တ႐ုတ္-ျမန္မာ ႏွစ္ႏိုင္ငံ ပိုးခါးပတ္လမ္းမႀကီးထဲပါတဲ့ စီမံကိန္းေတြကို MOU ေရးထိုးမည္

(Zawgyi)⤵⤵⤵
တ႐ုတ္သမၼတ ရွီက်င့္ဖ်င္နဲ႔ ျမန္မာအစိုးရတို႔ဟာ ပိုးခါးပတ္လမ္းမႀကီး BRI ထဲမွာ အက်ဳံးဝင္တဲ့ ျမန္မာႏိုင္ငံထဲက ဘီလီယံခ်ီတန္ေၾကးရွိတဲ့ စီမံကိန္းေတြ ေဆာင္႐ြက္ေရး နားလည္မႈစာခြၽန္လႊာ MOU ေတြကို လက္မွတ္ေရးထိုးဖို႔ရွိတယ္လို႔ သိရပါတယ္။

MOU အေရအတြက္ကိုေတာ့ ျမန္မာအစိုးရဘက္က တရားဝင္ထုတ္ျပန္ထားျခင္း မရွိပါဘူး။ တ႐ုတ္သတင္းစာတခ်ိဳ႕ရဲ႕ ထုတ္ျပန္ခ်က္အရ သမၼတ ရွီက်င့္ဖ်င္ရဲ႕ ပိုးခါးပတ္လမ္းမစီမံကိန္း BRI ထဲမွာ ပါဝင္ေနတဲ့ ျမန္မာႏိုင္ငံထဲက စီမံကိန္းငါးခုကို လက္မွတ္ေရးထိုးဖို႔ရွိတယ္လို႔ ေဖာ္ျပၾကပါတယ္။ အဲဒီထဲမွာ ေက်ာက္ျဖဴေရနက္ဆိပ္ကမ္း၊ ေက်ာက္ျဖဴ-ကူမင္းကို ဆက္သြယ္မယ့္ ျမန္ႏႈန္းျမင့္ ရထားလမ္းနဲ႔ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းတို႔ ပါဝင္ေၾကာင္းသိရပါတယ္။

သမၼတ ရွီက်င့္ဖ်င္ဟာ ဒီကေန႔ ေန႔လယ္ ၁ နာရီဝန္းက်င္မွာ ေနျပည္ေတာ္ကို Air China ေလေၾကာင္းလိုင္းနဲ႔ ေရာက္ရွိလာပါတယ္။ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) အစိုးရ သမၼတ ဦးဝင္းျမင့္က သမၼတ ရွီက်င့္ဖ်င္ကို ေကာ္ေဇာနီ ခင္းၿပီးေတာ့ ဂုဏ္ျပဳတပ္ဖြဲ႕နဲ႔ ႀကိဳဆိုခဲ့ပါတယ္။ ႀကိဳဆိုတဲ့ အခမ္းအနားမွာ ေက်ာင္းသား၊ ေက်ာင္းသူေတြကို အသုံးျပဳလို႔ လူ႔အခြင့္ေရးတက္ႂကြလႈပ္ရွားသူတခ်ိဳ႕က ေထာက္ျပ ေဝဖန္ခဲ့ၾကပါတယ္။

ညေနပိုင္းမွာေတာ့ ႏိုင္ငံေတာ္ သမၼတ အိမ္ေတာ္မွာ ႏိုင္ငံေတာ္ အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတ ရွီက်င့္ဖ်င္တို႔ မိနစ္အနည္းငယ္ခန႔္ ေတြ႕ဆုံၾကပါတယ္။

မနက္ျဖန္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ နဲ႔လည္း ေတြ႕ဆုံဖို႔ ရွိပါတယ္။ အရင္က ေတြ႕ဆုံမႈေတြမွာဆိုရင္ ႏွစ္ႏိုင္ငံ တပ္မေတာ္ၾကား ဆက္ဆံေရးတိုးျမႇင့္ဖို႔၊ နယ္စပ္ေဒသ တည္ၿငိမ္ေအးခ်မ္းေရးနဲ႔ ႏွစ္ႏိုင္ငံ လုံၿခဳံေရးကိစၥရပ္ေတြ ေဆြးေႏြးေလ့ရွိၿပီး မနက္ျဖန္ ေတြ႕ဆုံမႈမွာလည္း အလားတူအခ်က္ေတြ ေဆြးေႏြးႏိုင္ဖြယ္ရွိတယ္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္း က ေျပာပါတယ္။

