တိုက္ပြဲရွိေနေပမယ့္ ကုလားတန္စီမံကိန္း ဆက္လုပ္မယ္လို႔ အိႏၵိယသံအမတ္ေျပာ

ျမန္မာႏိုင္ငံဆိုင္ရာ အိႏၵိယသံအမတ္ႀကီး Shri. Saurabh Kuma ကို ၂၀၂၀ ဇန္နဝါရီ ၂၁ ရက္ေန႔ကေတြ႕ရစဥ္ / Photo: Min Thein Aung/RFA
(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္၊ ခ်င္းျပည္နယ္ကေန အိႏၵိယႏိုင္ငံကိုဆက္သြယ္မယ့္ ကုလားတန္စီမံကိန္းကို အခက္အခဲေတြ ရွိေပမယ့္ ၿပီးဆုံးေအာင္အေကာင္အထည္ေဖာ္မယ္လို႔ ျမန္မာႏိုင္ငံဆိုင္ရာ အိႏၵိယသံအမတ္ႀကီး Shri. Saurabh Kuma က ေျပာဆိုလိုက္ပါတယ္။

အိႏၵိယႏိုင္ငံက အေကာင္အထည္ေဖာ္ေနတဲ့ ကုလားတန္ျမစ္ေၾကာင္း ဘက္စုံဖြံ႕ၿဖိဳးေရးစီမံကိန္းမွာ စစ္ေတြနဲ႔ ပလက္ဝဆိပ္ကမ္းကို တည္ေဆာက္ၿပီးစီးေနၿပီျဖစ္ေပမယ့္ ပလက္ဝကေန အိႏၵိယႏိုင္ငံ ဇိုရမ္ပူျပည္နယ္အထိ ေမာ္ေတာ္ကားလမ္းစီမံကိန္းကိုေတာ့ ေဆာင္႐ြက္ေနဆဲျဖစ္ပါတယ္။

ကုလားတန္ျမစ္ေၾကာင္းတေလွ်ာက္နဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္အတြင္းမွာ တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ AA တို႔ ႏွစ္ဘက္တိုက္ပြဲေတြ ျပင္းထန္ေနတာပါ။

ျမန္မာႏိုင္ငံဆိုင္ရာ အိႏၵိယသံအမတ္ႀကီး  Shri. Saurabh Kuma ကေတာ့ လုံၿခဳံေရးအခက္အခဲေတြရွိေပမယ့္ ေမာ္ေတာ္ကားလမ္းစီမံကိန္းကိုေတာ့ အျမန္ဆုံးၿပီးစီးေအာင္ အေကာင္အထည္ေဖာ္မယ္လို႔ ဒီေန႔ စစ္ေတြၿမိဳ႕မွာ သတင္းေထာက္ေတြကို စကားျပန္ကေနတဆင့္ ေျပာပါတယ္။

ကုလားတန္စီမံကိန္းမွာ စိန္ေခၚမႈအခက္အခဲ အမ်ားအျပားႀကဳံေတြ႕ေနရၿပီး ပလက္ဝ-ဇိုရမ္ပူ ေမာ္ေတာ္ကား လမ္းစီမံကိန္းမွာဆိုရင္ လုံၿခဳံေရးအရ လုပ္ငန္းေတြေႏွာင့္ေႏွးၾကန႔္ၾကာတာ၊ သြားေရးလာေရး အဆင္မေျပတာေတြ ရွိေနတယ္လို႔ဆိုပါတယ္။

ဒါေပမဲ့လုပ္ငန္းေတြအတြက္ ညႇိႏႈိင္းမႈေတြလုပ္ၿပီး အေကာင္းဆုံးျဖစ္ေအာင္ေဆာင္႐ြက္ဖို႔ စီစဥ္ေနတယ္လို႔ သံအမတ္ႀကီး ကေျပာပါတယ္။

စီမံကိန္းနဲ႔ပတ္သက္လို႔ အိႏၵိယႏိုင္ငံအေနနဲ႔ ရကၡိဳင့္တပ္ေတာ္ AA နဲ႔ ညႇိႏႈိင္းတာေတြ လုပ္ေဆာင္ဖို႔ရွိသလားလို႔ RFA ကေမးျမန္းရာမွာေတာ့ သံအမတ္ႀကီးက တိတိက်က်တုံ႔ျပန္ေျဖၾကားျခင္းမရွိခဲ့ပါဘူး။

ရကၡိဳင့္တပ္ေတာ္ AA ရဲ႕ေျပာခြင့္ရသူ ဦးခိုင္သုခ ကေတာ့ ေအေအအဖြဲ႕အေနနဲ႔ ဒီစီမံကိန္းကို ကန႔္ကြက္စရာ အေၾကာင္းမရွိဘူးလို႔ ေျပာပါတယ္။

