“ကင္ဆာ”ဆိုတာနဲ႔ မၾကာခင္ေသရေတာ့မွာလား

(Zawgyi)⤵⤵⤵
“ကင္ဆာ”

လူေပါင္းမ်ားစြာတို႔ရဲ႕ အသက္ကို ၿခိမ္းေျခာက္ေနတဲ့ အရာ၊ ကင္ဆာျဖစ္ေနၿပီဆိုတာနဲ႔ ေခါင္းထဲမွာေပၚလာတာ “ငါေသရေတာ့မယ္” ဆိုတဲ့ အေတြး။ အဲ့အေတြးေပၚတာနဲ႔ လက္ေတြ႕ဘဝမွာ ေၾကာက္႐ြံ႕မႈ၊ တုန္လႈပ္မႈ၊ အားငယ္မႈ၊ စိတ္ဓါတ္က်မႈ၊ မေပ်ာ္႐ႊင္မႈေတြ ျဖစ္လာၿပီး စိတ္ေထာင္းကိုယ္ေၾက ျဖစ္ရပါေတာ့တယ္။ ဒါေပမယ့္ ခုလိုတိုးတက္လာတဲ့ ေခတ္ႀကီးမွာ အခ်ိန္မီသာသိရင္ ကုလို႔ေပ်ာက္တဲ့ ကင္ဆာေတြလည္းရွိပါတယ္။ ေဆးပညာ တိုးတက္လာၿပီျဖစ္တဲ့အတြက္ ၿခိမ္းေျခာက္ေနတဲ့ ကင္ဆာကို ကုသဖို႔နည္းလမ္းေတြလည္း မ်ိဳးစုံရွိေနၿပီ။ ကင္ဆာသုေတသီမ်ားရဲ႕ ေျပာၾကားခ်က္အရ ကင္ဆာျဖစ္လို႔ကုသၿပီး ေနာက္ ၅ႏွစ္အထိ ကင္ဆာဆဲလ္ေတြ မေတြ႕ရေတာ့ဘူးဆိုရင္ အဲ့ဒီကင္ဆာက ကုသလို႔ေပ်ာက္သြားၿပီလို႔ ဆိုႏိုင္ပါတယ္။ ဒါေၾကာင့္ ကင္ဆာဆဲလ္ေတြလည္း မပ်ံ႕ဘူး၊ ေစာေစာလည္းသိလို႔ ကုသမယ္ဆိုရင္ အသက္ရွည္ရွည္ေနထိုင္ခြင့္ ပိုမ်ားႏိုင္တဲ့ကင္ဆာ (၅)မ်ိဳးကို ေျပာျပေပးမယ္ေနာ္။ ေမွ်ာ္လင့္ခ်က္ေရာင္ျခည္ေလးေတြေပါ့။

(၁) ရင္သားကင္ဆာ

ရင္သားကင္ဆာ( အဆင့္ ၁ ႏွင့္ ၂ ) ကုသၿပီးေနာက္ ၅ ႏွစ္အတြင္း လူနာအသက္ရွင္ႏႈန္း – ၉၉ % -၁၀၀ %