တ႐ုတ္သမၼတဟာ ႏွစ္ ၂၀ အတြင္း ျမန္မာႏိုင္ငံကို ပထမဆုံးအႀကိမ္ လာေရာက္တာျဖစ္ေၾကာင္းနဲ႔ ႏွစ္ႏိုင္ငံဆက္ဆံေရး သမိုင္းစာမ်က္ႏွာသစ္ ဖြင့္လွစ္တာလို႔ ႏိုင္ငံေတာ္ သမၼတ ဦးဝင္းျမင့္ကေျပာဆိုလိုက္ပါတယ္။

တ႐ုတ္-ျမန္မာ ဆက္ဆံေရး ႏွစ္ ၇၀-ျပည့္တဲ့ေန႔မွာ လာေရာက္လည္ပတ္တဲ့အတြက္ ထူးျခားတဲ့ ခရီးစဥ္ျဖစ္ေၾကာင္းနဲ႔ ဒီခရီးစဥ္ကေန အနာဂတ္မွာ တ႐ုတ္-ျမန္မာ ဆက္ဆံေရးကို ပိုမိုတိုးတက္ေကာင္းမြန္ေစလိမ့္မယ္လို႔ ယုံၾကည္ေၾကာင္းလည္း ေျပာၾကားခဲ့ပါေသးတယ္။

အဲဒီေနာက္ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတ ဦးဝင္းျမင့္နဲ႔ ျမန္မာအစိုးရ ထိပ္တန္းအရာရွိေတြဟာ တ႐ုတ္သမၼတနဲ႔အဖြဲ႕ကို ဒီကေန႔ညပိုင္းမွာ ဂုဏ္ျပဳ ညစာစားပြဲနဲ႔ တည္ခင္းဧည့္ခံမွာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ ပထမ ကိုးလပတ္အတြင္း တ႐ုတ္နဲ႔ ျမန္မာအၾကား ႏွစ္ႏိုင္ငံ ကုန္သြယ္မႈပမာဏဟာ အေမရိကန္ေဒၚလာ ၁၄ ဘီလ်ံနီးပါး ရွိခဲ့ၿပီး ဒါဟာ ၂၀၁၈ ကထက္ ၁၈ ရာခိုင္ႏႈန္းနီးပါး ျမင့္တက္ခဲ့တယ္လို႔ CCTV သတင္းမွာ ေဖာ္ျပထားပါတယ္။

တ႐ုတ္ကုမၸဏီေတြဟာ ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့ႏွစ္က အေမရိကန္ေဒၚလာ သန္းေပါင္း ၁၅၀ ခန႔္ ရင္းႏွီးျမႇဳပ္ႏွံခဲ့ၿပီး ေဒၚလာ ရွစ္ဘီလ်ံနီးပါး တန္ဖိုးရွိ စီမံကိန္းအသစ္ေတြကိုလည္း လက္မွတ္ေရးထိုးထားေၾကာင္း CCTV သတင္းမွာ ဆက္လက္ေဖာ္ျပထားပါတယ္။

