ရေသ့ေတာင္တိုက္ပြဲမွာ ရဲ ႏွစ္ဦး ေပ်ာက္ဆုံးေၾကာင္း တပ္မေတာ္ ေျပာ

ရခိုင္ျပည္နယ္အတြင္း လုံၿခဳံေရးေဆာင္႐ြက္ေနတဲ့ ရဲတပ္ဖြဲ႕ဝင္တစ္ဦးကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ရေသ့ေတာင္ၿမိဳ႕နယ္ သဇင္ၿမိဳင္ရဲစခန္းက ရဲဝန္ထမ္းေတြအတြက္ လစာသြားထုတ္တဲ့ ရဲဝန္ထမ္း ေလးဦးထဲက ႏွစ္ဦးနဲ႔ လစာေငြေတြကို AA အဖြဲ႕က မေန႔က မနက္ပိုင္းမွာ ပစ္ခတ္ယူေဆာင္သြားတယ္လို႔  တပ္မေတာ္က  ေျပာပါတယ္။

ရေသ့ေတာင္ၿမိဳ႕နယ္ သဇင္ၿမိဳင္ ရဲစခန္းဝန္ထမ္းေတြရဲ႕ လစာေတြကို သြားထုတ္တဲ့ ရဲတပ္ဖြဲ႕ဝင္ ေလးဦးနဲ႔ ရကၡိဳင့္တပ္ေတာ္ AA တို႔ ေစတီျပင္ေက်း႐ြာအနီး မနက္ ၁၀ နာရီခြဲေလာက္က ပစ္ခတ္မႈျဖစ္ပြားၿပီး ရဲဝန္ထမ္း ႏွစ္ဦး ေပ်ာက္ဆုံးသြားေၾကာင္း၊ ပါသြားတဲ့ ေငြပမာဏ အတိအက်ကို မသိရွိရေသးေၾကာင္း  တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

ေပ်ာက္ဆုံးသြားတဲ့ ရဲဝန္ထမ္း ႏွစ္ဦးဟာလည္း ရဲစခန္းကိုဒီေန႔ထိ ျပန္မေရာက္လာေသးေၾကာင္း တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

“က်ေတာ္တို႔ ဖမ္းဆီးတဲ့ သတင္းေတာ့ မရေသးဘူး မေန႔ကေတာ့ ရေသ့ေတာင္က သတင္းသဇင္ၿမိဳင္ ရဲကင္းစခန္းက ေလးေယာက္ ေစတီျပင္ကို လစာသြားထုတ္တာေပါ့ လစာသြားထုတ္ရင္းနဲ႔ ျပန္ထြက္တဲ့ ေနရာမွာ ေစတီျပင္ရဲ႕အေနာက္ေျမာက္ဘက္ေလာက္မွာ AA ကေနၿပီး လက္နက္ငယ္နဲ႔ ပစ္ခတ္ခဲ့တယ္ ရဲအဖြဲ႕ကလည္း ျပန္ပစ္တယ္ ျပန္ပစ္ၿပီးေတာ့က်ေတာ့ ေလးဦး ပါသြားတယ္လို႔ေတာ့ သိရတယ္ဗ် ႏွစ္ ဦးကေတာ့ ရဲကင္းစခန္း ျပန္ေရာက္ခဲ့ၿပီး ႏွစ္ဦးကေတာ့ ေပ်ာက္ေနတယ္ ဖမ္းေခၚသြားတာလား က်ေတာ္ သိရသေလာက္ေတာ့ ဒီမနက္ထိေတာ့ မေတြ႕ေသးဘူးလို႔ သိရတယ္”

ရကၡိဳင့္တပ္ေတာ္ AA ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခ ကေတာ့ လစာထုတ္ၿပီး ျပန္လာတဲ့ ရဲဝန္ထမ္းေတြကို ဖမ္းဆီးတယ္ဆိုတဲ့ သတင္းေတာ့ မေရာက္ေသးေၾကာင္း ေျပာပါတယ္။

