ဝန္ထမ္းမ်ား ရခိုင္ေဒသခရီးသြားခြင့္ကို အစိုးရ တင္းက်ပ္

ရခိုင္ျပည္အတြင္း ေျပးဆြဲေနတဲ့ ရွပ္ေျပးေရယာဥ္ တစ္စီးကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္အတြင္း အစိုးရဝန္ထမ္းေတြအေနနဲ႔ ကုန္းလမ္းနဲ႔ ေရလမ္းခရီးေတြ သြားလာမယ္ဆိုရင္ သက္ဆိုင္ရာ ဌာနအႀကီးအကဲေတြရဲ႕ ခြင့္ျပဳခ်က္ပါမွ သြားေရာက္ၾကဖို႔ ျပည္ေထာင္စုအစိုးရအဖြဲ႕က ၫႊန္ၾကားထားပါတယ္။

ရကၡိဳင့္တပ္ေတာ္ AA ကလည္း ခရီးသြားလာမယ္ဆိုရင္ သူတို႔ကို အသိေပးၿပီးမွ သြားလာၾကဖို႔  ေျပာဆို ထားပါတယ္။

ရခိုင္ေဒသအတြင္း ကုန္းလမ္း၊ ေရလမ္းေတြနဲ႔ ခရီးသြားလာမယ့္ အစိုးရဝန္ထမ္းေတြကို သက္ဆိုင္ရာ  ဌာနအႀကီးအကဲေတြရဲ႕ ခြင့္ျပဳခ်က္ပါမွ သြားေရာက္ၾကဖို႔ လုံၿခဳံေရးနဲ႔ နယ္စပ္ေရးရာဝန္ႀကီးဌာနကၿပီး ခဲ့တဲ့လပိုင္းက ထုတ္ျပန္ၫႊန္ၾကားထားပါတယ္။

AA အဖြဲ႕က အစိုးရဝန္ထမ္းေတြကို ဖမ္းဆီးလာတာေၾကာင့္ ေနျပည္ေတာ္က အခုလို ၫႊန္ၾကားထားတာျဖစ္ၿပီး သက္ဆိုင္ရာ ဌာနအႀကီးအကဲေတြရဲ႕ ခြင့္ျပဳခ်က္နဲ႔ ျပည္နယ္အစိုးရဆီကို တင္ျပၿပီးေနာက္  လုံၿခဳံေရးအဖြဲ႕ေတြကို သတင္းပို႔ၿပီးမွာ သြားေရာက္ရမွာျဖစ္တယ္လို႔ လုံၿခဳံေရးနဲ႔ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မႉးႀကီး မင္းသန႔္က RFA ကို ေျပာပါတယ္။

“ျပည္ေထာင္စုကေန ၫႊန္ၾကားခ်က္ရွိတယ္။ ခရီးသြားမယ္ဆိုရင္ သက္ဆိုင္ရာ ဌာနအႀကီးအကဲေတြရဲ႕  ခြင့္ျပဳခ်က္နဲ႔ ျပည္နယ္အစိုးရဆီ တင္ျပ ျပည္နယ္အစိုးရကေနမွ သက္ဆိုင္ရာ လုံၿခဳံေရးအဖြဲ႕ေတြ  သတင္းပို႔၊ ေျပာ၊ စီစဥ္ေပါ့၊ အဲဒီကေန ဆက္သြားေပါ့။ အဓိကကေတာ့ ဝန္ထမ္းေတြ တခ်ိဳ႕ဟာက  သူဟာသူ မသိလိုက္ မသိဘာသာ ထြက္သြားလို႔ရွိရင္ တစ္ခုခုျဖစ္မွာစိုးလို႔ေလ။ အဲဒီေတာ့ ဝန္ထမ္းေတြက ဒီက စီစဥ္တဲ့ဟာနဲ႔ပဲသြား။ တပ္မေတာ္ ဇက္သေဘၤာေတြနဲ႔ သြားတာေတြရွိတယ္။  ရဟတ္ယာဥ္နဲ႔ပို႔တာေတြရွိတယ္။ လမ္းေၾကာင္းေပၚမွာ မူတည္ၿပီးေတာ့ ပို႔လို႔ရသလို ပို႔တာေပါ့ေနာ္။”