ရင္သားကင္ဆာဆိုရင္ မၾကားဖူးတဲ့သူ မရွိပါဘူး။ ေဆးပညာေတြ တိုးတက္လာတာကတစ္ေၾကာင္း၊ ဆရာဝန္ေတြက ဘယ္လိုကုရမလဲဆိုတာ ပိုင္ႏိုင္စြာသိေနတာက တစ္ေၾကာင္း၊ ရင္သားကင္ဆာဆိုတာကို လူေတြက ၾကားဖူးနားဝရွိေနတာေၾကာင့္ ကုသမယ္ဆိုရင္ တျခားကင္ဆာေတြထက္ ကုသၿပီးေနာက္ ၅ ႏွစ္အတြင္း လူနာအသက္ရွင္ႏႈန္း ပိုမ်ားပါတယ္။ ရင္သားကင္ဆာ ျဖစ္တဲ့ေနရာကိုလိုက္ၿပီး ကုသဖို႔ ေဆးေတြ၊ နည္းလမ္းေတြလည္း အမ်ိဳးမ်ိဳးေပၚေနၿပီဆိုေတာ့ကား ကင္ဆာဆိုေပမယ့္ ၁၀၀% ကုသႏိုင္ၿပီး အသက္ရွင္ဖို႔ အခြင့္အလမ္းေတြပိုမ်ားလာၿပီေနာ္။ ကင္ဆာဆဲလ္ေတြ မပ်ံ႕ခင္ ေစာေစာကုဖို႔ေတာ့ လိုတာေပါ့။
ရင္သားကင္ဆာေတြထဲက “Oestrogen Receptor Positive” အီစတိုဂ်င္ ေဟာ္မုန္းေၾကာင့္ျဖစ္တဲ့ ရင္သားကင္ဆာဟာ ေဟာ္မုန္းေလွ်ာ့ခ်ႏိုင္တဲ့ ေဆးေတြေပးတာနဲ႔ကို ပိုေကာင္းလာႏိုင္တာေၾကာင့္ ကုသရ အလြယ္ဆုံးျဖစ္ပါတယ္။ တစ္ဖက္မွာလည္း“triple negative” breastcancers” လို႔ေခၚတဲ့ negativefor estrogen receptors (ER-), progesterone receptors (PR-), and HER2 (HER2-) ရင္သားကင္ဆာဆိုရင္ေတာ့ ကုရအခက္ဆုံးျဖစ္ေနပါတယ္။ ဒါ့ေၾကာင့္ အမ်ိဳးသမီးထု အေနနဲ႔ ကုသရလြယ္တဲ့ကင္ဆာလို႔ ေျပာလို႔ရတဲ့ ရင္သားကင္ဆာကို မေပါ့ဆသင့္ဘဲ ရင္သားကို ကိုယ့္ဘာဘာစမ္းၾကည့္ၿပီး အလုံးေတြ႕ရင္ ဆရာဝန္နဲ႔ သြားျပသင့္တယ္ေနာ္။ မ်ိဳး႐ိုးထဲမွာ ျဖစ္ဖူးတဲ့သူရွိရင္ေတာ့ ဆရာဝန္နဲ႔ တိုင္ပင္ၿပီး တစ္ႏွစ္တစ္ခါ mammogramလို႔ေခၚတဲ့ ရင္သား ဓါတ္မွန္ ပုံမွန္႐ိုက္သင့္ပါတယ္။ ဒါမွ ေစာေစာသိ ေစာေစာကု ေစာေစာေပ်ာက္တာေပါ့။

(၂) ဆီးက်ိတ္ကင္ဆာ

ဆီးက်ိတ္ကင္ဆာ ကုသၿပီးေနာက္ ၅ ႏွစ္အတြင္း လူနာအသက္ရွင္ႏႈန္း – ၉၉ %

ေယာက္်ားေလးေတြမွာ အျဖစ္မ်ားတဲ့ ဆီးက်ိတ္ ကင္ဆာကို ကုသၿပီး ဘာလို႔ အသက္ရွင္ႏႈန္းပိုမ်ားသလဲ ဆိုရင္ ဆီးက်ိတ္ကင္ဆာေတြက မ်ားေသာအားျဖင့္ ႀကီးထြားမႈႏႈန္း ေႏွးပါတယ္။ ကင္ဆာေတြလည္း အျခားေနရာေတြကို မပ်ံ႕ေသးဘူး၊ ခြဲစိတ္လို႔ရတဲ့ အသက္အ႐ြယ္ ( အသက္ ၇၀မေက်ာ္ေသး)၊ ခြဲစိတ္လို႔ရတဲ့ အေျခအေနေတြရွိမယ္ဆိုရင္ ခြဲစိတ္ကုသၿပီးတာနဲ႔ ေနာက္ ၅ႏွစ္အတြင္း လူနာရဲ႕ အသက္ရွင္ႏႈႏ္ုး ၉၉% ရွိပါတယ္တဲ့။ ကံမေကာင္းအေၾကာင္းမလွပဲ ကင္ဆာဆဲလ္ေတြ ပ်ံ႕သြားရင္ ေတာင္ ခြဲစိတ္ကုသၿပီးတာနဲ႔ ေနာက္ ၅ႏွစ္ အတြင္း လူနာရဲ႕ အသက္ရွင္ႏႈႏ္ုး ၂၉% ေတာင္ရွိေသးတယ္တဲ့ေနာ္။ ဘာလို႔လဲဆိုေတာ့ ဆရာဝန္ေတြက ကင္ဆာမပ်ံ႕ခင္ ဆီးက်ိတ္ကင္ဆာကို ႀကိဳၿပီး ေတြ႕တတ္လို႔ပါတဲ့။ အဲလိုေတြ႕ဖို႔ ကိုယ့္ဘက္ကလည္း က်န္းမာေရးေဆးစစ္ခ်က္ေတြကို မွန္မွန္ျပဳလုပ္ေပးသင့္တယ္ေနာ္။ ဆီးက်ိတ္ကင္ဆာကိုႀကိဳတင္ စစ္ေဆးခ်င္တယ္ဆိုရင္ နည္းလမ္း ၂ မ်ိဳးရွိပါတယ္။

