ေျမာက္ဦး ယဥ္ေက်းမႈ နယ္ေျမ အတြက္ ေနာက္ဆုံးအဆိုျပဳမူၾကမ္းကို ဇန္နဝါရီလကုန္မွာ ကမာၻ႔ အေမြႏွစ္ ေကာ္မတီကို တင္ဖို႔ရွိ

 ေျမာက္ဦး ေရွးေဟာင္းေဒသဟာ ရခိုင္စစ္ပြဲ ဒဏ္လည္း ခံေနရ
(Zawgyi)⤵⤵⤵
ႏွစ္ေပါင္း ၅၀၀ ေက်ာ္သက္တမ္းရွိေနၿပီျဖစ္တဲ့ ရခိုင္ျပည္နယ္အတြင္းက ေျမာက္ဦး ယဥ္ေက်းမႈအေမြ အႏွစ္ေဒသကို ကမာၻ႔ ယဥ္ေက်းမႈ အေမြ အႏွစ္ စာရင္းဝင္ အျဖစ္ ကုလသမဂၢ ပညာေရး၊ ယဥ္ေက်းမႈနဲ႔ သိပၸံ အဖြဲ႕ (UNESCO) က အသိအမွတ္ျပဳခံရေရး ေနာက္ဆုံးအဆိုျပဳစာတြဲမူၾကမ္းကို အခု ၂၀၂၀ ျပည့္ႏွစ္ ဇန္နဝါရီ လကုန္မွာ ကမာၻ႔ယဥ္ေက်းမႈအေမြ အႏွစ္ေကာ္မတီကို အၿပီးသတ္ေပးပို႔ေတာ့မွာ ျဖစ္တယ္လို႔ ေရွးေဟာင္းသုေတသနဌာန၊ ေျမာက္ဦးဌာနခြဲ ၫႊန္ၾကားေရးမႉး ေဒါက္တာသန္းထိုက္က ဘီဘီစီကို ေျပာပါတယ္။

ေျမာက္ဦးဇုံထဲက ေရွးေဟာင္းသမိုင္းဝင္ အေမြအႏွစ္ေတြကို ေရွးေဟာင္းသုေတသနဌာနနဲ႔ သမိုင္းအေထာက္အထား ရွာေဖြေရးအဖြဲ႕တို႔က ဦးေဆာင္ၿပီးေတာ့ အေမြအႏွစ္ေတြနဲ႔ပတ္သက္တဲ့ လက္ရွိအေျခအေနေတြ၊ သမိုင္းေၾကာင္းေတြ၊ ျပဳျပင္ထိန္းသိမ္းမႈလုပ္ငန္းစဥ္ေတြကို ျပဳစုေနၾကတာပါ။

ပထမ မူၾကမ္းကိုေတာ့ ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ စက္တင္ဘာ ၂၅ ရက္ေန႔မွာ တင္သြင္းခဲ့ပါတယ္။ အဲ့ဒီမူၾကမ္းမွာ ေျမာက္ဦးဇုံ ထဲက သမိုင္းဝင္အေမြအႏွစ္အမ်ိဳးအစား ၂၇ ခုနဲ႔ အေရအတြက္ေပါင္း ၁,၀၄၄ ခုတို႔ရဲ႕ သမိုင္းေၾကာင္းေတြကို ထည့္သြင္းေရးသားထားတာျဖစ္တယ္လို႔ ဆိုပါတယ္။

ပထမမူၾကမ္းမွာ ပါဝင္တဲ့ အေမြအႏွစ္အမ်ိဳးအစားေပါင္း ၂၇ ခုထဲမွာ နန္းေတာ္ကုန္း၊ တံတိုင္း၊ က်ဳံး၊ ေစတီပုထိုး၊ ပိဋကတ္တိုက္၊ စဥ့္ထည္၊ စဥ့္ဖို၊ ညီလာခံသဘင္က်င္းပခဲ့တဲ့ေနရာေတြ၊ စပါးက်ီေတြ အစရွိတဲ့ အေမြအႏွစ္အမ်ိဳးအစားေတြရဲ႕ အေၾကာင္းအရာေတြကို ထည့္သြင္းေရးသားထားေၾကာင္း သမိုင္းအေထာက္အထားရွာေဖြေရးအဖြဲ႕ ဥကၠ႒ ေဒၚခင္သန္းက ေျပာပါတယ္။