တ႐ုတ္အစိုးရနဲ႔ နီးစပ္တဲ့ ဆက္ဆံေရးရွိတဲ့ UWSA "ဝ-ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ" အဖြဲ႕က ဒီခရီးစဥ္ကို ႀကိဳဆိုေၾကာင္း ေၾကျငာခ်က္ထုတ္ျပန္ခဲ့ၿပီး၊ ျမန္မာျပည္ေျမာက္ပိုင္း ၿငိမ္းခ်မ္းေရးကိစၥဟာ ျမန္မာ-တ႐ုတ္ ဆက္ဆံေရးအေပၚ မ်ားစြာမူတည္ေနတာမို႔ သမၼတ ရွီရဲ႕ ခရီးစဥ္ကေန ေျမာက္ပိုင္းၿငိမ္းခ်မ္းေရး ျပႆနာကို ႏိုင္ငံေရးအရ ေျဖရွင္းႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္း ေဖာ္ျပခဲ့ပါတယ္။ အလားတူ KIO နဲ႔ AA တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြကလည္း မေန႔က ေၾကညာခ်က္ေတြ ထုတ္ျပန္ခဲ့ၿပီး တ႐ုတ္သမၼတ ခရီးစဥ္ကို ႀကိဳဆိုခဲ့ၾကပါတယ္။ AA ရကၡိဳင့္တပ္ေတာ္ရဲ႕ ေၾကညာခ်က္ထဲမွာ ျမန္မာႏိုင္ငံမွာ အေကာင္အထည္ေဖာ္မယ့္ တ႐ုတ္အစိုးရရဲ႕ ေခတ္သစ္ပိုးလမ္းမစီမံကိန္း BRI ကို ႀကိဳဆိုၿပီး ပူးေပါင္းေဆာင္႐ြက္ဖို႔ လိုလားေၾကာင္း ေျပာဆိုထားပါတယ္။ KIO ရဲ႕ထုတ္ျပန္ခ်က္မွာေတာ့ နယ္စပ္လုံၿခဳံေရးနဲ႔ ျပည္တြင္းစစ္ခ်ဳပ္ၿငိမ္းေရးအတြက္ ဒီခရီးစဥ္က အေထာက္အကူျပဳလိမ့္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္း ေရးသားထားတာပါ။

ဒါေပမဲ့ ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္ ေလ့လာေစာင့္ၾကည့္ေရးအဖြဲ႕ကေတာ့ တ႐ုတ္နဲ႔ပတ္သက္တဲ့ ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္ စီမံကိန္းအေပၚမွာ ကန႔္ကြက္ခဲ့ၿပီး ဒီစီမံကိန္းသေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးမယ္ဆိုရင္ ေဒသတြင္းပဋိပကၡေတြ ရွိလာႏိုင္တယ္လို႔ သတိေပးထားပါတယ္။

ဒီခရီးစဥ္နဲ႔ပတ္သက္လို႔ ႏွစ္ႏိုင္ငံအစိုးရ တာဝန္ရွိသူေတြကေတာ့ ႏွစ္ႏိုင္ငံ ခ်စ္ၾကည္ရင္းႏွီးမႈ နဲ႔ ကုန္သြယ္ေရးဆိုင္ရာ တိုးတက္မႈေတြ ရွိလာမယ္လို႔ ႏွစ္ႏိုင္ငံ အစိုးရတာဝန္ရွိသူေတြက ယူဆထားၾကပါတယ္။

RFA Burmese
https://www.rfa.org
------------
(Unicode)⤵⤵⤵
တရုတ်-မြန်မာ နှစ်နိုင်ငံ ပိုးခါးပတ်လမ်းမကြီးထဲပါတဲ့ စီမံကိန်းတွေကို MOU ရေးထိုးမည်

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ မြန်မာအစိုးရတို့ဟာ ပိုးခါးပတ်လမ်းမကြီး BRI ထဲမှာ အကျုံးဝင်တဲ့ မြန်မာနိုင်ငံထဲက ဘီလီယံချီတန်ကြေးရှိတဲ့ စီမံကိန်းတွေ ဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ MOU တွေကို လက်မှတ်ရေးထိုးဖို့ရှိတယ်လို့ သိရပါတယ်။

