တ႐ုတ္စီမံကိန္းေတြကို ျပန္သုံးသပ္ေပးဖို႔ သမၼတရွီခရီးစဥ္အတြင္း အရပ္ဘက္အဖြဲ႕ ၅၀ ေက်ာ္ ေတာင္းဆို

၁၉ ႏွစ္ အတြင္း ပထမဆုံးအႀကိမ္အျဖစ္ တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ ျမန္မာႏိုင္ငံကို အလည္အပတ္ လာေရာက္
(Zawgyi)⤵⤵⤵
ကခ်င္ျပည္နယ္က ျမစ္ဆုံစီမံကိန္း အပါအဝင္ ျမန္မာႏိုင္ငံတြင္း တ႐ုတ္စီမံကိန္းေတြကို ရင္းႏွီးျမဳပ္ႏွံမႈဆိုင္ရာ ႏိုင္ငံတကာစံႏႈန္းေတြကို ေလးစားလိုက္နာၿပီး အေကာင္အထည္ေဖာ္ဖို႔ ကခ်င္ဖြံ႕ၿဖိဳးမႈ အဖြဲ႕ေတြ၊ ကခ်င္အမ်ိဳးသမီးအဖြဲ႕ေတြနဲ႔ ကခ်င္လူငယ္အဖြဲ႕ေတြပါတဲ့ အရပ္ဘက္အဖြဲ႕ေပါင္း ၅၂ ဖြဲ႕က တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ကို ဇန္နဝါရီလ ၁၇ ရက္ေန႔က အိတ္ဖြင့္ေပးစာပို႔ ေတာင္းဆိုလိုက္တာ ျဖစ္ပါတယ္။

သမၼတ ရွီက်င့္ဖ်န္ဟာ ဒီကေန႔ ဇန္နဝါရီ ၁၇ ရက္ေန႔ ေန႔လယ္ပိုင္းမွာ ေနျပည္ေတာ္ကို ေရာက္လာတာပါ။

၂ ရက္ၾကာ ခရီးစဥ္အတြင္း ႏိုင္ငံေတာ္ သမၼတ ဦးဝင္းျမင့္၊ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တို႔ကို ေတြ႕ဆုံဖို႔ ရွိၿပီး စီမံကိန္းတခ်ိဳ႕ကိုလည္း ၂ ႏိုင္ငံ နားလည္မႈစာခြၽန္လႊာ လက္မွတ္ထိုးဖို႔ ရွိပါတယ္။

သမၼတရွီကို လိပ္မူထားတဲ့ အိတ္ဖြင့္ေပးစာမွာေတာ့ အရပ္ဘက္ အဖြဲ႕ ၅၂ ဖြဲ႕က တ႐ုတ္-ျမန္မာ စီးပြားေရးစၾကၤန္မွာ ပါဝင္တဲ့ စီမံကိန္းေတြကို ေဖာ္ေဆာင္ရာမွာ ရင္းႏွီးျမဳပ္ႏွံမႈဆိုင္ရာ ႏိုင္ငံတကာစံႏႈန္းေတြကို ေလးစားလိုက္နာဖို႔၊ သမိုင္းဝင္ေနရာေတြ၊ ထုံးတမ္းဓေလ့ေတြကို ေလးစားလိုက္နာဖို႔ အျပင္ နယ္စပ္ကုန္သြယ္ေရးဆိုင္ရာ မူဝါဒေတြကို မွ်မွ်တတ အေကာင္အထည္ေဖာ္ေပးဖို႔ေတြကို ထည့္သြင္း ေဖာ္ျပထားပါတယ္။

ဒါ့အျပင္ ေမခ မလိခ ဆုံရာ ျမစ္ဆုံေဒသမွာ အေကာင္အထည္ေဖာ္မယ့္ ေရအားလွ်ပ္စစ္ စီမံကိန္းကို အၿပီးတိုင္ ဖ်က္သိမ္းေပးဖို႔ကိုလည္း ထည့္သြင္းေတာင္းဆိုထားပါတယ္။

