ICJ တရား႐ုံး ၾကားျဖတ္အမိန႔္နဲ႔ သက္ေရာက္မႈမ်ား

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ICJ မွာ ဂမ္ဘီယာႏိုင္ငံရဲ႕ စြပ္စြဲခ်က္ကို ၂၀၁၉၊ ဒီဇင္ဘာ ၁၁ရက္ ေန႔က ျပန္လည္ေခ်ပစဥ္
Photo: Myanmar State Counsellor Office
(Zawgyi)⤵⤵⤵
ဂမ္ဘီယာႏိုင္ငံက ျမန္မာႏိုင္ငံကို လူမ်ိဳးတုံးသတ္ျဖတ္မႈနဲ႔ တရားစြဲဆိုထားတာကို အျပည္ျပည္ဆိုင္ရာတရား႐ုံး ICJ က လာမယ့္ ဇန္နဝါရီလ ၂၃ ရက္ေန႔ ျမန္မာစံေတာ္ခ်ိန္ ၃ နာရီခြဲမွာ ၾကားျဖတ္အမိန႔္တစ္ရပ္ခ်မွတ္မွာပါ။

လာမယ့္ ဇန္နဝါရီလ ၂၃ ရက္ေန႔ ခ်မွတ္မယ့္အမိန႔္ဟာ ေနာက္ဆုံးအမိန႔္မဟုတ္ဘဲ ဂမ္ဘီယာႏိုင္ငံက တရားလို လုပ္ တင္ျပခ်က္အေပၚ ျမန္မာႏိုင္ငံက ၿပီးခဲ့တဲ့ ဒီဇင္ဘာလလယ္က ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ သြားေရာက္ေခ်ပခဲ့မႈနဲ႔ ပတ္သက္ၿပီး အမႈကို ေရွ႕ဆက္ေဆာင္႐ြက္သင့္မသင့္ တရား႐ုံးက ဆုံးျဖတ္ခ်က္ခ်မွာပါ။

တကယ္လို႔ ဂမ္ဘီယာရဲ႕ စြပ္စြဲခ်က္အတိုင္း လူမ်ိဳးတုံးသတ္ျဖတ္မႈရွိတယ္လို႔ သံသယရွိတာေၾကာင့္ စစ္ေဆးဖို႔ လိုအပ္ေၾကာင္း တရား႐ုံးက ဆုံးျဖတ္လိုက္မယ္ဆိုရင္ ခိုင္လုံတဲ့သက္ေသေတြရွာဖို႔၊ စြပ္စြဲခ်က္ေတြကို ေခ်ပဖို႔ စတဲ့လုပ္ငန္းစဥ္ေတြ ဆက္ရွိလာၿပီး ဒီအမႈကို ႏွစ္နဲ႔ခ်ီဆက္လက္စစ္ေဆးေဆာင္႐ြက္ရမွာ ျဖစ္ပါတယ္။

အဲဒီလိုမဟုတ္ဘဲ ျမန္မာဘက္က တင္ျပတဲ့အတိုင္း အမႈကို ႐ုပ္သိမ္းေပးလိုက္မယ္ဆိုရင္ေတာ့ လာမယ့္ ဇန္နဝါရီလ ၂၃ ရက္ေန႔မွာ ဒီတရားစြဲဆိုမႈက လုံးဝၿပီးဆုံးသြားမွာ ျဖစ္ပါတယ္။

ဂမ္ဘီယာရဲ႕ တရားစြဲဆိုမႈကို ပလပ္ဖို႔ ICJ က ဆုံးျဖတ္လိုက္ရင္ တျခားႏိုင္ငံတကာတရား႐ုံးေတြမွာ ျမန္မာႏိုင္ငံအေပၚ တရားစြဲဆိုဖို႔ ျပင္ဆင္ေနတာေတြနဲ႔ တရားစြဲဆိုထားမႈေတြပါ ၿပီးစီးသြားႏိုင္မွာျဖစ္တယ္လို႔ ေနာ္ေဝႏိုင္ငံမွာ ေနထိုင္ေနတဲ့ ႏိုင္ငံတကာဥပေဒကြၽမ္းက်င္သူ၊ ျမန္မာေရွ႕ေန ဦးမင္းလြင္ဦး က ေျပာပါတယ္။