• စအို အတြင္းမွ လက္ျဖင့္စစ္ေဆးျခင္း
• ေသြးေဖာက္ၿပီး PSA test စစ္ေဆးျခင္း တို႔လုပ္ႏိုင္ပါတယ္။

မ်ိဳး႐ိုးထဲမွာလည္း ဆီးက်ိတ္ကင္ဆာျဖစ္ဖူးတဲ့သူရွိတယ္၊ ဆီးသြားတဲ့ အခါလည္း ပုံမွန္မဟုတ္ဘဲ ဆီးသြားရခက္တာ၊ ဆီးသြားရင္ ညႇစ္ရတာ၊ ဆီးထဲေသြးပါတာေတြရွိရင္ မေပါ့ဆဘဲ ဆရာဝန္ဆီ အျမန္သြားၿပီး စစ္ေဆးသင့္တယ္ေနာ္၊။ ေစာေစာသိေလ အသက္ရွင္ခြင့္ပိုမ်ားေလပဲေလ။ မဟုတ္ဘူးလား။

(၃) သိုင္း႐ြိဳက္ဂလင္းကင္ဆာ

သိုင္း႐ြိဳက္ဂလင္း ကင္ဆာ ကုသၿပီးေနာက္ ၅ ႏွစ္အတြင္း လူနာအသက္ရွင္ႏႈန္း – ၉၈ % (ကင္ဆာျဖစ္တဲ့ တစ္ရႉးေပၚေတာ့ မူတည္ေသးတယ္တဲ့ေနာ္)

သိုင္း႐ြိဳက္ဂလင္းဆိုတာ လည္ပင္းအေရွ႕ဘက္မွာ ေနရာယူထားတဲ့ လိပ္ျပာပုံစံ ဂလင္းေလးတစ္ခုျဖစ္ပါတယ္။ သူကေန ကယ္လိုရီေလာင္ကြၽမ္းဖို႔ ၊ ႏွလုံးစည္းခ်က္မွန္ဖို႔ လိုအပ္တဲ့ ေဟာ္မုန္းေတြကို ထုတ္ေပးပါတယ္။ ကုသၿပီးေနာက္ ၅ ႏွစ္အတြင္း လူနာအသက္ရွင္ႏႈန္း – ၉၈% ဘာလို႔ရွိလဲဆိုရင္ သိုင္း႐ြိဳက္ဂလင္းကင္ဆာ အမ်ားစုဟာႀကီးထြားမႈႏႈန္း ေႏွးတယ္တဲ့။ ကင္ဆာႀကီးလာၿပီး လည္ပင္းပတ္လည္က အျခားအရာမ်ားကို ဖိေနရင္ေတာင္ ဆရာဝန္ေတြက ခြဲစိတ္ၿပီး သိုင္း႐ြိဳက္ဂလင္းကို ထုတ္ပစ္လို႔ရပါတယ္။ ခြဲစိတ္ၿပီး ရင္ေတာ့သိုင္း႐ြိဳက္ဂလင္း ကထုတ္တဲ့ ေဟာ္မုန္းေတြအတြက္ လူနာေတြက ေဆးအစားထိုးျပန္ေသာက္ေပးမယ္ဆိုရင္ အျခားပုံမွန္လူေတြလိုပဲ ေနထိုင္သြားလာလို႔ရပါတယ္။ ကုလို႔ေပ်ာက္တဲ့ဆိုေပမယ့္ ကင္ဆာျဖစ္တဲ့ တစ္ရႉးအမ်ိဳးအစားေပၚလည္း မူတည္ေသးပါတယ္။Anaplastic Thyroid Cancer ဆိုရင္ ကုသၿပီးေနာက္ ၅ ႏွစ္အတြင္း လူနာအသက္ရွင္ႏႈန္း ၇% ပဲရွိပါတယ္။ ဒါေပမယ့္ Anaplastic Thyroid Cancer ျဖစ္ႏိုင္ေခ်က ေတာ္ေတာ္နည္းပါတယ္။ သိုင္း႐ြိဳက္ဂလင္း ကင္ဆာအတြက္ ႀကိဳစစ္ေဆးလို႔ရမယ့္နည္းလမ္း(tests) ေတြေတာ့ မရွိေသးပါဘူး။ လည္ပင္းမွာ အလုံးေပၚလာတာ၊ အစာမ်ိဳခ်ရခက္တာမ်ိဳးေတြ ျဖစ္လာရင္ေတာ့ ဆရာဝန္ေတြဆီ ခ်က္ခ်င္သြားျပသင့္ပါတယ္။ မေပါ့ဆဖို႔ေတာ့ လိုမယ္ေနာ္။ ကုၿပီးရင္ အသက္ရွင္ခြင့္ကလည္း ၉၈% ေတာင္ရွိတာတဲ့ေနာ္။

