ပစ္ခ်ခံေလယာဥ္ ခရီးသည္ေတြအတြက္ အီရန္ဆီက ေလ်ာ္ေၾကးေတာင္းမည္


(Zawgyi/Unicode)

အီရန္က ဒံုးက်ည္နဲ႔ပစ္ခ်လိုက္တဲ့ ယူကရိန္း ႏုိ္င္ငံတကာေလေၾကာင္းလိုင္း ခရီးသည္တင္ေလယာဥ္ေပၚပါ ေသဆံုးသြားသူေတြရဲ႕ သက္ဆိုင္ရာႏုိင္ငံငါးႏုိင္ငံက ဒီျဖစ္ရပ္ကို အမ်ားျပည္သူသိရွိရတဲ့ စံုစမ္းစစ္ေဆးမႈလုပ္ဖို႔နဲ႔ က်န္္ရစ္သူ မိသားစုေတြကို နစ္နာေၾကး ေပးဖို႔ အီရန္ႏုိင္ငံကို ေတာင္းဆိုလိုက္ၾကပါတယ္။

ယူကရိန္း၊ ကေနဒါ၊ အာဖဂန္္နစၥတန္၊ ဆီြဒင္နဲ႔ ၿဗိတိန္ႏိုင္ငံတို႔က ႏုိင္ငံျခားေရးဝန္ႀကီးေတြ လန္ဒန္ၿမိဳ႕က ကေနဒါသံ႐ံုးမွာ ၾကာသပေတးေန႔က ေတြ႔ဆံုေဆြးေႏြးၿပီးတဲ့ေနာက္ အဲဒီလို ေတာင္းဆိုလိုက္တာပါ။

“သီးျခားလြတ္လပ္တဲ့ ရာဇဝတ္ေၾကာင္း စံုစမ္းစစ္ေဆးမႈတခုလုပ္ဖို႔နဲ႔ အဲဒီေနာက္မွာ ပြင့္လင္းျမင္သာမႈရွိၿပီး ဘက္မလိုက္တဲ့ တရားစစ္ေဆးစီရင္မႈ” လုပ္ဖို႔ ဝန္ႀကီးေတြက ေတာင္းဆိုပါတယ္။

ယူကရိန္းေလေၾကာင္းလိုင္းက ခရီးသည္တင္ေလယာဥ္ဟာ ဇန္နဝါရီလ ၈ ရက္ေန႔မွာ တီဟီရန္ၿမိဳ႕ေတာ္ေလဆိပ္ကေန ပ်ံတက္ သြားအၿပီး သိပ္မၾကာခင္မွာပဲ အီရန္က ပဲ့ထိန္းဒံုးက်ည္ေတြနဲ႔ မွားယြင္းပစ္ခတ္လိုက္တာေၾကာင့္ ေလယာဥ္ေပၚပါ လူ ၁၇၆ ဦးလံုး ေသဆံုးသြားပါတယ္။

ေသဆံုးသူေတြထဲမွာ ကေနဒါႏုိင္ငံသား ၅၇ ေယာက္၊ ဆီြဒင္ႏုိင္ငံသား ၁၇ ေယာက္၊ ယူကရိန္းႏုိင္ငံသား ၁၁ ေယာက္၊ အာဖဂန္ ႏုိင္ငံသား ေလးေယာက္၊ ၿဗိတိန္ႏုိင္ငံသား ေလးေယာက္ပါၿပီး က်န္တဲ့လူေတြကေတာ့ အီရန္ႏုိင္ငံသားေတြပါ။

ေလယာဥ္ဟာ စက္ပိုင္းဆိုင္ရာခ်ဳိ႕ယြင္းမႈေၾကာင့္ ပ်က္က်တာလို႔ အေစာပိုင္းမွာ အီရန္ကေျပာပါတယ္။ ဒါေပမယ့္ ရက္ပိုင္းအတြင္း မွာပဲ ခုိင္လံုတဲ့ အေထာက္အထားေတြ ထြက္လာၿပီးတဲ့ေနာက္ အီရန္ ေတာ္လွန္ေရးျပည္ေစာင့္တပ္က ဒံုးက်ည္နဲ႔ မွားယြင္း ပစ္ခ် လိုက္တာဆုိတာ ဝန္ခံခဲ့ပါတယ္။

.....................

