ႏွစ္သန္း၁၀၀ေက်ာ္က အိမ္ေျမႇာင္႐ုပ္ႂကြင္း ျမန္မာႏိုင္ငံက ပယင္းမွာေတြ႕

(Zawgyi)⤵⤵⤵
 ျမန္မာႏိုင္ငံက သစ္ပင္တစ္ပင္ကရတဲ့ ပယင္းထဲမွာ လြန္ခဲ့တဲ့ ႏွစ္သန္းတစ္ရာက အဏုဇီဝမႈိ (myxomycete) နဲ႔ အိမ္ေျမႇာင္ေျခေထာက္တစ္ဖက္ ပိတ္ေနတာကို သုေတသီေတြက ေတြ႕ရွိခဲ့ပါတယ္။ ဒီေလာက္ေရွးက်တဲ့ ပယင္းမ်ိဳးကို တျခား ဘယ္ေနရာမွာမွ မေတြ႕ေသးဘူးလို႔လည္း ေဖာ္ျပပါတယ္။

အေပၚယံေျမႀကီး ဒါမွမဟုတ္ သစ္ေဆြးေတြမွာ ဗက္တီးယားေတြကိုစားတဲ့ အဲဒီမႈိေတြဟာ အခ်ိန္ၾကာလာတဲ့အခါ အခ်င္းခ်င္းေပါင္းစည္းသြားရင္း အသြင္ဆန္းၿပီး ႏုနယ္လွပတဲ့ မႈိမ်ိဳးမႈန္ေတြအျဖစ္ ေျပာင္းလဲလာတယ္လို႔ ႏိုင္ငံတကာ ဇီဝေဗဒပညာရွင္ေတြနဲ႔ ေက်ာက္ျဖစ္ ႐ုပ္ႂကြင္းပညာရွင္ေတြ ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

သစ္ေစးထဲမွာ ပိုးေကာင္ေတြ၊ ဒါမွမဟုတ္ ပင့္ကူေတြ ပိတ္မိတဲ့ ပယင္းေတြကိုသာ အမ်ားစုက သိၾကေပမဲ့ အခုေတြ႕ရွိရတဲ့ မႈိမ်ိဳးကိုေတာ့ ေတြ႕ဖိုခဲယဥ္းတယ္လို႔ ေျပာပါတယ္။

ဒီ့မတိုင္ခင္က လြန္ခဲ့တဲ့ႏွစ္ ၃၅ သန္းကေန သန္း ၄၀ ကာလေလာက္လို႔ အတည္ျပဳႏိုင္တဲ့ ပယင္းႏွစ္မ်ိဳးသာ ရွိခဲ့ၿပီး အခုမွ ႏွစ္သန္းတစ္ရာက ေရွးအက်ဆုံးပယင္းကို ေတြ႕ရွိရတာလို႔လည္း ေျပာပါတယ္။

အခုေတြ႕ရတဲ့ ပယင္းကို ကခ်င္ျပည္နယ္ တႏိုင္းၿမိဳ႕နယ္အတြင္းက ေက်း႐ြာတ႐ြာအနီးက ေက်ာက္ေဆာင္တစ္ခုမွာ ေတြ႕ရွိခဲ့တာလို႔ Nature Research ဂ်ာနယ္မွာ ေဖာ္ျပထားပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese/
-------------
(Unicode)⤵⤵⤵
နှစ်သန်း၁၀၀ကျော်က အိမ်မြှောင်ရုပ်ကြွင်း မြန်မာနိုင်ငံက ပယင်းမှာတွေ့

 မြန်မာနိုင်ငံက သစ်ပင်တစ်ပင်ကရတဲ့ ပယင်းထဲမှာ လွန်ခဲ့တဲ့ နှစ်သန်းတစ်ရာက အဏုဇီဝမှို (myxomycete) နဲ့ အိမ်မြှောင်ခြေထောက်တစ်ဖက် ပိတ်နေတာကို သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ ဒီလောက်ရှေးကျတဲ့ ပယင်းမျိုးကို တခြား ဘယ်နေရာမှာမှ မတွေ့သေးဘူးလို့လည်း ဖော်ပြပါတယ်။

အပေါ်ယံမြေကြီး ဒါမှမဟုတ် သစ်ဆွေးတွေမှာ ဗက်တီးယားတွေကိုစားတဲ့ အဲဒီမှိုတွေဟာ အချိန်ကြာလာတဲ့အခါ အချင်းချင်းပေါင်းစည်းသွားရင်း အသွင်ဆန်းပြီး နုနယ်လှပတဲ့ မှိုမျိုးမှုန်တွေအဖြစ် ပြောင်းလဲလာတယ်လို့ နိုင်ငံတကာ ဇီဝဗေဒပညာရှင်တွေနဲ့ ကျောက်ဖြစ် ရုပ်ကြွင်းပညာရှင်တွေ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

သစ်စေးထဲမှာ ပိုးကောင်တွေ၊ ဒါမှမဟုတ် ပင့်ကူတွေ ပိတ်မိတဲ့ ပယင်းတွေကိုသာ အများစုက သိကြပေမဲ့ အခုတွေ့ရှိရတဲ့ မှိုမျိုးကိုတော့ တွေ့ဖိုခဲယဉ်းတယ်လို့ ပြောပါတယ်။

ဒီ့မတိုင်ခင်က လွန်ခဲ့တဲ့နှစ် ၃၅ သန်းကနေ သန်း ၄၀ ကာလလောက်လို့ အတည်ပြုနိုင်တဲ့ ပယင်းနှစ်မျိုးသာ ရှိခဲ့ပြီး အခုမှ နှစ်သန်းတစ်ရာက ရှေးအကျဆုံးပယင်းကို တွေ့ရှိရတာလို့လည်း ပြောပါတယ်။

အခုတွေ့ရတဲ့ ပယင်းကို ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်းက ကျေးရွာတရွာအနီးက ကျောက်ဆောင်တစ်ခုမှာ တွေ့ရှိခဲ့တာလို့ Nature Research ဂျာနယ်မှာ ဖော်ပြထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ႏွစ္သန္း၁၀၀ေက်ာ္က အိမ္ေျမႇာင္႐ုပ္ႂကြင္း ျမန္မာႏိုင္ငံက ပယင္းမွာေတြ႕ ႏွစ္သန္း၁၀၀ေက်ာ္က အိမ္ေျမႇာင္႐ုပ္ႂကြင္း ျမန္မာႏိုင္ငံက ပယင္းမွာေတြ႕ Reviewed by THITHTOOLWIN on 10:06 Rating: 5
Powered by Blogger.