ျမန္မာ့စီးပြားေရး ဆက္လက္တိုးတက္မယ္ေျပာေပမယ့္ ကုန္ေဈးႏႈန္းေတြ ႀကီးလာႏိုင္တဲ့ ၂၀၂၀

သြင္းကုန္ေတြ အမ်ားႀကီးမွီခိုေနရ
(Zawgyi)⤵⤵⤵
ဘဏ္ေခ်းေငြ၊ အခြန္နဲ႔ ျပည္တြင္းတိုက္ပြဲေတြ အပါအဝင္ ေငြေၾကးေဖာင္းပြမႈေတြေၾကာင့္ ၿပီးခဲ့တဲ့ ႏွစ္က ျမန္မာ့စီးပြားေရးလုပ္ငန္းေတြဟာ ႐ုန္းကန္ခဲ့ရသလို၂၀၂၀ ဟာလည္း ေ႐ြးေကာက္ပြဲေၾကာင့္ ျမန္မာႏိုင္ငံတြင္းလုပ္ငန္းတစ္ခ်ိဳ႕ဟာ တုံ႔ဆိုင္းေနၾကပါတယ္ ။

ဒါေပမယ့္ ကမာၻဘဏ္ အပါအဝင္ ႏိုင္ငံတကာ အဖြဲ႕ အစည္းေတြကေတာ့ ျမန္မာ့စီးပြားေရး ဖြံၿဖိဳးတိုးတက္မႈႏႈန္းဟာ၂၀၂၀ မွာ ၿပီးခဲ့တဲ့၂၀၁၉ ထက္ ဆက္လက္တိုးတက္မယ္လို႔ ခန႔္မွန္းထားၾကပါတယ္။

ဒါေပမယ့္ ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္အတြင္း မီတာခေတြ တက္ခဲ့တာေၾကာင့္ ျမန္မာႏိုင္ငံတြင္း ကုန္ထုတ္လုပ္ငန္းေတြဟာ အပိုေဆာင္း ကုန္က်စရိတ္ေတြ မ်ားလာသလို ေငြေၾကးေဖာင္းပြမႈေတြ ႀကဳံေတြ႕ေနရတာေတြလည္း ရွိတယ္လို႔ စီးပြားေရးပညာရွင္ ေဒါက္တာေဇာ္ဦးက ေျပာပါတယ္။

လာမယ့္ ၂၀၂၀ မွာ ေငြစကၠဴသစ္ ထပ္ထုတ္တာလည္း ရွိလာတာေၾကာင့္ေငြေၾကးေဖာင္းပြမႈဟာ ဆက္ရွိလာႏိုင္ၿပီး ကုန္ေဈးႏူန္းေတြတက္လာမယ့္အေျခအေနကို ျမန္မာႏိုင္ငံသားေတြ ရင္ဆိုင္ရဖို႔ရွိတယ္လို႔လည္း ေဒါက္တာေဇာ္ဦးက ေျပာပါတယ္။

ေငြစကၠဴအသစ္ထုတ္တိုင္း ေကာလာဟလက ထြက္လာေလ့ရွိၿပီး ေငြေၾကးေဖာင္းပြမႈနဲ႔ ကုန္ေဈးႏႈန္း ႀကီးျမင့္လာမယ္လို႔ သုံးသပ္တာေတြအေပၚ စိုးရိမ္စရာမလိုဘူးလို႔ အၿငိမ္းစား ဗဟိုဘဏ္ ဒုဥကၠ႒ ဦးသန္းလြင္က ေျပာထားပါတယ္။
ဗိုလ္ခ်ဳပ္ေအာင္ဆန္း ႐ုပ္ပုံနဲ႔ ေငြစကၠဴအသစ္ကို လာမယ့္ ဇန္နဝါရီလ ၄ ရက္ လြတ္လပ္ေရးေန႔မွာ စတင္ ထုတ္ေဝမယ္
ႏိုင္ငံတကာအဖြဲ႕အစည္းေတြကျမန္မာ့စီးပြားေရးတိုးတက္မယ္လို႔ဘာေၾကာင့္မွန္းတာလဲ