ပစ်ချခံလေယာဉ် ခရီးသည်တွေအတွက် အီရန်ဆီက လျော်ကြေးတောင်းမည်

(Unicode)

အီရန်က ဒုံးကျည်နဲ့ပစ်ချလိုက်တဲ့ ယူကရိန်း နိုင်ငံတကာလေကြောင်းလိုင်း ခရီးသည်တင်လေယာဉ်ပေါ်ပါ သေဆုံးသွားသူတွေရဲ့ သက်ဆိုင်ရာနိုင်ငံငါးနိုင်ငံက ဒီဖြစ်ရပ်ကို အများပြည်သူသိရှိရတဲ့ စုံစမ်းစစ်ဆေးမှုလုပ်ဖို့နဲ့ ကျန်ရစ်သူ မိသားစုတွေကို နစ်နာကြေး ပေးဖို့ အီရန်နိုင်ငံကို တောင်းဆိုလိုက်ကြပါတယ်။

ယူကရိန်း၊ ကနေဒါ၊ အာဖဂန်နစ္စတန်၊ ဆွီဒင်နဲ့ ဗြိတိန်နိုင်ငံတို့က နိုင်ငံခြားရေးဝန်ကြီးတွေ လန်ဒန်မြို့က ကနေဒါသံရုံးမှာ ကြာသပတေးနေ့က တွေ့ဆုံဆွေးနွေးပြီးတဲ့နောက် အဲဒီလို တောင်းဆိုလိုက်တာပါ။

“သီးခြားလွတ်လပ်တဲ့ ရာဇဝတ်ကြောင်း စုံစမ်းစစ်ဆေးမှုတခုလုပ်ဖို့နဲ့ အဲဒီနောက်မှာ ပွင့်လင်းမြင်သာမှုရှိပြီး ဘက်မလိုက်တဲ့ တရားစစ်ဆေးစီရင်မှု” လုပ်ဖို့ ဝန်ကြီးတွေက တောင်းဆိုပါတယ်။

ယူကရိန်းလေကြောင်းလိုင်းက ခရီးသည်တင်လေယာဉ်ဟာ ဇန်နဝါရီလ ၈ ရက်နေ့မှာ တီဟီရန်မြို့တော်လေဆိပ်ကနေ ပျံတက် သွားအပြီး သိပ်မကြာခင်မှာပဲ အီရန်က ပဲ့ထိန်းဒုံးကျည်တွေနဲ့ မှားယွင်းပစ်ခတ်လိုက်တာကြောင့် လေယာဉ်ပေါ်ပါ လူ ၁၇၆ ဦးလုံး သေဆုံးသွားပါတယ်။

သေဆုံးသူတွေထဲမှာ ကနေဒါနိုင်ငံသား ၅၇ ယောက်၊ ဆွီဒင်နိုင်ငံသား ၁၇ ယောက်၊ ယူကရိန်းနိုင်ငံသား ၁၁ ယောက်၊ အာဖဂန် နိုင်ငံသား လေးယောက်၊ ဗြိတိန်နိုင်ငံသား လေးယောက်ပါပြီး ကျန်တဲ့လူတွေကတော့ အီရန်နိုင်ငံသားတွေပါ။

လေယာဉ်ဟာ စက်ပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့် ပျက်ကျတာလို့ အစောပိုင်းမှာ အီရန်ကပြောပါတယ်။ ဒါပေမယ့် ရက်ပိုင်းအတွင်း မှာပဲ ခိုင်လုံတဲ့ အထောက်အထားတွေ ထွက်လာပြီးတဲ့နောက် အီရန် တော်လှန်ရေးပြည်စောင့်တပ်က ဒုံးကျည်နဲ့ မှားယွင်း ပစ်ချ လိုက်တာဆိုတာ ဝန်ခံခဲ့ပါတယ်။

VOA (Burmese)
https://burmese.voanews.com
ပစ္ခ်ခံေလယာဥ္ ခရီးသည္ေတြအတြက္ အီရန္ဆီက ေလ်ာ္ေၾကးေတာင္းမည္ ပစ္ခ်ခံေလယာဥ္ ခရီးသည္ေတြအတြက္ အီရန္ဆီက ေလ်ာ္ေၾကးေတာင္းမည္ Reviewed by THITHTOOLWIN on 05:58 Rating: 5
Powered by Blogger.