ယူနန္ျပည္နယ္ေရာက္ ျမန္မာအလုပ္သမားေတြ တ႐ုတ္ျပန္ပုိ႔မည္

ယူနန္ျပည္နယ္ေရာက္ ျမန္မာအလုပ္သမားေတြ တ႐ုတ္ျပန္ပုိ႔ (Citizen Journalist)

(Zawgyi/Unicode)

တရုတ္ႏုိင္ငံ ဝူဟန္မွာစ တင္ျဖစ္ပြါးတဲ့ ကူးစက္ျမန္ အဆုတ္ေရာင္ေရာဂါ ပ်ံ႕ႏွံ႔လာတဲ့ ယူနန္ျပည္နယ္ မွာ အလုပ္လုပ္ေနၾကတဲ့ ျမန္မာအလုပ္သမား တခ်ိဳ႕ကို ဒီေန႔လႊဲေျပာင္းေပးမယ္လို႔ ယူနန္အစိုးရဘက္က ေျပာလာတဲ့အတြက္ အေရးေပၚျပင္ဆင္မႈေတြလုပ္ေနေၾကာင္း ကခ်င္ျပည္နယ္ လူဝင္မႈႀကီးၾကပ္ေရး အရာရွိတဦးကေျပာပါတယ္။

ရွမ္းျပည္ေျမာက္ပိုင္း မူဆယ္ဘက္မွာေတာ့ အတားအဆီး၊ အစစ္အေဆးေတြၾကားက ကိုယ့္အစီအစဥ္နဲ႔ ျပန္လာေနတဲ့ သူေတြလည္း ရွိပါတယ္။ ဒီအေၾကာင္း အျပည့္အစုံကို ဗြီအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က ေမးျမန္းတင္ျပထားပါတယ္။

ယူနန္ျပည္နယ္ ထိန္ခ်ဳံးၿမိဳ႕က ျမန္မာအလုပ္သမား အေယာက္ ၃၀၀ ကို ဒီကေန႔ စတင္ေပးပို႔ေပးမယ္လို႔ တ႐ုတ္အာဏာပိုင္ေတြဘက္က ကမ္းလွမ္းလိုက္တာ ျဖစ္ပါတယ္။ ကို႐ိုနာအဆုတ္ေရာင္ေရာဂါ ယူနန္ျပည္နယ္ထဲစတင္ေရာက္ရွိလာၿပီး စက္႐ုံ၊ အလုပ္႐ုံေတြ ပိတ္လိုက္ရလို႔ ျမန္မာအလုပ္ သမားေတြ ရာနဲ႔ခ်ီၿပီး ေနရပ္ျပန္လာေနၾကပါတယ္။

“ ဟိုဘက္ ထိန္ခ်ဳံးဘက္ကေန က်ေနာ္တို႔ဘက္ကို ျမန္မာႏိုင္ငံသား အလုပ္သမား ၃၀၀ ျပန္ပို႔မယ္လို႔ က်ေနာ္တို႔ၾကားတဲ့အတြက္ အေရးေပၚအစည္းအေဝး လုပ္ၿပီးေတာ့ လိုအပ္တဲ့ဟာေတြ ကူညီေပးေနတယ္ခင္ဗ်။ သူတို႔ဘက္ကေတာ့ clinically အရ clear ျဖစ္ၿပီလို႔ေတာ့ေျပာတယ္၊ သို႔ေသာ္ က်ေနာ္တို႔ဘက္က ထပ္ၿပီးေတာ့ medical check-up ေတြလုပ္မယ္ဗ်။”

ကခ်င္ျပည္နယ္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီး ဦးေဇာ္ဝင္း ေျပာသြားတာျဖစ္ပါတယ္။ ကခ်င္နဲ႔ နီးစပ္တဲ့ ထိန္ခ်ဳံးၿမိဳ႕၊ ရွမ္းျပည္ေျမာက္ပိုင္းနဲ႔ နီးကပ္တဲ့ ေ႐ႊလီၿမိဳ႕ အပါအဝင္ ယူနန္ျပည္နယ္ရဲ႕ တျခားၿမိဳ႕နယ္ေတြမွာ ကူးစက္သူစုစုေပါင္း ၂၆ ဦးရွိလာၿပီလို႔ တ႐ုတ္မီဒီယာေတြက ေဖာ္ျပၾကပါတယ္။