အစိုးရဝန္ထမ္းေတြ လက္မွတ္လာဝယ္ရင္ သက္ဆိုင္ရာဌာနခြင့္ျပဳခ်က္နဲ႔ လုံၿခဳံေရးနဲ႔ နယ္စပ္ေရးရာ ဝန္ႀကီးဆီ တင္ျပခြင့္ျပဳခ်က္ ေတာင္းခံၿပီးမွာသာ လက္မွတ္ ေရာင္းခ်ေပးတာျဖစ္တယ္လို႔  ျပည္တြင္းေရေၾကာင္းဦးစီးဌာန ရခိုင္ျပည္နယ္တာဝန္ခံ ဦးေအာင္လင္းက ေျပာပါတယ္။

“ဒီနယ္လုံဝန္ႀကီးဌာနကေန ၿပီးေတာ့မွ ဝန္ထမ္းေတြ ခရီးသြားတဲ့အခါမွာ ခြင့္ျပဳခ်က္ရယူၿပီးမွ သြားေရာက္ ၾကဖို႔ဆိုၿပီး အဲလို စာထြက္ထားတာရွိပါတယ္။ ၿပီးခဲ့တဲ့ လပိုင္းေလာက္ကတည္းက  ထုတ္ထားတာပါ။ ကြၽန္ေတာ္တို႔က ဝန္ထမ္းမွန္းသိလို႔ရွိရင္ သက္ဆိုင္ရာခြင့္ျပဳခ်က္ ေနာက္ၿပီးေတာ့မွ နယ္လုံဝန္ႀကီးဆီမွာ တင္ျပ ခြင့္ျပဳခ်က္ ေတာင္းၿပီးၿပီလား အဲဒီလို ေမးၿပီးေတာ့မွ ကြၽန္ေတာ္တို႔ လက္မွတ္ေရာင္းတာပါ။”

ၿပီးခဲ့တဲ့ ရက္ပိုင္းက ေအာင္တံခြန္ေရယာဥ္ေပၚ လိုက္ပါလာတဲ့ ကုန္လမ္းပို႔ေဆာင္ေရး(ကပရ) ယာဥ္ေမာင္း ဝန္ထမ္း ၁၆ ဦးကို ဒီဇင္ဘာလ ၃၁ ရက္ေန႔မွာ AA အဖြဲ႕က ဖမ္းဆီးေခၚေဆာင္သြားခဲ့ၿပီး  ၂၀၂၀ ခုႏွစ္ ဇန္နဝါရီလ ၁ ရက္ေန႔မွာေတာ့ စစ္ဘက္နဲ႔ တိုက္႐ိုက္သက္ဆိုင္သူေတြ  မဟုတ္တာ ေၾကာင့္ ျပန္လည္လႊတ္ေပးခဲ့သလို ခရီးသြားမယ္ဆိုရင္ ရကၡိဳင့္တပ္ေတာ္ကို အသိေပးၿပီးမွ သြားလာ ရမယ္လို႔လည္း ေျပာဆိုထားပါတယ္။

AA ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခက

“အထူးသျဖင့္ တိုက္ပြဲျဖစ္ပြားေနတဲ့ ဧရိယာေတြေပါ့ဗ်ာ ။ အဲဒီမွာ ခရီးသြားၾကမယ္ဆိုလို႔ရွိရင္ ကြၽန္ေတာ္တို႔ကို အေၾကာင္းၾကားၿပီးမွ သြားလာၾကဖို႔အတြက္ ထုတ္ျပန္ထားတာရွိတယ္။ ဘာေၾကာင့္လဲဆိုလို႔ရွိရင္ မလိုလားအပ္တဲ့ ထိခိုက္မႈေတြ မျဖစ္ရေအာင္ေပါ့ဗ်ာ၊ တိုက္ပြဲဆိုတာ ဘယ္အခ်ိန္ထျဖစ္မယ္ဆိုတာ ဘယ္သူမွ မသိဘူးေလ၊ စစ္ျဖစ္ေနတာဆိုေတာ့ အဲဒါေၾကာင့္မို႔လို႔ တခ်ိဳ႕ေနရာေတြမွာ လိုအပ္လို႔ရွိရင္ ကြၽန္ေတာ္တို႔က အေကာင္းဆုံး အကာအကြယ္ေပးလို႔ရေအာင္ အဲလိုမ်ိဳးရည္႐ြယ္ခ်က္နဲ႔ ကြၽန္ေတာ္တို႔ ထုတ္ျပန္ထားတာ ျဖစ္တယ္။” လို႔ေျပာပါတယ္

