ စည်းလုံးညီညွတ်သော တိုင်းရင်းသားမျိုးနွယ်များ မဟာမိတ်အဖွဲ့ကလည်း တောင်းဆိုလိုက်ပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ဗွီအိုအေသတင်းထောက် စုစုက ပြောပြသွားပါမယ်။

မြန်မာနိုင်ငံကို ဇန်နဝါရီလ ၁၇နဲ့ ၁၈ နှစ်ရက်တာ လာရောက်မယ့် တရုတ်သမ္မတ Xi Jinping ရဲ့ခရီးစဉ်မှာ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပြင် အစိုးရနဲ့ တပ်မတော်ထိပ်တန်းအရာရှိတို့ကို တွေ့ဆုံသွားဖို့ရှိပါတယ်။ မြန်မာ ထိပ်တန်း ခေါင်းဆောင်တွေနဲ့ တွေ့ ဆုံမယ့် တရုတ်သမ္မတ ဟာ မြန်မာ နိုင်ငံတွင်း ရင်းနှီး မြှုပ်နှံမှု ဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးဖို့ ရှိတာမို့ ဒီအထဲမှာ မြန်မာနိုင်ငံတွင်းမှာ တရုတ် ဦးဆောင်ပြီး အကောင်အထည်ဖော်ဖို့ လုပ်နေတဲ့ မြစ်ဆုံစီမံကိန်းအတွက် တကျော့ပြန်အကောင်အထည် ဖော်ဖို့ ဆွေးနွေးညှိနှိုင်းမှာကို ဒေသခံတွေ စိုးရိမ်နေကြတာပါ။

လူထုကန့်ကွက်မှုပြင်းထန်နေတဲ့ ဒီမြစ်ဆုံစီမံကိန်းကို ဒေသခံတွေသာမကဘဲ ပညာရှင်အသီးသီးကလည်း မြန်မာ့ ရေမြေ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု များမယ့် ဒီစီမံကိန်းကို ခေတ်အဆက်ဆက်က ကန့်ကွက်ခဲ့ကြတာပါ။ အခု ဒေသခံ ကချင်အရပ်ဘက်အဖွဲ့အစည်း ၅၂ဖွဲ့ကလည်း ပွင့်လင်းမြင်သာမှုမရှိတဲ့ ဒီစီမံကိန်းကြီး အပြီးတိုင်ဖျက်သိမ်းဖို့အတွက် တရုတ်သမ္မတရှီကျင့်ဖျင်ထံ သူတို့ရဲ့သဘောထားကို ပေးပို့သွားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စီမံကိန်းတခုကို အကောင်အထည်ဖော်ဆောင်မယ်ဆိုရင် နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ လုပ်ဆောင်ပေးဖို့ကို ကချင်အရပ်ဘက်အဖွဲ့က နောင်ခိုင်တူးခေါင်က ပြောပါတယ်။

“ကျနော်တို့နိုင်ငံမှာ မဖြစ်မနေလုပ်ဆောင်ရမယ့် စီမံကိန်းတွေ ရှိနေရင်လည်းပေါ့နော်။ စီမံကိန်းတခုခုလုပ်မယ်ဆိုရင် ပွင့်လင်းမြင်သာစွာ ပြည်သူတွေကိုချပြဖို့ရယ်၊ ပြီးတော့ ပြည်သူတွေရဲ့ဆန္ဒကို အလေးထားပြီး ရယူဖို့ရယ်၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်လေ့လာမှုတွေကို ပြုလုပ်ဖို့ပေါ့နော်။ စီမံကိန်းတခုလုပ်မယ်ဆိုရင် နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့အညီ စဉ်းစားပြီးတော့ ဒါတွေကို လုပ်ဆောင်ဖို့ ကျနော်တို့မျှော်လင့်တာပေါ့။”

မြစ်ဆုံစီမံကိန်းဟာ မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေတဲ့ စီမံကိန်းတခုဖြစ်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးက ပြည်သူတွေရဲ့ သာယာဝပြောရေးကို ခြိမ်းခြောက်နေတာကြောင့် အပြီးတိုင်ဖျက်သိမ်းပေးဖို့ကို တရုတ်သမ္မတထံ ပေးပို့မယ့်အိတ်ဖွင့်ပေးစာထဲ ထည့်သွင်းဖော်ပြထားပါတယ်။

မြစ်ဆုံစီမံကိန်းအနီးမှာနေထိုင်တဲ့ ဒေသခံ တဦးဖြစ်တဲ့ လုရာကလည်း တရုတ်သမ္မတလာမယ့်ခရီးစဉ်မှာ မြစ်ဆုံစီမံကိန်းပြန်စမှာကို စိုးရိမ်နေတာပါ။