(၄)ေဝွးေစ့ကင္ဆာ

ေဝွးေစ့ကင္ဆာ ကုသၿပီးေနာက္ ၅ ႏွစ္အတြင္း လူနာအသက္ရွင္ႏႈန္း – ၉၅.၁%
ေဝွးေစ့ကင္ဆာ အေစာပိုင္းအဆင့္ (ကင္ဆာဆဲလ္မ်ားလည္း မပ်ံ႕ေသးဘူးဆိုရင္) ကင္ဆာျဖစ္ေနတဲ့ ေဝွးေစ့ တစ္လုံး (သို႔မဟုတ္ ) ႏွစ္လုံးလုံးကို ခြဲထုတ္လိုက္ၿပီး ကုသႏိုင္ပါတယ္။ ႏွစ္လုံးရွိတဲ့အထဲမွာ တစ္လုံးထုတ္လိုက္ရင္ေတာင္ က်န္တစ္လုံးက လိင္ကိစၥေဆာင္႐ြက္ဖို႔နဲ႔ ကေလးရဖို႔အတြက္ လိုအပ္တဲ့ ေဟာ္မုန္းေတြကို ထုတ္ေပးႏိုင္ေသးတဲ့အတြက္ စိတ္ပူစရာမလိုဘူးေနာ္။ ကင္ဆာ အဆင့္ျမင့္လာရင္ေတာင္ ခြဲစိတ္တာ၊ ဓါတ္ေရာင္ျခည္ကင္တာ၊ ကင္ဆာေဆးသြင္းတာေတြလည္း လုပ္ႏိုင္ေသးတာဆိုေတာ့ ကုသဖို႔နည္းလမ္းေတြ အမ်ားႀကီးပါပဲ။ ဆရာဝန္ေတြကေတာ့ ၁၉၇၀ ခုႏွစ္တည္းက စတင္သုံးလာတဲ့ ciplastin လို႔ေခၚတဲ့ chemo ကင္ဆာေဆးသြင္းတာကို ပိုၿပီးအားေပးၾကပါတယ္။ ေဝွးေစ့ ကင္ဆာဆိုရင္ ciplastin လို႔ေခၚတဲ့ chemo ကင္ဆာေဆးသြင္း႐ုံနဲ႔ ကုသၿပီးေနာက္ ၅ ႏွစ္အတြင္း လူနာအသက္ရွင္ႏႈန္း ပိုမ်ားႏိုင္တယ္လို႔ဆိုပါတယ္။ ကင္ဆာအဆင့္ ၄ ေရာက္ၿပီဆိုရင္ေတာင္ ကုသၿပီးေနာက္ ၅ ႏွစ္အတြင္း လူနာအသက္ရွင္ႏႈန္း ၇၃% ရွိေသးတယ္ဆိုေတာ့ မဆိုးဘူးလို႔ ေျပာရမယ္။ ဒါ့ေၾကာင့္ ေဝွးေစ့မွာ အလုံးေပၚလာရင္ ဒါမွမဟုတ္ ေဝွးေစ့ တစ္ဖက္ဖက္က ပုံမွန္မဟုတ္ဘဲ ႀကီးလာတာေတြက ကင္ဆာရဲ႕ အေစာဆုံးအဆင့္ေတြျဖစ္ႏိုင္လို႔ ေစာေစာသိၿပီး ေစာေစာကုသလို႔ရေအာင္ ဆရာဝန္ဆီ ျမန္ျမန္သြားျပသင့္တယ္ေနာ္။

