ေျမပုံၿမိဳ႕နယ္မွာ တိုက္ပြဲျပင္းထန္ ေလေၾကာင္းတိုက္ခိုက္မႈေတြအသုံးျပဳခဲ့

(Zawgyi)⤵⤵⤵
ေျမပုံ၊ ဇန္နဝါရီ ၃-၂၀၁၉

ရခိုင္ျပည္နယ္ေျမာက္ပိုင္းက ေျမပုံၿမိဳ႕နယ္၊ စညႇင္းေက်း႐ြာအုပ္စုအတြင္းမွာ ဇန္နဝါရီလ ၂ ရက္ေန႔ မနက္ပိုင္း ၈ နာရီေလာက္က ျမန္မာ့တပ္မေတာ္နဲ႔ ေအေအတို႔ တိုက္ပြဲေတြအျပင္းအထန္ျဖစ္ပြားခဲ့ၿပီး တပ္မေတာ္ဘက္က ရဟတ္ယာဥ္ေတြ၊ တိုက္ေလယာဥ္ေတြကိုပါ အသုံးျပဳတိုက္ခိုက္ခဲ့တယ္လို႔ ေဒသခံေတြကေျပာပါတယ္။

အဲ့ဒီေဒသအတြင္း လြန္ခဲ့တဲ့ႏွစ္ရက္ေလာက္ကေန လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္မႈေၾကာင့္ ေက်း႐ြာအနီး လက္နက္ႀကီးက်ည္ေတြ က်ေရာက္ေပါက္ကြဲတာေတြရွိခဲ့ၿပီး တိုက္ပြဲေတြပါဆက္လက္ျဖစ္ပြားကာ ေလေၾကာင္းပစ္ခတ္မႈေတြ ရွိလာတဲ့အတြက္ စညႇင္းေက်း႐ြာအုပ္စုအတြင္းက ေက်း႐ြာေပါင္း ၅ ႐ြာက ေဒသခံ ၂၀၀၀ ေက်ာ္တို႔ဟာ ထြက္ေျပးသြားခဲ့ၾကတာျဖစ္ပါတယ္။

"မေန႔က ေျမပုံၿမိဳ႕နယ္၊ စညႇင္းေက်း႐ြာအုပ္စုမွာ ေတာ္ေတာ့္ကို တိုက္ပြဲအျပင္းအထန္ျဖစ္ခဲ့တယ္။ မနက္ ၈ နာရီေလာက္ကစျဖစ္တယ္။ ညေနမိုးခ်ဳပ္ေအာင္ထိျဖစ္တယ္။ တိုက္ပြဲျဖစ္လို႔ ၁၂ နာရီေလာက္မာ တပ္မေတာ္ကေနၿပီးေတာ့ ရဟတ္ယာဥ္ေတြ၊ စစ္ေလယာဥ္နဲ႔လာၿပီးေတာ့ဗုံးႀကဲတာ ပစ္ခတ္တာေတြရွိခဲ့တယ္။ ရဟတ္ယာဥ္ေတြကေတာ့ ခဏေန တစ္စီးလာလိုက္၊ ႏွစ္စီးလာလိုက္နဲ႔ ေခါက္တုန႔္ေခါက္ျပန္ လာျပစ္တယ္။ ၂ နာရီခြဲကေနၿပီး ၄နာရီ ၅ နာရီေလာက္ထိ ႀကိဳၾကားႀကိဳၾကားလာပစ္တယ္။ ရဟတ္ယာဥ္တင္မကဘူး တိုက္ေလယာဥ္ေတြလည္းပါတယ္"လို႔ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဖသန္းကေျပာပါတယ္။

ဒီကေန႔မွာလည္း စညင္းအုပ္စုမွာတိုက္ပြဲေတြဆက္ျဖစ္ေနၿပီး အဲ့ဒီေက်း႐ြာအုပ္စုက ႐ြာ ၅ ႐ြာလုံးမွာရွိတဲ့ ျပည္သူေတြတစ္ေယာက္မွ မရွိေတာ့ဘဲ အမ္းၿမိဳ႕နယ္ သရက္ေခ်ာင္းမွာလည္း တိုက္ပြဲေတြ ခပ္စိပ္စိပ္ ျဖစ္ပြားေနတယ္လို႔ သိရပါတယ္။

“မေန႔က ၂ ရက္ေန႔တစ္ရက္တည္းမွာ ၿမိဳ႕နယ္ ၃ ခုေလာက္မွာ တိုက္ပြဲေတြ အျပင္းအထန္ျဖစ္ခဲ့တယ္။ ပလက္ဝမွာျဖစ္တယ္၊ ေျမပုံမွာျဖစ္တယ္။ မင္းျပားမွာျဖစ္တယ္။ ရဟတ္ယာဥ္ေတြ၊ ဂ်က္တိုက္ေလယာဥ္ေတြနဲ႔ တိုက္ခိုက္ခဲ့တာရွိတယ္။ ျမန္မာစစ္တပ္က ကြၽန္ေတာ္တို႔ရွိတဲ့ ေနရာေတြကို ထိုးစစ္ဆင္လာတဲ့အတြက္ တိုက္ပြဲေတြျဖစ္ခဲ့ၾကတာပါ။”လို႔ ေအေအရဲ႕ေျပာခြင့္ရသူ ခိုင္သုခက ေျပာပါတယ္။