“က်ေတာ္တို႔ဘက္က ဖမ္းဆီးတယ္ဆိုတဲ့ ျဖစ္စဥ္မ်ိဳးေတာ့ က်ေတာ့္ဆီကို ဘာမွေရာက္လာတာေတာ့ မရွိေသးဘူး ဒါမယ့္ ျဖစ္ႏိုင္ေခ်ရွိတာကေတာ့ လစာသြားထုတ္သူဆိုတဲ့ဟာက အထုတ္ကိုယူလာၿပီး ေတာ့မွ သူ႔ဟာသူထြက္ေျပးသြားတာေတြလည္း ျဖစ္ႏိုင္ေခ်ရွိတာေပါ့ ဘာေၾကာင့္လဲဆိုလို႔ရွိရင္ ရခိုင္ ျပည္တြင္းထဲမွာ ရွိေနတဲ့ ရဲတပ္ဖြဲ႕ေတြက သူတို႔မွာလည္း စိတ္ဓာတ္ေရးရာေတြ ပ်က္ျပားၿပီးေတာ့မွ အေၾကာက္တရားေတြ လႊမ္းမိုးၿပီးေတာ့ ေနရတာ လစာသြားထုတ္လို႔ရွိရင္ အဲဒီပိုက္ဆံ ယူၿပီးေတာ့ ေျပးသြားတာလည္း ျဖစ္ႏိုင္သလို ဘူးသီးေတာင္နဲ႔ ရေသ့ေတာင္ဘက္မွာက ျမန္မာစစ္တပ္ကေနၿပီး ေတာ့ ေမြးစားထားတဲ့ လူဆိုးဒါးျမေတြလည္း ရွိတယ္ဗ် ဂိုဏ္းေတြေလ”

ရေသ့ေတာင္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚခင္ေစာေဝကလည္း ပစ္ခတ္မႈျဖစ္စဥ္နဲ႔  ပတ္သက္ၿပီး မွန္ကန္ေၾကာင္း ေစတီျပင္ေက်း႐ြာအနီး ေသနတ္သံေတြၾကားရတဲ့အေၾကာင္း  ေက်း႐ြာသားေတြဆီက သိရတယ္လို႔ ေျပာပါတယ္။

“သဇင္ၿမိဳင္ရဲစခန္းက လစာလာထုတ္တာေပါ့ အန္တီတို႔လည္း ႐ြာသားေတြ ေျပာတဲ့အတြက္ သိရတာပါ ဝန္ထမ္းလာစာေတြကို ထုတ္ဖို႔လာတယ္ေပါ့ ေစတီျပင္ကို အဲဒီမွာ အျပန္မွာ နည္းနည္း ေသနတ္သံေတြ ၾကားလိုက္ၾကတယ္တဲ့ ရဲသားႏွစ္ဦး ဖမ္းခံရတယ္ဆိုတာေတာ့ ေဒသခံေတြေျပာစကားအရ သိရတာပါ ”

လစာလာထုတ္တဲ့ ရဲတပ္ဖြဲ႕ဝင္ေတြကို ဘယ္အဖြဲ႕ကဖမ္းဆီးသြားဆိုတာ မသိရွိေၾကာင္း လစာေငြေတြကို ယူေဆာင္သြားျခင္း ရွိမရွိကို မသိေၾကာင္း ေဒၚခင္ေစာေဝက ေျပာပါတယ္။

လစာသြားထုတ္တဲ့ ရဲဝန္ထမ္း ေလးဦးထဲက ႏွစ္ဦးကေတာ့ ျပန္ေရာက္လာၾကၿပီး ေပ်ာက္ဆုံးေနတဲ့ ရဲဝန္ထမ္း ႏွစ္ဦးနဲ႔ ပတ္သက္ၿပီး သက္ဆိုင္ရာ ရဲစခန္းကို ဆက္သြယ္ေပမယ့္  ဖုန္းလက္ခံေျဖၾကားျခင္း မရွိပါဘူး။

ရခိုင္ျပည္နယ္ေျမာက္ပိုင္းက ၿမိဳ႕နယ္ေတြမွာ တပ္မေတာ္နဲ႔ AA တို႔ တိုက္ပြဲေတြျပင္းထန္ေနၿပီး ဒီဇင္ဘာ ၂၈ ရက္ေန႔က ရခိုင္ျပည္နယ္ ေျမာက္ပိုင္းမွာ တာဝန္ထမ္း ေဆာင္ေနတဲ့ ခမရ ၅၃၆ က ဗိုလ္မႉး  တစ္ေယာက္ က်ဆုံးသြားေၾကာင္း နာေရးဖိတ္စာ တစ္ေစာင္ဟာ လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ တက္လာပါတယ္။

အဲဒီအရာရွိ က်ဆုံးတယ္ ဆိုတဲ့ကိစၥနဲ႔ပတ္သက္လို႔  တပ္မေတာ္ သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕  အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္  ေဇာ္မင္းထြန္းက အတည္မျပဳႏိုင္ေၾကာင္း ေျပာပါတယ္။