“အမႈကို ပလပ္ဖို႔အတြက္ ဆုံးျဖတ္လိုက္တယ္ဆိုရင္ အာဂ်င္တီးနားမွာ စြဲဆိုထားတဲ့အမႈေတြ၊ ေနာက္ၿပီးေတာ့ ICC မွာ စြဲဆိုမယ့္အမႈေတြအားလုံး၊ ရပ္တန႔္သြားႏိုင္မယ့္ အေျခအေနမ်ိဳးျဖစ္တဲ့အတြက္ အဲဒါကိုေတာ့ ျဖစ္ႏိုင္ပါေစလို႔ က်ေနာ္တို႔က ဆုေတာင္းတာေပါ့ဗ်ာ။”

ဂမ္ဘီယာႏိုင္ငံက ျမန္မာကို တရားစြဲဆိုထားတဲ့အမႈနဲ႔ပတ္သက္လို႔ ၾကားျဖတ္အမိန႔္ခ်မယ့္ ၂၃ ရက္ေန႔မွာ ျမန္မာဘက္က ကိုယ္စားလွယ္အဖြဲ႕လည္း ICJ ကို သြားေရာက္ရမွာ ျဖစ္ပါတယ္။

ႏိုင္ငံတကာဥပေဒပညာရွင္ေတြကေတာ့ ဒီအမိန႔္ခ်မွတ္မယ့္ေနမွာ ႏွစ္ႏိုင္ငံဘက္က တရား႐ုံးထံ တင္ျပရမယ့္က႑ မပါရွိဘဲ တရား႐ုံးရဲ႕ ဆုံးျဖတ္ခ်က္ကိုသာ လက္ခံရမွာျဖစ္တယ္လို႔ ဆိုပါတယ္။

RFA က ႏိုင္ငံျခားေရးဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ဦးစိုးဟန္၊ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးခ်မ္းေအးနဲ႔ ဦးေအာင္ကို တို႔ကို ဒီေန႔ ညေန ၅ နာရီေက်ာ္အခ်ိန္ထိ ဖုန္းနဲ႔ အႀကိမ္ႀကိမ္ဆက္သြယ္ခဲ့ေပမယ့္ ဖုန္းလက္ခံ ေျဖၾကားတာမရွိပါဘူး။

အမိန႔္ခ်မွတ္မယ့္ေနမွာ ICJ တရား႐ုံးထံ ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္တင့္ေဆြ က သူဦးေဆာင္သြားမယ္လို႔ ျမန္မာ့႐ုပ္ျမင္သံၾကား MRTV က ဇန္နဝါရီလ ၁၉ ရက္ေန႔က ICJ နဲ႔  ျမန္မာႏိုင္ငံ ေဆြးေႏြးပြဲစကားဝိုင္းမွာ ေျပာခဲ့ပါတယ္။

“ဆုံးျဖတ္ခ်က္ခ်မယ့္ေနမွာလည္း က်ေနာ္တို႔ ႏိုင္ငံက ကိုယ္စားလွယ္အဖြဲ႕ဖြဲ႕ၿပီး သြားေရာက္ဖို႔ ရွိပါတယ္။ ဒီတေခါက္မွာေတာ့ ႏိုင္ငံေတာ္အတိုင္ပင္ခံ လိုက္ပါစရာမလိုတဲ့အတြက္ ႏိုင္ငံေတာ္အတိုင္ပင္ခံလိုက္ပါမွာ မဟုတ္ပါဘူး။ ပူးတြဲကိုယ္စားလွယ္အေနနဲ႔ က်ေနာ္အေနနဲ႔ သြားေရာက္မွာ ျဖစ္ပါတယ္။”

ဆြီဒင္ႏိုင္ငံမွာေနထိုင္တဲ့ လူ႔အခြင့္အေရးေရွ႕ေန၊ ဥပေဒအေထာက္အကူျပဳကြန္ရက္ တည္ေထာင္သူ ဦးေအာင္ထူး က ၂၃ ရက္ေန႔ တရား႐ုံးမွာ ျဖစ္ေပၚႏိုင္တဲ့ အေျခအေနေတြကို အခုလို ရွင္းျပပါတယ္။

