ဘဂၤလားေဒ့ရွ္ဒုကၡသည္စခန္းမွာ ႐ိုဟင္ဂ်ာခရစ္ယာန္ေတြ တိုက္ခိုက္ခံရ

(Zawgyi)⤵⤵⤵
ဘဂၤလားေဒ့ရွ္ဒုကၡသည္စခန္းက ႐ိုဟင္ဂ်ာခရစ္ယာန္ ၁၂ ဦးကို ARSA စစ္ေသြးႂကြေတြက တနလၤာေန႔မနက္က ဝင္ေရာက္တိုက္ခိုက္ခဲ့တယ္လို႔ ဒုကၡသည္ေတြနဲ႔ အကူအညီေပးေနသူေတြက ေျပာပါတယ္။

ျမန္မာႏိုင္ငံက ထြက္ေျပးလာတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြ ခိုလႈံေနၾကတဲ့ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ေကာက္ဘဇားခ႐ိုင္ ကုတုပါေလာင္ ဒုကၡသည္စခန္းက  ႐ိုဟင္ဂ်ာခရစ္ယာန္ ၁၂ ဦးကို ARSA စစ္ေသြးႂကြေတြက ေဒသစံေတာ္ခ်ိန္ တနဂၤေႏြေန႔ည သန္းေခါင္ယံအခ်ိန္မွာ လာေရာက္ တိုက္ခိုက္တဲ့အတြက္ မေန႔က ဘဂၤလားေဒ့ရွ္ႏိုင္ငံေတာင္ပိုင္းက ေဆး႐ုံတစ္႐ုံမွာ ေဆးဝါးကုသေနရတယ္လို႔ သိရပါတယ္။

အခုလို တိုက္ခိုက္ခံရတာနဲ႔ပတ္သက္ၿပီး အိႏၵိယႏိုင္ငံ နယူးေဒလီၿမိဳ႕ေတာ္အေျခစိုက္ ႐ိုဟင္ဂ်ာခရစ္ယာန္အသင္းက RFA ကို မေန႔က အီးေမးလ္ပို႔ၿပီး အေၾကာင္းၾကားခဲ့ပါတယ္။ အေၾကာင္းၾကားတဲ့ အီးေမးလ္နဲ႔အတူ တယ္လီဖုန္းနဲ႔ ႐ိုက္ကူးထားတဲ့ ဗီဒီယိုဖိုင္ ႏွစ္ခုကိုလည္း ေပးပို႔ခဲ့ပါတယ္။

RFA ရဲ႕ မိတ္ဘက္သတင္းဌာနျဖစ္တဲ့ Benar သတင္းဌာနရဲ႕ စုံစမ္းခ်က္အရ ARSA အဖြဲ႕က လာေရာက္တိုက္ခိုက္တာျဖစ္တယ္လို႔ ကုတုပါေလာင္စခန္းမွာ ေနထိုင္တဲ့ ခရစ္ယာန္႐ိုဟင္ဂ်ာ ဆိုက္ဖူးက ေျပာပါတယ္။

“တနလၤာေန႔ အေစာႀကီး ARSA က လာတိုက္ခိုက္တာပါ။ က်ေနာ္တို႔ အိမ္ေတြကိုဖ်က္တယ္။ ခရစ္ယာန္ေတြကို တိုက္ခိုက္တယ္။ အနည္းဆုံး ခရစ္ယာန္ဘာသာဝင္ ၁၂ ဦးဟာ ေဆး႐ုံေဆးခန္းေတြမွာ ကုသေနရပါတယ္” လို႔ Benar သတင္းဌာနကို သူက တယ္လီဖုန္းနဲ႔ ေျပာပါတယ္။

သူတို႔ဟာ ခရစ္ယာန္ဘာသာကို ကိုးကြယ္တဲ့အတြက္ အခုလို တိုက္ခိုက္ခံရတာပါလို႔လည္း ဆိုက္ဖူးက ေျပာပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ေမလ ၁ဝ ရက္၊ ၁၁ ရက္နဲ႔ ၁၃ ရက္ေတြကလည္း ဒီ ARSA ေတြကပဲ လာၿပီး တိုက္ခိုက္ခဲ့ပါေသးတယ္လို႔လည္း သူက ေျပာပါတယ္။

ေကာက္ဘဇားခ႐ိုင္ လက္ေအာက္ခံ ယူခီးယားၿမိဳ႕နယ္က ဘဂၤလားေဒ့ရွ္ရဲတပ္ဖြဲ႕ကို ဆက္သြယ္ေမးျမန္းရာမွာေတာ့ ဒီတိုက္ခိုက္မႈမွာ ARSA အဖြဲ႕ မပါဝင္ဘူးလို႔ ျငင္းဆိုပါတယ္။

