အီရန္အစိုးရဆန္႔က်င္ေရး ဆႏၵျပပြဲ အရွိန္ျမင့္

အီရန္ဆႏၵျပပြဲ ျမင္ကြင္း။ (ဇန္နဝါရီ ၁၁၊ ၂၀၂၀)

(Zawgyi / Unicode)

လူေပါင္း ၁၇၆ ေယာက္ လုိက္ပါခဲ့တဲ့ ယူကရိန္း ခရီးသည္တင္ေလယာဥ္ကို မွားယြင္းၿပီး ပစ္ခ်ခဲ့ေၾကာင္း ၀န္ခံခဲ့တဲ့ အီရန္စစ္တပ္ကို ဆန္႔က်င္တဲ့ ဒုတိယေျမာက္ေန႔အျဖစ္ အီရန္ႏုိင္ငံမွာ တနဂၤေႏြေန႔ညက အစိုးရဆန္႔က်င္ေရး ဆႏၵျပပြဲေတြ ျဖစ္ခဲ့ပါတယ္။

ယူကရိန္း ခရီးသည္တင္ေလယာဥ္ ပ်က္က်ခဲ့ရမႈနဲ႔ မပတ္သက္ဘူးလို႔ အီရန္စစ္တပ္က ကနဦး ျငင္းဆိုခဲ့ၿပီးေနာက္မွာ မွားယြင္းပစ္ခ်ခဲ့မိတာ ျဖစ္ေၾကာင္း ၀န္ခံထားတာပါ။

ၿမိဳ႕ေတာ္ တီဟီရန္က တကၠသိုလ္ အျပင္ဘက္မွာေတာ့ ဆႏၵျပသူတဖြဲ႔က အေမရိကန္က ငါတို႔ရန္သူဆိုၿပီး လိမ္ညာ ေျပာဆိုေနေၾကာင္း၊ ရန္သူအစစ္က အီရန္ထဲမွာပဲ ျဖစ္ေၾကာင္း ေႂကြးေၾကာ္ခဲ့ၾကပါတယ္။

အီရန္ၿမိဳ႕ေတာ္တြင္းက ေနရာေတြမွာေရာ တျခားၿမိဳ႕ေတြမွာပါ ဆႏၵျပၾကတာကို ဗီြဒီယိုေတြထဲမွာ ေတြ႔ရပါတယ္။

Azadi ရင္ျပင္ အပါအ၀င္ အထင္ကရ ေနရာေတြမွာေတာ့ ရဲေတြ အလံုးအရင္းနဲ႔ ခ်ထားပါတယ္။ အဓိက႐ုဏ္းႏွိမ္နင္းေရး ၀တ္စံုေတြ ၀တ္ထားတဲ့ ရဲေတြက မီးသတ္ပိုက္ေတြ၊ နံပါတ္တုတ္ေတြ၊ အာဏာပိုင္ေတြအေနနဲ႔ ဆႏၵျပသူေတြကို မွတ္မိ သိရွိႏုိင္ေစမယ့္ အေရာင္ေတြနဲ႔ အမွတ္အသား လုပ္ႏုိင္တဲ့ Paintball ေသနတ္ေတြကိုလည္း ကိုင္ထားၾကပါတယ္။ ဒါေပမယ့္လည္း ဆႏၵျပပြဲေတြကို ၿဖိဳခြဲတဲ့ သတင္းေတြေတာ့ မရွိပါဘူး။

အီရန္လႊတ္ေတာ္ ေရွ႕ေမွာက္မွာ အီရန္ ေတာ္လွန္ေရးျပည္ေစာင့္တပ္ အႀကီးအကဲက စိတ္လႈပ္ရွား ၀မ္းနည္းမႈအျပည့္နဲ႔ ေျပာခဲ့တဲ့ မိန္႔ခြန္းထဲမွာေတာ့ ယူကရိန္း ႏုိင္ငံတကာေလေၾကာင္းလိုင္း ေလယာဥ္ကို ဒံုးက်ည္နဲ႔ တိုက္ခုိက္ခဲ့တဲ့အေပၚ ေတာင္းပန္ခဲ့ၿပီး ဒီတိုက္ခုိက္မႈဟာ ၀မ္းနည္းဖြယ္ မွားယြင္းမႈႀကီး ျဖစ္ပါတယ္လို႔ ခုခံ ေျပာဆိုခဲ့ပါတယ္။