အခုလို ႏွစ္ဘက္ တိုက္ပြဲေတြေၾကာင့္ ျပည္သူေတြဟာ အၿမဲ က်ီးလန႔္စာစားဘဝနဲ႔  သြားလာေနထိုင္ရတဲ့ အေျခအေနေတြရွိေနၿပီး သြားေရးလာေရးအတြက္ ႏွစ္ဘက္ကို သတင္းပို႔ သြားေနရတယ္ဆိုေတာ့ ျပည္သူေတြ အခက္အခဲရွိတယ္လို႔ ဘူးသီးေတာင္မဲဆႏၵနယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းေအာင္သိန္းက ေျပာပါတယ္။

“ဒါေတြကေတာ့ သူတို႔ ႏွစ္ဘက္တိုက္ပြဲျဖစ္ေနတဲ့ အခ်ိန္အခါမွာ ကြၽန္ေတာ္တို႔ ျပည္သူကေတာ့ အၿမဲတမ္း က်ီးလန႔္စာစားဘဝနဲ႔ သြားလာေနထိုင္ေနရတဲ့ အေျခအေနေတြရွိပါတယ္။ ညမထြက္ရ အမိန႔္ေတြ ထုတ္ထားတယ္။ ဒါေတြနဲ႔ ပတ္သက္လို႔လည္း ကြၽန္ေတာ္တို႔ လြတ္လပ္မႈမရွိဘူး။  ေနာက္တစ္ခုက ကြၽန္ေတာ္တို႔ သြားေရးလာေရးမွာလည္း ႏွစ္ဘက္ကို သတင္းပို႔ၿပီး သြားေနရတယ္ဆိုေတာ့ ကြၽန္ေတာ္တို႔ အခက္အခဲရွိေနတာေပါ့ ျပည္သူလူထုေတြအေနနဲ႔ေလ”

ရခိုင္ျပည္နယ္မွာ အခုျဖစ္ေနတဲ့ ျပႆနာဟာ ႏိုင္ငံေရးျပႆနာျဖစ္ေၾကာင္း၊ ႏိုင္ငံေရးျပႆနာကို စစ္ေရးနဲ႔ ေျဖရွင္းေနရင္ ျပည္သူေတြဟာ အခက္အခဲေတြနဲ႔ ဆက္ရင္ေနဦးမွာျဖစ္တယ္လို႔လည္း လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းေအာင္သိန္းက ေျပာပါတယ္။

ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၂၄ ရက္ေန႔ကလည္း ဘူးသီးေတာင္ၿမိဳ႕နယ္ ေတာင္ဘဇာနယ္ေျမကိုသြားတဲ့ လူဝင္မႈ ႀကီးၾကပ္ေရးအရာရွိ သုံးဦးကို AA အဖြဲ႕က ဖမ္းဆီးသြားခဲ့ၿပီး လက္ရွိအခ်ိန္အထိ  ျပန္လည္လႊတ္ေျမာက္လာတာ မရွိေသးပါဘူး။

၂၀၁၉ ႏိုဝင္ဘာလ ၁၂ ရက္စြဲနဲ႔ ထုတ္ျပန္တဲ့ AA အဖြဲ႕ရဲ႕ ေၾကညာခ်က္မွာ AA အဖြဲ႕က ထိန္းသိမ္းထားသူ ရဲတပ္ဖြဲ႕ဝင္ ကိုးဦး၊ တပ္မေတာ္သား ေျခာက္ဦး၊ အက်ဥ္းဦးစီးဝန္ထမ္း တစ္ဦး၊  တပ္အင္ဂ်င္နီယာ တစ္ဦး စုစုေပါင္း ၁၇ ဦးလို႔ပါရွိပါတယ္။

