ထုိင္းမွာ မုိးေခါင္ေရရွားမႈနဲ႔ ရင္ဆုိင္ေနရ

ထိုင္ႏိုင္ငံမွာ ၂၀၁၆ တုန္းက မိုးေခါင္စဥ္

(Zawgyi / Unicode)

ထိုင္းႏုိင္ငံ အလယ္ပိုင္းနဲ႔ ေျမာက္ပိုင္း ေဒသေတြမွာ မိုးေခါင္ေရရွားၿပီး အခက္ေတြ႔ေနတာကို ေလွ်ာ့ခ် ေျဖရွင္းႏုိင္ေရး အတြက္ ျပည္သူေတြ အေနနဲ႔ ေရပိုက္ေတြ ပိတ္ထားၾကဖို႔နဲ႔ ေရခ်ိဳးတာ ေလွ်ာ့ၾကဖို႔ ထိုင္း၀န္ႀကီးခ်ဳပ္ Prayuth Chan-ocha က အဂၤါေန႔မွာ တိုက္တြန္းလိုက္ပါတယ္။

ထိုင္းႏုိင္ငံကို အဓိက ေရေပးေ၀ေနတဲ႔ ေက်ာက္ဖရားျမစ္ထဲကို ပင္လယ္ေရ ျမင့္တက္ၿပီး စီး၀င္တာေၾကာင့္ ၿမိဳ႕ေတာ္မွာ ျဖန္႔ေ၀ေနတဲ႔ ေသာက္သံုး ေရက ဆားငန္ေရ ျဖစ္လာေၾကာင္း ဘန္ေကာက္ ေရျဖန္႔ေ၀ေရး အာဏာပိုင္အဖြဲ႔က ၿပီးခဲ႔တဲ႔ သီတင္းပတ္မွာ ေျပာဆိုထားပါတယ္။

မိုးေခါင္ ေရရွားမႈက လာမယ့္ လပိုင္းေတြ အတြင္း ပိုၿပီး ဆိုးရြားလာမယ္လို႔ ခန္႔မွန္းထားၿပီး မိုးေခါင္ေရရွားမႈဒဏ္ ေလ်ာ့ပါးေစေရး အတြက္ ေျမေအာက္ေရ ထုတ္ယူေရး အတြက္ ေဒၚလာ သန္း ၁၀၀ သံုးၿပီး ေဆာင္ရြက္ဖို႔ အစိုးရက အဂၤါေန႔မွာ သေဘာတူေၾကာင္း ထိုင္းအစိုးရ ေျပာခြင့္ရက သတင္းေထာက္ေတြကို ေျပာပါတယ္။

ထိုင္းႏုိင္ငံမွာ ႏို၀င္ဘာကေန ဧၿပီလအထိ ရာသီဥတု ေျခာက္ေသြ႔ေလ႔ ရွိၿပီး ဒီႏွစ္မွာေတာ့ ဇြန္လေလာက္ အထိ ရွည္ၾကာႏုိင္တယ္လုိ႔လည္း အာဏာပိုင္တို႔က ေျပာဆိုထားတာပါ။ ထိုင္းႏုိင္ငံ အလယ္ပိုင္းက ခရိုင္ ၁၄ ခုနဲ႔ အေရွ႕ေျမာက္ပိုင္း စိုက္ပ်ိဳးေရး ေဒသတို႔မွာ မိုးေခါင္ေရရွား ျဖစ္ေၾကာင္း ေၾကညာထားတာပါ။ ေရကို ေခြ်တာၾကဖို႔၊ ေရပိုက္ေတြ အားလံုးပိတ္ထားၾကဖို႔နဲ႔ ေရသံုးတာ ေလွ်ာ့ဖို႔၊ သြားတိုက္ ေရခ်ိဳးတာကို ေလွ်ာ့ဖို႔ ၀န္ႀကီးခ်ဳပ္ Prayuth က ပန္ၾကားထားပါတယ္။

.................

ထိုင်းမှာ မိုးခေါင်ရေရှားမှုနဲ့ ရင်ဆိုင်နေရ

(Unicode)

ထိုင်းနိုင်ငံ အလယ်ပိုင်းနဲ့ မြောက်ပိုင်း ဒေသတွေမှာ မိုးခေါင်ရေရှားပြီး အခက်တွေ့နေတာကို လျှော့ချ ဖြေရှင်းနိုင်ရေး အတွက် ပြည်သူတွေ အနေနဲ့ ရေပိုက်တွေ ပိတ်ထားကြဖို့နဲ့ ရေချိုးတာ လျှော့ကြဖို့ ထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha က အင်္ဂါနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

ထိုင်းနိုင်ငံကို အဓိက ရေပေးဝေနေတဲ့ ကျောက်ဖရားမြစ်ထဲကို ပင်လယ်ရေ မြင့်တက်ပြီး စီးဝင်တာကြောင့် မြို့တော်မှာ ဖြန့်ဝေနေတဲ့ သောက်သုံး ရေက ဆားငန်ရေ ဖြစ်လာကြောင်း ဘန်ကောက် ရေဖြန့်ဝေရေး အာဏာပိုင်အဖွဲ့က ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပြောဆိုထားပါတယ်။

မိုးခေါင် ရေရှားမှုက လာမယ့် လပိုင်းတွေ အတွင်း ပိုပြီး ဆိုးရွားလာမယ်လို့ ခန့်မှန်းထားပြီး မိုးခေါင်ရေရှားမှုဒဏ် လျော့ပါးစေရေး အတွက် မြေအောက်ရေ ထုတ်ယူရေး အတွက် ဒေါ်လာ သန်း ၁၀၀ သုံးပြီး ဆောင်ရွက်ဖို့ အစိုးရက အင်္ဂါနေ့မှာ သဘောတူကြောင်း ထိုင်းအစိုးရ ပြောခွင့်ရက သတင်းထောက်တွေကို ပြောပါတယ်။ ထိုင်းနိုင်ငံမှာ နိုဝင်ဘာကနေ ဧပြီလအထိ ရာသီဥတု ခြောက်သွေ့လေ့ ရှိပြီး ဒီနှစ်မှာတော့ ဇွန်လလောက် အထိ ရှည်ကြာနိုင်တယ်လို့လည်း အာဏာပိုင်တို့က ပြောဆိုထားတာပါ။ ထိုင်းနိုင်ငံ အလယ်ပိုင်းက ခရိုင် ၁၄ ခုနဲ့ အရှေ့မြောက်ပိုင်း စိုက်ပျိုးရေး ဒေသတို့မှာ မိုးခေါင်ရေရှား ဖြစ်ကြောင်း ကြေညာထားတာပါ။ ရေကို ချွေတာကြဖို့၊ ရေပိုက်တွေ အားလုံးပိတ်ထားကြဖို့နဲ့ ရေသုံးတာ လျှော့ဖို့၊ သွားတိုက် ရေချိုးတာကို လျှော့ဖို့ ဝန်ကြီးချုပ် Prayuth က ပန်ကြားထားပါတယ်။

VOA Burmese
https://burmese.voanews.com
ထုိင္းမွာ မုိးေခါင္ေရရွားမႈနဲ႔ ရင္ဆုိင္ေနရ ထုိင္းမွာ မုိးေခါင္ေရရွားမႈနဲ႔ ရင္ဆုိင္ေနရ Reviewed by THITHTOOLWIN on 08:08 Rating: 5
Powered by Blogger.