ဇန္နဝါရီ ၁၈ ရက္ေန႔မွာလည္း ကခ်င္အရပ္ဘက္အဖြဲ႕ေတြအပါအဝင္ ျမစ္ဆုံးအေရး ကန႔္ကြက္သူေတြဟာ ရန္ကုန္က ၿမိဳ႕ေတာ္ခန္းမေရွ႕မွာ ဆႏၵျပေတာင္းဆိုဖို႔ ရွိသလို တ႐ုတ္သံ႐ုံးေရွ႕မွာလည္း ေတာင္းဆိုမႈလုပ္မယ္လို႔ ဦးေဆာင္လႈပ္ရွားတဲ့ ကိုေက်ာ္လြင္ဦးက ဘီဘီစီကို ေျပာပါတယ္။
 သမၼတ ရွီက်င့္ဖ်င္ကို ေနျပည္ေတာ္မွာ ႀကိဳဆိုခဲ့
တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ဟာ ခရီးစဥ္အတြင္း ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းရဲ႕ ဒုတိယအဆင့္၊ နယ္ျခားေဒသ စီးပြားေရးဇုန္နဲ႔ ရန္ကုန္ၿမိဳ႕သစ္ စီမံကိန္းေတြကို လက္မွတ္ထိုးႏိုင္ဖြယ္ရွိတယ္လို႔ ျပည္ေထာင္စုဝန္ႀကီးတစ္ဦးက ဘီဘီစီကို ေျပာထားပါတယ္။

ဒါ့အျပင္ ရပ္ဝန္းတစ္ခု လမ္းေၾကာင္းတစ္ခု စီမံကိန္းေအာက္က တ႐ုတ္-ျမန္မာစီးပြား စၾကၤန္လမ္း စီမံကိန္းထဲမွာပါတဲ့ လုပ္ငန္းတခ်ိဳ႕ကိုလည္း လက္မွတ္ထိုးဖို႔ ရွိေနတယ္ဆိုတဲ့ သုံးသပ္ေျပာဆိုမႈေတြ ရွိေနပါတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
တရုတ်စီမံကိန်းတွေကို ပြန်သုံးသပ်ပေးဖို့ သမ္မတရှီခရီးစဉ်အတွင်း အရပ်ဘက်အဖွဲ့ ၅၀ ကျော် တောင်းဆို

Image caption ၁၉ နှစ် အတွင်း ပထမဆုံးအကြိမ်အဖြစ် တရုတ်သမ္မတ ရှီကျင့်ဖျင် မြန်မာနိုင်ငံကို အလည်အပတ် လာရောက်

ကချင်ပြည်နယ်က မြစ်ဆုံစီမံကိန်း အပါအဝင် မြန်မာနိုင်ငံတွင်း တရုတ်စီမံကိန်းတွေကို ရင်းနှီးမြုပ်နှံမှုဆိုင်ရာ နိုင်ငံတကာစံနှုန်းတွေကို လေးစားလိုက်နာပြီး အကောင်အထည်ဖော်ဖို့ ကချင်ဖွံ့ဖြိုးမှု အဖွဲ့တွေ၊ ကချင်အမျိုးသမီးအဖွဲ့တွေနဲ့ ကချင်လူငယ်အဖွဲ့တွေပါတဲ့ အရပ်ဘက်အဖွဲ့ပေါင်း ၅၂ ဖွဲ့က တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ဇန်နဝါရီလ ၁၇ ရက်နေ့က အိတ်ဖွင့်ပေးစာပို့ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

သမ္မတ ရှီကျင့်ဖျန်ဟာ ဒီကနေ့ ဇန်နဝါရီ ၁၇ ရက်နေ့ နေ့လယ်ပိုင်းမှာ နေပြည်တော်ကို ရောက်လာတာပါ။