ရခိုင္ျပည္နယ္မွာ ျမန္မာ့တပ္မေတာ္နဲ႔ AA တို႔ရဲ႕ တိုက္ပြဲေတြေၾကာင့္ ၂၀၁၉ ခုႏွစ္အတြင္း စစ္ေဘး  ဒုကၡသည္ ၁ သိန္းေက်ာ္ရွိခဲ့ၿပီး ထိခိုက္ဒဏ္ရာရွိသူ ၁၂၀ ေက်ာ္၊ ေသဆုံးသူ ၉၀ နီးပါးရွိေနၿပီလို႔ အရပ္ဖက္အဖြဲ႕ေတြရဲ႕  စာရင္းေတြအရ သိရပါတယ္။

RFA Burmese
https://www.rfa.org
----------
(Unicode)⤵⤵⤵
ရသေ့တောင်တိုက်ပွဲမှာ ရဲ နှစ်ဦး ပျောက်ဆုံးကြောင်း တပ်မတော် ပြော

ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရသေ့တောင်မြို့နယ် သဇင်မြိုင်ရဲစခန်းက ရဲဝန်ထမ်းတွေအတွက် လစာသွားထုတ်တဲ့ ရဲဝန်ထမ်း လေးဦးထဲက နှစ်ဦးနဲ့ လစာငွေတွေကို AA အဖွဲ့က မနေ့က မနက်ပိုင်းမှာ ပစ်ခတ်ယူဆောင်သွားတယ်လို့  တပ်မတော်က  ပြောပါတယ်။

ရသေ့တောင်မြို့နယ် သဇင်မြိုင် ရဲစခန်းဝန်ထမ်းတွေရဲ့ လစာတွေကို သွားထုတ်တဲ့ ရဲတပ်ဖွဲ့ဝင် လေးဦးနဲ့ ရက္ခိုင့်တပ်တော် AA တို့ စေတီပြင်ကျေးရွာအနီး မနက် ၁၀ နာရီခွဲလောက်က ပစ်ခတ်မှုဖြစ်ပွားပြီး ရဲဝန်ထမ်း နှစ်ဦး ပျောက်ဆုံးသွားကြောင်း၊ ပါသွားတဲ့ ငွေပမာဏ အတိအကျကို မသိရှိရသေးကြောင်း  တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ပျောက်ဆုံးသွားတဲ့ ရဲဝန်ထမ်း နှစ်ဦးဟာလည်း ရဲစခန်းကိုဒီနေ့ထိ ပြန်မရောက်လာသေးကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

“ကျတော်တို့ ဖမ်းဆီးတဲ့ သတင်းတော့ မရသေးဘူး မနေ့ကတော့ ရသေ့တောင်က သတင်းသဇင်မြိုင် ရဲကင်းစခန်းက လေးယောက် စေတီပြင်ကို လစာသွားထုတ်တာပေါ့ လစာသွားထုတ်ရင်းနဲ့ ပြန်ထွက်တဲ့ နေရာမှာ စေတီပြင်ရဲ့အနောက်မြောက်ဘက်လောက်မှာ AA ကနေပြီး လက်နက်ငယ်နဲ့ ပစ်ခတ်ခဲ့တယ် ရဲအဖွဲ့ကလည်း ပြန်ပစ်တယ် ပြန်ပစ်ပြီးတော့ကျတော့ လေးဦး ပါသွားတယ်လို့တော့ သိရတယ်ဗျ နှစ် ဦးကတော့ ရဲကင်းစခန်း ပြန်ရောက်ခဲ့ပြီး နှစ်ဦးကတော့ ပျောက်နေတယ် ဖမ်းခေါ်သွားတာလား ကျတော် သိရသလောက်တော့ ဒီမနက်ထိတော့ မတွေ့သေးဘူးလို့ သိရတယ်”

ရက္ခိုင့်တပ်တော် AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ ကတော့ လစာထုတ်ပြီး ပြန်လာတဲ့ ရဲဝန်ထမ်းတွေကို ဖမ်းဆီးတယ်ဆိုတဲ့ သတင်းတော့ မရောက်သေးကြောင်း ပြောပါတယ်။