(၅) Melanoma အေရျပားကင္ဆာ

Melanoma အေရျပားကင္ဆာ ကုသၿပီးေနာက္ ၅ ႏွစ္အတြင္း လူနာအသက္ရွင္ႏႈန္း- ၉၁.၇%

Melanoma အေရျပားကင္ဆာက ကုသၿပီး အသက္ရွင္ႏႈႏ္ုးဘာလို႔ျမင့္လဲဆိုရင္ အေရျပားဆိုေတာ့ မ်က္လုံးနဲ႔ၾကည့္တာနဲ႔တင္ အေျပာင္းအလဲေတြ ျဖစ္ေနတာကိုသိေတာ့ ေၾကာက္ၿပီး ေစာေစာ သြားျပၾကတယ္မဟုတ္လား။ အေရျပားေအာက္ကို မပ်ံ႕ေသးရင္ ဆရာဝန္ေတြက ကင္ဆာျဖစ္တဲ့ေနရာကို ခြဲထုတ္လိုက္႐ုံပဲ။ ဒါေပမယ့္ ေပါ့ေပါ့ဆဆ ေနလိုက္ရင္ေတာ့ ကင္ဆာဆဲလ္ေတြ ပ်ံ႕ကုန္ႏိုင္ပါတယ္။Melanoma အေရျပားကင္ဆာ က အျခား အေရျပားကင္ဆာ ထက္ဆာရင္ ပ်ံ႕ႏႈန္းပိုမ်ားပါတယ္။ အေရျပားေအာက္ကိုပါ ကင္ဆာဆဲလ္ ပ်ံ႕သြားၿပီဆို ကုသရခက္သြားၿပီး လူနာ၁၅%- ၂၀%သာ ေနာက္၅ႏွစ္တြင္း အသက္ရွင္ႏိုင္ၾကပါတယ္။ ဒါေၾကာင့္ ေစာေစာသိရေအာင္ အေရျပားေပၚမွာ အထူးသျဖင့္ ေက်ာကုန္း၊ ဦးေရျပား၊ ေဝွးေစ့အေရျပားႏွင့္ ေျခေခ်ာင္းၾကားေတြမွာ အေရာင္ရင့္ၿပီး အ႐ြယ္ႀကီးတဲ့ အဖုမ်ား အသားဖတ္မ်ား ထြက္လာရင္ ႐ိုး႐ိုးျဖစ္တာလား၊ ကင္ဆာလားဆိုတာသိရေအာင္ ဆရာဝန္ဆီ ျမန္ျမန္သြားသင့္တယ္ေနာ္။ မိသားစုထဲ မ်ိဳး႐ိုးရွိလွ်င္ ပိုလို႔ေတာင္ သတိထားသင့္တယ္ေနာ္။
ဒါေတြကေတာ့ ကင္ဆာေတြထဲမွာမွ ေမွ်ာ္လင့္လို႔ အရႏိုင္ဆုံး ေပ်ာက္ကင္းႏိုင္ေခ်အမ်ားဆုံး ကင္ဆာေတြပါ။ ဒါေၾကာင့္ ကင္ဆာဆိုတာနဲ႔ စိတ္ဓါတ္က်မေနဘဲ ကုသလို႔ေပ်ာက္ကင္းႏိုင္ၿပီး အသက္ဆက္ရွင္ႏိုင္ေသးတယ္ဆိုတာ ဒီေဆာင္းပါးေလးဖတ္ၿပီး ေမွ်ာ္လင့္ခ်က္ေရာင္ျခည္ေတြနဲ႔အတူ ရွင္သန္ႏိုင္ၾကပါေစ။

ေရးသားသူ Dr. Thin Yadanar @ Frances
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Kaung Thar
https://www.facebook.com/MyanmarDigitalNews/
------------
(Unicode)⤵⤵⤵
“ကင်ဆာ”ဆိုတာနဲ့ မကြာခင်သေရတော့မှာလား

“ကင်ဆာ”