MOU အရေအတွက်ကိုတော့ မြန်မာအစိုးရဘက်က တရားဝင်ထုတ်ပြန်ထားခြင်း မရှိပါဘူး။ တရုတ်သတင်းစာတချို့ရဲ့ ထုတ်ပြန်ချက်အရ သမ္မတ ရှီကျင့်ဖျင်ရဲ့ ပိုးခါးပတ်လမ်းမစီမံကိန်း BRI ထဲမှာ ပါဝင်နေတဲ့ မြန်မာနိုင်ငံထဲက စီမံကိန်းငါးခုကို လက်မှတ်ရေးထိုးဖို့ရှိတယ်လို့ ဖော်ပြကြပါတယ်။ အဲဒီထဲမှာ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ကျောက်ဖြူ-ကူမင်းကို ဆက်သွယ်မယ့် မြန်နှုန်းမြင့် ရထားလမ်းနဲ့ ရန်ကုန်မြို့သစ်စီမံကိန်းတို့ ပါဝင်ကြောင်းသိရပါတယ်။

သမ္မတ ရှီကျင့်ဖျင်ဟာ ဒီကနေ့ နေ့လယ် ၁ နာရီဝန်းကျင်မှာ နေပြည်တော်ကို Air China လေကြောင်းလိုင်းနဲ့ ရောက်ရှိလာပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ သမ္မတ ဦးဝင်းမြင့်က သမ္မတ ရှီကျင့်ဖျင်ကို ကော်ဇောနီ ခင်းပြီးတော့ ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုခဲ့ပါတယ်။ ကြိုဆိုတဲ့ အခမ်းအနားမှာ ကျောင်းသား၊ ကျောင်းသူတွေကို အသုံးပြုလို့ လူ့အခွင့်ရေးတက်ကြွလှုပ်ရှားသူတချို့က ထောက်ပြ ဝေဖန်ခဲ့ကြပါတယ်။

ညနေပိုင်းမှာတော့ နိုင်ငံတော် သမ္မတ အိမ်တော်မှာ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ရှီကျင့်ဖျင်တို့ မိနစ်အနည်းငယ်ခန့် တွေ့ဆုံကြပါတယ်။

မနက်ဖြန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။ အရင်က တွေ့ဆုံမှုတွေမှာဆိုရင် နှစ်နိုင်ငံ တပ်မတော်ကြား ဆက်ဆံရေးတိုးမြှင့်ဖို့၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ နှစ်နိုင်ငံ လုံခြုံရေးကိစ္စရပ်တွေ ဆွေးနွေးလေ့ရှိပြီး မနက်ဖြန် တွေ့ဆုံမှုမှာလည်း အလားတူအချက်တွေ ဆွေးနွေးနိုင်ဖွယ်ရှိတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောပါတယ်။

တရုတ်သမ္မတဟာ နှစ် ၂၀ အတွင်း မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်တာဖြစ်ကြောင်းနဲ့ နှစ်နိုင်ငံဆက်ဆံရေး သမိုင်းစာမျက်နှာသစ် ဖွင့်လှစ်တာလို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ကပြောဆိုလိုက်ပါတယ်။

တရုတ်-မြန်မာ ဆက်ဆံရေး နှစ် ၇၀-ပြည့်တဲ့နေ့မှာ လာရောက်လည်ပတ်တဲ့အတွက် ထူးခြားတဲ့ ခရီးစဉ်ဖြစ်ကြောင်းနဲ့ ဒီခရီးစဉ်ကနေ အနာဂတ်မှာ တရုတ်-မြန်မာ ဆက်ဆံရေးကို ပိုမိုတိုးတက်ကောင်းမွန်စေလိမ့်မယ်လို့ ယုံကြည်ကြောင်းလည်း ပြောကြားခဲ့ပါသေးတယ်။

အဲဒီနောက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ မြန်မာအစိုးရ ထိပ်တန်းအရာရှိတွေဟာ တရုတ်သမ္မတနဲ့အဖွဲ့ကို ဒီကနေ့ညပိုင်းမှာ ဂုဏ်ပြု ညစာစားပွဲနဲ့ တည်ခင်းဧည့်ခံမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ပထမ ကိုးလပတ်အတွင်း တရုတ်နဲ့ မြန်မာအကြား နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏဟာ အမေရိကန်ဒေါ်လာ ၁၄ ဘီလျံနီးပါး ရှိခဲ့ပြီး ဒါဟာ ၂၀၁၈ ကထက် ၁၈ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့တယ်လို့ CCTV သတင်းမှာ ဖော်ပြထားပါတယ်။

