ယူကရိန္းေလယာဥ္ အီရန္ မွားယြင္းပစ္ခ်လိုက္တာလား

ပ်က္က် ယူကရိန္းေလယာဥ္

(Zawgyi/ Unicode)

ယူကရိန္းေလေၾကာင္းလိုင္းက ခရီးသည္တင္ေလယာဥ္ကို အီရန္က မေတာ္တဆ ပစ္ခ်လိုက္တာမ်ဳိး ျဖစ္ႏုိင္ေျခရွိိတယ္ဆိုတဲ့ အေပၚ သံသယရွိတဲ့သေဘာမ်ဳိး သမၼတ ေဒၚနယ္လ္ဒ္ ထရမ့္ပ္က လူသိရွင္ၾကား ေျပာပါတယ္။

ယူကရိန္းေလေၾကာင္းလိုင္း ေလယာဥ္ခရီးစဥ္အမွတ္ ၇၅၂ ပ်က္က်သြားတာဟာ “တေယာက္ေယာက္က အမွားတခုခု လုပ္မိတာ မ်ဳိးျဖစ္ႏုိင္ပါတယ္၊ ဒါဟာ စက္ပိုင္းဆုိင္ရာခ်ဳိ႕ယြင္းမႈေၾကာင့္လို႔ တခ်ဳိ႕ကေျပာပါတယ္။ က်ေနာ့္ကိုယ္တိုင္ရဲ႕အျမင္ကေတာ့ ဒါက ေမးခြန္းထုတ္စရာေတာင္ မလိုဘူးလို႔ထင္ပါတယ္” ဆိုၿပီး သမၼတထရမ့္ပ္က ေျပာပါတယ္။

ေဒသစံေတာ္ခ်ိန္ ဗုဒၶဟူးေန႔အေစာပိုင္းက ပ်ံတက္သြားတဲ့ Boeing 737-800 ေလယာဥ္ဟာ အျမင့္ေပ ၈,၀၀၀ နီးပါးမွာ အင္ဂ်င္ ပိုင္း ဆိုးဆိုးရြားရြား ခ်ဳိ႕ယြင္းမႈေၾကာင့္ ပ်က္က်သြားတာလို႔ အီရန္တာဝန္ရွိသူေတြက အခုိင္အမာေျပာထားပါတယ္။ ယူကရိန္းႏုိင္ငံ ကိယက္ဗ္ၿမိဳ႕ကို ထြက္ခြာသြားတဲ့ ေလယာဥ္ေပၚပါ လူ ၁၇၆ ဦးလံုး ေသဆံုးသြားၿပီး အဲဒီထဲမွာ ကေနဒါႏုိင္ငံသား ၆၃ ေယာက္ ပါပါတယ္။

ဒါေပမယ့္ ေလယာဥ္ဟာ ႐ုရွားလုပ္ ေျမျပင္ကေဝဟင္ပစ္ ဒံုးက်ည္ မေတာ္တဆထိမွန္ၿပီးေတာ့ ပ်က္က်သြားတယ္ဆိုတာ ၿဂိဳဟ္တု ကရတဲ့ အခ်က္အလက္ေတြနဲ႔ ႐ုပ္ပံုေတြကို ဆန္းစစ္ၿပီး အေမရိကန္တာဝန္ရွိသူေတြက သံုးသပ္ထားတယ္လုိ႔ အစိုးရ သတင္း ရင္းျမစ္ေတြက ဗီြအိုေအကိုေျပာပါတယ္။

ေလယာဥ္ကို အီရန္က ပစ္ခ်လိုက္တယ္ဆိုတာ သူ အခိုင္အမာယူဆတယ္လုိ႔ အေမရိကန္ တာဝန္ရွိသူတဦးက ဗီြအိုေအကို အတည္ျပဳေျပာဆိုပါတယ္။

ေလယာဥ္ပ်က္က်တာကို ႐ိုက္ယူထားတဲ့ ဗီြဒီယိုထဲမွာ ေလယာဥ္ဟာ အီရန္ေကာင္းကင္မွာ မီးလံုးႀကီးတလံုးလို တစစီ မီးေလာင္ ပ်က္စီးသြားတာကို ေတြ႔ရပါတယ္။

.......................