ေနာက္ဆုံးမူၾကမ္းကိုတင္သြင္းၿပီးလို႔ရွိရင္ တင္သြင္းထားၿပီးတဲ့မူၾကမ္းေတြနဲ႔ပတ္သက္လို႔ လိုအပ္ခ်က္ေတြကို ယူနက္စကိုဘက္ကေန ျမန္မာႏိုင္ငံကို ျပန္လည္ေပးပို႔သြားမွာျဖစ္ၿပီး အဲ့ဒီကေမးျမန္းခ်က္ေတြကို ထပ္မံျဖည့္သြင္းေရးသားမႈေတြ ဆက္လက္လုပ္ေဆာင္ရမွာျဖစ္တယ္လို႔ ေဒါက္တာသန္းထိုက္က ရွင္းျပပါတယ္။

မၾကာခင္တင္သြင္းေတာ့မယ့္ ေနာက္ဆုံးအဆိုျပဳစာတြဲမူၾကမ္းမွာ ေျမာက္ဦးၿမိဳ႕ရဲ႕ ထင္ရွားတဲ့သမိုင္းေၾကာင္းေတြ၊ ကာကြယ္ထိန္းသိမ္းမႈလုပ္ငန္းစဥ္၊ အေမြအႏွစ္ေဒသကို ေရရွည္စီမံခန႔္ခြဲအုပ္ခ်ဳပ္မႈေတြကို ဘယ္လိုလုပ္ေဆာင္သြားမယ္ ဆိုတဲ့အေသးစိတ္အေၾကာင္းအရာေတြကို တင္ျပသြားမယ့္ အဆိုျပဳစာတြဲျဖစ္ေၾကာင္း ေရွးေဟာင္းသုေတသနဌာနကေျပာပါတယ္။
ရခိုင္ စစ္ပြဲ အတြင္း ေျမာက္ဦး ေရွးေဟာင္း အေမြအႏွစ္ေတြ ထိခိုက္မႈ အတြက္ မွတ္တမ္းရယူဖို႔ ခက္ခဲေန
ေျမာက္ဦးအေမြအႏွစ္ဇုံကို ကမာၻ႔ယဥ္ေက်းမႈအေမြအႏွစ္ဇုံတစ္ခုအျဖစ္ စာရင္းဝင္ႏိုင္ေရးအတြက္ လြန္ခဲ့တဲ့ ၂၀၁၇ ခုႏွစ္ကေန ေဆာင္႐ြက္ေနၾကတာျဖစ္ၿပီး ႏွစ္ႏွစ္တာကလအတြင္းမွာ ပထမ အဆိုျပဳလႊာမူၾကမ္းကို တင္သြင္းႏိုင္ခဲ့ေၾကာင္းနဲ႔ အခု ၂၀၂၀ ႏွစ္စပိုင္းမွာ ေနာက္ဆုံးမူၾကမ္းကို တင္သြင္း ႏိုင္ေတာ့မွာလည္း ျဖစ္ပါတယ္။

သက္ဆိုင္ရာဌာနအဖြဲ႕အစည္းေတြအေနနဲ႔ အဆိုျပဳစာတြဲေတြကိုေရးသားႏိုင္ဖို႔အတြက္ ႏွစ္ႏွစ္တာကာလအတြင္းမွာ ေျမျပင္ကြင္းဆင္းတိုင္းတာတာေတြ၊ မွတ္တမ္းအေထာက္အထားယူတာေတြ၊ ေျမပုံေရးဆြဲတာေတြကို ျပဳလုပ္ခဲ့ရၿပီး ေနာက္ဆုံးအဆင့္ကိုေရာက္ရွိလာခဲ့တာလို႔ ေဒါက္တာသန္းထိုက္က ေျပာပါတယ္။