လူပေါင်းများစွာတို့ရဲ့ အသက်ကို ခြိမ်းခြောက်နေတဲ့ အရာ၊ ကင်ဆာဖြစ်နေပြီဆိုတာနဲ့ ခေါင်းထဲမှာပေါ်လာတာ “ငါသေရတော့မယ်” ဆိုတဲ့ အတွေး။ အဲ့အတွေးပေါ်တာနဲ့ လက်တွေ့ဘဝမှာ ကြောက်ရွံ့မှု၊ တုန်လှုပ်မှု၊ အားငယ်မှု၊ စိတ်ဓါတ်ကျမှု၊ မပျော်ရွှင်မှုတွေ ဖြစ်လာပြီး စိတ်ထောင်းကိုယ်ကြေ ဖြစ်ရပါတော့တယ်။ ဒါပေမယ့် ခုလိုတိုးတက်လာတဲ့ ခေတ်ကြီးမှာ အချိန်မီသာသိရင် ကုလို့ပျောက်တဲ့ ကင်ဆာတွေလည်းရှိပါတယ်။ ဆေးပညာ တိုးတက်လာပြီဖြစ်တဲ့အတွက် ခြိမ်းခြောက်နေတဲ့ ကင်ဆာကို ကုသဖို့နည်းလမ်းတွေလည်း မျိုးစုံရှိနေပြီ။ ကင်ဆာသုတေသီများရဲ့ ပြောကြားချက်အရ ကင်ဆာဖြစ်လို့ကုသပြီး နောက် ၅နှစ်အထိ ကင်ဆာဆဲလ်တွေ မတွေ့ရတော့ဘူးဆိုရင် အဲ့ဒီကင်ဆာက ကုသလို့ပျောက်သွားပြီလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် ကင်ဆာဆဲလ်တွေလည်း မပျံ့ဘူး၊ စောစောလည်းသိလို့ ကုသမယ်ဆိုရင် အသက်ရှည်ရှည်နေထိုင်ခွင့် ပိုများနိုင်တဲ့ကင်ဆာ (၅)မျိုးကို ပြောပြပေးမယ်နော်။ မျှော်လင့်ချက်ရောင်ခြည်လေးတွေပေါ့။

(၁) ရင်သားကင်ဆာ

ရင်သားကင်ဆာ( အဆင့် ၁ နှင့် ၂ ) ကုသပြီးနောက် ၅ နှစ်အတွင်း လူနာအသက်ရှင်နှုန်း – ၉၉ % -၁၀၀ %

ရင်သားကင်ဆာဆိုရင် မကြားဖူးတဲ့သူ မရှိပါဘူး။ ဆေးပညာတွေ တိုးတက်လာတာကတစ်ကြောင်း၊ ဆရာဝန်တွေက ဘယ်လိုကုရမလဲဆိုတာ ပိုင်နိုင်စွာသိနေတာက တစ်ကြောင်း၊ ရင်သားကင်ဆာဆိုတာကို လူတွေက ကြားဖူးနားဝရှိနေတာကြောင့် ကုသမယ်ဆိုရင် တခြားကင်ဆာတွေထက် ကုသပြီးနောက် ၅ နှစ်အတွင်း လူနာအသက်ရှင်နှုန်း ပိုများပါတယ်။ ရင်သားကင်ဆာ ဖြစ်တဲ့နေရာကိုလိုက်ပြီး ကုသဖို့ ဆေးတွေ၊ နည်းလမ်းတွေလည်း အမျိုးမျိုးပေါ်နေပြီဆိုတော့ကား ကင်ဆာဆိုပေမယ့် ၁၀၀% ကုသနိုင်ပြီး အသက်ရှင်ဖို့ အခွင့်အလမ်းတွေပိုများလာပြီနော်။ ကင်ဆာဆဲလ်တွေ မပျံ့ခင် စောစောကုဖို့တော့ လိုတာပေါ့။
ရင်သားကင်ဆာတွေထဲက “Oestrogen Receptor Positive” အီစတိုဂျင် ဟော်မုန်းကြောင့်ဖြစ်တဲ့ ရင်သားကင်ဆာဟာ ဟော်မုန်းလျှော့ချနိုင်တဲ့ ဆေးတွေပေးတာနဲ့ကို ပိုကောင်းလာနိုင်တာကြောင့် ကုသရ အလွယ်ဆုံးဖြစ်ပါတယ်။ တစ်ဖက်မှာလည်း“triple negative” breastcancers” လို့ခေါ်တဲ့ negativefor estrogen receptors (ER-), progesterone receptors (PR-), and HER2 (HER2-) ရင်သားကင်ဆာဆိုရင်တော့ ကုရအခက်ဆုံးဖြစ်နေပါတယ်။ ဒါ့ကြောင့် အမျိုးသမီးထု အနေနဲ့ ကုသရလွယ်တဲ့ကင်ဆာလို့ ပြောလို့ရတဲ့ ရင်သားကင်ဆာကို မပေါ့ဆသင့်ဘဲ ရင်သားကို ကိုယ့်ဘာဘာစမ်းကြည့်ပြီး အလုံးတွေ့ရင် ဆရာဝန်နဲ့ သွားပြသင့်တယ်နော်။ မျိုးရိုးထဲမှာ ဖြစ်ဖူးတဲ့သူရှိရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး တစ်နှစ်တစ်ခါ mammogramလို့ခေါ်တဲ့ ရင်သား ဓါတ်မှန် ပုံမှန်ရိုက်သင့်ပါတယ်။ ဒါမှ စောစောသိ စောစောကု စောစောပျောက်တာပေါ့။