"ARSA ေတြက တိုက္ခိုက္တယ္ဆိုတာ မမွန္ပါဘူး။ ဒါဟာ သာမန္ ဥပေဒခ်ိဳးေဖာက္ၿပီး တိုက္ခိုက္တဲ့ ကိစၥပါ" လို႔ ေျဖပါတယ္။ ခရစ္ယာန္႐ိုဟင္ဂ်ာတစ္ဦးက မြတ္ဆလင္႐ိုဟင္ဂ်ာတစ္ဦးကို ထိုးႏွက္လို႔  အျပန္အလွန္႐ိုက္ႏွက္မႈ ျဖစ္တာလို႔ ဘဂၤလားေဒ့ရွ္ ရဲတပ္ဖြဲ႕က ေျပာပါတယ္။

႐ိုဟင္ဂ်ာဒုကၡသည္စခန္းေတြမွာ ARSA စစ္ေသြးႂကြအဖြဲ႕ဝင္ေတြ ရွိေနတယ္ ဆိုတဲ့အခ်က္ကို ဘဂၤလားေဒ့ရွ္ အာဏာပိုင္ေတြက တရားဝင္ ျငင္းဆိုထားပါတယ္။ ဒါေပမယ့္ အစိုးရနဲ႔ ရဲတပ္ဖြဲ႕ဝင္ သတင္းရင္းျမစ္ေတြထံက ရရွိတဲ့ သတင္းအခ်က္အလက္ေတြအရ ႐ိုဟင္ဂ်ာဒုကၡသည္စခန္းေတြထဲမွာ ARSA အဖြဲ႕ဝင္ အမ်ားအျပား ဖမ္းဆီးရမိခဲ့တာ ရွိတယ္လို႔ သိရပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး ဘဂၤလားေဒ့ရွ္အေျခစိုက္ ဟိႏၵဴဗုဒၶဘာသာနဲ႔ ခရစ္ယာန္ညီၫြတ္ေရးအဖြဲ႕က စုံစမ္းစ စ္ေဆးသြားမယ္လို႔ သိရပါတယ္။ ARSA အဖြဲ႕ဝင္ေတြဟာ ဒီစခန္းက ဟိႏၵဴဘာသာဝင္ေတြကိုလည္း အလားတူ အႀကိမ္ႀကိမ္ ၿခိမ္းေျခာက္ခဲ့ဖူးတယ္လို႔ အဖြဲ႕က ဆိုပါတယ္။

တနလၤာေန႔က ျဖစ္ရပ္အၿပီးမွာ ယူခီယား ဒုကၡသည္စခန္းက ႐ိုဟင္ဂ်ာဟိႏၵဴမိသားစု ၄၄၄ စုနဲ႔ ခရစ္ယာန္ဘာသာဝင္ မိသားစု ၂၅ စုကို ဘဂၤလားေဒ့ရွ္ ရဲတပ္ဖြဲ႕က လုံၿခဳံေရး ေစာင့္ၾကပ္ေပးေနတယ္လို႔ သိရပါတယ္။

RFA Burmese
https://www.rfa.org
---------------
(Unicode)⤵⤵⤵
ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာခရစ်ယာန်တွေ တိုက်ခိုက်ခံရ

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းက ရိုဟင်ဂျာခရစ်ယာန် ၁၂ ဦးကို ARSA စစ်သွေးကြွတွေက တနင်္လာနေ့မနက်က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒုက္ခသည်တွေနဲ့ အကူအညီပေးနေသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ခိုလှုံနေကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်ဘဇားခရိုင် ကုတုပါလောင် ဒုက္ခသည်စခန်းက  ရိုဟင်ဂျာခရစ်ယာန် ၁၂ ဦးကို ARSA စစ်သွေးကြွတွေက ဒေသစံတော်ချိန် တနင်္ဂနွေနေ့ည သန်းခေါင်ယံအချိန်မှာ လာရောက် တိုက်ခိုက်တဲ့အတွက် မနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းက ဆေးရုံတစ်ရုံမှာ ဆေးဝါးကုသနေရတယ်လို့ သိရပါတယ်။

အခုလို တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်အခြေစိုက် ရိုဟင်ဂျာခရစ်ယာန်အသင်းက RFA ကို မနေ့က အီးမေးလ်ပို့ပြီး အကြောင်းကြားခဲ့ပါတယ်။ အကြောင်းကြားတဲ့ အီးမေးလ်နဲ့အတူ တယ်လီဖုန်းနဲ့ ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင် နှစ်ခုကိုလည်း ပေးပို့ခဲ့ပါတယ်။