မနက္ျဖန္လည္း ေနာက္ထပ္ အေယာက္ ၃၀၀ ကိုလႊဲေျပာင္းေပးဖို႔ တ႐ုတ္ယူနန္၊ ထိန္ခ်ဳံးၿမိဳ႕ အာဏာပိုင္ေတြက စီစဥ္ထာပါတယ္။ ျပည္တြင္းေရာက္လာတဲ့ ျမန္မာအလုပ္သမားေတြမွာ ကိုယ္အပူခ်ိန္ ၃၈နဲ႔ အထက္ရွိတဲ့သူေတြကို ကန္ပိုက္တည္ ေဆး႐ုံမွာ ေခတၱစစ္ေဆးေစာင့္ၾကည့္ၿပီး၊ ဒါထက္ပိုဆိုးလာရင္ေတာ့ ျမစ္ႀကီးေဆး႐ုံးကို အေရးေပၚပို႔ေဆာင္ၿပီး သီးျခားကုသေပးဖို႔ စီစဥ္ထားတယ္လို႔ ဝန္ႀကီး ဦးေဇာ္ဝင္းက ေျပာပါတယ္။

တ႐ုတ္ Corona ဗိုင္းရပ္ေရာဂါ အိမ္နီးခ်င္းႏိုင္ငံတခ်ိဳ႕ကို ကူးစက္တဲ့သတင္းကို ဖတ္ရႈႏိုင္ပါၿပီ။

တ႐ုတ္ေ႐ႊလီနဲ႔ ထိစပ္ေနတဲ့ ရွမ္းျပည္ေျမာက္ပိုင္း မူဆယ္ကုန္သြယ္ေရးၿမိဳ႕မွာေတာ့ ကိုယ့္အစီအစဥ္နဲ႔ ေနရပ္ျပန္လာတဲ့ ျမန္မာလုပ္သားေတြရွိေနပါတယ္။ ျမန္မာဘက္အျခမ္း မူဆယ္ဘက္ကိုေရာက္ရင္ေတာ့ က်န္းမာေရးဝန္ထမ္းေတြက စစ္ေဆးမႈေတြလုပ္ေပးေနေၾကာင္း မူဆယ္ကိုေရာက္ေနတဲ့ လားရႈိးသတင္းေထာက္ ကိုသိန္းမင္းထြန္းက ေျပာပါတယ္။

“ အမ်ားဆုံးဝင္တာကေတာ့ မန္ဝိန္းေပါက္ကေနဝင္တာ။ ၁၀၀၊ ၂၀၀ ေလာက္ေတာ့ရွိမယ္၊ ဒီမနက္ပိုင္းတင္ေလ။ အခုက ဆိုင္ေတြအားလုံးပိတ္ထားတယ္။ ပိတ္ထားေတာ့ အလုပ္သမားေတြက လက္ရွိမွာ အလုပ္လုပ္ဖို႔က အဆင္မေျပေတာ့ဘူးေပါ့။ ဒီဘက္ကို ျပန္လာေနရတဲ့ အေနအထားေတြရွိတယ္။”

Corona ဗိုင္းရပ္စ္ ျပန္႔ပြားမႈ ျမန္မာကူးစက္ေရာဂါအထူးကု ဆရာ၀န္တဦးနဲ႔ ေမးျမန္းခ်က္ကို ဖတ္ရႈႏိုင္ပါၿပီ။