(၂) ဆီးကျိတ်ကင်ဆာ

ဆီးကျိတ်ကင်ဆာ ကုသပြီးနောက် ၅ နှစ်အတွင်း လူနာအသက်ရှင်နှုန်း – ၉၉ %

ယောက်ျားလေးတွေမှာ အဖြစ်များတဲ့ ဆီးကျိတ် ကင်ဆာကို ကုသပြီး ဘာလို့ အသက်ရှင်နှုန်းပိုများသလဲ ဆိုရင် ဆီးကျိတ်ကင်ဆာတွေက များသောအားဖြင့် ကြီးထွားမှုနှုန်း နှေးပါတယ်။ ကင်ဆာတွေလည်း အခြားနေရာတွေကို မပျံ့သေးဘူး၊ ခွဲစိတ်လို့ရတဲ့ အသက်အရွယ် ( အသက် ၇၀မကျော်သေး)၊ ခွဲစိတ်လို့ရတဲ့ အခြေအနေတွေရှိမယ်ဆိုရင် ခွဲစိတ်ကုသပြီးတာနဲ့ နောက် ၅နှစ်အတွင်း လူနာရဲ့ အသက်ရှင်နှုန်ုး ၉၉% ရှိပါတယ်တဲ့။ ကံမကောင်းအကြောင်းမလှပဲ ကင်ဆာဆဲလ်တွေ ပျံ့သွားရင် တောင် ခွဲစိတ်ကုသပြီးတာနဲ့ နောက် ၅နှစ် အတွင်း လူနာရဲ့ အသက်ရှင်နှုန်ုး ၂၉% တောင်ရှိသေးတယ်တဲ့နော်။ ဘာလို့လဲဆိုတော့ ဆရာဝန်တွေက ကင်ဆာမပျံ့ခင် ဆီးကျိတ်ကင်ဆာကို ကြိုပြီး တွေ့တတ်လို့ပါတဲ့။ အဲလိုတွေ့ဖို့ ကိုယ့်ဘက်ကလည်း ကျန်းမာရေးဆေးစစ်ချက်တွေကို မှန်မှန်ပြုလုပ်ပေးသင့်တယ်နော်။ ဆီးကျိတ်ကင်ဆာကိုကြိုတင် စစ်ဆေးချင်တယ်ဆိုရင် နည်းလမ်း ၂ မျိုးရှိပါတယ်။

• စအို အတွင်းမှ လက်ဖြင့်စစ်ဆေးခြင်း
• သွေးဖောက်ပြီး PSA test စစ်ဆေးခြင်း တို့လုပ်နိုင်ပါတယ်။

မျိုးရိုးထဲမှာလည်း ဆီးကျိတ်ကင်ဆာဖြစ်ဖူးတဲ့သူရှိတယ်၊ ဆီးသွားတဲ့ အခါလည်း ပုံမှန်မဟုတ်ဘဲ ဆီးသွားရခက်တာ၊ ဆီးသွားရင် ညှစ်ရတာ၊ ဆီးထဲသွေးပါတာတွေရှိရင် မပေါ့ဆဘဲ ဆရာဝန်ဆီ အမြန်သွားပြီး စစ်ဆေးသင့်တယ်နော်၊။ စောစောသိလေ အသက်ရှင်ခွင့်ပိုများလေပဲလေ။ မဟုတ်ဘူးလား။