အဆိုျပဳလႊာမူၾကမ္းေရးဆြဲေရးအဖြဲ႕အေနနဲ႔ လက္ရွိရခိုင္စစ္ပြဲေတြမျဖစ္ပြားခင္ကာလမွာ ေကာက္ယူခဲ့တဲ့ ေျမျပင္ကြင္းဆင္းေလ့လာမႈေတြကရရွိလာခဲ့တဲ့ အခ်က္အလက္ေတြကို မူၾကမ္းေရးသားၿပီးတင္သြင္းႏိုင္ခဲ့ေပမယ့္ စစ္ပြဲေတြျဖစ္ပြားလာခဲ့ၿပီးတဲ့ေနာက္ပိုင္းမွာ ေျမျပင္ကြင္းဆင္းမႈလုပ္ငန္းေတြကို ရပ္တန႔္လိုက္ရတဲ့အတြက္ ေနာက္ထပ္စာရင္းေကာက္ယူဖို႔ အေမြအႏွစ္ေတြလည္း အမ်ားအျပားက်န္ရွိေနေသးတာျဖစ္ပါတယ္။
၂၀၂၁ ခုႏွစ္မွာ ေျမာက္ဦး ယူနက္စကို စာရင္း ဝင္မယ့္ ဆုံးျဖတ္ခ်က္ ခ်ဖို႔ရွိ
ကမာၻ႔အေမြအႏွစ္တင္သြင္းေရးအဖြဲ႕ကေန အဆိုျပဳလႊာမူၾကမ္းေတြကို တင္သြင္းၿပီးသြားလို႔ရွိရင္ လာမယ့္ ၂၀၂၁ ခုႏွစ္မွာ က်င္းပျပဳလုပ္မယ့္ ယူနက္စကို ညီလာခံကေန ေျမာက္ဦးအေမြအႏွစ္ဇုံကို လက္ခံ၊ မခံ ဆုံးျဖတ္သြားမွာျဖစ္တယ္လို႔ သမိုင္းအေထာက္အထားရွာေဖြေရးအဖြဲ႕ ဥကၠ႒ ေဒၚခင္သန္းကေျပာပါတယ္။

"ကြၽန္မတို႔ဘက္က တင္သြင္းထားတဲ့အခ်က္အလက္ေတြထဲမွာ လိုအပ္ခ်က္ေတြၿပီးျပည့္သြားၿပီ၊ ဖိုင္နယ္ျဖစ္သြားၿပီဆိုလို႔ ရွိရင္ တင္သြင္းတဲ့ကိစၥက ျပည့္စုံသြားၿပီေပါ့၊ ၂၀၂၀ စက္တင္ဘာေလာက္မွာ သူတို႔တရားဝင္လာစစ္မယ္၊ စစ္ၿပီးသြားလို႔ ရွိရင္ ၂၀၂၁ ဇြန္၊ဇူလိုင္ေလာက္မွာ တ႐ုတ္ႏိုင္ငံမွာ က်င္းပမယ့္ ၂၂ ႀကိမ္ေျမာက္ ကမာၻ႔ယဥ္ေက်းမႈအေမြအႏွစ္ ညီလာခံကေန ေျမာက္ဦးကို သြင္းသင့္မသြင္းသင့္ကို ဆုံးျဖတ္ပါလိမ့္မယ္" လို႔ ေဒၚခင္သန္းက ေျပာပါတယ္။

အဲ့ဒီမူၾကမ္းေတြမွာ ထည့္သြင္းရမယ့္ စီမံခန႔္ခြဲမႈဆိုင္ရာ လုပ္ငန္းစဥ္ေတြကို ယူနက္စကို၊ ကမာၻ႔ဘဏ္နဲ႔ ႏိုင္ငံေတာ္က ငွားရမ္းထားတဲ့ ပညာရွင္ေတြက ဝိုင္းဝန္းေရးဆြဲေပးထားတာ ျဖစ္ပါတယ္။
 ေအေအနဲ႔ တိုက္ပြဲေတြအတြင္း ေရွးေဟာင္းေစတီ တခ်ိဳ႕ပါ ထိခိုက္ခဲ့
ယူနက္စကိုအဖြဲ႕အေနနဲ႔ ေနာက္ဆုံးမူၾကမ္းလက္ခံရရွိၿပီးတဲ့ေနာက္ပိုင္းမွာ ေျမာက္ဦးကို ကမာၻ႔ယဥ္ေက်းမႈအေမြအႏွစ္အျဖစ္ တင္သြင္းမႈအေပၚ ေဒသခံေတြလက္ခံႏိုင္ျခင္း ရွိမရွိ၊ လူမႈအဖြဲ႕အစည္းေတြရဲ႕ သေဘာထားမွတ္ခ်က္ေတြ၊ ရဟန္းသံဃာေတြရဲ႕ သေဘာထားမွတ္ခ်က္ေတြနဲ႔ အစိုးရအဖြဲ႕အစည္းေတြရဲ႕ သေဘာထားမွတ္ခ်က္ေတြကို ရယူမႈေတြျပဳလုပ္သြားမွာလည္းျဖစ္ပါတယ္။

