တ႐ုတ္ ဗိုင္းရပ္ေရာဂါဆန္း ဂ်ပန္မွာလဲ ေတြ႔႐ွိ

တိုက်ိဳၿမိဳ႕တေနရာ

(Zawgyi/Unicode)

တရုတ္ႏုိင္ငံမွာ အမ်ိဳးအမည္ မသိ ဗုိုင္းရပ္စ္ပိုးေၾကာင့္ျဖစ္ပြားခဲ့တဲ့ ေရာဂါ ဂ်ပန္ႏုိင္ငံမွာလည္း ျဖစ္ပြားခဲ့တယ္လို႔ ဂ်ပန္ အာဏာပိုင္ေတြက ၾကာသပေတးေန႔က အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။ ဒီ ဗိုင္းရပ္စ္ဟာ အသက္ရွဴလမ္းေၾကာင္း ဆိုင္ရာ ေရာဂါျဖစ္တဲ့ SARS ေရာဂါကို ျဖစ္ပြားေစတဲ့ ဗိုင္းရပ္စ္ပိုး အႏြယ္ထဲက ျဖစ္ပါတယ္။

ဂ်ပန္ႏုိင္ငံမွာ အခုလို ေတြ႕ရွိခဲ့မႈဟာ တရုတ္ႏုိင္ငံ ျပင္ပမွာ ျဖစ္ပြားတာကို ဒုတိယအႀကိမ္ေျမာက္ ေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။ ထုိင္းႏုိင္ငံမွာလည္း အဲဒီ ေရာဂါ ျဖစ္ပြားတာကို ေတြ႔ရွိခဲ့တယ္လို႔ ကမၻာ့ က်မ္းမာေရးအဖြဲ႕ (WHO) က အရင္က အတည္ျပဳေျပာၾကားထားခဲ့ပါတယ္။

တရုတ္ႏုိင္ငံ အလယ္ပိုင္းက ၀ူဟန္ၿမိဳ႕ကို သြားေရာက္ခဲ့တဲ့ အမ်ိဳးသား တစ္ဦး ဂ်ပန္ကို ျပန္ေရာက္ၿပီး ၄ ရက္အၾကာ ဇန္န၀ါရီလ ၁၀ ရက္ေန႔က ေဆးရုံတင္ ကုသမႈခံယူခဲ့ရပါတယ္။ ဆက္တိုက္ဆိုသလို ဖ်ားနာေနခဲ့တယ္လို႔လည္း သူက ေဆးရုံကို ေျပာခဲ့ ပါတယ္။ အဲဒီ လူနာ အမ်ိဳးသားကို စမ္းသပ္ စစ္ေဆးခ်က္အရ သူဟာ အဲဒီ ဗိုင္းရပ္စ္အသစ္ ကူးစက္ခံခဲ့ရတယ္လို႔ အတည္ျပဳ ႏုိင္ခဲ့ပါတယ္။ ဗုဒၶဟူးေန႔မွာေတာ့ အဲဒီ လူနာ ေဆးရုံက ျပန္လည္ ဆင္းလာခဲ့ျပီ ျဖစ္ပါတယ္။

ဂ်ပန္ အာဏာပိုင္ေတြရဲ႕ သတင္းထုတ္ျပန္ခ်က္မွာေတာ့ ဒါဟာ ဂ်ပန္ႏိုင္ငံအတြင္း ဗိုင္းရပ္စ္ သစ္ေၾကာင့္ ရတဲ့ ေရာဂါကို ပထမဆုံး ျဖစ္ပြားခဲ့တာလို႔ ပါရွိပါတယ္။ WHO နဲ႔ ညွွိႏွဳိင္း ေဆာင္ရြက္သြားမွာ ျဖစ္သလို ဒီ ေရာဂါနဲ႔ ပတ္သက္ၿပီး ဆက္လက္ ေလ့လာ သြားမွာ ျဖစ္ေၾကာင္းနဲ႔ သက္ဆိုင္ရာ ဌာန အဖြဲ႕အစည္းေတြကလည္း အႏၱရာယ္ ျဖစ္ႏုိ္င္ေခ် အကဲျဖတ္ခ်က္ေတြကို ေဆာင္ရြက္မႈ ဆက္လက္ လုပ္ေဆာင္ေနေၾကာင္း ေၾကညာခ်က္မုာ ပါရွိပါတယ္။

..................