အီရန္ ဆႏၵျပသူေတြကို အစိုးရဘက္က ေခ်မႈန္းၿဖိဳခြဲတာ မလုပ္ဖုိ႔ အေမရိကန္ သမၼတ Donald Trump က သတိေပးထားပါတယ္။

--------------------------------

(Unicode)

အီရန်အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲ အရှိန်မြင့်

လူပေါင်း ၁၇၆ ယောက် လိုက်ပါခဲ့တဲ့ ယူကရိန်း ခရီးသည်တင်လေယာဉ်ကို မှားယွင်းပြီး ပစ်ချခဲ့ကြောင်း ဝန်ခံခဲ့တဲ့ အီရန်စစ်တပ်ကို ဆန့်ကျင်တဲ့ ဒုတိယမြောက်နေ့အဖြစ် အီရန်နိုင်ငံမှာ တနင်္ဂနွေနေ့ညက အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ခဲ့ပါတယ်။

ယူကရိန်း ခရီးသည်တင်လေယာဉ် ပျက်ကျခဲ့ရမှုနဲ့ မပတ်သက်ဘူးလို့ အီရန်စစ်တပ်က ကနဦး ငြင်းဆိုခဲ့ပြီးနောက်မှာ မှားယွင်းပစ်ချခဲ့မိတာ ဖြစ်ကြောင်း ဝန်ခံထားတာပါ။

မြို့တော် တီဟီရန်က တက္ကသိုလ် အပြင်ဘက်မှာတော့ ဆန္ဒပြသူတဖွဲ့က အမေရိကန်က ငါတို့ရန်သူဆိုပြီး လိမ်ညာ ပြောဆိုနေကြောင်း၊ ရန်သူအစစ်က အီရန်ထဲမှာပဲ ဖြစ်ကြောင်း ကြွေးကြော်ခဲ့ကြပါတယ်။

အီရန်မြို့တော်တွင်းက နေရာတွေမှာရော တခြားမြို့တွေမှာပါ ဆန္ဒပြကြတာကို ဗွီဒီယိုတွေထဲမှာ တွေ့ရပါတယ်။

Azadi ရင်ပြင် အပါအဝင် အထင်ကရ နေရာတွေမှာတော့ ရဲတွေ အလုံးအရင်းနဲ့ ချထားပါတယ်။ အဓိကရုဏ်းနှိမ်နင်းရေး ဝတ်စုံတွေ ဝတ်ထားတဲ့ ရဲတွေက မီးသတ်ပိုက်တွေ၊ နံပါတ်တုတ်တွေ၊ အာဏာပိုင်တွေအနေနဲ့ ဆန္ဒပြသူတွေကို မှတ်မိ သိရှိနိုင်စေမယ့် အရောင်တွေနဲ့ အမှတ်အသား လုပ်နိုင်တဲ့ Paintball သေနတ်တွေကိုလည်း ကိုင်ထားကြပါတယ်။ ဒါပေမယ့်လည်း ဆန္ဒပြပွဲတွေကို ဖြိုခွဲတဲ့ သတင်းတွေတော့ မရှိပါဘူး။

အီရန်လွှတ်တော် ရှေ့မှောက်မှာ အီရန် တော်လှန်ရေးပြည်စောင့်တပ် အကြီးအကဲက စိတ်လှုပ်ရှား ဝမ်းနည်းမှုအပြည့်နဲ့ ပြောခဲ့တဲ့ မိန့်ခွန်းထဲမှာတော့ ယူကရိန်း နိုင်ငံတကာလေကြောင်းလိုင်း လေယာဉ်ကို ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် တောင်းပန်ခဲ့ပြီး ဒီတိုက်ခိုက်မှုဟာ ဝမ်းနည်းဖွယ် မှားယွင်းမှုကြီး ဖြစ်ပါတယ်လို့ ခုခံ ပြောဆိုခဲ့ပါတယ်။

အီရန် ဆန္ဒပြသူတွေကို အစိုးရဘက်က ချေမှုန်းဖြိုခွဲတာ မလုပ်ဖို့ အမေရိကန် သမ္မတ Donald Trump က သတိပေးထားပါတယ်။

VOA (Burmese)
https://burmese.voanews.com
အီရန္အစိုးရဆန္႔က်င္ေရး ဆႏၵျပပြဲ အရွိန္ျမင့္ အီရန္အစိုးရဆန္႔က်င္ေရး ဆႏၵျပပြဲ အရွိန္ျမင့္ Reviewed by THITHTOOLWIN on 20:06 Rating: 5
Powered by Blogger.