စစ္ကိုင္းက ေစ်းသည္ ၂ဦး ေအေအသတ္တာခံခဲ့ရတယ္လို႔ တပ္ထုတ္ျပန္၊ ေအေအျငင္း

ဓာတ္ပုံ မူပိုင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး/  ဦးစိုးႏိုင္(ဘယ္) နဲ႔ ကိုရာဇာထြန္း(ညာ) တို႔က ေငြသိမ္းရင္း ေပ်ာက္ဆုံးသူကို သြားရွာရင္း သူတို႔ပါ ေပ်ာက္ဆုံးခဲ့တာလို႔ မိသားစုကေျပာ
(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕ကို ေဈးသြားေရာင္းတဲ့ စစ္ကိုင္းတိုင္း ေရဦးၿမိဳ႕နယ္က ေဈးသည္ ၂ဦးကို ေအေအက ဖမ္းဆီးသတ္ျဖတ္ခဲ့တယ္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ဘီဘီစီကို ေျပာပါတယ္။

ဒါေပမယ့္လည္း ေအေအ အဖြဲ႕ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခကေတာ့ ေအေအအဖြဲ႕ဝင္ေတြက လူသားခ်င္း ႏွိပ္စက္ ညႇဥ္းပန္း သတ္ျဖတ္တာမ်ိဳးကို လုပ္ခြင့္မရွိသလို၊ အခုျဖစ္စဥ္မွာလည္း အဲဒီလိုလုပ္ခဲ့တာက ေအေအ တပ္ဖြဲ႕ဝင္ေတြ မဟုတ္ဘူးလို႔ ဘီဘီစီကို ေျပာပါတယ္။

ေပ်ာက္ဆုံးေနတဲ့ ေဈးသည္၂ ဦးလို႔ ယူဆရသူထဲက တဦးျဖစ္သူ အသက္ ၂၀ေက်ာ္ အမ်ိဳးသားတစ္ဦးကို ပုဆိုးလည္သိုင္းထားသူ၊ ေဘာင္းဘီတိုဝတ္ထားသူ၊ အရပ္ဝတ္ အက်ႌ ဝတ္ထားတဲ့သူတို႔လူ ၄ဦးမွ ၅ဦးရွိတဲ့ လူအုပ္စုတစ္စုက စစ္ေမးေနတဲ့ ဗီဒီယိုဖိုင္တစ္ခု ဇန္နဝါရီ ၁၅ရက္ မနက္ပိုင္းက စတင္ၿပီး လူမႈကြန္ရက္စာ မ်က္ႏွာမွာ ျပန႔္ႏွံ႔ခဲ့ပါတယ္။

အဲဒီဗီဒီယိုဖိုင္ျပန႔္ႏွံ႔ အၿပီးမွာ အဲဒီဗီဒီယိုကိုသက္ေသျပဳကာ ေပ်ာက္ဆုံးေနတဲ့ လူ ၃ ဦးထဲက ၂ဦး ေအေအ အဖြဲ႕ရဲ႕ အသတ္ခံရၿပီး ေသဆုံးခဲ့တယ္လို႔ တပ္မေတာ္က သတင္းထုတ္ျပန္ခဲ့ပါတယ္။

တပ္နဲ႔ ေအေအ တို႔အၾကားျဖစ္ေနတဲ့ တိုက္ပြဲေတြအေၾကာင္းေရးသားေနသူ၊ တပ္မေတာ္က ေအေအ တပ္သား ေတြကို ဖမ္းဆီးရမိတာ အစရွိသျဖင့္ အေၾကာင္းအရာေတြကို ေရးသားေနသူ တဦးက အဆိုပါ ဗီဒီယိုဖိုင္ကိုစတင္ခဲ့တာျဖစ္ပါတယ္။ ဇန္နဝါရီ ၁၆ရက္ ၾကာသပေတးေန႔မွာေတာ့ အဲဒီဗီဒီယိုဖိုင္ကို ျပန္ျဖဳတ္ခ်ခဲ့ပါတယ္။