“အေရးယူေဆာင္႐ြက္ဖို႔ လုံေလာက္တဲ့ အေထာက္အထားရွိသလား၊ ရွိတယ္ဆိုရင္ ဂမ္ဘီယာဘက္ကို အသားေပး ၿပီး ဆုံးျဖတ္သြားမယ္၊ အေျခခံအားျဖင့္ အမႈကို ဆက္သြားႏိုင္ေလာက္ေအာင္ေတာ့ လုံေလာက္တဲ့ အေထာက္ အထားမရွိဘူးဆိုရင္ေတာ့ ပယ္ခ်လိုက္မွာပဲ။ ဥပမာ ပိုရွင္းႏိုင္တာက ICJ က ၾကားျဖတ္ေဆာင္႐ြက္တဲ့ကိစၥက တရားမမႈေတြမွာ တားဝရမ္းနဲ႔တူတယ္။ လူမ်ိဳးတုံးသတ္ျဖတ္မႈကို က်ဴးလြန္ႏိုင္ေခ်ရွိတဲ့အေၾကာင္း အေထာက္ အထားေတြ ေတြ႕ေနရၿပီ။ ဒါေၾကာင့္မို႔လို ဒါမ်ိဳးေတြ ေလာေလာဆယ္ အမႈကို စစ္ေဆးေနစဥ္ အေတာအတြင္းမွာ ဆက္မျဖစ္ေအာင္ ကာကြယ္တားဆီးထားတဲ့သေဘာနဲ႔ ယာယီအားျဖင့္ ထုတ္ေပးလိုက္တဲ့အမိန႔္ျဖစ္တယ္။”

လူမ်ိဳးတုံးသတ္ျဖတ္မႈနဲ႔ ပတ္သက္လို႔ ဆက္လက္စစ္ေဆးဖို႔ တရား႐ုံးက အမိန႔္ခ်မယ္ဆိုရင္ ကုလသမဂၢရဲ႕ အခ်က္အလက္ရွာေဖြေရးအဖြဲ႕ေတြဟာ ျမန္မာႏိုင္ငံတြင္း ဝင္ေရာက္တာ၊ ရခိုင္ေဒသကို သြားေရာက္စစ္ေဆး တာေတြရွိလာႏိုင္တယ္လို႔ ေလ့လာသူေတြက ေျပာၾကပါတယ္။

အဲဒီလို ဝင္ေရာက္စစ္ေဆးတဲ့အခါ ျပစ္မႈက်ဴးလြန္ေၾကာင္း သက္ေသခံခ်က္ေတြ ထြက္ေပၚလာၿပီး ႏိုင္ငံတကာ ဖိအားေတြတိုးလာတာ၊ ႏိုင္ငံတကာရင္းႏွီးျမႇဳပ္ႏွံမႈေတြ က်ဆင္းလာတာ၊ စီးပြားေရးဆက္သြယ္မႈေတြ က်ဆင္း တာျဖစ္လာႏိုင္ၿပီး အစိုးရက ျပဳျပင္ေျပာင္းလဲေရးကို ဦးတည္ေဆာင္႐ြက္ရမယ့္ အေနအထားေတြရွိလာႏိုင္ တယ္လို႔ ဆိုၾကပါတယ္။

ဒါ့အျပင္ ICJ တရား႐ုံးရဲ႕ ဆုံးျဖတ္ခ်က္ဟာ ျမန္မာႏိုင္ငံကို ႏိုင္ငံတကာ ရာဇဝတ္ခုံ႐ုံး ICC မွာ ထပ္မံရင္ဆိုင္ရဖို႔ရွိ၊ မရွိ ဆိုတာကိုပါ ေျပာႏိုင္မယ့္ အေျခအေနတစ္ရပ္လို႔ ဥပေဒပညာရွင္ေတြက မွတ္ခ်က္ေပးၾကပါတယ္။

RFA Burmese
https://www.rfa.org
------------
(Unicode)⤵⤵⤵
ICJ တရားရုံး ကြားဖြတ်အမိန့်နဲ့ သက်ရောက်မှုများ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ICJ မှာ ဂမ်ဘီယာနိုင်ငံရဲ့ စွပ်စွဲချက်ကို ၂၀၁၉၊ ဒီဇင်ဘာ ၁၁ရက် နေ့က ပြန်လည်ချေပစဉ်
Photo: Myanmar State Counsellor Office

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ တရားစွဲဆိုထားတာကို အပြည်ပြည်ဆိုင်ရာတရားရုံး ICJ က လာမယ့် ဇန်နဝါရီလ ၂၃ ရက်နေ့ မြန်မာစံတော်ချိန် ၃ နာရီခွဲမှာ ကြားဖြတ်အမိန့်တစ်ရပ်ချမှတ်မှာပါ။

လာမယ့် ဇန်နဝါရီလ ၂၃ ရက်နေ့ ချမှတ်မယ့်အမိန့်ဟာ နောက်ဆုံးအမိန့်မဟုတ်ဘဲ ဂမ်ဘီယာနိုင်ငံက တရားလို လုပ် တင်ပြချက်အပေါ် မြန်မာနိုင်ငံက ပြီးခဲ့တဲ့ ဒီဇင်ဘာလလယ်က ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်ချေပခဲ့မှုနဲ့ ပတ်သက်ပြီး အမှုကို ရှေ့ဆက်ဆောင်ရွက်သင့်မသင့် တရားရုံးက ဆုံးဖြတ်ချက်ချမှာပါ။

