ၿဗိတိန္ ႏိုင္ငံ ဘုရင္မ က ၿဗိတိန္ ႏိုင္ငံ အီးယူ မွ ႏုတ္ထြက္သည့္ သေဘာတူညီခ်က္ တြင္ လက္မွတ္ေရးထိုး

ၿဗိတိန္ ႏိုင္ငံ ဘုရင္မ အဲလိဇဘတ္-၂ အား ျမင္ေတြ႕ရစဥ္(ဆင္ဟြာ)
(Zawgyi)⤵⤵⤵
လန္ဒန္ ၊ ဇန္နဝါရီ ၂၄ ရက္ (ဆင္ဟြာ)

ၿဗိတိန္ ႏိုင္ငံ ဘုရင္မ အဲလိဇဘတ္-၂ သည္ ၿဗိတိန္ ႏိုင္ငံ လႊတ္ေတာ္ က အတည္ျပဳေပး ခဲ့သည့္ ၿဗိတိန္ ႏိုင္ငံ အီးယူ မွ ႏုတ္ထြက္သည့္ သက္ဆိုင္ရာ သေဘာတူညီခ်က္ စာခ်ဳပ္ အား ခြင့္ျပဳေၾကာင္း ဇန္နဝါရီ ၂၃ ရက္ တြင္ လက္မွတ္ေရး ထိုးခဲ့သျဖင့္ ၿဗိတိန္ ႏိုင္ငံ ယခု လကုန္ တြင္ အီးယူ မွ ႏုတ္ထြက္မည့္ လုပ္ငန္းစဥ္ အတြက္ အတားအဆီး မ်ားအား ဖယ္ရွား ႏိုင္ခဲ့သည္။

ၿဗိတိန္ ႏိုင္ငံ အထက္လႊတ္ေတာ္ က ဇန္နဝါရီ ၂၂ ရက္ ညပိုင္း အခ်ိန္တြင္ ေအာက္လႊတ္ေတာ္ မွ ျပင္ဆင္ထားသည့္ အီးယူ မွ ႏုတ္ထြက္ေရး ဆိုင္ရာ သေဘာတူညီခ်က္ စာခ်ဳပ္ ကို အတည္ျပဳေပး သျဖင့္ ယခု လကုန္တြင္ ၿဗိတိန္ က အီးယူ မွ ႏုတ္ထြက္ျခင္း ဆိုင္ရာ ဥပေဒ အေၾကာင္းအရာ ျပင္ဆင္မႈ အားလုံး ၿပီးဆုံးခဲ့သည္။ ယင္း ဥပေဒ ၏ အေျခခံအခ်က္အလက္ မ်ား က ၿဗိတိန္ ႏိုင္ငံ ဝန္ႀကီးခ်ဳပ္ ႏွင့္ အီးယူ အၾကား သေဘာတူညီမႈ ရရွိထားသည့္ အီးယူ မွ ႏုတ္ထြက္ျခင္း ဆိုင္ရာ အခ်က္အလက္မ်ား ႏွင့္ တူညီေၾကာင္း သိရွိရသည္။

ၿဗိတိန္ ႏိုင္ငံ ဝန္ႀကီးခ်ဳပ္ ေဘာရစ္ဂြၽန္ဆင္ က ဇန္နဝါရီ ၂၂ ရက္ ၌ အီးယူ မွ ႏုတ္ထြက္သည့္ ဥပေဒ အား အဆင္ေျပေခ်ာေမြ႕ စြာ အတည္ျပဳႏိုင္ခဲ့ျခင္းေၾကာင့္ ယခု လကုန္ တြင္ ၿဗိတိန္ ႏိုင္ငံ သည္ အီးယူ မွ ႏုတ္ထြက္ႏိုင္ေတာ့မည္ ျဖစ္ေၾကာင္း ၊ ၿဗိတိန္ ႏိုင္ငံ အေနျဖင့္ ၃ ႏွစ္ ၾကား ျဖစ္ေပၚေနသည့္ သေဘာထား ကြဲလြဲမႈ မ်ားကို လက္လႊတ္ ႏိုင္ေတာ့မည္ ျဖစ္ၿပီး အားအင္မ်ား စုစည္း ကာ ေတာက္ပ သည့္ အနာဂတ္ ကို တည္ေဆာက္ႏိုင္ေတာ့မည္ ျဖစ္ေၾကာင္း ေျပာၾကား ခဲ့သည္။

ၿဗိတိန္ ႏိုင္ငံ က ၂၀၁၆ ခုႏွစ္ တြင္ ျပည္လုံးကြၽတ္ ဆႏၵ ခံယူပြဲ ျပဳလုပ္ခဲ့ၿပီး အီးယူ မွ ႏုတ္ထြက္ရန္ အတည္ျပဳခဲ့သည္။ ထိုေနာက္ အခ်ိန္ ၃ ႏွစ္ခြဲ ကာလ အတြင္း ၿဗိတိန္ ႏိုင္ငံ က အီးယူ မွ ႏုတ္ထြက္ရန္ အခက္အခဲမ်ား ႏွင့္ ႀကဳံေတြ႕ခဲ့ရသည္။ ၿဗိတိန္ ႏိုင္ငံ ျပည္သူလူထု မ်ား အေနျဖင့္ လည္း မည္ကဲ့သို႔ ၊ မည္သည့္ အခ်ိန္ ႏွင့္ အီးယူ မွ ႏုတ္ထြက္ရန္ ၊ မႏုတ္ထြက္ရန္ စသည့္ အေၾကာင္းအရာ မ်ားႏွင့္ ဘုံသေဘာတူညီခ်က္ ရရွိရန္ အလြန္ ခက္ခဲခဲ့ၿပီး လူ႔အသိုင္းအဝိုင္း တြင္ နက္ရႈိင္းသည့္ အက္ေၾကာင္း တစ္ခု ျဖစ္ေစခဲ့သည္။