ႏိုင္ငံတကာအဖြဲ႕အစည္းေတြကေတာ့ ျပည္တြင္းက စီးပြားေရးဖြံၿဖိဳးမႈကို တြက္တဲ့ အခါမွာ ဂ်ီဒီပီ လို႔ေခၚတဲ့ ျပည္တြင္းအသားတင္ ထုတ္ကုန္တန္ဖိုးကို အေျခခံၿပီး တြက္ၾကတာပါ။ အဲဒီထဲမွာ ျပည္တြင္းက တယ္လီဖုန္း ေအာ္ပေရတာေတြရဲ႕ ဝန္ေဆာင္မႈနဲ႔ ႏိုင္ငံတကာေရာက္ ျမန္မာလုပ္သားေတြက ျမန္မာျပည္ေငြ ျပန္ပို႔တာေတြေၾကာင့္ ျပည္တြင္းမွာ စားသုံးမႈေတြျမင့္ေနတယ္၊ ဒီအခ်က္က ဂ်ီဒီပီေပၚမွာ သက္ေရာက္မႈေတြရွိၿပီး ဂ်ီဒီပီတိုးတက္မႈေတြ ဆက္ရွိေနတာ ျဖစ္တယ္လို႔လည္း ေဒါက္တာေဇာ္ဦးက ေျပာပါတယ္ ။

ဒီလို ဂ်ီဒီပီ ျမင့္တက္မႈေတြဟာ ေရရွည္မွာ ျမန္မာႏိုင္ငံအတြက္ အလားအလာေကာင္းေတြ ျဖစ္ေနသလားလို႔ ေျပာရင္ေတာ့ စီးပြားေရးပညာရွင္ တစ္ေယာက္ အေနနဲ႔ စိတ္ပူမိတယ္လို႔လည္း ေဒါက္တာေဇာ္ဦးကေျပာပါတယ္။

ႏိုင္ငံရဲ႕ ေရရွည္တည္တံ့တဲ့ တိုးတက္မႈ ျဖစ္ဖို႔ဆိုတာကေတာ့ ျပည္တြင္းက ကုန္ထုတ္လုပ္မႈေတြ တန္ဖိုးတက္လာဖို႔ လိုအပ္ၿပီး ျမန္မာႏိုင္ငံရဲ႕ အဓိက ကုန္ထုတ္လုပ္မႈက လယ္ယာက႑နဲ႔ စက္မႈက႑တို႔ဟာ လက္ရွိအခ်ိန္မွာ အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရတယ္လို႔လည္း ေဒါက္တာေဇာ္ဦးက ေျပာပါတယ္။

ႏိုင္ငံတကာ အစီရင္ခံစာေတြမွာ ဒီလိုအခ်က္ေတြကိုထည့္သြင္းစဥ္းစားတာ သိပ္မေတြ႕ရတဲ့ အတြက္ သူ႔အေနနဲ႔စိုးရိမ္မိတယ္လို႔လည္း သူက ေျပာပါတယ္။

 စပါးေဈး တင္းတစ္ရာကို သုံး သိန္းခြဲေလာက္အထိက်
ပို႔ကုန္ကႏိုင္ငံျခားေငြရမယ့္ အလားလာ

ျမန္မာႏိုင္ငံက ႏိုင္ငံျခား ပို႔ကုန္တင္ပို႔မႈမွာ သဘာဝဓာတ္ေငြ႕ဟာ ထိပ္တန္းပို႔ကုန္ျဖစ္သလို လယ္ယာထြက္ကုန္ေတြျဖစ္တဲ့ ဆန္နဲ႔ ပဲ ကလည္း ထိပ္တန္းပို႔ကုန္ေတြစာရင္းမွာ ပါပါတယ္။

၂၀၁၉ ခုႏွစ္မွာ စပါးေဈး တင္းတစ္ရာကို က်ပ္ ၅ သိန္းေအာက္ ေရာက္သြားလို႔ ေတာင္သူေတြ အခက္အခဲနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။ ျမန္မာျပည္ အထက္ပိုင္း ပဲေဈးကြက္ဟာ ရာသီဥတု မေကာင္းတာနဲ႔ အိႏၵိယ အဝယ္နည္းတာေၾကာင့္ ေဈးေကာင္းမရဘဲ ရွိခဲ့ပါတယ္။