ေလေၾကာင္းတိုက္ခိုက္မႈေတြ ျပဳလုပ္ခဲ့တာနဲ႔ပတ္သက္လို႔ တိုက္ပြဲေတြဘယ္ေလာက္ထိ ျပင္းထန္ခဲ့သလဲဆိုတာနဲ႔ပတ္သက္ၿပီး တပ္မေတာ္ဘက္ကို ေမးျမန္းခဲ့ေပမယ့္ အဆက္အသြယ္မရရွိခဲ့ပါဘူး။

ခိုင္လင္းစံ (VOM)
ေ႐ႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
-----------
(Unicode)⤵⤵⤵
မြေပုံမြို့နယ်မှာ တိုက်ပွဲပြင်းထန် လေကြောင်းတိုက်ခိုက်မှုတွေအသုံးပြုခဲ့

မြေပုံ၊ ဇန်နဝါရီ ၃-၂၀၁၉

ရခိုင်ပြည်နယ်မြောက်ပိုင်းက မြေပုံမြို့နယ်၊ စညှင်းကျေးရွာအုပ်စုအတွင်းမှာ ဇန်နဝါရီလ ၂ ရက်နေ့ မနက်ပိုင်း ၈ နာရီလောက်က မြန်မာ့တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်က ရဟတ်ယာဉ်တွေ၊ တိုက်လေယာဉ်တွေကိုပါ အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

အဲ့ဒီဒေသအတွင်း လွန်ခဲ့တဲ့နှစ်ရက်လောက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် ကျေးရွာအနီး လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲတာတွေရှိခဲ့ပြီး တိုက်ပွဲတွေပါဆက်လက်ဖြစ်ပွားကာ လေကြောင်းပစ်ခတ်မှုတွေ ရှိလာတဲ့အတွက် စညှင်းကျေးရွာအုပ်စုအတွင်းက ကျေးရွာပေါင်း ၅ ရွာက ဒေသခံ ၂၀၀၀ ကျော်တို့ဟာ ထွက်ပြေးသွားခဲ့ကြတာဖြစ်ပါတယ်။

"မနေ့က မြေပုံမြို့နယ်၊ စညှင်းကျေးရွာအုပ်စုမှာ တော်တော့်ကို တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့တယ်။ မနက် ၈ နာရီလောက်ကစဖြစ်တယ်။ ညနေမိုးချုပ်အောင်ထိဖြစ်တယ်။ တိုက်ပွဲဖြစ်လို့ ၁၂ နာရီလောက်မာ တပ်မတော်ကနေပြီးတော့ ရဟတ်ယာဉ်တွေ၊ စစ်လေယာဉ်နဲ့လာပြီးတော့ဗုံးကြဲတာ ပစ်ခတ်တာတွေရှိခဲ့တယ်။ ရဟတ်ယာဉ်တွေကတော့ ခဏနေ တစ်စီးလာလိုက်၊ နှစ်စီးလာလိုက်နဲ့ ခေါက်တုန့်ခေါက်ပြန် လာပြစ်တယ်။ ၂ နာရီခွဲကနေပြီး ၄နာရီ ၅ နာရီလောက်ထိ ကြိုကြားကြိုကြားလာပစ်တယ်။ ရဟတ်ယာဉ်တင်မကဘူး တိုက်လေယာဉ်တွေလည်းပါတယ်"လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကပြောပါတယ်။

ဒီကနေ့မှာလည်း စညင်းအုပ်စုမှာတိုက်ပွဲတွေဆက်ဖြစ်နေပြီး အဲ့ဒီကျေးရွာအုပ်စုက ရွာ ၅ ရွာလုံးမှာရှိတဲ့ ပြည်သူတွေတစ်ယောက်မှ မရှိတော့ဘဲ အမ်းမြို့နယ် သရက်ချောင်းမှာလည်း တိုက်ပွဲတွေ ခပ်စိပ်စိပ် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

“မနေ့က ၂ ရက်နေ့တစ်ရက်တည်းမှာ မြို့နယ် ၃ ခုလောက်မှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ခဲ့တယ်။ ပလက်ဝမှာဖြစ်တယ်၊ မြေပုံမှာဖြစ်တယ်။ မင်းပြားမှာဖြစ်တယ်။ ရဟတ်ယာဉ်တွေ၊ ဂျက်တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့တာရှိတယ်။ မြန်မာစစ်တပ်က ကျွန်တော်တို့ရှိတဲ့ နေရာတွေကို ထိုးစစ်ဆင်လာတဲ့အတွက် တိုက်ပွဲတွေဖြစ်ခဲ့ကြတာပါ။”လို့ အေအေရဲ့ပြောခွင့်ရသူ ခိုင်သုခက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာနဲ့ပတ်သက်လို့ တိုက်ပွဲတွေဘယ်လောက်ထိ ပြင်းထန်ခဲ့သလဲဆိုတာနဲ့ပတ်သက်ပြီး တပ်မတော်ဘက်ကို မေးမြန်းခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

ခိုင်လင်းစံ (VOM)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ေျမပုံၿမိဳ႕နယ္မွာ တိုက္ပြဲျပင္းထန္ ေလေၾကာင္းတိုက္ခိုက္မႈေတြအသုံးျပဳခဲ့ ေျမပုံၿမိဳ႕နယ္မွာ တိုက္ပြဲျပင္းထန္ ေလေၾကာင္းတိုက္ခိုက္မႈေတြအသုံးျပဳခဲ့ Reviewed by THITHTOOLWIN on 21:09 Rating: 5
Powered by Blogger.