RFA ရဲ့ မိတ်ဘက်သတင်းဌာနဖြစ်တဲ့ Benar သတင်းဌာနရဲ့ စုံစမ်းချက်အရ ARSA အဖွဲ့က လာရောက်တိုက်ခိုက်တာဖြစ်တယ်လို့ ကုတုပါလောင်စခန်းမှာ နေထိုင်တဲ့ ခရစ်ယာန်ရိုဟင်ဂျာ ဆိုက်ဖူးက ပြောပါတယ်။

“တနင်္လာနေ့ အစောကြီး ARSA က လာတိုက်ခိုက်တာပါ။ ကျနော်တို့ အိမ်တွေကိုဖျက်တယ်။ ခရစ်ယာန်တွေကို တိုက်ခိုက်တယ်။ အနည်းဆုံး ခရစ်ယာန်ဘာသာဝင် ၁၂ ဦးဟာ ဆေးရုံဆေးခန်းတွေမှာ ကုသနေရပါတယ်” လို့ Benar သတင်းဌာနကို သူက တယ်လီဖုန်းနဲ့ ပြောပါတယ်။

သူတို့ဟာ ခရစ်ယာန်ဘာသာကို ကိုးကွယ်တဲ့အတွက် အခုလို တိုက်ခိုက်ခံရတာပါလို့လည်း ဆိုက်ဖူးက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် မေလ ၁ဝ ရက်၊ ၁၁ ရက်နဲ့ ၁၃ ရက်တွေကလည်း ဒီ ARSA တွေကပဲ လာပြီး တိုက်ခိုက်ခဲ့ပါသေးတယ်လို့လည်း သူက ပြောပါတယ်။

ကောက်ဘဇားခရိုင် လက်အောက်ခံ ယူခီးယားမြို့နယ်က ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းရာမှာတော့ ဒီတိုက်ခိုက်မှုမှာ ARSA အဖွဲ့ မပါဝင်ဘူးလို့ ငြင်းဆိုပါတယ်။

"ARSA တွေက တိုက်ခိုက်တယ်ဆိုတာ မမှန်ပါဘူး။ ဒါဟာ သာမန် ဥပဒေချိုးဖောက်ပြီး တိုက်ခိုက်တဲ့ ကိစ္စပါ" လို့ ဖြေပါတယ်။ ခရစ်ယာန်ရိုဟင်ဂျာတစ်ဦးက မွတ်ဆလင်ရိုဟင်ဂျာတစ်ဦးကို ထိုးနှက်လို့  အပြန်အလှန်ရိုက်နှက်မှု ဖြစ်တာလို့ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ARSA စစ်သွေးကြွအဖွဲ့ဝင်တွေ ရှိနေတယ် ဆိုတဲ့အချက်ကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက တရားဝင် ငြင်းဆိုထားပါတယ်။ ဒါပေမယ့် အစိုးရနဲ့ ရဲတပ်ဖွဲ့ဝင် သတင်းရင်းမြစ်တွေထံက ရရှိတဲ့ သတင်းအချက်အလက်တွေအရ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲမှာ ARSA အဖွဲ့ဝင် အများအပြား ဖမ်းဆီးရမိခဲ့တာ ရှိတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်အခြေစိုက် ဟိန္ဒူဗုဒ္ဓဘာသာနဲ့ ခရစ်ယာန်ညီညွတ်ရေးအဖွဲ့က စုံစမ်းစ စ်ဆေးသွားမယ်လို့ သိရပါတယ်။ ARSA အဖွဲ့ဝင်တွေဟာ ဒီစခန်းက ဟိန္ဒူဘာသာဝင်တွေကိုလည်း အလားတူ အကြိမ်ကြိမ် ခြိမ်းခြောက်ခဲ့ဖူးတယ်လို့ အဖွဲ့က ဆိုပါတယ်။

တနင်္လာနေ့က ဖြစ်ရပ်အပြီးမှာ ယူခီယား ဒုက္ခသည်စခန်းက ရိုဟင်ဂျာဟိန္ဒူမိသားစု ၄၄၄ စုနဲ့ ခရစ်ယာန်ဘာသာဝင် မိသားစု ၂၅ စုကို ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က လုံခြုံရေး စောင့်ကြပ်ပေးနေတယ်လို့ သိရပါတယ်။

RFA Burmese
https://www.rfa.org
ဘဂၤလားေဒ့ရွ္ဒုကၡသည္စခန္းမွာ ႐ိုဟင္ဂ်ာခရစ္ယာန္ေတြ တိုက္ခိုက္ခံရ ဘဂၤလားေဒ့ရွ္ဒုကၡသည္စခန္းမွာ ႐ိုဟင္ဂ်ာခရစ္ယာန္ေတြ တိုက္ခိုက္ခံရ Reviewed by THITHTOOLWIN on 02:16 Rating: 5
Powered by Blogger.