အီရန္ကို စြန္႔ခြာမယ့္ အိုလံပစ္ဆုရွင္

အိုလံပစ္ တိုက္ကြမ္ဒို ေၾကးတံဆိပ္ရွင္
(Zawgyi)⤵⤵⤵
အီရန္ရဲ႕ တစ္ဦးတည္းေသာ အမ်ိဳးသမီး အိုလံပစ္ ဆုတံဆိပ္ရွင္ Kimia Alizadeh က သူ ႏိုင္ငံကထြက္ခြာခဲ့ၿပီလို႔ ေၾကညာလိုက္ပါတယ္။ သူက အေယာင္ေဆာင္၊ လိမ္ညာမႈ၊ တရားမဲ့မႈနဲ႔ ေျမႇာက္ပင့္မႈေတြရွိေနတဲ့ ေနရာမွာ သူဆက္မေနႏိုင္ေတာ့လို႔ အီရန္က ခြာခဲ့တာလို႔ သူ႔ ဆိုရွယ္မီဒီယာမွာ ပို႔စ္ေတြ ေရးတင္ခဲ့ပါတယ္။ ၂၀၁၆ အိုလံပစ္ တိုက္ကြမ္ဒိုေၾကးတံဆိပ္ဆုရွင္ အာလီဇာဒါးက အီရန္အရာရွိေတြဟာ သူဆုရတာကို အျမတ္ထုတ္နာမည္ေကာင္းယူၾကတဲ့ တခ်ိန္ထဲမွာ သူ႔ကိုေတာ့ မိန္းကေလးဆိုတာ ေျခေထာက္ေျမာက္ ေပါင္ကားနဲ႔ သိကၡာရွိတာမဟုတ္ဘူးဆိုတဲ့ စကားမ်ိဳးနဲ႔လည္း ႏွိမ္ခ်ၾကတယ္လို႔ ေရးခဲ့ပါတယ္။

သူ႔ကို ဥေရာပႏိုင္ငံတစ္ခုခုက ဆြဲေဆာင္ေခၚယူခဲ့တာဆိုတဲ့ သတင္းေတြကို သူက ျငင္းပါတယ္။ ဘယ္ႏိုင္ငံမွာ ခိုလႈံမလဲဆိုတာကိုလည္း သူ ထုတ္မေျပာေသးပါဘူး။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
အီရန်ကို စွန့်ခွာမယ့် အိုလံပစ်ဆုရှင်
ဓာတ်ပုံ မူပိုင် TATYANA ZENKOVICH
Image caption အိုလံပစ် တိုက်ကွမ်ဒို ကြေးတံဆိပ်ရှင်

အီရန်ရဲ့ တစ်ဦးတည်းသော အမျိုးသမီး အိုလံပစ် ဆုတံဆိပ်ရှင် Kimia Alizadeh က သူ နိုင်ငံကထွက်ခွာခဲ့ပြီလို့ ကြေညာလိုက်ပါတယ်။ သူက အယောင်ဆောင်၊ လိမ်ညာမှု၊ တရားမဲ့မှုနဲ့ မြှောက်ပင့်မှုတွေရှိနေတဲ့ နေရာမှာ သူဆက်မနေနိုင်တော့လို့ အီရန်က ခွာခဲ့တာလို့ သူ့ ဆိုရှယ်မီဒီယာမှာ ပို့စ်တွေ ရေးတင်ခဲ့ပါတယ်။ ၂၀၁၆ အိုလံပစ် တိုက်ကွမ်ဒိုကြေးတံဆိပ်ဆုရှင် အာလီဇာဒါးက အီရန်အရာရှိတွေဟာ သူဆုရတာကို အမြတ်ထုတ်နာမည်ကောင်းယူကြတဲ့ တချိန်ထဲမှာ သူ့ကိုတော့ မိန်းကလေးဆိုတာ ခြေထောက်မြောက် ပေါင်ကားနဲ့ သိက္ခာရှိတာမဟုတ်ဘူးဆိုတဲ့ စကားမျိုးနဲ့လည်း နှိမ်ချကြတယ်လို့ ရေးခဲ့ပါတယ်။

သူ့ကို ဥရောပနိုင်ငံတစ်ခုခုက ဆွဲဆောင်ခေါ်ယူခဲ့တာဆိုတဲ့ သတင်းတွေကို သူက ငြင်းပါတယ်။ ဘယ်နိုင်ငံမှာ ခိုလှုံမလဲဆိုတာကိုလည်း သူ ထုတ်မပြောသေးပါဘူး။

BBC Burmese
https://www.bbc.com
အီရန္ကို စြန္႔ခြာမယ့္ အိုလံပစ္ဆုရွင္ အီရန္ကို စြန္႔ခြာမယ့္ အိုလံပစ္ဆုရွင္ Reviewed by THITHTOOLWIN on 20:41 Rating: 5
Powered by Blogger.