
(Zawgyi)⤵⤵⤵








BBC Burmese
https://www.bbc.com
----------
(Unicode)⤵⤵⤵
ဗြိတိန်နဲ့ မြောက်အမေရိကတိုက်မှာ တလှည့်စီနေလိုတဲ့ တော်ဝင်မောင်နှံ

Image caption ငွေရေးကြေးရေးအရ လွတ်လွတ်လပ်လပ်နေနိုင်အောင် ပြင်ထား

ဗြိတိသျှ ဘုရင်မ အဲလဇ္ဇဘက်ရဲ့ မြေးတော်တပါးဖြစ်တဲ့ ဟယ်ရီ မင်းသားနဲ့ ကြင်ယာတော် မက်ဂန်တို့က တော်ဝင်မိသားစုရဲ့ ထိပ်တန်းတာဝန်တွေကို မယူတော့ဘူးလို့ ရုတ်တရက် ကြေညာလိုက်ပါတယ်။

ငွေရေးကြေးရေးအရ လွတ်လွတ်လပ်လပ်နေနိုင်အောင် ပြင်ထားတယ်လို့လည်း ဆက္ကဆက် နယ်စား မင်းသား နဲ့ နယ်စားကတော်တို့က အင်စတရာဂရမ်ဝက်ဆိုက်ကနေ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဗြိတိန်နဲ့ မြောက်အမေရိကတိုက်မှာ တလှည့်စီနေလိုချင်ကြောင်းလည်း ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption အမေရိကန်သူနဲ့ လက်ထပ်ခဲ့တဲ့ တော်ဝင်မင်းသား

သူတို့ကို မတော်မတရား ရေးသားတယ်ဆိုပြီး ဗြိတိသျှသတင်းစာတချို့ကိုလည်း မနှစ်က တရားစွဲခဲ့ကြပါတယ်။

ဒီလို မထုတ်ပြန်မီမှာ တော်ဝင်မိသားစုနဲ့ သူတို့မတိုင်ပင်ခဲ့ဘူးလို့လည်း ဘီဘီစီက သိရှိရပါတယ်။

ဒီအပြောင်းအလဲကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ ကနဦးအဆင့်မှာ ပဲ ရှိသေးတယ်လို့ ဘက်ကင်ဟမ်နန်းတော်က ပြောကြားခဲ့ပါတယ်။
ဓာတ်ပုံ မူပိုင် Reuters
Image caption သားတော်လေး အာချီနဲ့အတူ

BBC Burmese
https://www.bbc.com
ဗြိတိန်နဲ့ မြောက်အမေရိကတိုက်မှာ တလှည့်စီနေလိုတဲ့ တော်ဝင်မောင်နှံ ဗြိတိန်နဲ့ မြောက်အမေရိကတိုက်မှာ တလှည့်စီနေလိုတဲ့ တော်ဝင်မောင်နှံ Reviewed by THITHTOOLWIN on 08:08 Rating: 5
Powered by Blogger.