တရုတ် ဗိုင်းရပ်ရောဂါဆန်း ဂျပန်မှာလဲ တွေ့ရှိ

(Unicode)

တရုတ်နိုင်ငံမှာ အမျိုးအမည် မသိ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားခဲ့တဲ့ ရောဂါ ဂျပန်နိုင်ငံမှာလည်း ဖြစ်ပွားခဲ့တယ်လို့ ဂျပန် အာဏာပိုင်တွေက ကြာသပတေးနေ့က အတည်ပြု ပြောကြားခဲ့ပါတယ်။ ဒီ ဗိုင်းရပ်စ်ဟာ အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါဖြစ်တဲ့ SARS ရောဂါကို ဖြစ်ပွားစေတဲ့ ဗိုင်းရပ်စ်ပိုး အနွယ်ထဲက ဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ အခုလို တွေ့ရှိခဲ့မှုဟာ တရုတ်နိုင်ငံ ပြင်ပမှာ ဖြစ်ပွားတာကို ဒုတိယအကြိမ်မြောက် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာလည်း အဲဒီ ရောဂါ ဖြစ်ပွားတာကို တွေ့ရှိခဲ့တယ်လို့ ကမ္ဘာ့ ကျမ်းမာရေးအဖွဲ့ (WHO) က အရင်က အတည်ပြုပြောကြားထားခဲ့ပါတယ်။

တရုတ်နိုင်ငံ အလယ်ပိုင်းက ဝူဟန်မြို့ကို သွားရောက်ခဲ့တဲ့ အမျိုးသား တစ်ဦး ဂျပန်ကို ပြန်ရောက်ပြီး ၄ ရက်အကြာ ဇန်နဝါရီလ ၁၀ ရက်နေ့က ဆေးရုံတင် ကုသမှုခံယူခဲ့ရပါတယ်။ ဆက်တိုက်ဆိုသလို ဖျားနာနေခဲ့တယ်လို့လည်း သူက ဆေးရုံကို ပြောခဲ့ ပါတယ်။ အဲဒီ လူနာ အမျိုးသားကို စမ်းသပ် စစ်ဆေးချက်အရ သူဟာ အဲဒီ ဗိုင်းရပ်စ်အသစ် ကူးစက်ခံခဲ့ရတယ်လို့ အတည်ပြု နိုင်ခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့မှာတော့ အဲဒီ လူနာ ဆေးရုံက ပြန်လည် ဆင်းလာခဲ့ပြီ ဖြစ်ပါတယ်။

ဂျပန် အာဏာပိုင်တွေရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ ဒါဟာ ဂျပန်နိုင်ငံအတွင်း ဗိုင်းရပ်စ် သစ်ကြောင့် ရတဲ့ ရောဂါကို ပထမဆုံး ဖြစ်ပွားခဲ့တာလို့ ပါရှိပါတယ်။ WHO နဲ့ ညှိနှိုင်း ဆောင်ရွက်သွားမှာ ဖြစ်သလို ဒီ ရောဂါနဲ့ ပတ်သက်ပြီး ဆက်လက် လေ့လာ သွားမှာ ဖြစ်ကြောင်းနဲ့ သက်ဆိုင်ရာ ဌာန အဖွဲ့အစည်းတွေကလည်း အန္တရာယ် ဖြစ်နိုင်ချေ အကဲဖြတ်ချက်တွေကို ဆောင်ရွက်မှု ဆက်လက် လုပ်ဆောင်နေကြောင်း ကြေညာချက်မုာ ပါရှိပါတယ်။

VOA (Burmese)
https://burmese.voanews.com
တ႐ုတ္ ဗိုင္းရပ္ေရာဂါဆန္း ဂ်ပန္မွာလဲ ေတြ႔႐ွိ တ႐ုတ္ ဗိုင္းရပ္ေရာဂါဆန္း ဂ်ပန္မွာလဲ ေတြ႔႐ွိ Reviewed by THITHTOOLWIN on 05:57 Rating: 5
Powered by Blogger.