ေျမာက္ဦးကို ကမာၻ႔ယဥ္ေက်းမႈအေမြအႏွစ္ေဒသတစ္ခုအျဖစ္ အသိအမွတ္ျပဳခံရေရးအတြက္ ေဆာင္႐ြက္ေနမႈအေပၚမွာေတာ့ ေဒသခံေတြအေနနဲ႔ ရာႏႈန္းျပည့္လက္ခံတာမ်ိဳးမဟုတ္ဘဲ ၉၀ ရာခိုင္ႏႈန္းေလာက္သာ လက္ခံၾကၿပီးေတာ့ က်န္တဲ့ ၁၀ ရာခိုင္ႏႈန္းေလာက္က သူတို႔ေတြ႕ရဲ႕ ေနအိမ္ေတြ၊ အေဆာက္အအုံေတြကို ၿဖိဳဖ်က္ ေ႐ႊ႕ေျပာင္းေပးရမွာကို စိုးရိမ္မႈေတြရွိေနတယ္လို႔ ေျမာက္ဦးေဒသခံေတြက ေျပာပါတယ္။

အဲ့ဒီေျပာင္းေ႐ႊ႕ရႏိုင္တဲ့ လူေနရပ္ကြက္ေတြအတြင္းက ေနအိမ္ေတြအတြက္ ေျမာက္ဦးၿမိဳ႕သစ္စီမံကိန္းတစ္ခုကိုလည္း ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္အေစာပိုင္းကေန ျပည္နယ္အစိုးရက ေဆာင္႐ြက္ေနေပမယ့္ လက္ရွိအခ်ိန္ထိေတာ့ အဲ့ဒီစီမံကိန္းက အေကာင္အထည္ေဖာ္ေဆာင္ႏိုင္ျခင္းမရွိေသးပါဘူး။

ဒါ့အျပင္ ရခိုင္မွာ ျဖစ္ပြားေနတဲ့ တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ ေအေအ တို႔အၾကား တိုက္ပြဲေတြမွာ ေျမာက္ဦးက သမိုင္းအေမြအႏွစ္ေတြ၊ ဘုရား ေစတီေတြဟာ လက္နက္ႀကီးက်ည္ေတြ က်ေရာက္ေပါက္ကြဲတဲ့အတြက္ ပ်က္စီးမႈတခ်ိဳ႕လည္း ရွိခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၉ ဒီဇင္ဘာလလယ္ေလာက္က ေျမာက္ဦးၿမိဳ႕နဲ႔ ၅ မိုင္အကြာမွာရွိတဲ့ သက္တမ္းႏွစ္ေပါင္း ၆၀၀ ေက်ာ္ ၾကာျမင့္ေနၿပီျဖစ္တဲ့ သက်ၤစ္ေတာ္ေစတီေတာ္မွာ လက္နက္ႀကီးက်ည္ေတြက်ေရာက္ခဲ့တဲ့အတြက္ ထိခိုက္မႈေတြ ျဖစ္ပြားခဲ့ပါတယ္။