အလားတူ ႏိုဝင္ဘာလ ၁၉ ရက္ေန႔ကလည္း ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ ပကာဝ႐ြာ အေနာက္ဘက္မွာ တပ္မေတာ္ဘက္က ဗိုလ္တစ္ဦး၊ အရာခံဗိုလ္တစ္ဦးအပါအဝင္ ၁၃ ဦးဟာ လက္နက္ခ် အညံ့ခံလာလို႔ ထိန္းသိမ္းထားေၾကာင္း AA အဖြဲ႕က ထုတ္ျပန္ခဲ့ပါတယ္။

ရကၡိဳင့္တပ္ေတာ္ AA ရဲ႕ ထုတ္ျပန္ခ်က္ေတြအရ တပ္မေတာ္သားေတြ၊ ရဲတပ္ဖြဲ႕ဝင္ေတြ အပါအဝင္ ဖမ္းဆီးထားသူ ၄၀ ေလာက္ရွိတယ္လို႔ ခန႔္မွန္းရပါတယ္။

AA အဖြဲ႕ကေတာ့ အေရအတြက္ စုစုေပါင္းကို ထုတ္ေဖာ္ေျပာဆိုျခင္း မရွိပါဘူး။

AA က ဖမ္းဆီးထားသူေတြနဲ႔ တပ္မေတာ္က AA နဲ႔ ပတ္သက္တယ္ဆိုၿပီး ပုဒ္မအမ်ိဳးမ်ိဳးတပ္ ဖမ္းဆီးထားတဲ့ အရပ္သားေတြကို သုံ႔ပန္းခ်င္း လဲလွယ္လိုေၾကာင္း AA အဖြဲ႕က ထုတ္ျပန္ခဲ့ ေျပာဆိုထားေပမယ့္ အစိုးရနဲ႔ တပ္မေတာ္ဘက္က လက္မခံႏိုင္ဘူးလို႔ ျငင္းဆိုထားပါတယ္။

ရခိုင္ေဒသမွာ တိုက္ပြဲ ခပ္စိတ္စိတ္ ျဖစ္လာေနၿပီး  AA ဘက္ကလည္း တပ္နဲ႔ ဆက္စပ္မႈရွိတယ္၊ အစိုးရသတင္းေပး ျဖစ္တယ္ ဆိုတဲ့ သံသယနဲ႔ လူအမ်ားအျပားကို ဖမ္းဆီးသလို တပ္မေတာ္ကလည္း AA အဖြဲ႕နဲ႔ သက္ဆိုင္တယ္လို႔ ယူဆရသူေတြကို ဖမ္းဆီးစစ္ေဆးေနပါတယ္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ ၿပီးခဲ့တဲ့ ၁၁ လ အတြင္း ရကၡိဳင့္တပ္ေတာ္ AA နဲ႔ ဆက္ႏြယ္တယ္ဆိုတဲ့ သံသယနဲ႔ တရား႐ုံးမွာ စြဲဆိုထားတဲ့ အမႈေပါင္း ၄၈ မႈရွိၿပီး စြပ္စြဲခံထားရသူ အေရအတြက္ကေတာ့ ၅၀၀ ေလာက္ ရွိတယ္လို႔ စစ္ေတြၿမိဳ႕ အေျခစိုက္ သဇင္-ဥပေဒ အေထာက္အကူျပဳအဖြဲ႕က မၾကာေသးခင္က ထုတ္ျပန္ထားပါတယ္။

RFA Burmese
https://www.rfa.org
-----------
(Unicode)⤵⤵⤵
ဝန်ထမ်းများ ရခိုင်ဒေသခရီးသွားခွင့်ကို အစိုးရ တင်းကျပ်

ရခိုင်ပြည်အတွင်း ပြေးဆွဲနေတဲ့ ရှပ်ပြေးရေယာဉ် တစ်စီးကို တွေ့ရစဉ်
Photo: Min Thein Aung / RFA

ရခိုင်ပြည်နယ်အတွင်း အစိုးရဝန်ထမ်းတွေအနေနဲ့ ကုန်းလမ်းနဲ့ ရေလမ်းခရီးတွေ သွားလာမယ်ဆိုရင် သက်ဆိုင်ရာ ဌာနအကြီးအကဲတွေရဲ့ ခွင့်ပြုချက်ပါမှ သွားရောက်ကြဖို့ ပြည်ထောင်စုအစိုးရအဖွဲ့က ညွှန်ကြားထားပါတယ်။