တရုတ်ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၅၀ ခန့် ရင်းနှီးမြှုပ်နှံခဲ့ပြီး ဒေါ်လာ ရှစ်ဘီလျံနီးပါး တန်ဖိုးရှိ စီမံကိန်းအသစ်တွေကိုလည်း လက်မှတ်ရေးထိုးထားကြောင်း CCTV သတင်းမှာ ဆက်လက်ဖော်ပြထားပါတယ်။

တရုတ်အစိုးရနဲ့ နီးစပ်တဲ့ ဆက်ဆံရေးရှိတဲ့ UWSA "ဝ-ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ" အဖွဲ့က ဒီခရီးစဉ်ကို ကြိုဆိုကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့ပြီး၊ မြန်မာပြည်မြောက်ပိုင်း ငြိမ်းချမ်းရေးကိစ္စဟာ မြန်မာ-တရုတ် ဆက်ဆံရေးအပေါ် များစွာမူတည်နေတာမို့ သမ္မတ ရှီရဲ့ ခရီးစဉ်ကနေ မြောက်ပိုင်းငြိမ်းချမ်းရေး ပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဖော်ပြခဲ့ပါတယ်။ အလားတူ KIO နဲ့ AA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်း မနေ့က ကြေညာချက်တွေ ထုတ်ပြန်ခဲ့ပြီး တရုတ်သမ္မတ ခရီးစဉ်ကို ကြိုဆိုခဲ့ကြပါတယ်။ AA ရက္ခိုင့်တပ်တော်ရဲ့ ကြေညာချက်ထဲမှာ မြန်မာနိုင်ငံမှာ အကောင်အထည်ဖော်မယ့် တရုတ်အစိုးရရဲ့ ခေတ်သစ်ပိုးလမ်းမစီမံကိန်း BRI ကို ကြိုဆိုပြီး ပူးပေါင်းဆောင်ရွက်ဖို့ လိုလားကြောင်း ပြောဆိုထားပါတယ်။ KIO ရဲ့ထုတ်ပြန်ချက်မှာတော့ နယ်စပ်လုံခြုံရေးနဲ့ ပြည်တွင်းစစ်ချုပ်ငြိမ်းရေးအတွက် ဒီခရီးစဉ်က အထောက်အကူပြုလိမ့်မယ်လို့ မျှော်လင့်ကြောင်း ရေးသားထားတာပါ။

ဒါပေမဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန် လေ့လာစောင့်ကြည့်ရေးအဖွဲ့ကတော့ တရုတ်နဲ့ပတ်သက်တဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းအပေါ်မှာ ကန့်ကွက်ခဲ့ပြီး ဒီစီမံကိန်းသဘောတူညီချက်ကို လက်မှတ်ရေးထိုးမယ်ဆိုရင် ဒေသတွင်းပဋိပက္ခတွေ ရှိလာနိုင်တယ်လို့ သတိပေးထားပါတယ်။

ဒီခရီးစဉ်နဲ့ပတ်သက်လို့ နှစ်နိုင်ငံအစိုးရ တာဝန်ရှိသူတွေကတော့ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု နဲ့ ကုန်သွယ်ရေးဆိုင်ရာ တိုးတက်မှုတွေ ရှိလာမယ်လို့ နှစ်နိုင်ငံ အစိုးရတာဝန်ရှိသူတွေက ယူဆထားကြပါတယ်။

RFA Burmese
https://www.rfa.org
တ႐ုတ္-ျမန္မာ ႏွစ္ႏိုင္ငံ ပိုးခါးပတ္လမ္းမႀကီးထဲပါတဲ့ စီမံကိန္းေတြကို MOU ေရးထိုးမည္ တ႐ုတ္-ျမန္မာ ႏွစ္ႏိုင္ငံ ပိုးခါးပတ္လမ္းမႀကီးထဲပါတဲ့ စီမံကိန္းေတြကို MOU ေရးထိုးမည္ Reviewed by THITHTOOLWIN on 05:55 Rating: 5
Powered by Blogger.