စစ္ပြဲ ကာလ တစ္ႏွစ္တာအတြင္း အခုလိုမ်ိဳး စစ္ေဘးဒဏ္ေၾကာင့္ ထိခိုက္ပ်က္စီးခဲ့ရတဲ့ သမိုင္းအေမြအႏွစ္ေတြ ဘယ္ေလာက္ထိရွိေနၿပီလဲဆိုတာကိုေတာ့ လုံၿခဳံေရးအေျခအေနအရ သက္ဆိုင္ရာဌာနအဖြဲ႕အစည္းေတြကေန ေျမျပင္ကြင္းဆင္းၿပီး သြားေရာက္မွတ္တမ္းရယူဖို႔ ခက္ခဲေနတယ္လို႔ ေရွးေဟာင္းသုေတသနဌာနကေျပာပါတယ္။

ေျမာက္ဦးနယ္ေျမအတြင္းမွာ အပစ္ခတ္ရပ္စဲမႈေတြမရွိေသးတဲ့အတြက္ အဲ့ဒီလက္ရွိျဖစ္ပြားေနတဲ့တိုက္ပြဲေတြက ကမာၻ႔အေမြအႏွစ္ေဒသအျဖစ္ လက္ခံႏိုင္ေရးအေပၚမွာ ထိခိုက္မႈေတြေတာ့ ရွိလာႏိုင္တယ္လို႔ သုံးသပ္မႈေတြလည္းရွိေနတာပါ။

BBC Burmese
https://www.bbc.com
---------
(Unicode)⤵⤵⤵
မြောက်ဦး ယဉ်ကျေးမှု နယ်မြေ အတွက် နောက်ဆုံးအဆိုပြုမူကြမ်းကို ဇန်နဝါရီလကုန်မှာ ကမ္ဘာ့ အမွေနှစ် ကော်မတီကို တင်ဖို့ရှိ


Image caption မြောက်ဦး ရှေးဟောင်းဒေသဟာ ရခိုင်စစ်ပွဲ ဒဏ်လည်း ခံနေရ

နှစ်ပေါင်း ၅၀၀ ကျော်သက်တမ်းရှိနေပြီဖြစ်တဲ့ ရခိုင်ပြည်နယ်အတွင်းက မြောက်ဦး ယဉ်ကျေးမှုအမွေ အနှစ်ဒေသကို ကမ္ဘာ့ ယဉ်ကျေးမှု အမွေ အနှစ် စာရင်းဝင် အဖြစ် ကုလသမဂ္ဂ ပညာရေး၊ ယဉ်ကျေးမှုနဲ့ သိပ္ပံ အဖွဲ့ (UNESCO) က အသိအမှတ်ပြုခံရရေး နောက်ဆုံးအဆိုပြုစာတွဲမူကြမ်းကို အခု ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ လကုန်မှာ ကမ္ဘာ့ယဉ်ကျေးမှုအမွေ အနှစ်ကော်မတီကို အပြီးသတ်ပေးပို့တော့မှာ ဖြစ်တယ်လို့ ရှေးဟောင်းသုတေသနဌာန၊ မြောက်ဦးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်က ဘီဘီစီကို ပြောပါတယ်။

မြောက်ဦးဇုံထဲက ရှေးဟောင်းသမိုင်းဝင် အမွေအနှစ်တွေကို ရှေးဟောင်းသုတေသနဌာနနဲ့ သမိုင်းအထောက်အထား ရှာဖွေရေးအဖွဲ့တို့က ဦးဆောင်ပြီးတော့ အမွေအနှစ်တွေနဲ့ပတ်သက်တဲ့ လက်ရှိအခြေအနေတွေ၊ သမိုင်းကြောင်းတွေ၊ ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းစဉ်တွေကို ပြုစုနေကြတာပါ။

ပထမ မူကြမ်းကိုတော့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၅ ရက်နေ့မှာ တင်သွင်းခဲ့ပါတယ်။ အဲ့ဒီမူကြမ်းမှာ မြောက်ဦးဇုံ ထဲက သမိုင်းဝင်အမွေအနှစ်အမျိုးအစား ၂၇ ခုနဲ့ အရေအတွက်ပေါင်း ၁,၀၄၄ ခုတို့ရဲ့ သမိုင်းကြောင်းတွေကို ထည့်သွင်းရေးသားထားတာဖြစ်တယ်လို့ ဆိုပါတယ်။