ရက္ခိုင့်တပ်တော် AA ကလည်း ခရီးသွားလာမယ်ဆိုရင် သူတို့ကို အသိပေးပြီးမှ သွားလာကြဖို့  ပြောဆို ထားပါတယ်။

ရခိုင်ဒေသအတွင်း ကုန်းလမ်း၊ ရေလမ်းတွေနဲ့ ခရီးသွားလာမယ့် အစိုးရဝန်ထမ်းတွေကို သက်ဆိုင်ရာ  ဌာနအကြီးအကဲတွေရဲ့ ခွင့်ပြုချက်ပါမှ သွားရောက်ကြဖို့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနကပြီး ခဲ့တဲ့လပိုင်းက ထုတ်ပြန်ညွှန်ကြားထားပါတယ်။

AA အဖွဲ့က အစိုးရဝန်ထမ်းတွေကို ဖမ်းဆီးလာတာကြောင့် နေပြည်တော်က အခုလို ညွှန်ကြားထားတာဖြစ်ပြီး သက်ဆိုင်ရာ ဌာနအကြီးအကဲတွေရဲ့ ခွင့်ပြုချက်နဲ့ ပြည်နယ်အစိုးရဆီကို တင်ပြပြီးနောက်  လုံခြုံရေးအဖွဲ့တွေကို သတင်းပို့ပြီးမှာ သွားရောက်ရမှာဖြစ်တယ်လို့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန့်က RFA ကို ပြောပါတယ်။

“ပြည်ထောင်စုကနေ ညွှန်ကြားချက်ရှိတယ်။ ခရီးသွားမယ်ဆိုရင် သက်ဆိုင်ရာ ဌာနအကြီးအကဲတွေရဲ့  ခွင့်ပြုချက်နဲ့ ပြည်နယ်အစိုးရဆီ တင်ပြ ပြည်နယ်အစိုးရကနေမှ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့တွေ  သတင်းပို့၊ ပြော၊ စီစဉ်ပေါ့၊ အဲဒီကနေ ဆက်သွားပေါ့။ အဓိကကတော့ ဝန်ထမ်းတွေ တချို့ဟာက  သူဟာသူ မသိလိုက် မသိဘာသာ ထွက်သွားလို့ရှိရင် တစ်ခုခုဖြစ်မှာစိုးလို့လေ။ အဲဒီတော့ ဝန်ထမ်းတွေက ဒီက စီစဉ်တဲ့ဟာနဲ့ပဲသွား။ တပ်မတော် ဇက်သင်္ဘောတွေနဲ့ သွားတာတွေရှိတယ်။  ရဟတ်ယာဉ်နဲ့ပို့တာတွေရှိတယ်။ လမ်းကြောင်းပေါ်မှာ မူတည်ပြီးတော့ ပို့လို့ရသလို ပို့တာပေါ့နော်။”

အစိုးရဝန်ထမ်းတွေ လက်မှတ်လာဝယ်ရင် သက်ဆိုင်ရာဌာနခွင့်ပြုချက်နဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးဆီ တင်ပြခွင့်ပြုချက် တောင်းခံပြီးမှာသာ လက်မှတ် ရောင်းချပေးတာဖြစ်တယ်လို့  ပြည်တွင်းရေကြောင်းဦးစီးဌာန ရခိုင်ပြည်နယ်တာဝန်ခံ ဦးအောင်လင်းက ပြောပါတယ်။

“ဒီနယ်လုံဝန်ကြီးဌာနကနေ ပြီးတော့မှ ဝန်ထမ်းတွေ ခရီးသွားတဲ့အခါမှာ ခွင့်ပြုချက်ရယူပြီးမှ သွားရောက် ကြဖို့ဆိုပြီး အဲလို စာထွက်ထားတာရှိပါတယ်။ ပြီးခဲ့တဲ့ လပိုင်းလောက်ကတည်းက  ထုတ်ထားတာပါ။ ကျွန်တော်တို့က ဝန်ထမ်းမှန်းသိလို့ရှိရင် သက်ဆိုင်ရာခွင့်ပြုချက် နောက်ပြီးတော့မှ နယ်လုံဝန်ကြီးဆီမှာ တင်ပြ ခွင့်ပြုချက် တောင်းပြီးပြီလား အဲဒီလို မေးပြီးတော့မှ ကျွန်တော်တို့ လက်မှတ်ရောင်းတာပါ။”