ျမန္မာ့စက္မႈက႑က အခုႏွစ္ေတြအတြင္း ထိပ္တန္းဝင္ေငြရေနတဲ့ အထည္ခ်ဳပ္လုပ္ငန္းကလည္း ရခိုင္ျပည္နယ္ ျပႆနာေၾကာင့္ အဓိကေဈးကြက္ျဖစ္တဲ့ ဥေရာပ သမဂၢက GSP လို႔ေခၚတဲ့ ကုန္သြယ္မႈ အထူးအခြင့္အေရးကို ျပန္႐ုပ္သိမ္းဖြယ္ရာ အေနအထား ကို ေရာက္လာတာေၾကာင့္ စိုးရိမ္စရာ အေျခအေန ရွိေနတယ္လို႔ လည္း စီးပြားေရးရွင္ပညာရွင္ ေဒါက္တာ ေဇာ္ဦးက ေျပာပါတယ္။

ဒါေပမယ့္ ဂ်ီဒီပီ ရဲ႕ ၂၀ ရာခိုင္ႏႈန္းေက်ာ္ ပါဝင္ပတ္သက္ေနတဲ့ သဘာဝဓာတ္ေငြ႕က ဝင္ေငြေတြက ပုံမွန္ရွိေနၿပီးေတာ့ အလားလာေကာင္းေတြကေတာ့ ရွိေနဆဲ ျဖစ္ပါတယ္။

ပို႔ကုန္ကေတာ့ ျပည္တြင္းလုပ္ငန္းရွင္ေတြဘက္က ေဒၚလာနဲ႔ ျမန္မာေငြလဲလွယ္မႈကို ထည့္တြက္ရတာ ျဖစ္ၿပီးေတာ့ ေဒၚလာေဈး က်ဆင္းေနတဲ့ အတြက္ ပို႔ကုန္ကဝင္ေငြ ရရွိမႈဟာလည္း က်ဆင္းေနတယ္လို႔ ျမန္မာႏိုင္ငံ ေမာ္ေတာ္ယာဥ္ ထုတ္လုပ္သူမ်ားနဲ႔ ေရာင္းဝယ္သူမ်ားအသင္းဥကၠ႒ ေဒါက္တာစိုးထြန္းက ေျပာပါတယ္။

တရွိန္ထိုးတက္လာတဲ့ အထည္ခ်ဳပ္လုပ္ငန္းေတြ အီးယူ GSP ႐ုပ္သိမ္းမွာကိုကိုစိုးရိမ္ေနရ

စီးပြားေရး လုပ္ငန္းေတြ လုပ္ကိုင္ခြင့္

ကမာၻ႔ဘဏ္က ေအာက္တိုဘာလ အတြင္းထုတ္ျပန္တဲ့ စီးပြားေရးလုပ္ငန္းေတြ လုပ္ကိုင္ခြင့္ "Doing Business 2020 Report" မွာ ျမန္မာႏိုင္ငံရဲ႕အဆင့္က ၁၆၅ ရရွိခဲ့လို႔ မႏွစ္ကထက္ ၆ ဆင့္ တိုးတက္လာခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ လုပ္ငန္းေတြ လုပ္ကိုင္ခြင့္ လြယ္ကူလာတယ္ဆိုေပမယ့္ လက္ရွိလုပ္ငန္းေတြဟာ ဘဏ္ေခ်းေငြေတြျပန္ဆပ္ဖို႔၊ ဝန္ထမ္းေတြလစာေပးဖို႔၊ အခြန္ေတြေပးဖို႔နဲ႔ ႐ုန္းကန္ေနရၿပီး အက်ိဳးအျမတ္ရဖို႔ထက္ လုပ္ငန္းလည္ပတ္ဖို႔ကို ႐ုန္းကန္ေနရတယ္လို႔လည္း ျပည္တြင္းက စီးပြားေရးလုပ္ငန္းရွင္တစ္ဦးက ေျပာပါတယ္။

"ႏိုင္ငံတကာ အဖြဲ႕စည္းေတြကေျပာတဲ့ ကိန္းဂဏန္းေတြက ျပန္လည္ဆန္းစစ္က်ရင္ေတာ့ ေကာင္းမယ္။ သန္းေခါင္စာရင္းပဲ ၾကည့္ေလ ျမန္မာလူဦးေရ သန္း၆၀ နဲ႔တြက္ေနၾကတာ တကယ္လည္းေကာက္ေရာ ၂၀၁၄ မွာ ၅၁ သန္းေက်ာ္ပဲ ရွိတယ္ "လို႔ ေဒါက္တာစိုးထြန္းက ေျပာပါတယ္။