ပထမမူကြမ်းမှာ ပါဝင်တဲ့ အမွေအနှစ်အမျိုးအစားပေါင်း ၂၇ ခုထဲမှာ နန်းတော်ကုန်း၊ တံတိုင်း၊ ကျုံး၊ စေတီပုထိုး၊ ပိဋကတ်တိုက်၊ စဉ့်ထည်၊ စဉ့်ဖို၊ ညီလာခံသဘင်ကျင်းပခဲ့တဲ့နေရာတွေ၊ စပါးကျီတွေ အစရှိတဲ့ အမွေအနှစ်အမျိုးအစားတွေရဲ့ အကြောင်းအရာတွေကို ထည့်သွင်းရေးသားထားကြောင်း သမိုင်းအထောက်အထားရှာဖွေရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းက ပြောပါတယ်။

နောက်ဆုံးမူကြမ်းကိုတင်သွင်းပြီးလို့ရှိရင် တင်သွင်းထားပြီးတဲ့မူကြမ်းတွေနဲ့ပတ်သက်လို့ လိုအပ်ချက်တွေကို ယူနက်စကိုဘက်ကနေ မြန်မာနိုင်ငံကို ပြန်လည်ပေးပို့သွားမှာဖြစ်ပြီး အဲ့ဒီကမေးမြန်းချက်တွေကို ထပ်မံဖြည့်သွင်းရေးသားမှုတွေ ဆက်လက်လုပ်ဆောင်ရမှာဖြစ်တယ်လို့ ဒေါက်တာသန်းထိုက်က ရှင်းပြပါတယ်။

မကြာခင်တင်သွင်းတော့မယ့် နောက်ဆုံးအဆိုပြုစာတွဲမူကြမ်းမှာ မြောက်ဦးမြို့ရဲ့ ထင်ရှားတဲ့သမိုင်းကြောင်းတွေ၊ ကာကွယ်ထိန်းသိမ်းမှုလုပ်ငန်းစဉ်၊ အမွေအနှစ်ဒေသကို ရေရှည်စီမံခန့်ခွဲအုပ်ချုပ်မှုတွေကို ဘယ်လိုလုပ်ဆောင်သွားမယ် ဆိုတဲ့အသေးစိတ်အကြောင်းအရာတွေကို တင်ပြသွားမယ့် အဆိုပြုစာတွဲဖြစ်ကြောင်း ရှေးဟောင်းသုတေသနဌာနကပြောပါတယ်။

ဓာတ်ပုံ မူပိုင် Myint Lwin
Image caption ရခိုင် စစ်ပွဲ အတွင်း မြောက်ဦး ရှေးဟောင်း အမွေအနှစ်တွေ ထိခိုက်မှု အတွက် မှတ်တမ်းရယူဖို့ ခက်ခဲနေ

    မြောက်ဦးတိုက်ပွဲ - ရန်ကုန်-စစ်တွေလမ်းက မြောက်ဦး-ကျောက်တော်လမ်းပိတ်
    မြောက်ဦးနဲ့ပလက်၀ အပါအဝင် တိုင်းနဲ့ပြည်နယ်၅ခုက မြို့နယ်အချို့ကို နိုင်ငံခြားသားသွားလာခွင့်ပိတ်

မြောက်ဦးအမွေအနှစ်ဇုံကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဇုံတစ်ခုအဖြစ် စာရင်းဝင်နိုင်ရေးအတွက် လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်ကနေ ဆောင်ရွက်နေကြတာဖြစ်ပြီး နှစ်နှစ်တာကလအတွင်းမှာ ပထမ အဆိုပြုလွှာမူကြမ်းကို တင်သွင်းနိုင်ခဲ့ကြောင်းနဲ့ အခု ၂၀၂၀ နှစ်စပိုင်းမှာ နောက်ဆုံးမူကြမ်းကို တင်သွင်း နိုင်တော့မှာလည်း ဖြစ်ပါတယ်။