တ႐ုတ္ယူနန္ျပည္နယ္ ေ႐ြလီၿမိဳ႕၊ က်ယ္ေဂါင္ၿမိဳမွာ စက္႐ုံအလုပ္႐ုံနဲ႔ ေစ်းဆိုင္ေတြ ပိတ္ထားလို႔ ျမန္မာအလုပ္သမားေတြ အလုပ္ျပန္ဆင္းဖို႔ဆိုတာ တ႐ုတ္အစိုးရရဲ႕ အစီအစဥ္အေပၚ မူတည္လိမ့္မယ္လို႔ ယူနန္ျပည္နယ္က ျမန္မာလုပ္သား ကိုျမင့္ထြန္းက ေျပာပါတယ္။လုံၿခဳံေရးတင္းက်ပ္တဲ့ၾကားက ျပန္လာတဲ့အတြက္ လမ္းမွာ အခက္အခဲေတြရွိေၾကာင္း သူကေျပာပါတယ္။

“ ကားသမားေတြနဲ႔ ခ်ိတ္ၿပီးေတာ့ ျပန္လာၾကတာေပါ့။ လမ္းမွာအခက္အခဲရွိတာေပါ့ ခိုးျပန္လာတယ္ဆိုကတည္းက၊ ကားခဆိုရင္ မူဆယ္အေရာက္၊ ေ႐ႊလီအေရာက္ကို (ယြမ္ေငြ) ၂၈၀၀၊ ၂၅၀၀၊ ကားခပဲ ငါးသိန္းေျခာက္သိန္း ျမန္မာေငြနဲ႔။ လမ္းမွာ တည္းခိုခန္းမွာ တည္းအိပ္ရမယ္ဆိုရင္ တည္းခိုခန္းပိုင္ရွင္နဲ႔ ကားသမားနဲ႔ညႇိၿပီး ၃ရက္ေလာက္ အိပ္ခိုင္းတယ္။ ထမင္းတပြဲ ၂၀က်မယ္ဆိုရင္ ၅၀ေလာက္လုပ္မယ္ အဲလိုမ်ိဳး ျမန္မာေတြေခါင္းပုံျဖတ္ခံရတယ္။”

ယူနန္ျပည္နယ္က ျမန္မာအလုပ္သမားတဦး ေျပာသြားတာ ျဖစ္ပါတယ္။

ဒီကေန႔ ဇန္နဝါရီလ ၂၈ရက္ ေန႔လည္ပိုင္း ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO ကထုတ္ျပန္တဲ့ အခ်က္အလက္အရဆိုရင္ ေရာဂါကူးစက္ခံရတဲ့ တ႐ုတ္ႏိုင္ငံသားက ၄၅၃၅ ေယာက္၊ တျခားႏိုင္ငံေတြမွာ ၅၂ေယာက္ရွိၿပီး တ႐ုတ္ႏိုင္ငံသား ၁၀၆ ေယာက္ ေသဆုံးခဲ့ပါတယ္။

.....................

ယူနန်ပြည်နယ်ရောက် မြန်မာအလုပ်သမားတွေ တရုတ်ပြန်ပို့မည်

(Zawgyi/Unicode)

တရုတ်နိုင်ငံ ဝူဟန်မှာစ တင်ဖြစ်ပွါးတဲ့ ကူးစက်မြန် အဆုတ်ရောင်ရောဂါ ပျံ့နှံ့လာတဲ့ ယူနန်ပြည်နယ် မှာ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမား တချို့ကို ဒီနေ့လွှဲပြောင်းပေးမယ်လို့ ယူနန်အစိုးရဘက်က ပြောလာတဲ့အတွက် အရေးပေါ်ပြင်ဆင်မှုတွေလုပ်နေကြောင်း ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေး အရာရှိတဦးကပြောပါတယ်။ ရှမ်းပြည်မြောက်ပိုင်း မူဆယ်ဘက်မှာတော့ အတားအဆီး၊ အစစ်အဆေးတွေကြားက ကိုယ့်အစီအစဉ်နဲ့ ပြန်လာနေတဲ့ သူတွေလည်း ရှိပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က မေးမြန်းတင်ပြထားပါတယ်။