အခုလက္ရွိ ကုန္ထုတ္လုပ္မႈ လုပ္ငန္းေတြဟာ မီတာခ တိုးျမင့္လာတာေၾကာင့္ အခက္အခဲေတြ ရွိေနသလို၂၀၂၀ မွာ ေ႐ြးေကာက္ပြဲေၾကာင့္ ျပည္တြင္းက စီးပြားေရးလုပ္ငန္းတခ်ိဳ႕ဟာ လုပ္ငန္းသစ္ေတြ မစဘဲ တုံ႔ဆိုင္းေနၾကတယ္လို႔လည္း လုပ္ငန္းရွင္ေတြက ေျပာပါတယ္။
ဥေရာပက ခရီးသြားအလာနည္း
ကုန္ေဈးႏႈန္း

ျမန္မာႏိုင္ငံမွာ လူဦးေရ အမ်ားဆုံးေနထိုင္တဲ့ ရန္ကုန္ၿမိဳ႕မွာ မနက္စာ မုန႔္ဟင္းခါးတစ္ပြဲကို က်ပ္ ၇၀၀ ဝန္းက်င္ရွိေနၿပီး လက္ဖက္ရည္တစ္ခြက္ ကို ၅၀၀ က်ပ္ခန႔္ရွိပါတယ္။ ေန႔စဥ္ ဟင္းခ်က္စရာဝယ္ယူရာမွာလည္း စားေသာက္ကုန္ေစ်းႏႈန္းေတြ တက္တာရွိတယ္လို႔ ၿမိဳခံေတြက ေျပာပါတယ္။

အခုေလာေလာဆယ္ ကုန္ေဈးႏႈန္းႀကီးတာဟာ ေငြေရးေၾကးေရးက႑ေၾကာင့္ တခုတည္း မဟုတ္ဘဲ ျပည္တြင္းကုန္ထုတ္လုပ္မႈ က်ဆင္းေနတာေၾကာင့္ျဖစ္ၿပီး ျပည္ပသြင္းကုန္ကို အမ်ားႀကီးမွီခိုလာရလို႔ ျဖစ္တယ္လို႔လည္း ေဒါက္တာေဇာ္ဦးက ေထာက္ျပပါတယ္။

ဒါအျပင္ ကုန္ေဈးႏႈန္းတက္လာခဲ့ရင္လည္း ျပည္တြင္းလယ္ယာ က႑နဲ႔ စက္မႈက႑ ကလူေတြက ဝင္ေငြေတြတိုးမလာတဲ့ အတြက္ စိုးရိမ္စရာ ျဖစ္တယ္လို႔ လည္း ေဒါက္တာေဇာ္ဦးက ေျပာပါတယ္။

BBC Burmese
https://www.bbc.com
----------
(Unicode)⤵⤵⤵
မြန်မာ့စီးပွားရေး ဆက်လက်တိုးတက်မယ်ပြောပေမယ့် ကုန်ဈေးနှုန်းတွေ ကြီးလာနိုင်တဲ့ ၂၀၂၀

Image caption သွင်းကုန်တွေ အများကြီးမှီခိုနေရ

ဘဏ်ချေးငွေ၊ အခွန်နဲ့ ပြည်တွင်းတိုက်ပွဲတွေ အပါအဝင် ငွေကြေးဖောင်းပွမှုတွေကြောင့် ပြီးခဲ့တဲ့ နှစ်က မြန်မာ့စီးပွားရေးလုပ်ငန်းတွေဟာ ရုန်းကန်ခဲ့ရသလို၂၀၂၀ ဟာလည်း ရွေးကောက်ပွဲကြောင့် မြန်မာနိုင်ငံတွင်းလုပ်ငန်းတစ်ချို့ဟာ တုံ့ဆိုင်းနေကြပါတယ် ။