ခိုင္သုခကေတာ့ ေအေအအဖြဲ႕ဝင္ေတြက လူသားခ်င္း ႏွိပ္စက္ ညႇဥ္းပန္း၊ သတ္ျဖတ္တာမ်ိဳးကို လုပ္ခြင့္မရွိသလို၊ အခုျဖစ္စဥ္မွာလည္း အဲဒီလိုလုပ္ခဲ့တာက ေအေအ တပ္ဖြဲ႕ဝင္ေတြ မဟုတ္ဘူးလို႔ဆို
ခိုင္သုခကေတာ့ အခု ဗီဒီယိုဖိုင္ကို တပ္ဘက္က တင္တာလို႔ စြပ္စြဲပါတယ္။ ေအေအအေနနဲ႔ ဘာသာေရး၊ လူမ်ိဳးေရးကိုအေျခခံၿပီး ညႇဥ္းပန္းႏွိပ္စက္တာကို ခြင့္မျပဳဘဲ၊ အဲဒီလိုလုပ္ခဲ့တာရွိရင္လည္း ျပတ္ျပတ္သားသားအေရးယူတယ္လို႔ ခိုင္သုခကေျပာပါတယ္။

အခု ၂ဦးအပါအဝင္ ေပ်ာက္ဆုံးေနသူေတြကို ရွာေဖြေပးဖို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးကို ၂၀၁၉ခုႏွစ္ ဧၿပီလမွာ အသနားခံစာတင္ျပခဲ့တာေၾကာင့္ သက္ဆိုင္ရာ တိုင္းစစ္ဌာနခ်ဳပ္ေတြ၊ ေဒသခံတပ္ရင္းေတြကို ျဖန႔္ေဝၿပီး ေတြ႕ရွိႏိုင္ေရး စုံစမ္းေပးခဲ့တာလို႔ တပ္မေတာ္ သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕က ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

ဗီဒီယိုထဲမွာပါတဲ့ စစ္ေဆးခံေနရသူက စစ္ကိုင္းတိုင္း ေရဦးၿမိဳ႕နယ္မွာ ေနထိုင္သူ ကိုရာဇာထြန္းျဖစ္ၿပီး သူ႔ေဘးမွာ လဲက် ေသဆုံးေနတယ္လို႔ ယူဆရသူက ဦးစိုးႏိုင္ျဖစ္တယ္လို႔ ေရဦးၿမိဳ႕နယ္ ပုဏၰကား႐ြာက သူတို႔ရဲ႕ေဆြမ်ိဳးေတြထံက စုံစမ္းသိရွိရပါတယ္။

သူတို႔ေဆြမ်ိဳးေတြေျပာျပခ်က္အရေတာ့ ကိုရာဇာထြန္းနဲ႔ ဦးစိုးႏိုင္တို႔က ၂၀၁၉ခုႏွစ္ ေဖေဖာ္ဝါရီလ ၁၈ရက္ ကတည္းက ေပ်ာက္သြားတာလို႔ ဘီဘီစီက သိရပါတယ္။

သူတို႔ဟာ ပစၥည္းသြားပို႔သူတစ္ဦး ေပ်ာက္သြားတာကို လိုက္ရွာရင္း ေပ်ာက္ဆုံးခဲ့ၾကတာ ျဖစ္ပါတယ္။

သူတို႔ မေပ်ာက္ဆုံးခင္ တစ္ရက္အလိုမွာ ပုဏၰကား႐ြာကေန ရခိုင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕ ေက်ာက္ရစ္ေကရပ္ကြက္ကို ပစၥည္းသြားပို႔တဲ့ ကိုမ်ိဳးထိုက္ဝင္း ပစၥည္းဖိုးေတြ သြားျပန္သိမ္းရာကေန ေပ်ာက္ဆုံးခဲ့တယ္လို႔ သူ႔ရဲ႕ အစ္ကို ကိုမ်ိဳးထိုက္ဦးက ဘီဘီစီကို ေျပာပါတယ္။

အဲဒီေပ်ာက္ဆုံးသူကို သြားရွာၾကရင္း ကိုရာဇာထြန္းနဲ႔ ဦးစိုးႏိုင္တို႔လည္း ေပ်ာက္ဆုံးခဲ့တာလို႔ သိရပါတယ္။