ယူနန်ပြည်နယ် ထိန်ချုံးမြို့က မြန်မာအလုပ်သမား အယောက် ၃၀၀ ကို ဒီကနေ့ စတင်ပေးပို့ပေးမယ်လို့ တရုတ်အာဏာပိုင်တွေဘက်က ကမ်းလှမ်းလိုက်တာ ဖြစ်ပါတယ်။ ကိုရိုနာအဆုတ်ရောင်ရောဂါ ယူနန်ပြည်နယ်ထဲစတင်ရောက်ရှိလာပြီး စက်ရုံ၊ အလုပ်ရုံတွေ ပိတ်လိုက်ရလို့ မြန်မာအလုပ် သမားတွေ ရာနဲ့ချီပြီး နေရပ်ပြန်လာနေကြပါတယ်။

“ ဟိုဘက် ထိန်ချုံးဘက်ကနေ ကျနော်တို့ဘက်ကို မြန်မာနိုင်ငံသား အလုပ်သမား ၃၀၀ ပြန်ပို့မယ်လို့ ကျနော်တို့ကြားတဲ့အတွက် အရေးပေါ်အစည်းအဝေး လုပ်ပြီးတော့ လိုအပ်တဲ့ဟာတွေ ကူညီပေးနေတယ်ခင်ဗျ။ သူတို့ဘက်ကတော့ clinically အရ clear ဖြစ်ပြီလို့တော့ပြောတယ်၊ သို့သော် ကျနော်တို့ဘက်က ထပ်ပြီးတော့ medical check-up တွေလုပ်မယ်ဗျ။”

ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်း ပြောသွားတာဖြစ်ပါတယ်။ ကချင်နဲ့ နီးစပ်တဲ့ ထိန်ချုံးမြို့၊ ရှမ်းပြည်မြောက်ပိုင်းနဲ့ နီးကပ်တဲ့ ရွှေလီမြို့ အပါအဝင် ယူနန်ပြည်နယ်ရဲ့ တခြားမြို့နယ်တွေမှာ ကူးစက်သူစုစုပေါင်း ၂၆ ဦးရှိလာပြီလို့ တရုတ်မီဒီယာတွေက ဖော်ပြကြပါတယ်။

မနက်ဖြန်လည်း နောက်ထပ် အယောက် ၃၀၀ ကိုလွှဲပြောင်းပေးဖို့ တရုတ်ယူနန်၊ ထိန်ချုံးမြို့ အာဏာပိုင်တွေက စီစဉ်ထာပါတယ်။ ပြည်တွင်းရောက်လာတဲ့ မြန်မာအလုပ်သမားတွေမှာ ကိုယ်အပူချိန် ၃၈နဲ့ အထက်ရှိတဲ့သူတွေကို ကန်ပိုက်တည် ဆေးရုံမှာ ခေတ္တစစ်ဆေးစောင့်ကြည့်ပြီး၊ ဒါထက်ပိုဆိုးလာရင်တော့ မြစ်ကြီးဆေးရုံးကို အရေးပေါ်ပို့ဆောင်ပြီး သီးခြားကုသပေးဖို့ စီစဉ်ထားတယ်လို့ ဝန်ကြီး ဦးဇော်ဝင်းက ပြောပါတယ်။

တရုတ် Corona ဗိုင်းရပ်ရောဂါ အိမ်နီးချင်းနိုင်ငံတချို့ကို ကူးစက်တဲ့သတင်းကို ဖတ်ရှုနိုင်ပါပြီ။

တရုတ်ရွှေလီနဲ့ ထိစပ်နေတဲ့ ရှမ်းပြည်မြောက်ပိုင်း မူဆယ်ကုန်သွယ်ရေးမြို့မှာတော့ ကိုယ့်အစီအစဉ်နဲ့ နေရပ်ပြန်လာတဲ့ မြန်မာလုပ်သားတွေရှိနေပါတယ်။ မြန်မာဘက်အခြမ်း မူဆယ်ဘက်ကိုရောက်ရင်တော့ ကျန်းမာရေးဝန်ထမ်းတွေက စစ်ဆေးမှုတွေလုပ်ပေးနေကြောင်း မူဆယ်ကိုရောက်နေတဲ့ လားရှိုးသတင်းထောက် ကိုသိန်းမင်းထွန်းက ပြောပါတယ်။