ပြီးခဲ့တဲ့ ရက်ပိုင်းက အောင်တံခွန်ရေယာဉ်ပေါ် လိုက်ပါလာတဲ့ ကုန်လမ်းပို့ဆောင်ရေး(ကပရ) ယာဉ်မောင်း ဝန်ထမ်း ၁၆ ဦးကို ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး  ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာတော့ စစ်ဘက်နဲ့ တိုက်ရိုက်သက်ဆိုင်သူတွေ  မဟုတ်တာ ကြောင့် ပြန်လည်လွှတ်ပေးခဲ့သလို ခရီးသွားမယ်ဆိုရင် ရက္ခိုင့်တပ်တော်ကို အသိပေးပြီးမှ သွားလာ ရမယ်လို့လည်း ပြောဆိုထားပါတယ်။

AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက

“အထူးသဖြင့် တိုက်ပွဲဖြစ်ပွားနေတဲ့ ဧရိယာတွေပေါ့ဗျာ ။ အဲဒီမှာ ခရီးသွားကြမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ကို အကြောင်းကြားပြီးမှ သွားလာကြဖို့အတွက် ထုတ်ပြန်ထားတာရှိတယ်။ ဘာကြောင့်လဲဆိုလို့ရှိရင် မလိုလားအပ်တဲ့ ထိခိုက်မှုတွေ မဖြစ်ရအောင်ပေါ့ဗျာ၊ တိုက်ပွဲဆိုတာ ဘယ်အချိန်ထဖြစ်မယ်ဆိုတာ ဘယ်သူမှ မသိဘူးလေ၊ စစ်ဖြစ်နေတာဆိုတော့ အဲဒါကြောင့်မို့လို့ တချို့နေရာတွေမှာ လိုအပ်လို့ရှိရင် ကျွန်တော်တို့က အကောင်းဆုံး အကာအကွယ်ပေးလို့ရအောင် အဲလိုမျိုးရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ ထုတ်ပြန်ထားတာ ဖြစ်တယ်။” လို့ပြောပါတယ်

အခုလို နှစ်ဘက် တိုက်ပွဲတွေကြောင့် ပြည်သူတွေဟာ အမြဲ ကျီးလန့်စာစားဘဝနဲ့  သွားလာနေထိုင်ရတဲ့ အခြေအနေတွေရှိနေပြီး သွားရေးလာရေးအတွက် နှစ်ဘက်ကို သတင်းပို့ သွားနေရတယ်ဆိုတော့ ပြည်သူတွေ အခက်အခဲရှိတယ်လို့ ဘူးသီးတောင်မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောပါတယ်။

“ဒါတွေကတော့ သူတို့ နှစ်ဘက်တိုက်ပွဲဖြစ်နေတဲ့ အချိန်အခါမှာ ကျွန်တော်တို့ ပြည်သူကတော့ အမြဲတမ်း ကျီးလန့်စာစားဘဝနဲ့ သွားလာနေထိုင်နေရတဲ့ အခြေအနေတွေရှိပါတယ်။ ညမထွက်ရ အမိန့်တွေ ထုတ်ထားတယ်။ ဒါတွေနဲ့ ပတ်သက်လို့လည်း ကျွန်တော်တို့ လွတ်လပ်မှုမရှိဘူး။  နောက်တစ်ခုက ကျွန်တော်တို့ သွားရေးလာရေးမှာလည်း နှစ်ဘက်ကို သတင်းပို့ပြီး သွားနေရတယ်ဆိုတော့ ကျွန်တော်တို့ အခက်အခဲရှိနေတာပေါ့ ပြည်သူလူထုတွေအနေနဲ့လေ”

ရခိုင်ပြည်နယ်မှာ အခုဖြစ်နေတဲ့ ပြဿနာဟာ နိုင်ငံရေးပြဿနာဖြစ်ကြောင်း၊ နိုင်ငံရေးပြဿနာကို စစ်ရေးနဲ့ ဖြေရှင်းနေရင် ပြည်သူတွေဟာ အခက်အခဲတွေနဲ့ ဆက်ရင်နေဦးမှာဖြစ်တယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၄ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ် တောင်ဘဇာနယ်မြေကိုသွားတဲ့ လူဝင်မှု ကြီးကြပ်ရေးအရာရှိ သုံးဦးကို AA အဖွဲ့က ဖမ်းဆီးသွားခဲ့ပြီး လက်ရှိအချိန်အထိ  ပြန်လည်လွှတ်မြောက်လာတာ မရှိသေးပါဘူး။