အဲဒီလို သူတို႔ေတြ ေပ်ာက္ဆုံးခဲ့တာေၾကာင့္ မိသားစုဝင္ေတြက ေျမာက္ဦးက ရဲစခန္းမွာ လူေပ်ာက္တိုင္ခ်က္ဖြင့္ထား ခဲ့ေပမယ့္လည္း အေၾကာင္းတစုံတရာကို မသိရွိရခဲ့ဘဲ၊ အခုဗီဒီယိုဖိုင္ေပၚလာမွသာ ေသဆုံးတယ္လို႔ မိသား စုက ယူဆလိုက္ၾကတယ္လို႔ ေသဆုံးသူ ေတြရဲ႕ မိသားစုဝင္တဦးက ဘီဘီစီကို ေျပာပါတယ္။

ဒါေပမယ့္ က်န္ရွိေနသူ ထိုက္ဝင္း (ခ) မ်ိဳးထိုက္ဝင္း ကိုေတာ့ ေသဆုံးတာရွိမရွိ ေသခ်ာမသိရေသးဘူးလို႔ သူ႔ရဲ႕ အစ္ကို ကိုမ်ိဳးထိုက္ဦးက ဘီဘီစီကိုေျပာပါတယ္။

ေပ်ာက္ဆုံးသူနဲ႔ ေသဆုံးသူတို႔ဟာ ရခိုင္ျပည္နယ္အႏွံ႔မွာ ၂၀၀၄ ခုႏွစ္ေလာက္ကစၿပီး နယ္လွည့္ေဈးေရာင္း သူေတြ ျဖစ္တယ္လို႔ မိသားစုထံက သိရပါတယ္။

ရခိုင္ျပည္နယ္အတြင္း တပ္မေတာ္နဲ႔ ေအေအတို႔ရဲ႕ ႏွစ္ဘက္ပဋိပကၡအတြင္းမွာ ေသဆုံးရသူအရပ္သား အေယာက္ ၁၀၀ေက်ာ္အထိရွိေနၿပီျဖစ္ပါတယ္။ ဒါ့အျပင္ ႏွစ္ဖက္အျပန္အလွန္ဖမ္းဆီးထားၾကသူေတြ လည္းရွိေနပါတယ္။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
စစ်ကိုင်းက ဈေးသည် ၂ဦး အေအေသတ်တာခံခဲ့ရတယ်လို့ တပ်ထုတ်ပြန်၊ အေအေငြင်း

ဓာတ်ပုံ မူပိုင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
Image caption ဦးစိုးနိုင်(ဘယ်) နဲ့ ကိုရာဇာထွန်း(ညာ) တို့က ငွေသိမ်းရင်း ပျောက်ဆုံးသူကို သွားရှာရင်း သူတို့ပါ ပျောက်ဆုံးခဲ့တာလို့ မိသားစုကပြော

ရခိုင်ပြည်နယ် မြောက်ဦးမြို့ကို ဈေးသွားရောင်းတဲ့ စစ်ကိုင်းတိုင်း ရေဦးမြို့နယ်က ဈေးသည် ၂ဦးကို အေအေက ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

ဒါပေမယ့်လည်း အေအေ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကတော့ အေအေအဖွဲ့ဝင်တွေက လူသားချင်း နှိပ်စက် ညှဉ်းပန်း သတ်ဖြတ်တာမျိုးကို လုပ်ခွင့်မရှိသလို၊ အခုဖြစ်စဉ်မှာလည်း အဲဒီလိုလုပ်ခဲ့တာက အေအေ တပ်ဖွဲ့ဝင်တွေ မဟုတ်ဘူးလို့ ဘီဘီစီကို ပြောပါတယ်။