“ အများဆုံးဝင်တာကတော့ မန်ဝိန်းပေါက်ကနေဝင်တာ။ ၁၀၀၊ ၂၀၀ လောက်တော့ရှိမယ်၊ ဒီမနက်ပိုင်းတင်လေ။ အခုက ဆိုင်တွေအားလုံးပိတ်ထားတယ်။ ပိတ်ထားတော့ အလုပ်သမားတွေက လက်ရှိမှာ အလုပ်လုပ်ဖို့က အဆင်မပြေတော့ဘူးပေါ့။ ဒီဘက်ကို ပြန်လာနေရတဲ့ အနေအထားတွေရှိတယ်။”

တရုတ်ယူနန်ပြည်နယ် ရွေလီမြို့၊ ကျယ်ဂေါင်မြိုမှာ စက်ရုံအလုပ်ရုံနဲ့ ဈေးဆိုင်တွေ ပိတ်ထားလို့ မြန်မာအလုပ်သမားတွေ အလုပ်ပြန်ဆင်းဖို့ဆိုတာ တရုတ်အစိုးရရဲ့ အစီအစဉ်အပေါ် မူတည်လိမ့်မယ်လို့ ယူနန်ပြည်နယ်က မြန်မာလုပ်သား ကိုမြင့်ထွန်းက ပြောပါတယ်။လုံခြုံရေးတင်းကျပ်တဲ့ကြားက ပြန်လာတဲ့အတွက် လမ်းမှာ အခက်အခဲတွေရှိကြောင်း သူကပြောပါတယ်။

“ ကားသမားတွေနဲ့ ချိတ်ပြီးတော့ ပြန်လာကြတာပေါ့။ လမ်းမှာအခက်အခဲရှိတာပေါ့ ခိုးပြန်လာတယ်ဆိုကတည်းက၊ ကားခဆိုရင် မူဆယ်အရောက်၊ ရွှေလီအရောက်ကို (ယွမ်ငွေ) ၂၈၀၀၊ ၂၅၀၀၊ ကားခပဲ ငါးသိန်းခြောက်သိန်း မြန်မာငွေနဲ့။ လမ်းမှာ တည်းခိုခန်းမှာ တည်းအိပ်ရမယ်ဆိုရင် တည်းခိုခန်းပိုင်ရှင်နဲ့ ကားသမားနဲ့ညှိပြီး ၃ရက်လောက် အိပ်ခိုင်းတယ်။ ထမင်းတပွဲ ၂၀ကျမယ်ဆိုရင် ၅၀လောက်လုပ်မယ် အဲလိုမျိုး မြန်မာတွေခေါင်းပုံဖြတ်ခံရတယ်။”

ယူနန်ပြည်နယ်က မြန်မာအလုပ်သမားတဦး ပြောသွားတာ ဖြစ်ပါတယ်။

ဒီကနေ့ ဇန်နဝါရီလ ၂၈ရက် နေ့လည်ပိုင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကထုတ်ပြန်တဲ့ အချက်အလက်အရဆိုရင် ရောဂါကူးစက်ခံရတဲ့ တရုတ်နိုင်ငံသားက ၄၅၃၅ ယောက်၊ တခြားနိုင်ငံတွေမှာ ၅၂ယောက်ရှိပြီး တရုတ်နိုင်ငံသား ၁၀၆ ယောက် သေဆုံးခဲ့ပါတယ်။

ေဇာ္ထက္/ VOA (Burmese)
https://burmese.voanews.com
ယူနန္ျပည္နယ္ေရာက္ ျမန္မာအလုပ္သမားေတြ တ႐ုတ္ျပန္ပုိ႔မည္ ယူနန္ျပည္နယ္ေရာက္ ျမန္မာအလုပ္သမားေတြ တ႐ုတ္ျပန္ပုိ႔မည္ Reviewed by THITHTOOLWIN on 01:53 Rating: 5
Powered by Blogger.