သက်ဆိုင်ရာဌာနအဖွဲ့အစည်းတွေအနေနဲ့ အဆိုပြုစာတွဲတွေကိုရေးသားနိုင်ဖို့အတွက် နှစ်နှစ်တာကာလအတွင်းမှာ မြေပြင်ကွင်းဆင်းတိုင်းတာတာတွေ၊ မှတ်တမ်းအထောက်အထားယူတာတွေ၊ မြေပုံရေးဆွဲတာတွေကို ပြုလုပ်ခဲ့ရပြီး နောက်ဆုံးအဆင့်ကိုရောက်ရှိလာခဲ့တာလို့ ဒေါက်တာသန်းထိုက်က ပြောပါတယ်။

အဆိုပြုလွှာမူကြမ်းရေးဆွဲရေးအဖွဲ့အနေနဲ့ လက်ရှိရခိုင်စစ်ပွဲတွေမဖြစ်ပွားခင်ကာလမှာ ကောက်ယူခဲ့တဲ့ မြေပြင်ကွင်းဆင်းလေ့လာမှုတွေကရရှိလာခဲ့တဲ့ အချက်အလက်တွေကို မူကြမ်းရေးသားပြီးတင်သွင်းနိုင်ခဲ့ပေမယ့် စစ်ပွဲတွေဖြစ်ပွားလာခဲ့ပြီးတဲ့နောက်ပိုင်းမှာ မြေပြင်ကွင်းဆင်းမှုလုပ်ငန်းတွေကို ရပ်တန့်လိုက်ရတဲ့အတွက် နောက်ထပ်စာရင်းကောက်ယူဖို့ အမွေအနှစ်တွေလည်း အများအပြားကျန်ရှိနေသေးတာဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် Myint Lwin
Image caption ၂၀၂၁ ခုနှစ်မှာ မြောက်ဦး ယူနက်စကို စာရင်း ဝင်မယ့် ဆုံးဖြတ်ချက် ချဖို့ရှိ

ကမ္ဘာ့အမွေအနှစ်တင်သွင်းရေးအဖွဲ့ကနေ အဆိုပြုလွှာမူကြမ်းတွေကို တင်သွင်းပြီးသွားလို့ရှိရင် လာမယ့် ၂၀၂၁ ခုနှစ်မှာ ကျင်းပပြုလုပ်မယ့် ယူနက်စကို ညီလာခံကနေ မြောက်ဦးအမွေအနှစ်ဇုံကို လက်ခံ၊ မခံ ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ သမိုင်းအထောက်အထားရှာဖွေရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းကပြောပါတယ်။

"ကျွန်မတို့ဘက်က တင်သွင်းထားတဲ့အချက်အလက်တွေထဲမှာ လိုအပ်ချက်တွေပြီးပြည့်သွားပြီ၊ ဖိုင်နယ်ဖြစ်သွားပြီဆိုလို့ ရှိရင် တင်သွင်းတဲ့ကိစ္စက ပြည့်စုံသွားပြီပေါ့၊ ၂၀၂၀ စက်တင်ဘာလောက်မှာ သူတို့တရားဝင်လာစစ်မယ်၊ စစ်ပြီးသွားလို့ ရှိရင် ၂၀၂၁ ဇွန်၊ဇူလိုင်လောက်မှာ တရုတ်နိုင်ငံမှာ ကျင်းပမယ့် ၂၂ ကြိမ်မြောက် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် ညီလာခံကနေ မြောက်ဦးကို သွင်းသင့်မသွင်းသင့်ကို ဆုံးဖြတ်ပါလိမ့်မယ်" လို့ ဒေါ်ခင်သန်းက ပြောပါတယ်။

အဲ့ဒီမူကြမ်းတွေမှာ ထည့်သွင်းရမယ့် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းစဉ်တွေကို ယူနက်စကို၊ ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတော်က ငှားရမ်းထားတဲ့ ပညာရှင်တွေက ဝိုင်းဝန်းရေးဆွဲပေးထားတာ ဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် Myint Lwin
Image caption အေအေနဲ့ တိုက်ပွဲတွေအတွင်း ရှေးဟောင်းစေတီ တချို့ပါ ထိခိုက်ခဲ့