ပျောက်ဆုံးနေတဲ့ ဈေးသည်၂ ဦးလို့ ယူဆရသူထဲက တဦးဖြစ်သူ အသက် ၂၀ကျော် အမျိုးသားတစ်ဦးကို ပုဆိုးလည်သိုင်းထားသူ၊ ဘောင်းဘီတိုဝတ်ထားသူ၊ အရပ်ဝတ် အင်္ကျီ ဝတ်ထားတဲ့သူတို့လူ ၄ဦးမှ ၅ဦးရှိတဲ့ လူအုပ်စုတစ်စုက စစ်မေးနေတဲ့ ဗီဒီယိုဖိုင်တစ်ခု ဇန်နဝါရီ ၁၅ရက် မနက်ပိုင်းက စတင်ပြီး လူမှုကွန်ရက်စာ မျက်နှာမှာ ပြန့်နှံ့ခဲ့ပါတယ်။

အဲဒီဗီဒီယိုဖိုင်ပြန့်နှံ့ အပြီးမှာ အဲဒီဗီဒီယိုကိုသက်သေပြုကာ ပျောက်ဆုံးနေတဲ့ လူ ၃ ဦးထဲက ၂ဦး အေအေ အဖွဲ့ရဲ့ အသတ်ခံရပြီး သေဆုံးခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

တပ်နဲ့ အေအေ တို့အကြားဖြစ်နေတဲ့ တိုက်ပွဲတွေအကြောင်းရေးသားနေသူ၊ တပ်မတော်က အေအေ တပ်သား တွေကို ဖမ်းဆီးရမိတာ အစရှိသဖြင့် အကြောင်းအရာတွေကို ရေးသားနေသူ တဦးက အဆိုပါ ဗီဒီယိုဖိုင်ကိုစတင်ခဲ့တာဖြစ်ပါတယ်။ ဇန်နဝါရီ ၁၆ရက် ကြာသပတေးနေ့မှာတော့ အဲဒီဗီဒီယိုဖိုင်ကို ပြန်ဖြုတ်ချခဲ့ပါတယ်။
ဓာတ်ပုံ မူပိုင် Myint Lwin
Image caption ခိုင်သုခကတော့ အေအေအဖွဲ့ဝင်တွေက လူသားချင်း နှိပ်စက် ညှဉ်းပန်း၊ သတ်ဖြတ်တာမျိုးကို လုပ်ခွင့်မရှိသလို၊ အခုဖြစ်စဉ်မှာလည်း အဲဒီလိုလုပ်ခဲ့တာက အေအေ တပ်ဖွဲ့ဝင်တွေ မဟုတ်ဘူးလို့ဆို

ခိုင်သုခကတော့ အခု ဗီဒီယိုဖိုင်ကို တပ်ဘက်က တင်တာလို့ စွပ်စွဲပါတယ်။ အေအေအနေနဲ့ ဘာသာရေး၊ လူမျိုးရေးကိုအခြေခံပြီး ညှဉ်းပန်းနှိပ်စက်တာကို ခွင့်မပြုဘဲ၊ အဲဒီလိုလုပ်ခဲ့တာရှိရင်လည်း ပြတ်ပြတ်သားသားအရေးယူတယ်လို့ ခိုင်သုခကပြောပါတယ်။

အခု ၂ဦးအပါအဝင် ပျောက်ဆုံးနေသူတွေကို ရှာဖွေပေးဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကို ၂၀၁၉ခုနှစ် ဧပြီလမှာ အသနားခံစာတင်ပြခဲ့တာကြောင့် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်တွေ၊ ဒေသခံတပ်ရင်းတွေကို ဖြန့်ဝေပြီး တွေ့ရှိနိုင်ရေး စုံစမ်းပေးခဲ့တာလို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ဗီဒီယိုထဲမှာပါတဲ့ စစ်ဆေးခံနေရသူက စစ်ကိုင်းတိုင်း ရေဦးမြို့နယ်မှာ နေထိုင်သူ ကိုရာဇာထွန်းဖြစ်ပြီး သူ့ဘေးမှာ လဲကျ သေဆုံးနေတယ်လို့ ယူဆရသူက ဦးစိုးနိုင်ဖြစ်တယ်လို့ ရေဦးမြို့နယ် ပုဏ္ဏကားရွာက သူတို့ရဲ့ဆွေမျိုးတွေထံက စုံစမ်းသိရှိရပါတယ်။