ဒါပေမယ့် ကမ္ဘာဘဏ် အပါအဝင် နိုင်ငံတကာ အဖွဲ့ အစည်းတွေကတော့ မြန်မာ့စီးပွားရေး ဖွံဖြိုးတိုးတက်မှုနှုန်းဟာ၂၀၂၀ မှာ ပြီးခဲ့တဲ့၂၀၁၉ ထက် ဆက်လက်တိုးတက်မယ်လို့ ခန့်မှန်းထားကြပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်း မီတာခတွေ တက်ခဲ့တာကြောင့် မြန်မာနိုင်ငံတွင်း ကုန်ထုတ်လုပ်ငန်းတွေဟာ အပိုဆောင်း ကုန်ကျစရိတ်တွေ များလာသလို ငွေကြေးဖောင်းပွမှုတွေ ကြုံတွေ့နေရတာတွေလည်း ရှိတယ်လို့ စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦးက ပြောပါတယ်။

လာမယ့် ၂၀၂၀ မှာ ငွေစက္ကူသစ် ထပ်ထုတ်တာလည်း ရှိလာတာကြောင့်ငွေကြေးဖောင်းပွမှုဟာ ဆက်ရှိလာနိုင်ပြီး ကုန်ဈေးနူန်းတွေတက်လာမယ့်အခြေအနေကို မြန်မာနိုင်ငံသားတွေ ရင်ဆိုင်ရဖို့ရှိတယ်လို့လည်း ဒေါက်တာဇော်ဦးက ပြောပါတယ်။

ငွေစက္ကူအသစ်ထုတ်တိုင်း ကောလာဟလက ထွက်လာလေ့ရှိပြီး ငွေကြေးဖောင်းပွမှုနဲ့ ကုန်ဈေးနှုန်း ကြီးမြင့်လာမယ်လို့ သုံးသပ်တာတွေအပေါ် စိုးရိမ်စရာမလိုဘူးလို့ အငြိမ်းစား ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးသန်းလွင်က ပြောထားပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံနဲ့ ငွေစက္ကူအသစ်ကို လာမယ့် ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့မှာ စတင် ထုတ်ဝေမယ်

နိုင်ငံတကာအဖွဲ့အစည်းတွေကမြန်မာ့စီးပွားရေးတိုးတက်မယ်လို့ဘာကြောင့်မှန်းတာလဲ

နိုင်ငံတကာအဖွဲ့အစည်းတွေကတော့ ပြည်တွင်းက စီးပွားရေးဖွံဖြိုးမှုကို တွက်တဲ့ အခါမှာ ဂျီဒီပီ လို့ခေါ်တဲ့ ပြည်တွင်းအသားတင် ထုတ်ကုန်တန်ဖိုးကို အခြေခံပြီး တွက်ကြတာပါ။ အဲဒီထဲမှာ ပြည်တွင်းက တယ်လီဖုန်း အော်ပရေတာတွေရဲ့ ဝန်ဆောင်မှုနဲ့ နိုင်ငံတကာရောက် မြန်မာလုပ်သားတွေက မြန်မာပြည်ငွေ ပြန်ပို့တာတွေကြောင့် ပြည်တွင်းမှာ စားသုံးမှုတွေမြင့်နေတယ်၊ ဒီအချက်က ဂျီဒီပီပေါ်မှာ သက်ရောက်မှုတွေရှိပြီး ဂျီဒီပီတိုးတက်မှုတွေ ဆက်ရှိနေတာ ဖြစ်တယ်လို့လည်း ဒေါက်တာဇော်ဦးက ပြောပါတယ် ။

ဒီလို ဂျီဒီပီ မြင့်တက်မှုတွေဟာ ရေရှည်မှာ မြန်မာနိုင်ငံအတွက် အလားအလာကောင်းတွေ ဖြစ်နေသလားလို့ ပြောရင်တော့ စီးပွားရေးပညာရှင် တစ်ယောက် အနေနဲ့ စိတ်ပူမိတယ်လို့လည်း ဒေါက်တာဇော်ဦးကပြောပါတယ်။

နိုင်ငံရဲ့ ရေရှည်တည်တံ့တဲ့ တိုးတက်မှု ဖြစ်ဖို့ဆိုတာကတော့ ပြည်တွင်းက ကုန်ထုတ်လုပ်မှုတွေ တန်ဖိုးတက်လာဖို့ လိုအပ်ပြီး မြန်မာနိုင်ငံရဲ့ အဓိက ကုန်ထုတ်လုပ်မှုက လယ်ယာကဏ္ဍနဲ့ စက်မှုကဏ္ဍတို့ဟာ လက်ရှိအချိန်မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ဒေါက်တာဇော်ဦးက ပြောပါတယ်။