အိႏၵိယအစိုးရအေနနဲ႔ ကုလားတန္စီမံကိန္းမွာပါဝင္တဲ့ စစ္ေတြဆိပ္ကမ္း၊ ပလက္ဝဆိပ္ကမ္းနဲ႔ ပလက္ဝ-ဇိုရမ္ပူ ကားလမ္းစီမံကိန္းကို ၿပီးခဲ့တဲ့ ၂၀၁၀ ခုႏွစ္ေလာက္ကေနစၿပီး အေကာင္အထည္ေဖာ္ေနတာျဖစ္ပါတယ္။

ၿပီးစီးေနၿပီျဖစ္တဲ့ စစ္ေတြဆိပ္ကမ္းကိုေတာ့ မၾကာခင္ အိႏၵိယကုမၸဏီတစ္ခုကို လႊဲေျပာင္းေပးအပ္သြား မွာျဖစ္တယ္လို႔ သံအမတ္ႀကီး  Shri. Saurabh Kuma ေျပာပါတယ္။

ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးညီပုကလည္း အိႏၵိယႏိုင္ငံက ရခိုင္ျပည္နယ္မွာ ရင္းႏွီးျမႇဳပ္ႏွံမႈေတြလုပ္ဖို႔ အစိုးရနဲ႔သေဘာတူထားတယ္လို႔ဆိုပါတယ္။

ဘယ္လိုေနရာေတြမွာ ရင္းႏွီးျမႇဳပ္ႏွံမယ္ဆိုတာကိုေတာ့ ဝန္ႀကီးခ်ဳပ္ဦးညီပုက ေျပာသြားတာမရွိပါဘူး။

အိႏၵိယႏိုင္ငံက ရခိုင္ျပည္နယ္က စစ္ေဘးဒုကၡသည္ေတြအတြက္ အေမရိကန္ေဒၚလာ ႏွစ္သိန္းသုံးေသာင္းေက်ာ္ တန္ဖိုးရွိတဲ့ ဆန္အိတ္ ႏွစ္ေသာင္းနဲ႔ အျခားစားနပ္ရိကၡာေတြ၊ တာေပၚလင္စေတြကို ရခိုင္ျပည္နယ္ အစိုးရအဖြဲ႕ထံ စစ္ေတြၿမိဳ႕ အိႏၵိယဆိပ္ကမ္းမွာ ဒီေန႔ လႊဲေျပာင္းေပးခဲ့တာပါ။

အခုလိုမ်ိဳးေနာက္ထပ္လည္း ဆက္လက္ကူညီပံ့ပိုးသြားမယ္လို႔ ျမန္မာႏိုင္ငံဆိုင္ရာ အိႏၵိယသံအမတ္ႀကီးက ေျပာဆိုခဲ့ပါတယ္။

RFA Burmese
https://www.rfa.org
------------
(Unicode)⤵⤵⤵
တိုက်ပွဲရှိနေပေမယ့် ကုလားတန်စီမံကိန်း ဆက်လုပ်မယ်လို့ အိန္ဒိယသံအမတ်ပြော

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Shri. Saurabh Kuma ကို ၂၀၂၀ ဇန်နဝါရီ ၂၁ ရက်နေ့ကတွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်ကနေ အိန္ဒိယနိုင်ငံကိုဆက်သွယ်မယ့် ကုလားတန်စီမံကိန်းကို အခက်အခဲတွေ ရှိပေမယ့် ပြီးဆုံးအောင်အကောင်အထည်ဖော်မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Shri. Saurabh Kuma က ပြောဆိုလိုက်ပါတယ်။

အိန္ဒိယနိုင်ငံက အကောင်အထည်ဖော်နေတဲ့ ကုလားတန်မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းမှာ စစ်တွေနဲ့ ပလက်ဝဆိပ်ကမ်းကို တည်ဆောက်ပြီးစီးနေပြီဖြစ်ပေမယ့် ပလက်ဝကနေ အိန္ဒိယနိုင်ငံ ဇိုရမ်ပူပြည်နယ်အထိ မော်တော်ကားလမ်းစီမံကိန်းကိုတော့ ဆောင်ရွက်နေဆဲဖြစ်ပါတယ်။

ကုလားတန်မြစ်ကြောင်းတလျှောက်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေတာပါ။