ယူကရိန်းလေယာဉ် အီရန် မှားယွင်းပစ်ချလိုက်တာလား
(Unicode)

ယူကရိန်းလေကြောင်းလိုင်းက ခရီးသည်တင်လေယာဉ်ကို အီရန်က မတော်တဆ ပစ်ချလိုက်တာမျိုး ဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့ အပေါ် သံသယရှိတဲ့သဘောမျိုး သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က လူသိရှင်ကြား ပြောပါတယ်။

ယူကရိန်းလေကြောင်းလိုင်း လေယာဉ်ခရီးစဉ်အမှတ် ၇၅၂ ပျက်ကျသွားတာဟာ “တယောက်ယောက်က အမှားတခုခု လုပ်မိတာ မျိုးဖြစ်နိုင်ပါတယ်၊ ဒါဟာ စက်ပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့်လို့ တချို့ကပြောပါတယ်။ ကျနော့်ကိုယ်တိုင်ရဲ့အမြင်ကတော့ ဒါက မေးခွန်းထုတ်စရာတောင် မလိုဘူးလို့ထင်ပါတယ်” ဆိုပြီး သမ္မတထရမ့်ပ်က ပြောပါတယ်။

ဒေသစံတော်ချိန် ဗုဒ္ဓဟူးနေ့အစောပိုင်းက ပျံတက်သွားတဲ့ Boeing 737-800 လေယာဉ်ဟာ အမြင့်ပေ ၈,၀၀၀ နီးပါးမှာ အင်ဂျင် ပိုင်း ဆိုးဆိုးရွားရွား ချို့ယွင်းမှုကြောင့် ပျက်ကျသွားတာလို့ အီရန်တာဝန်ရှိသူတွေက အခိုင်အမာပြောထားပါတယ်။ ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့ကို ထွက်ခွာသွားတဲ့ လေယာဉ်ပေါ်ပါ လူ ၁၇၆ ဦးလုံး သေဆုံးသွားပြီး အဲဒီထဲမှာ ကနေဒါနိုင်ငံသား ၆၃ ယောက် ပါပါတယ်။

ဒါပေမယ့် လေယာဉ်ဟာ ရုရှားလုပ် မြေပြင်ကဝေဟင်ပစ် ဒုံးကျည် မတော်တဆထိမှန်ပြီးတော့ ပျက်ကျသွားတယ်ဆိုတာ ဂြိုဟ်တု ကရတဲ့ အချက်အလက်တွေနဲ့ ရုပ်ပုံတွေကို ဆန်းစစ်ပြီး အမေရိကန်တာဝန်ရှိသူတွေက သုံးသပ်ထားတယ်လို့ အစိုးရ သတင်း ရင်းမြစ်တွေက ဗွီအိုအေကိုပြောပါတယ်။

လေယာဉ်ကို အီရန်က ပစ်ချလိုက်တယ်ဆိုတာ သူ အခိုင်အမာယူဆတယ်လို့ အမေရိကန် တာဝန်ရှိသူတဦးက ဗွီအိုအေကို အတည်ပြုပြောဆိုပါတယ်။

လေယာဉ်ပျက်ကျတာကို ရိုက်ယူထားတဲ့ ဗွီဒီယိုထဲမှာ လေယာဉ်ဟာ အီရန်ကောင်းကင်မှာ မီးလုံးကြီးတလုံးလို တစစီ မီးလောင် ပျက်စီးသွားတာကို တွေ့ရပါတယ်။

VOA Burmese
https://burmese.voanews.com
ယူကရိန္းေလယာဥ္ အီရန္ မွားယြင္းပစ္ခ်လိုက္တာလား ယူကရိန္းေလယာဥ္ အီရန္ မွားယြင္းပစ္ခ်လိုက္တာလား Reviewed by THITHTOOLWIN on 09:31 Rating: 5
Powered by Blogger.