တကယ်လို့ ဂမ်ဘီယာရဲ့ စွပ်စွဲချက်အတိုင်း လူမျိုးတုံးသတ်ဖြတ်မှုရှိတယ်လို့ သံသယရှိတာကြောင့် စစ်ဆေးဖို့ လိုအပ်ကြောင်း တရားရုံးက ဆုံးဖြတ်လိုက်မယ်ဆိုရင် ခိုင်လုံတဲ့သက်သေတွေရှာဖို့၊ စွပ်စွဲချက်တွေကို ချေပဖို့ စတဲ့လုပ်ငန်းစဉ်တွေ ဆက်ရှိလာပြီး ဒီအမှုကို နှစ်နဲ့ချီဆက်လက်စစ်ဆေးဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

အဲဒီလိုမဟုတ်ဘဲ မြန်မာဘက်က တင်ပြတဲ့အတိုင်း အမှုကို ရုပ်သိမ်းပေးလိုက်မယ်ဆိုရင်တော့ လာမယ့် ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ဒီတရားစွဲဆိုမှုက လုံးဝပြီးဆုံးသွားမှာ ဖြစ်ပါတယ်။

ဂမ်ဘီယာရဲ့ တရားစွဲဆိုမှုကို ပလပ်ဖို့ ICJ က ဆုံးဖြတ်လိုက်ရင် တခြားနိုင်ငံတကာတရားရုံးတွေမှာ မြန်မာနိုင်ငံအပေါ် တရားစွဲဆိုဖို့ ပြင်ဆင်နေတာတွေနဲ့ တရားစွဲဆိုထားမှုတွေပါ ပြီးစီးသွားနိုင်မှာဖြစ်တယ်လို့ နော်ဝေနိုင်ငံမှာ နေထိုင်နေတဲ့ နိုင်ငံတကာဥပဒေကျွမ်းကျင်သူ၊ မြန်မာရှေ့နေ ဦးမင်းလွင်ဦး က ပြောပါတယ်။

“အမှုကို ပလပ်ဖို့အတွက် ဆုံးဖြတ်လိုက်တယ်ဆိုရင် အာဂျင်တီးနားမှာ စွဲဆိုထားတဲ့အမှုတွေ၊ နောက်ပြီးတော့ ICC မှာ စွဲဆိုမယ့်အမှုတွေအားလုံး၊ ရပ်တန့်သွားနိုင်မယ့် အခြေအနေမျိုးဖြစ်တဲ့အတွက် အဲဒါကိုတော့ ဖြစ်နိုင်ပါစေလို့ ကျနော်တို့က ဆုတောင်းတာပေါ့ဗျာ။”

ဂမ်ဘီယာနိုင်ငံက မြန်မာကို တရားစွဲဆိုထားတဲ့အမှုနဲ့ပတ်သက်လို့ ကြားဖြတ်အမိန့်ချမယ့် ၂၃ ရက်နေ့မှာ မြန်မာဘက်က ကိုယ်စားလှယ်အဖွဲ့လည်း ICJ ကို သွားရောက်ရမှာ ဖြစ်ပါတယ်။

နိုင်ငံတကာဥပဒေပညာရှင်တွေကတော့ ဒီအမိန့်ချမှတ်မယ့်နေမှာ နှစ်နိုင်ငံဘက်က တရားရုံးထံ တင်ပြရမယ့်ကဏ္ဍ မပါရှိဘဲ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကိုသာ လက်ခံရမှာဖြစ်တယ်လို့ ဆိုပါတယ်။

RFA က နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်၊ ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးနဲ့ ဦးအောင်ကို တို့ကို ဒီနေ့ ညနေ ၅ နာရီကျော်အချိန်ထိ ဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားတာမရှိပါဘူး။

အမိန့်ချမှတ်မယ့်နေမှာ ICJ တရားရုံးထံ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ က သူဦးဆောင်သွားမယ်လို့ မြန်မာ့ရုပ်မြင်သံကြား MRTV က ဇန်နဝါရီလ ၁၉ ရက်နေ့က ICJ နဲ့  မြန်မာနိုင်ငံ ဆွေးနွေးပွဲစကားဝိုင်းမှာ ပြောခဲ့ပါတယ်။