သူတို့ဆွေမျိုးတွေပြောပြချက်အရတော့ ကိုရာဇာထွန်းနဲ့ ဦးစိုးနိုင်တို့က ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ ၁၈ရက် ကတည်းက ပျောက်သွားတာလို့ ဘီဘီစီက သိရပါတယ်။

သူတို့ဟာ ပစ္စည်းသွားပို့သူတစ်ဦး ပျောက်သွားတာကို လိုက်ရှာရင်း ပျောက်ဆုံးခဲ့ကြတာ ဖြစ်ပါတယ်။

သူတို့ မပျောက်ဆုံးခင် တစ်ရက်အလိုမှာ ပုဏ္ဏကားရွာကနေ ရခိုင်ပြည်နယ် မြောက်ဦးမြို့ ကျောက်ရစ်ကေရပ်ကွက်ကို ပစ္စည်းသွားပို့တဲ့ ကိုမျိုးထိုက်ဝင်း ပစ္စည်းဖိုးတွေ သွားပြန်သိမ်းရာကနေ ပျောက်ဆုံးခဲ့တယ်လို့ သူ့ရဲ့ အစ်ကို ကိုမျိုးထိုက်ဦးက ဘီဘီစီကို ပြောပါတယ်။

အဲဒီပျောက်ဆုံးသူကို သွားရှာကြရင်း ကိုရာဇာထွန်းနဲ့ ဦးစိုးနိုင်တို့လည်း ပျောက်ဆုံးခဲ့တာလို့ သိရပါတယ်။

အဲဒီလို သူတို့တွေ ပျောက်ဆုံးခဲ့တာကြောင့် မိသားစုဝင်တွေက မြောက်ဦးက ရဲစခန်းမှာ လူပျောက်တိုင်ချက်ဖွင့်ထား ခဲ့ပေမယ့်လည်း အကြောင်းတစုံတရာကို မသိရှိရခဲ့ဘဲ၊ အခုဗီဒီယိုဖိုင်ပေါ်လာမှသာ သေဆုံးတယ်လို့ မိသား စုက ယူဆလိုက်ကြတယ်လို့ သေဆုံးသူ တွေရဲ့ မိသားစုဝင်တဦးက ဘီဘီစီကို ပြောပါတယ်။

ဒါပေမယ့် ကျန်ရှိနေသူ ထိုက်ဝင်း (ခ) မျိုးထိုက်ဝင်း ကိုတော့ သေဆုံးတာရှိမရှိ သေချာမသိရသေးဘူးလို့ သူ့ရဲ့ အစ်ကို ကိုမျိုးထိုက်ဦးက ဘီဘီစီကိုပြောပါတယ်။

ပျောက်ဆုံးသူနဲ့ သေဆုံးသူတို့ဟာ ရခိုင်ပြည်နယ်အနှံ့မှာ ၂၀၀၄ ခုနှစ်လောက်ကစပြီး နယ်လှည့်ဈေးရောင်း သူတွေ ဖြစ်တယ်လို့ မိသားစုထံက သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ အေအေတို့ရဲ့ နှစ်ဘက်ပဋိပက္ခအတွင်းမှာ သေဆုံးရသူအရပ်သား အယောက် ၁၀၀ကျော်အထိရှိနေပြီဖြစ်ပါတယ်။ ဒါ့အပြင် နှစ်ဖက်အပြန်အလှန်ဖမ်းဆီးထားကြသူတွေ လည်းရှိနေပါတယ်။

BBC Burmese
https://www.bbc.com
စစ္ကိုင္းက ေစ်းသည္ ၂ဦး ေအေအသတ္တာခံခဲ့ရတယ္လို႔ တပ္ထုတ္ျပန္၊ ေအေအျငင္း စစ္ကိုင္းက ေစ်းသည္ ၂ဦး ေအေအသတ္တာခံခဲ့ရတယ္လို႔ တပ္ထုတ္ျပန္၊ ေအေအျငင္း Reviewed by THITHTOOLWIN on 20:11 Rating: 5
Powered by Blogger.