၂ ရက်ကြာ ခရီးစဉ်အတွင်း နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ကို တွေ့ဆုံဖို့ ရှိပြီး စီမံကိန်းတချို့ကိုလည်း ၂ နိုင်ငံ နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးဖို့ ရှိပါတယ်။

သမ္မတရှီကို လိပ်မူထားတဲ့ အိတ်ဖွင့်ပေးစာမှာတော့ အရပ်ဘက် အဖွဲ့ ၅၂ ဖွဲ့က တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်မှာ ပါဝင်တဲ့ စီမံကိန်းတွေကို ဖော်ဆောင်ရာမှာ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ နိုင်ငံတကာစံနှုန်းတွေကို လေးစားလိုက်နာဖို့၊ သမိုင်းဝင်နေရာတွေ၊ ထုံးတမ်းဓလေ့တွေကို လေးစားလိုက်နာဖို့ အပြင် နယ်စပ်ကုန်သွယ်ရေးဆိုင်ရာ မူဝါဒတွေကို မျှမျှတတ အကောင်အထည်ဖော်ပေးဖို့တွေကို ထည့်သွင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် မေခ မလိခ ဆုံရာ မြစ်ဆုံဒေသမှာ အကောင်အထည်ဖော်မယ့် ရေအားလျှပ်စစ် စီမံကိန်းကို အပြီးတိုင် ဖျက်သိမ်းပေးဖို့ကိုလည်း ထည့်သွင်းတောင်းဆိုထားပါတယ်။

ဇန်နဝါရီ ၁၈ ရက်နေ့မှာလည်း ကချင်အရပ်ဘက်အဖွဲ့တွေအပါအဝင် မြစ်ဆုံးအရေး ကန့်ကွက်သူတွေဟာ ရန်ကုန်က မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြတောင်းဆိုဖို့ ရှိသလို တရုတ်သံရုံးရှေ့မှာလည်း တောင်းဆိုမှုလုပ်မယ်လို့ ဦးဆောင်လှုပ်ရှားတဲ့ ကိုကျော်လွင်ဦးက ဘီဘီစီကို ပြောပါတယ်။
Image caption သမ္မတ ရှီကျင့်ဖျင်ကို နေပြည်တော်မှာ ကြိုဆိုခဲ့

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ခရီးစဉ်အတွင်း ကျောက်ဖြူရေနက်ဆိပ်ကမ်းရဲ့ ဒုတိယအဆင့်၊ နယ်ခြားဒေသ စီးပွားရေးဇုန်နဲ့ ရန်ကုန်မြို့သစ် စီမံကိန်းတွေကို လက်မှတ်ထိုးနိုင်ဖွယ်ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီးတစ်ဦးက ဘီဘီစီကို ပြောထားပါတယ်။

ဒါ့အပြင် ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု စီမံကိန်းအောက်က တရုတ်-မြန်မာစီးပွား စင်္ကြန်လမ်း စီမံကိန်းထဲမှာပါတဲ့ လုပ်ငန်းတချို့ကိုလည်း လက်မှတ်ထိုးဖို့ ရှိနေတယ်ဆိုတဲ့ သုံးသပ်ပြောဆိုမှုတွေ ရှိနေပါတယ်။

BBC Burmese
https://www.bbc.com
တ႐ုတ္စီမံကိန္းေတြကို ျပန္သုံးသပ္ေပးဖို႔ သမၼတရွီခရီးစဥ္အတြင္း အရပ္ဘက္အဖြဲ႕ ၅၀ ေက်ာ္ ေတာင္းဆို တ႐ုတ္စီမံကိန္းေတြကို ျပန္သုံးသပ္ေပးဖို႔ သမၼတရွီခရီးစဥ္အတြင္း အရပ္ဘက္အဖြဲ႕ ၅၀ ေက်ာ္ ေတာင္းဆို Reviewed by THITHTOOLWIN on 05:53 Rating: 5
Powered by Blogger.