“လောလောဆယ်ကတော့ ဘာမှမထူးခြားသေးဘူး။ ဒါပေမယ့် တရုတ်တွေကတော့ အမြဲတမ်းအဲဒီမှာ စောင့်ကြည့်နေတာပေါ့ သူတို့။ အခုနောက်ပိုင်းကျ ဘယ်လိုဖြစ်လာမလဲမသိဘူး။ အခုတရုတ်နဲ့ ဒီနှစ်ရက်တာဆွေးနွေးပွဲမှာ ဒီမြစ်ဆုံကိစ္စရော ပါမလားမသိဘူး။ တချို့ကတော့ မပါဘူးလို့ပြောတာပဲ။ ဒါပေမယ့် ဘယ်လိုပြန်ပြောင်းလာမလဲတော့ မသိဘူးသေးဘူးပေါ့။ ကျမတို့လည်း စိုးရိမ်နေတာပေါ့။ တကယ်လို့ပြန်စမလားပေါ့။ အဲဒါမျိုးစိုးရိမ်မှုတော့ ရှိတာပေါ့။”

မြန်မာနိုင်ငံကို ပထမဆုံးခရီးစဉ်အဖြစ် လာရောက်မယ့် တရုတ်သမ္မတရဲ့ ခရီးစဉ်ရက်အနီးမှာပဲ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ကလည်း တရုတ်နိုင်ငံက လာရောက်ရင်းနှီးမြှုပ်နှံတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး သူတို့ရဲ့ သဘောထားကို ထုတ်ပြန်ခဲ့ပါတယ်။

တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေနဲ့ပတ်သက်ပြီး နှစ်ဖက်အစိုးရအပါအဝင် စီမံကိန်းကိုဖော်ဆောင်မယ့် တာဝန်ရှိသူတွေအနေနဲ့ ဒေသခံလူထုတွေကို ဆွေးနွေးညှိနှိုင်းပြီးမှ သဘောတူညီချက် ရယူဖို့ သူတို့ အဖွဲ့ က တောင်းဆိုတယ်လို့ စည်းလုံးညီညွတ်သောတိုင်းရင်းသား လူမျိုးများမဟာမိတ်က စိုင်းလိတ် ကပြော ပါတယ်။

“မြန်မာနိုင်ငံမှာလုပ်မယ့် ရင်းနှီးမြှုပ်နှံမှု အကုန်လုံးကို မြန်မာနိုင်ငံရဲ့ လက်ရှိဥပဒေကို လေးစားလိုက်နာပြီး အတိအကျလုပ်ကိုင်ဆောင်ရွက်ဖို့ ကျနော်တို့တိုက်တွန်းလိုတယ်။ နောက်တချက်ကတော့ ပြည်သူလူထုကို ထိခိုက်ရုံတင်မကဘဲ နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကို ထိပါးစေမယ့် လျှော့ပါးစေမယ့်ကိစ္စမျိုးကိုလည်း အစိုးရအနေနဲ့ သတိပြုဆင်ခြင်ဖို့ လိုအပ်တယ်ပေါ့နော်။”

မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံးအဖြစ် တရုတ်ကရပ်တည်လျက်ရှိပြီး အိမ်နီးချင်းနိုင်ငံဖြစ်တဲ့အပြင် နိုင်ငံရေးအရပါ မေ့ထားလို့မရတာကြောင့် တရုတ်နဲ့နိုင်ငံချင်းဆက်ဆံမှု ရင်းနှီးဖို့လိုပေမယ့် တဘက်မှာလည်း ရင်းနှီးမြှုပ်နှံမှုလုပ်မယ်ဆို ဒေသခံတွေရဲ့ သဘောတူညီချက်ကို အရင်ဆုံးယူသင့်ပြီး သဘာဝပတ်ဝန်းကျင် မထိခိုက်ရလေအောင် ဆောင်ရွက်ဖို့ကိုလည်း တိုင်းရင်းသားအဖွဲ့အစည်းအသီးသီးက လိုလားနေကြတာပါ။

စုစု/VOA (Burmese)
https://burmese.voanews.com
ျမစ္ဆံုစီမံကိန္းအဆံုးသတ္ဖို႔ တ႐ုတ္သမၼတ ခရီးစဥ္အတြင္း စာပို႔မည္ ျမစ္ဆံုစီမံကိန္းအဆံုးသတ္ဖို႔ တ႐ုတ္သမၼတ ခရီးစဥ္အတြင္း စာပို႔မည္ Reviewed by THITHTOOLWIN on 20:19 Rating: 5
Powered by Blogger.