အမွတ္တမဲ့ စြန႔္ပစ္ခဲ့ေသာ ေဆးလိပ္မီးမွတစ္ဆင့္ ႀကံစိုက္ခင္းမ်ား မီးကူးစက္ေလာင္ကြၽမ္းမႈ ျဖစ္ပြား

(Zawgyi)⤵⤵⤵
ေရတာရွည္ ဇန္နဝါရီ ၁၃

ပဲခူးတိုင္းေဒသႀကီး၊ ေရတာရွည္ၿမိဳ႕အေရွ႕ဘက္ ၃ မိုင္ခန႔္အကြာ ေရတာရွည္-ကရင္ေခ်ာင္းကား လမ္းေဘးရွိ ႀကံစိုက္ခင္းမ်ားမွာ အမွတ္တမဲ့စြန႔္ပစ္ခဲ့ေသာ ေဆးလိပ္မီးမွတစ္ဆင့္ ကူးစက္ေလာင္ကြၽမ္းမႈ ဇန္နဝါရီ ၁၂ ရက္ ညေန ၃ နာရီခြဲခန႔္က ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

မီးေလာင္ကြၽမ္းမႈျဖစ္ပြားေၾကာင္းသတင္းအရ ေရတာရွည္ၿမိဳ႕မရဲစခန္းမွ စခန္းမႉး ဒုရဲမႉး ေအးထြန္း ဦးစီးအဖြဲ႕သည္ ၿမိဳ႕နယ္မီးသတ္ဦးစီးဌာနမွ တာဝန္ရွိသူမ်ားႏွင့္အတူ မီးသတ္ယာဥ္ႏွစ္စီးျဖင့္ သြားေရာက္ျငႇိမ္းသတ္ ခဲ့ရျခင္းျဖစ္ေၾကာင္း ၿမိဳ႕မရဲစခန္း၏မွတ္တမ္းမ်ားအရ သိရသည္။

မီးေလာင္ကြၽမ္းမႈေၾကာင့္ ေရတာရွည္-ကရင္ေခ်ာင္း ကားလမ္း မိုင္တိုင္ ၃/၁ အနီး လမ္းေျမာက္ဘက္ ၁၅ ေပခန႔္၊ ပီတူးေက်း႐ြာအုပ္စု၊ ကြင္းအမွတ္ ၆၅၂ ရွိ ႀကံစိုက္ခင္းမ်ား ေလာင္ကြၽမ္းခဲ့ျခင္းျဖစ္ၿပီး မီးေလာင္ကြၽမ္းမႈေၾကာင့္ ေတာင္သူ ၆ ဦးပိုင္ဆိုင္ေသာ ႀကံစိုက္ခင္း ၁၆ ဧက ပ်က္စီးဆုံးရႈံးခဲ့ေၾကာင္း သိရသည္။

သန္းလြင္(ဆြာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
------------
(Unicode)⤵⤵⤵
အမှတ်တမဲ့ စွန့်ပစ်ခဲ့သော ဆေးလိပ်မီးမှတစ်ဆင့် ကြံစိုက်ခင်းများ မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွား

ရေတာရှည် ဇန်နဝါရီ ၁၃

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့အရှေ့ဘက် ၃ မိုင်ခန့်အကွာ ရေတာရှည်-ကရင်ချောင်းကား လမ်းဘေးရှိ ကြံစိုက်ခင်းများမှာ အမှတ်တမဲ့စွန့်ပစ်ခဲ့သော ဆေးလိပ်မီးမှတစ်ဆင့် ကူးစက်လောင်ကျွမ်းမှု ဇန်နဝါရီ ၁၂ ရက် ညနေ ၃ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုဖြစ်ပွားကြောင်းသတင်းအရ ရေတာရှည်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး အေးထွန်း ဦးစီးအဖွဲ့သည် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ မီးသတ်ယာဉ်နှစ်စီးဖြင့် သွားရောက်ငြှိမ်းသတ် ခဲ့ရခြင်းဖြစ်ကြောင်း မြို့မရဲစခန်း၏မှတ်တမ်းများအရ သိရသည်။

မီးလောင်ကျွမ်းမှုကြောင့် ရေတာရှည်-ကရင်ချောင်း ကားလမ်း မိုင်တိုင် ၃/၁ အနီး လမ်းမြောက်ဘက် ၁၅ ပေခန့်၊ ပီတူးကျေးရွာအုပ်စု၊ ကွင်းအမှတ် ၆၅၂ ရှိ ကြံစိုက်ခင်းများ လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်ကျွမ်းမှုကြောင့် တောင်သူ ၆ ဦးပိုင်ဆိုင်သော ကြံစိုက်ခင်း၁၆ ဧက ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

သန်းလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
အမွတ္တမဲ့ စြန႔္ပစ္ခဲ့ေသာ ေဆးလိပ္မီးမွတစ္ဆင့္ ႀကံစိုက္ခင္းမ်ား မီးကူးစက္ေလာင္ကြၽမ္းမႈ ျဖစ္ပြား အမွတ္တမဲ့ စြန႔္ပစ္ခဲ့ေသာ ေဆးလိပ္မီးမွတစ္ဆင့္ ႀကံစိုက္ခင္းမ်ား မီးကူးစက္ေလာင္ကြၽမ္းမႈ ျဖစ္ပြား Reviewed by THITHTOOLWIN on 19:47 Rating: 5
Powered by Blogger.