နိုင်ငံတကာ အစီရင်ခံစာတွေမှာ ဒီလိုအချက်တွေကိုထည့်သွင်းစဉ်းစားတာ သိပ်မတွေ့ရတဲ့ အတွက် သူ့အနေနဲ့စိုးရိမ်မိတယ်လို့လည်း သူက ပြောပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption စပါးဈေး တင်းတစ်ရာကို သုံး သိန်းခွဲလောက်အထိကျ
ပို့ကုန်ကနိုင်ငံခြားငွေရမယ့် အလားလာ

မြန်မာနိုင်ငံက နိုင်ငံခြား ပို့ကုန်တင်ပို့မှုမှာ သဘာဝဓာတ်ငွေ့ဟာ ထိပ်တန်းပို့ကုန်ဖြစ်သလို လယ်ယာထွက်ကုန်တွေဖြစ်တဲ့ ဆန်နဲ့ ပဲ ကလည်း ထိပ်တန်းပို့ကုန်တွေစာရင်းမှာ ပါပါတယ်။

၂၀၁၉ ခုနှစ်မှာ စပါးဈေး တင်းတစ်ရာကို ကျပ် ၅ သိန်းအောက် ရောက်သွားလို့ တောင်သူတွေ အခက်အခဲနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ မြန်မာပြည် အထက်ပိုင်း ပဲဈေးကွက်ဟာ ရာသီဥတု မကောင်းတာနဲ့ အိန္ဒိယ အဝယ်နည်းတာကြောင့် ဈေးကောင်းမရဘဲ ရှိခဲ့ပါတယ်။

မြန်မာ့စက်မှုကဏ္ဍက အခုနှစ်တွေအတွင်း ထိပ်တန်းဝင်ငွေရနေတဲ့ အထည်ချုပ်လုပ်ငန်းကလည်း ရခိုင်ပြည်နယ် ပြဿနာကြောင့် အဓိကဈေးကွက်ဖြစ်တဲ့ ဥရောပ သမဂ္ဂက GSP လို့ခေါ်တဲ့ ကုန်သွယ်မှု အထူးအခွင့်အရေးကို ပြန်ရုပ်သိမ်းဖွယ်ရာ အနေအထား ကို ရောက်လာတာကြောင့် စိုးရိမ်စရာ အခြေအနေ ရှိနေတယ်လို့ လည်း စီးပွားရေးရှင်ပညာရှင် ဒေါက်တာ ဇော်ဦးက ပြောပါတယ်။

ဒါပေမယ့် ဂျီဒီပီ ရဲ့ ၂၀ ရာခိုင်နှုန်းကျော် ပါဝင်ပတ်သက်နေတဲ့ သဘာဝဓာတ်ငွေ့က ဝင်ငွေတွေက ပုံမှန်ရှိနေပြီးတော့ အလားလာကောင်းတွေကတော့ ရှိနေဆဲ ဖြစ်ပါတယ်။

ပို့ကုန်ကတော့ ပြည်တွင်းလုပ်ငန်းရှင်တွေဘက်က ဒေါ်လာနဲ့ မြန်မာငွေလဲလှယ်မှုကို ထည့်တွက်ရတာ ဖြစ်ပြီးတော့ ဒေါ်လာဈေး ကျဆင်းနေတဲ့ အတွက် ပို့ကုန်ကဝင်ငွေ ရရှိမှုဟာလည်း ကျဆင်းနေတယ်လို့ မြန်မာနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်သူများနဲ့ ရောင်းဝယ်သူများအသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption တရှိန်ထိုးတက်လာတဲ့ အထည်ချုပ်လုပ်ငန်းတွေ အီးယူ GSP ရုပ်သိမ်းမှာကိုကိုစိုးရိမ်နေရ
စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်ခွင့်