ယူနက်စကိုအဖွဲ့အနေနဲ့ နောက်ဆုံးမူကြမ်းလက်ခံရရှိပြီးတဲ့နောက်ပိုင်းမှာ မြောက်ဦးကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် တင်သွင်းမှုအပေါ် ဒေသခံတွေလက်ခံနိုင်ခြင်း ရှိမရှိ၊ လူမှုအဖွဲ့အစည်းတွေရဲ့ သဘောထားမှတ်ချက်တွေ၊ ရဟန်းသံဃာတွေရဲ့ သဘောထားမှတ်ချက်တွေနဲ့ အစိုးရအဖွဲ့အစည်းတွေရဲ့ သဘောထားမှတ်ချက်တွေကို ရယူမှုတွေပြုလုပ်သွားမှာလည်းဖြစ်ပါတယ်။

မြောက်ဦးကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဒေသတစ်ခုအဖြစ် အသိအမှတ်ပြုခံရရေးအတွက် ဆောင်ရွက်နေမှုအပေါ်မှာတော့ ဒေသခံတွေအနေနဲ့ ရာနှုန်းပြည့်လက်ခံတာမျိုးမဟုတ်ဘဲ ၉၀ ရာခိုင်နှုန်းလောက်သာ လက်ခံကြပြီးတော့ ကျန်တဲ့ ၁၀ ရာခိုင်နှုန်းလောက်က သူတို့တွေ့ရဲ့ နေအိမ်တွေ၊ အဆောက်အအုံတွေကို ဖြိုဖျက် ရွှေ့ပြောင်းပေးရမှာကို စိုးရိမ်မှုတွေရှိနေတယ်လို့ မြောက်ဦးဒေသခံတွေက ပြောပါတယ်။

အဲ့ဒီပြောင်းရွှေ့ရနိုင်တဲ့ လူနေရပ်ကွက်တွေအတွင်းက နေအိမ်တွေအတွက် မြောက်ဦးမြို့သစ်စီမံကိန်းတစ်ခုကိုလည်း ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အစောပိုင်းကနေ ပြည်နယ်အစိုးရက ဆောင်ရွက်နေပေမယ့် လက်ရှိအချိန်ထိတော့ အဲ့ဒီစီမံကိန်းက အကောင်အထည်ဖော်ဆောင်နိုင်ခြင်းမရှိသေးပါဘူး။

ဒါ့အပြင် ရခိုင်မှာ ဖြစ်ပွားနေတဲ့ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေ တို့အကြား တိုက်ပွဲတွေမှာ မြောက်ဦးက သမိုင်းအမွေအနှစ်တွေ၊ ဘုရား စေတီတွေဟာ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲတဲ့အတွက် ပျက်စီးမှုတချို့လည်း ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ဒီဇင်ဘာလလယ်လောက်က မြောက်ဦးမြို့နဲ့ ၅ မိုင်အကွာမှာရှိတဲ့ သက်တမ်းနှစ်ပေါင်း ၆၀၀ ကျော် ကြာမြင့်နေပြီဖြစ်တဲ့ သင်္ကျစ်တော်စေတီတော်မှာ လက်နက်ကြီးကျည်တွေကျရောက်ခဲ့တဲ့အတွက် ထိခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

စစ်ပွဲ ကာလ တစ်နှစ်တာအတွင်း အခုလိုမျိုး စစ်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ သမိုင်းအမွေအနှစ်တွေ ဘယ်လောက်ထိရှိနေပြီလဲဆိုတာကိုတော့ လုံခြုံရေးအခြေအနေအရ သက်ဆိုင်ရာဌာနအဖွဲ့အစည်းတွေကနေ မြေပြင်ကွင်းဆင်းပြီး သွားရောက်မှတ်တမ်းရယူဖို့ ခက်ခဲနေတယ်လို့ ရှေးဟောင်းသုတေသနဌာနကပြောပါတယ်။

မြောက်ဦးနယ်မြေအတွင်းမှာ အပစ်ခတ်ရပ်စဲမှုတွေမရှိသေးတဲ့အတွက် အဲ့ဒီလက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေက ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် လက်ခံနိုင်ရေးအပေါ်မှာ ထိခိုက်မှုတွေတော့ ရှိလာနိုင်တယ်လို့ သုံးသပ်မှုတွေလည်းရှိနေတာပါ။

BBC Burmese
https://www.bbc.com

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