
(Zawgyi)⤵⤵⤵



BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
နိုင်းမြစ်ပေါ်ဆောက်မယ့် ဆည်ကြီးကြောင့် ရေပြဿနာ အငြင်းပွားစရာ
ဓာတ်ပုံ မူပိုင် Reuters
Image caption ဆည်ကြီးဟာ အီသီယိုးပီးယားအတွက် ဂုဏ်ယူစရာ

အီသီယိုးပီးယားက နိုင်းမြစ်ပေါ်မှာ ဆောက်မယ့် ဧရာမဆည်ကြီး ကိစ္စနဲ့ ပတ်သက်ပြီး အီဂျစ်နဲ့ အငြင်းပွားနေတာကို ကြားဝင်ဖြန်ဖြေပေးဖို့ အီသီယိုးပီးယား သမ္မတ အာဘီအာမက်က တောင်အာဖရိကသမ္မတ ဆီရယ် ရာမာဖိုးစားကို ပန်ကြားလိုက်ပါတယ်။ တောင်အာဖရိကဟာ မကြာခင် အာဖရိကသမဂ္ဂ ဥက္ကဋ္ဌနေရာကို ရယူမှာ ဖြစ်တဲ့အတွက် ဒီပြဿနာကို အေးအေးချမ်းချမ်းဖြစ်အောင် ဖြေရှင်းပေးဖို့ အီသီယိုးပီးယားက ပန်ကြားလိုက်တာပါ။

ဒေါ်လာသန်းငါးထောင်ကုန်ကျမယ့် ဒီ Grand Renaissance ဆည်ကြီးကြောင့် နိုင်းမြစ်ကရေတွေ သူတို့ဆီ စီးဆင်းမှုရပ်သွားမှာကို အီဂျစ်က စိုးရိမ်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့အပတ်က အီဂျစ်၊ အီသီယိုးပီးယားနဲ့ ဆူဒန်က ရေအရင်းအမြစ်ဆိုင်ရာ ဝန်ကြီးတွေဆွေးနွေးခဲ့ပေမယ့် အဖြေမထွက်ခဲ့ပါဘူး။ လာမယ့် အပတ်ထဲမှာလည်း ဝါရှင်တန်မှာ ဆက်ဆွေးနွေးကြဖို့ရှိပြီး သဘောတူညီချက်ရမယ့် ရက်ကို သတ်မှတ်ကြမှာ ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
နိုင်းမြစ်ပေါ်ဆောက်မယ့် ဆည်ကြီးကြောင့် ရေပြဿနာ အငြင်းပွားစရာ နိုင်းမြစ်ပေါ်ဆောက်မယ့် ဆည်ကြီးကြောင့် ရေပြဿနာ အငြင်းပွားစရာ Reviewed by THITHTOOLWIN on 20:43 Rating: 5
Powered by Blogger.