ကမ္ဘာ့ဘဏ်က အောက်တိုဘာလ အတွင်းထုတ်ပြန်တဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ခွင့် "Doing Business 2020 Report" မှာ မြန်မာနိုင်ငံရဲ့အဆင့်က ၁၆၅ ရရှိခဲ့လို့ မနှစ်ကထက် ၆ ဆင့် တိုးတက်လာခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ လုပ်ကိုင်ခွင့် လွယ်ကူလာတယ်ဆိုပေမယ့် လက်ရှိလုပ်ငန်းတွေဟာ ဘဏ်ချေးငွေတွေပြန်ဆပ်ဖို့၊ ဝန်ထမ်းတွေလစာပေးဖို့၊ အခွန်တွေပေးဖို့နဲ့ ရုန်းကန်နေရပြီး အကျိုးအမြတ်ရဖို့ထက် လုပ်ငန်းလည်ပတ်ဖို့ကို ရုန်းကန်နေရတယ်လို့လည်း ပြည်တွင်းက စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

"နိုင်ငံတကာ အဖွဲ့စည်းတွေကပြောတဲ့ ကိန်းဂဏန်းတွေက ပြန်လည်ဆန်းစစ်ကျရင်တော့ ကောင်းမယ်။ သန်းခေါင်စာရင်းပဲ ကြည့်လေ မြန်မာလူဦးရေ သန်း၆၀ နဲ့တွက်နေကြတာ တကယ်လည်းကောက်ရော ၂၀၁၄ မှာ ၅၁ သန်းကျော်ပဲ ရှိတယ် "လို့ ဒေါက်တာစိုးထွန်းက ပြောပါတယ်။

အခုလက်ရှိ ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေဟာ မီတာခ တိုးမြင့်လာတာကြောင့် အခက်အခဲတွေ ရှိနေသလို၂၀၂၀ မှာ ရွေးကောက်ပွဲကြောင့် ပြည်တွင်းက စီးပွားရေးလုပ်ငန်းတချို့ဟာ လုပ်ငန်းသစ်တွေ မစဘဲ တုံ့ဆိုင်းနေကြတယ်လို့လည်း လုပ်ငန်းရှင်တွေက ပြောပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption ဥရောပက ခရီးသွားအလာနည်း
ကုန်ဈေးနှုန်း

မြန်မာနိုင်ငံမှာ လူဦးရေ အများဆုံးနေထိုင်တဲ့ ရန်ကုန်မြို့မှာ မနက်စာ မုန့်ဟင်းခါးတစ်ပွဲကို ကျပ် ၇၀၀ ဝန်းကျင်ရှိနေပြီး လက်ဖက်ရည်တစ်ခွက် ကို ၅၀၀ ကျပ်ခန့်ရှိပါတယ်။ နေ့စဉ် ဟင်းချက်စရာဝယ်ယူရာမှာလည်း စားသောက်ကုန်ဈေးနှုန်းတွေ တက်တာရှိတယ်လို့ မြိုခံတွေက ပြောပါတယ်။

အခုလောလောဆယ် ကုန်ဈေးနှုန်းကြီးတာဟာ ငွေရေးကြေးရေးကဏ္ဍကြောင့် တခုတည်း မဟုတ်ဘဲ ပြည်တွင်းကုန်ထုတ်လုပ်မှု ကျဆင်းနေတာကြောင့်ဖြစ်ပြီး ပြည်ပသွင်းကုန်ကို အများကြီးမှီခိုလာရလို့ ဖြစ်တယ်လို့လည်း ဒေါက်တာဇော်ဦးက ထောက်ပြပါတယ်။

ဒါအပြင် ကုန်ဈေးနှုန်းတက်လာခဲ့ရင်လည်း ပြည်တွင်းလယ်ယာ ကဏ္ဍနဲ့ စက်မှုကဏ္ဍ ကလူတွေက ဝင်ငွေတွေတိုးမလာတဲ့ အတွက် စိုးရိမ်စရာ ဖြစ်တယ်လို့ လည်း ဒေါက်တာဇော်ဦးက ပြောပါတယ်။

BBC Burmese
https://www.bbc.com
ျမန္မာ့စီးပြားေရး ဆက္လက္တိုးတက္မယ္ေျပာေပမယ့္ ကုန္ေဈးႏႈန္းေတြ ႀကီးလာႏိုင္တဲ့ ၂၀၂၀ ျမန္မာ့စီးပြားေရး ဆက္လက္တိုးတက္မယ္ေျပာေပမယ့္ ကုန္ေဈးႏႈန္းေတြ ႀကီးလာႏိုင္တဲ့ ၂၀၂၀ Reviewed by THITHTOOLWIN on 04:56 Rating: 5
Powered by Blogger.