ဘဂၢဒက္ ကန္သံ႐ုံးအနီး ဒုံးက်ည္ေပါက္ကြဲ

ဘဂၢဒက္က အေမရိကန္ သံရံုး။
(Zawgyi)⤵⤵⤵
အီရတ္ႏုိင္ငံ ဘဂၢဒက္ ၿမိဳ႕ေတာ္က အေမရိကန္ သံရံုးနားမွာ မၾကာခင္ အခ်ိန္ပိုင္း အတြင္းက ဒံုးက်ည္ေတြ က်ေရာက္ေပါက္ကြဲတယ္လို႔ CNN အပါအ၀င္ အေမရိကန္ အေျခစိုက္ သတင္းဌာနေတြက ထုတ္လြင့္ ေဖာ္ျပေနၾကပါတယ္။ အီရတ္ႏုိင္ငံတြင္း အေမရိကန္ ေလတပ္ အေျခစိုက္ စခန္း ၂ ခုကို ဒံုးက်ည္ တဒါဇင္ထက္ မနည္း အီရန္က ပစ္လႊတ္ တိုက္ခုိက္ အၿပီး ၂၄ နာရီ ပတ္၀န္းက်င္ အတြင္းမွာဘဲ အခုလို ေနာက္ထပ္ ဒံုးက်ည္ က်တဲ႔ သတင္း ထြက္လာတာပါ။

ပထမ တိုက္ခုိက္မႈ ျဖစ္အၿပီး ဗုဒၶဟူးေန႔ မနက္ပိုင္းမွာေတာ့ သမၼတ Donald Trump က အီရန္ ႏုိင္ငံဟာ ေနာက္ဆုတ္သြားပံု ရတယ္လို႔ ေျပာခဲ႔ပါေသးတယ္။ ႀကိဳတင္ သတိျပဳ လုပ္ေဆာင္ထားတာ တပ္ဖြဲ႔ေတြကို ျဖန္႔ခြဲထားတာနဲ႔ ေကာင္းေကာင္း အလုပ္ျဖစ္ခဲ႔တဲ႔ ႀကိဳတင္သတိေပး စနစ္တို႔ ေၾကာင့္ အေမရိကန္ ဒါမွမဟုတ္ အီရတ္ႏုိင္ငံသား တေယာက္မွ အသက္ ဆံုးရံႈးတာ မရွိဘူးလို႔ သမၼတ က ေျပာသလို ထိခိုက္ ပ်က္စီးမႈလည္း အနည္းငယ္ဘဲ ရွိတယ္လို႔ ေျပာပါတယ္။

(Unicode)

ဘဂ္ဂဒက် ကန်သံရုံးအနီး ဒုံးကျည်ပေါက်ကွဲ

အီရတ်နိုင်ငံ ဘဂ္ဂဒက် မြို့တော်က အမေရိကန် သံရုံးနားမှာ မကြာခင် အချိန်ပိုင်း အတွင်းက ဒုံးကျည်တွေ ကျရောက်ပေါက်ကွဲတယ်လို့ CNN အပါအဝင် အမေရိကန် အခြေစိုက် သတင်းဌာနတွေက ထုတ်လွင့် ဖော်ပြနေကြပါတယ်။ အီရတ်နိုင်ငံတွင်း အမေရိကန် လေတပ် အခြေစိုက် စခန်း ၂ ခုကို ဒုံးကျည် တဒါဇင်ထက် မနည်း အီရန်က ပစ်လွှတ် တိုက်ခိုက် အပြီး ၂၄ နာရီ ပတ်ဝန်းကျင် အတွင်းမှာဘဲ အခုလို နောက်ထပ် ဒုံးကျည် ကျတဲ့ သတင်း ထွက်လာတာပါ။

ပထမ တိုက်ခိုက်မှု ဖြစ်အပြီး ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာတော့ သမ္မတ Donald Trump က အီရန် နိုင်ငံဟာ နောက်ဆုတ်သွားပုံ ရတယ်လို့ ပြောခဲ့ပါသေးတယ်။ ကြိုတင် သတိပြု လုပ်ဆောင်ထားတာ တပ်ဖွဲ့တွေကို ဖြန့်ခွဲထားတာနဲ့ ကောင်းကောင်း အလုပ်ဖြစ်ခဲ့တဲ့ ကြိုတင်သတိပေး စနစ်တို့ ကြောင့် အမေရိကန် ဒါမှမဟုတ် အီရတ်နိုင်ငံသား တယောက်မှ အသက် ဆုံးရှုံးတာ မရှိဘူးလို့ သမ္မတ က ပြောသလို ထိခိုက် ပျက်စီးမှုလည်း အနည်းငယ်ဘဲ ရှိတယ်လို့ ပြောပါတယ်။

VOA Burmese
https://burmese.voanews.com
ဘဂၢဒက္ ကန္သံ႐ုံးအနီး ဒုံးက်ည္ေပါက္ကြဲ ဘဂၢဒက္ ကန္သံ႐ုံးအနီး ဒုံးက်ည္ေပါက္ကြဲ Reviewed by THITHTOOLWIN on 08:10 Rating: 5
Powered by Blogger.