၂၀၁၉ နိုဝင်ဘာလ ၁၂ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ AA အဖွဲ့ရဲ့ ကြေညာချက်မှာ AA အဖွဲ့က ထိန်းသိမ်းထားသူ ရဲတပ်ဖွဲ့ဝင် ကိုးဦး၊ တပ်မတော်သား ခြောက်ဦး၊ အကျဉ်းဦးစီးဝန်ထမ်း တစ်ဦး၊  တပ်အင်ဂျင်နီယာ တစ်ဦး စုစုပေါင်း ၁၇ ဦးလို့ပါရှိပါတယ်။

အလားတူ နိုဝင်ဘာလ ၁၉ ရက်နေ့ကလည်း ချင်းပြည်နယ် ပလက်ဝမြို့နယ် ပကာဝရွာ အနောက်ဘက်မှာ တပ်မတော်ဘက်က ဗိုလ်တစ်ဦး၊ အရာခံဗိုလ်တစ်ဦးအပါအဝင် ၁၃ ဦးဟာ လက်နက်ချ အညံ့ခံလာလို့ ထိန်းသိမ်းထားကြောင်း AA အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

ရက္ခိုင့်တပ်တော် AA ရဲ့ ထုတ်ပြန်ချက်တွေအရ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ အပါအဝင် ဖမ်းဆီးထားသူ ၄၀ လောက်ရှိတယ်လို့ ခန့်မှန်းရပါတယ်။

AA အဖွဲ့ကတော့ အရေအတွက် စုစုပေါင်းကို ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

AA က ဖမ်းဆီးထားသူတွေနဲ့ တပ်မတော်က AA နဲ့ ပတ်သက်တယ်ဆိုပြီး ပုဒ်မအမျိုးမျိုးတပ် ဖမ်းဆီးထားတဲ့ အရပ်သားတွေကို သုံ့ပန်းချင်း လဲလှယ်လိုကြောင်း AA အဖွဲ့က ထုတ်ပြန်ခဲ့ ပြောဆိုထားပေမယ့် အစိုးရနဲ့ တပ်မတော်ဘက်က လက်မခံနိုင်ဘူးလို့ ငြင်းဆိုထားပါတယ်။

ရခိုင်ဒေသမှာ တိုက်ပွဲ ခပ်စိတ်စိတ် ဖြစ်လာနေပြီး  AA ဘက်ကလည်း တပ်နဲ့ ဆက်စပ်မှုရှိတယ်၊ အစိုးရသတင်းပေး ဖြစ်တယ် ဆိုတဲ့ သံသယနဲ့ လူအများအပြားကို ဖမ်းဆီးသလို တပ်မတော်ကလည်း AA အဖွဲ့နဲ့ သက်ဆိုင်တယ်လို့ ယူဆရသူတွေကို ဖမ်းဆီးစစ်ဆေးနေပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ၁၁ လ အတွင်း ရက္ခိုင့်တပ်တော် AA နဲ့ ဆက်နွယ်တယ်ဆိုတဲ့ သံသယနဲ့ တရားရုံးမှာ စွဲဆိုထားတဲ့ အမှုပေါင်း ၄၈ မှုရှိပြီး စွပ်စွဲခံထားရသူ အရေအတွက်ကတော့ ၅၀၀ လောက် ရှိတယ်လို့ စစ်တွေမြို့ အခြေစိုက် သဇင်-ဥပဒေ အထောက်အကူပြုအဖွဲ့က မကြာသေးခင်က ထုတ်ပြန်ထားပါတယ်။

RFA Burmese
https://www.rfa.org
ဝန္ထမ္းမ်ား ရခိုင္ေဒသခရီးသြားခြင့္ကို အစိုးရ တင္းက်ပ္ ဝန္ထမ္းမ်ား ရခိုင္ေဒသခရီးသြားခြင့္ကို အစိုးရ တင္းက်ပ္ Reviewed by THITHTOOLWIN on 21:15 Rating: 5
Powered by Blogger.