(Xinhua)
http://www.xinhuamyanmar.com
------------
(Unicode)⤵⤵⤵
ဗြိတိန် နိုင်ငံ ဘုရင်မ က ဗြိတိန် နိုင်ငံ အီးယူ မှ နုတ်ထွက်သည့် သဘောတူညီချက် တွင် လက်မှတ်ရေးထိုး

ဗြိတိန် နိုင်ငံ ဘုရင်မ အဲလိဇဘတ်-၂ အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

 လန်ဒန် ၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ)

  ဗြိတိန် နိုင်ငံ ဘုရင်မ အဲလိဇဘတ်-၂ သည် ဗြိတိန် နိုင်ငံ လွှတ်တော် က အတည်ပြုပေး ခဲ့သည့် ဗြိတိန် နိုင်ငံ အီးယူ မှ နုတ်ထွက်သည့် သက်ဆိုင်ရာ သဘောတူညီချက် စာချုပ် အား ခွင့်ပြုကြောင်း ဇန်နဝါရီ ၂၃ ရက် တွင် လက်မှတ်ရေး ထိုးခဲ့သဖြင့် ဗြိတိန် နိုင်ငံ ယခု လကုန် တွင် အီးယူ မှ နုတ်ထွက်မည့် လုပ်ငန်းစဉ် အတွက် အတားအဆီး များအား ဖယ်ရှား နိုင်ခဲ့သည်။

ဗြိတိန် နိုင်ငံ အထက်လွှတ်တော် က ဇန်နဝါရီ ၂၂ ရက် ညပိုင်း အချိန်တွင် အောက်လွှတ်တော် မှ ပြင်ဆင်ထားသည့် အီးယူ မှ နုတ်ထွက်ရေး ဆိုင်ရာ သဘောတူညီချက် စာချုပ် ကို အတည်ပြုပေး သဖြင့် ယခု လကုန်တွင် ဗြိတိန် က အီးယူ မှ နုတ်ထွက်ခြင်း ဆိုင်ရာ ဥပဒေ အကြောင်းအရာ ပြင်ဆင်မှု အားလုံး ပြီးဆုံးခဲ့သည်။ ယင်း ဥပဒေ ၏ အခြေခံအချက်အလက် များ က ဗြိတိန် နိုင်ငံ ဝန်ကြီးချုပ် နှင့် အီးယူ အကြား သဘောတူညီမှု ရရှိထားသည့် အီးယူ မှ နုတ်ထွက်ခြင်း ဆိုင်ရာ အချက်အလက်များ နှင့် တူညီကြောင်း သိရှိရသည်။

ဗြိတိန် နိုင်ငံ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် က ဇန်နဝါရီ ၂၂ ရက် ၌ အီးယူ မှ နုတ်ထွက်သည့် ဥပဒေ အား အဆင်ပြေချောမွေ့ စွာ အတည်ပြုနိုင်ခဲ့ခြင်းကြောင့် ယခု လကုန် တွင် ဗြိတိန် နိုင်ငံ သည် အီးယူ မှ နုတ်ထွက်နိုင်တော့မည် ဖြစ်ကြောင်း ၊ ဗြိတိန် နိုင်ငံ အနေဖြင့် ၃ နှစ် ကြား ဖြစ်ပေါ်နေသည့် သဘောထား ကွဲလွဲမှု များကို လက်လွှတ် နိုင်တော့မည် ဖြစ်ပြီး အားအင်များ စုစည်း ကာ တောက်ပ သည့် အနာဂတ် ကို တည်ဆောက်နိုင်တော့မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဗြိတိန် နိုင်ငံ က ၂၀၁၆ ခုနှစ် တွင် ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲ ပြုလုပ်ခဲ့ပြီး အီးယူ မှ နုတ်ထွက်ရန် အတည်ပြုခဲ့သည်။ ထိုနောက် အချိန် ၃ နှစ်ခွဲ ကာလ အတွင်း ဗြိတိန် နိုင်ငံ က အီးယူ မှ နုတ်ထွက်ရန် အခက်အခဲများ နှင့် ကြုံတွေ့ခဲ့ရသည်။ ဗြိတိန် နိုင်ငံ ပြည်သူလူထု များ အနေဖြင့် လည်း မည်ကဲ့သို့ ၊ မည်သည့် အချိန် နှင့် အီးယူ မှ နုတ်ထွက်ရန် ၊ မနုတ်ထွက်ရန် စသည့် အကြောင်းအရာ များနှင့် ဘုံသဘောတူညီချက် ရရှိရန် အလွန် ခက်ခဲခဲ့ပြီး လူ့အသိုင်းအဝိုင်း တွင် နက်ရှိုင်းသည့် အက်ကြောင်း တစ်ခု ဖြစ်စေခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
ၿဗိတိန္ ႏိုင္ငံ ဘုရင္မ က ၿဗိတိန္ ႏိုင္ငံ အီးယူ မွ ႏုတ္ထြက္သည့္ သေဘာတူညီခ်က္ တြင္ လက္မွတ္ေရးထိုး ၿဗိတိန္ ႏိုင္ငံ ဘုရင္မ က ၿဗိတိန္ ႏိုင္ငံ အီးယူ မွ ႏုတ္ထြက္သည့္ သေဘာတူညီခ်က္ တြင္ လက္မွတ္ေရးထိုး Reviewed by THITHTOOLWIN on 01:48 Rating: 5
Powered by Blogger.