“ဆုံးဖြတ်ချက်ချမယ့်နေမှာလည်း ကျနော်တို့ နိုင်ငံက ကိုယ်စားလှယ်အဖွဲ့ဖွဲ့ပြီး သွားရောက်ဖို့ ရှိပါတယ်။ ဒီတခေါက်မှာတော့ နိုင်ငံတော်အတိုင်ပင်ခံ လိုက်ပါစရာမလိုတဲ့အတွက် နိုင်ငံတော်အတိုင်ပင်ခံလိုက်ပါမှာ မဟုတ်ပါဘူး။ ပူးတွဲကိုယ်စားလှယ်အနေနဲ့ ကျနော်အနေနဲ့ သွားရောက်မှာ ဖြစ်ပါတယ်။”

ဆွီဒင်နိုင်ငံမှာနေထိုင်တဲ့ လူ့အခွင့်အရေးရှေ့နေ၊ ဥပဒေအထောက်အကူပြုကွန်ရက် တည်ထောင်သူ ဦးအောင်ထူး က ၂၃ ရက်နေ့ တရားရုံးမှာ ဖြစ်ပေါ်နိုင်တဲ့ အခြေအနေတွေကို အခုလို ရှင်းပြပါတယ်။

“အရေးယူဆောင်ရွက်ဖို့ လုံလောက်တဲ့ အထောက်အထားရှိသလား၊ ရှိတယ်ဆိုရင် ဂမ်ဘီယာဘက်ကို အသားပေး ပြီး ဆုံးဖြတ်သွားမယ်၊ အခြေခံအားဖြင့် အမှုကို ဆက်သွားနိုင်လောက်အောင်တော့ လုံလောက်တဲ့ အထောက် အထားမရှိဘူးဆိုရင်တော့ ပယ်ချလိုက်မှာပဲ။ ဥပမာ ပိုရှင်းနိုင်တာက ICJ က ကြားဖြတ်ဆောင်ရွက်တဲ့ကိစ္စက တရားမမှုတွေမှာ တားဝရမ်းနဲ့တူတယ်။ လူမျိုးတုံးသတ်ဖြတ်မှုကို ကျူးလွန်နိုင်ချေရှိတဲ့အကြောင်း အထောက် အထားတွေ တွေ့နေရပြီ။ ဒါကြောင့်မို့လို ဒါမျိုးတွေ လောလောဆယ် အမှုကို စစ်ဆေးနေစဉ် အတောအတွင်းမှာ ဆက်မဖြစ်အောင် ကာကွယ်တားဆီးထားတဲ့သဘောနဲ့ ယာယီအားဖြင့် ထုတ်ပေးလိုက်တဲ့အမိန့်ဖြစ်တယ်။”

လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်လို့ ဆက်လက်စစ်ဆေးဖို့ တရားရုံးက အမိန့်ချမယ်ဆိုရင် ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့တွေဟာ မြန်မာနိုင်ငံတွင်း ဝင်ရောက်တာ၊ ရခိုင်ဒေသကို သွားရောက်စစ်ဆေး တာတွေရှိလာနိုင်တယ်လို့ လေ့လာသူတွေက ပြောကြပါတယ်။

အဲဒီလို ဝင်ရောက်စစ်ဆေးတဲ့အခါ ပြစ်မှုကျူးလွန်ကြောင်း သက်သေခံချက်တွေ ထွက်ပေါ်လာပြီး နိုင်ငံတကာ ဖိအားတွေတိုးလာတာ၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ ကျဆင်းလာတာ၊ စီးပွားရေးဆက်သွယ်မှုတွေ ကျဆင်း တာဖြစ်လာနိုင်ပြီး အစိုးရက ပြုပြင်ပြောင်းလဲရေးကို ဦးတည်ဆောင်ရွက်ရမယ့် အနေအထားတွေရှိလာနိုင် တယ်လို့ ဆိုကြပါတယ်။

ဒါ့အပြင် ICJ တရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC မှာ ထပ်မံရင်ဆိုင်ရဖို့ရှိ၊ မရှိ ဆိုတာကိုပါ ပြောနိုင်မယ့် အခြေအနေတစ်ရပ်လို့ ဥပဒေပညာရှင်တွေက မှတ်ချက်ပေးကြပါတယ်။

RFA Burmese
https://www.rfa.org
ICJ တရား႐ုံး ၾကားျဖတ္အမိန႔္နဲ႔ သက္ေရာက္မႈမ်ား ICJ တရား႐ုံး ၾကားျဖတ္အမိန႔္နဲ႔ သက္ေရာက္မႈမ်ား Reviewed by THITHTOOLWIN on 22:55 Rating: 5
Powered by Blogger.