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး  Shri. Saurabh Kuma ကတော့ လုံခြုံရေးအခက်အခဲတွေရှိပေမယ့် မော်တော်ကားလမ်းစီမံကိန်းကိုတော့ အမြန်ဆုံးပြီးစီးအောင် အကောင်အထည်ဖော်မယ်လို့ ဒီနေ့ စစ်တွေမြို့မှာ သတင်းထောက်တွေကို စကားပြန်ကနေတဆင့် ပြောပါတယ်။

ကုလားတန်စီမံကိန်းမှာ စိန်ခေါ်မှုအခက်အခဲ အများအပြားကြုံတွေ့နေရပြီး ပလက်ဝ-ဇိုရမ်ပူ မော်တော်ကား လမ်းစီမံကိန်းမှာဆိုရင် လုံခြုံရေးအရ လုပ်ငန်းတွေနှောင့်နှေးကြန့်ကြာတာ၊ သွားရေးလာရေး အဆင်မပြေတာတွေ ရှိနေတယ်လို့ဆိုပါတယ်။

ဒါပေမဲ့လုပ်ငန်းတွေအတွက် ညှိနှိုင်းမှုတွေလုပ်ပြီး အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်ဖို့ စီစဉ်နေတယ်လို့ သံအမတ်ကြီး ကပြောပါတယ်။

စီမံကိန်းနဲ့ပတ်သက်လို့ အိန္ဒိယနိုင်ငံအနေနဲ့ ရက္ခိုင့်တပ်တော် AA နဲ့ ညှိနှိုင်းတာတွေ လုပ်ဆောင်ဖို့ရှိသလားလို့ RFA ကမေးမြန်းရာမှာတော့ သံအမတ်ကြီးက တိတိကျကျတုံ့ပြန်ဖြေကြားခြင်းမရှိခဲ့ပါဘူး။

ရက္ခိုင့်တပ်တော် AA ရဲ့ပြောခွင့်ရသူ ဦးခိုင်သုခ ကတော့ အေအေအဖွဲ့အနေနဲ့ ဒီစီမံကိန်းကို ကန့်ကွက်စရာ အကြောင်းမရှိဘူးလို့ ပြောပါတယ်။

အိန္ဒိယအစိုးရအနေနဲ့ ကုလားတန်စီမံကိန်းမှာပါဝင်တဲ့ စစ်တွေဆိပ်ကမ်း၊ ပလက်ဝဆိပ်ကမ်းနဲ့ ပလက်ဝ-ဇိုရမ်ပူ ကားလမ်းစီမံကိန်းကို ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်လောက်ကနေစပြီး အကောင်အထည်ဖော်နေတာဖြစ်ပါတယ်။

ပြီးစီးနေပြီဖြစ်တဲ့ စစ်တွေဆိပ်ကမ်းကိုတော့ မကြာခင် အိန္ဒိယကုမ္ပဏီတစ်ခုကို လွှဲပြောင်းပေးအပ်သွား မှာဖြစ်တယ်လို့ သံအမတ်ကြီး  Shri. Saurabh Kuma ပြောပါတယ်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကလည်း အိန္ဒိယနိုင်ငံက ရခိုင်ပြည်နယ်မှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ အစိုးရနဲ့သဘောတူထားတယ်လို့ဆိုပါတယ်။

ဘယ်လိုနေရာတွေမှာ ရင်းနှီးမြှုပ်နှံမယ်ဆိုတာကိုတော့ ဝန်ကြီးချုပ်ဦးညီပုက ပြောသွားတာမရှိပါဘူး။

အိန္ဒိယနိုင်ငံက ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေအတွက် အမေရိကန်ဒေါ်လာ နှစ်သိန်းသုံးသောင်းကျော် တန်ဖိုးရှိတဲ့ ဆန်အိတ် နှစ်သောင်းနဲ့ အခြားစားနပ်ရိက္ခာတွေ၊ တာပေါ်လင်စတွေကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံ စစ်တွေမြို့ အိန္ဒိယဆိပ်ကမ်းမှာ ဒီနေ့ လွှဲပြောင်းပေးခဲ့တာပါ။

အခုလိုမျိုးနောက်ထပ်လည်း ဆက်လက်ကူညီပံ့ပိုးသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးက ပြောဆိုခဲ့ပါတယ်။

RFA Burmese
https://www.rfa.org
တိုက္ပြဲရွိေနေပမယ့္ ကုလားတန္စီမံကိန္း ဆက္လုပ္မယ္လို႔ အိႏၵိယသံအမတ္ေျပာ တိုက္ပြဲရွိေနေပမယ့္ ကုလားတန္စီမံကိန္း ဆက္လုပ္မယ္လို႔ အိႏၵိယသံအမတ္ေျပာ Reviewed by THITHTOOLWIN on 22:53 Rating: 5
Powered by Blogger.