“ကျတော်တို့ဘက်က ဖမ်းဆီးတယ်ဆိုတဲ့ ဖြစ်စဉ်မျိုးတော့ ကျတော့်ဆီကို ဘာမှရောက်လာတာတော့ မရှိသေးဘူး ဒါမယ့် ဖြစ်နိုင်ချေရှိတာကတော့ လစာသွားထုတ်သူဆိုတဲ့ဟာက အထုတ်ကိုယူလာပြီး တော့မှ သူ့ဟာသူထွက်ပြေးသွားတာတွေလည်း ဖြစ်နိုင်ချေရှိတာပေါ့ ဘာကြောင့်လဲဆိုလို့ရှိရင် ရခိုင် ပြည်တွင်းထဲမှာ ရှိနေတဲ့ ရဲတပ်ဖွဲ့တွေက သူတို့မှာလည်း စိတ်ဓာတ်ရေးရာတွေ ပျက်ပြားပြီးတော့မှ အကြောက်တရားတွေ လွှမ်းမိုးပြီးတော့ နေရတာ လစာသွားထုတ်လို့ရှိရင် အဲဒီပိုက်ဆံ ယူပြီးတော့ ပြေးသွားတာလည်း ဖြစ်နိုင်သလို ဘူးသီးတောင်နဲ့ ရသေ့တောင်ဘက်မှာက မြန်မာစစ်တပ်ကနေပြီး တော့ မွေးစားထားတဲ့ လူဆိုးဒါးမြတွေလည်း ရှိတယ်ဗျ ဂိုဏ်းတွေလေ”

ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေကလည်း ပစ်ခတ်မှုဖြစ်စဉ်နဲ့  ပတ်သက်ပြီး မှန်ကန်ကြောင်း စေတီပြင်ကျေးရွာအနီး သေနတ်သံတွေကြားရတဲ့အကြောင်း  ကျေးရွာသားတွေဆီက သိရတယ်လို့ ပြောပါတယ်။

“သဇင်မြိုင်ရဲစခန်းက လစာလာထုတ်တာပေါ့ အန်တီတို့လည်း ရွာသားတွေ ပြောတဲ့အတွက် သိရတာပါ ဝန်ထမ်းလာစာတွေကို ထုတ်ဖို့လာတယ်ပေါ့ စေတီပြင်ကို အဲဒီမှာ အပြန်မှာ နည်းနည်း သေနတ်သံတွေ ကြားလိုက်ကြတယ်တဲ့ ရဲသားနှစ်ဦး ဖမ်းခံရတယ်ဆိုတာတော့ ဒေသခံတွေပြောစကားအရ သိရတာပါ ”

လစာလာထုတ်တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဘယ်အဖွဲ့ကဖမ်းဆီးသွားဆိုတာ မသိရှိကြောင်း လစာငွေတွေကို ယူဆောင်သွားခြင်း ရှိမရှိကို မသိကြောင်း ဒေါ်ခင်စောဝေက ပြောပါတယ်။

လစာသွားထုတ်တဲ့ ရဲဝန်ထမ်း လေးဦးထဲက နှစ်ဦးကတော့ ပြန်ရောက်လာကြပြီး ပျောက်ဆုံးနေတဲ့ ရဲဝန်ထမ်း နှစ်ဦးနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ရဲစခန်းကို ဆက်သွယ်ပေမယ့်  ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။

ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေမှာ တပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေပြင်းထန်နေပြီး ဒီဇင်ဘာ ၂၈ ရက်နေ့က ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ တာဝန်ထမ်း ဆောင်နေတဲ့ ခမရ ၅၃၆ က ဗိုလ်မှူး  တစ်ယောက် ကျဆုံးသွားကြောင်း နာရေးဖိတ်စာ တစ်စောင်ဟာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တက်လာပါတယ်။

အဲဒီအရာရှိ ကျဆုံးတယ် ဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့  တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့  အတွင်းရေးမှူး ဗိုလ်မှူးချုပ်  ဇော်မင်းထွန်းက အတည်မပြုနိုင်ကြောင်း ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ မြန်မာ့တပ်မတော်နဲ့ AA တို့ရဲ့ တိုက်ပွဲတွေကြောင့် ၂၀၁၉ ခုနှစ်အတွင်း စစ်ဘေး  ဒုက္ခသည် ၁ သိန်းကျော်ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရှိသူ ၁၂၀ ကျော်၊ သေဆုံးသူ ၉၀ နီးပါးရှိနေပြီလို့ အရပ်ဖက်အဖွဲ့တွေရဲ့  စာရင်းတွေအရ သိရပါတယ်။

RFA Burmese
https://www.rfa.org
ရေသ့ေတာင္တိုက္ပြဲမွာ ရဲ ႏွစ္ဦး ေပ်ာက္ဆုံးေၾကာင္း တပ္မေတာ္ ေျပာ ရေသ့ေတာင္တိုက္ပြဲမွာ ရဲ ႏွစ္ဦး ေပ်ာက္ဆုံးေၾကာင္း တပ္မေတာ္ ေျပာ Reviewed by THITHTOOLWIN on 21:12 Rating: 5
Powered by Blogger.