(၃) သိုင်းရွိုက်ဂလင်းကင်ဆာ

သိုင်းရွိုက်ဂလင်း ကင်ဆာ ကုသပြီးနောက် ၅ နှစ်အတွင်း လူနာအသက်ရှင်နှုန်း – ၉၈ % (ကင်ဆာဖြစ်တဲ့ တစ်ရှူးပေါ်တော့ မူတည်သေးတယ်တဲ့နော်)

သိုင်းရွိုက်ဂလင်းဆိုတာ လည်ပင်းအရှေ့ဘက်မှာ နေရာယူထားတဲ့ လိပ်ပြာပုံစံ ဂလင်းလေးတစ်ခုဖြစ်ပါတယ်။ သူကနေ ကယ်လိုရီလောင်ကျွမ်းဖို့ ၊ နှလုံးစည်းချက်မှန်ဖို့ လိုအပ်တဲ့ ဟော်မုန်းတွေကို ထုတ်ပေးပါတယ်။ ကုသပြီးနောက် ၅ နှစ်အတွင်း လူနာအသက်ရှင်နှုန်း – ၉၈% ဘာလို့ရှိလဲဆိုရင် သိုင်းရွိုက်ဂလင်းကင်ဆာ အများစုဟာကြီးထွားမှုနှုန်း နှေးတယ်တဲ့။ ကင်ဆာကြီးလာပြီး လည်ပင်းပတ်လည်က အခြားအရာများကို ဖိနေရင်တောင် ဆရာဝန်တွေက ခွဲစိတ်ပြီး သိုင်းရွိုက်ဂလင်းကို ထုတ်ပစ်လို့ရပါတယ်။ ခွဲစိတ်ပြီး ရင်တော့သိုင်းရွိုက်ဂလင်း ကထုတ်တဲ့ ဟော်မုန်းတွေအတွက် လူနာတွေက ဆေးအစားထိုးပြန်သောက်ပေးမယ်ဆိုရင် အခြားပုံမှန်လူတွေလိုပဲ နေထိုင်သွားလာလို့ရပါတယ်။ ကုလို့ပျောက်တဲ့ဆိုပေမယ့် ကင်ဆာဖြစ်တဲ့ တစ်ရှူးအမျိုးအစားပေါ်လည်း မူတည်သေးပါတယ်။Anaplastic Thyroid Cancer ဆိုရင် ကုသပြီးနောက် ၅ နှစ်အတွင်း လူနာအသက်ရှင်နှုန်း ၇% ပဲရှိပါတယ်။ ဒါပေမယ့် Anaplastic Thyroid Cancer ဖြစ်နိုင်ချေက တော်တော်နည်းပါတယ်။ သိုင်းရွိုက်ဂလင်း ကင်ဆာအတွက် ကြိုစစ်ဆေးလို့ရမယ့်နည်းလမ်း(tests) တွေတော့ မရှိသေးပါဘူး။ လည်ပင်းမှာ အလုံးပေါ်လာတာ၊ အစာမျိုချရခက်တာမျိုးတွေ ဖြစ်လာရင်တော့ ဆရာဝန်တွေဆီ ချက်ချင်သွားပြသင့်ပါတယ်။ မပေါ့ဆဖို့တော့ လိုမယ်နော်။ ကုပြီးရင် အသက်ရှင်ခွင့်ကလည်း ၉၈% တောင်ရှိတာတဲ့နော်။

(၄)ဝှေးစေ့ကင်ဆာ

ဝှေးစေ့ကင်ဆာ ကုသပြီးနောက် ၅ နှစ်အတွင်း လူနာအသက်ရှင်နှုန်း – ၉၅.၁%
ဝှေးစေ့ကင်ဆာ အစောပိုင်းအဆင့် (ကင်ဆာဆဲလ်များလည်း မပျံ့သေးဘူးဆိုရင်) ကင်ဆာဖြစ်နေတဲ့ ဝှေးစေ့ တစ်လုံး (သို့မဟုတ် ) နှစ်လုံးလုံးကို ခွဲထုတ်လိုက်ပြီး ကုသနိုင်ပါတယ်။ နှစ်လုံးရှိတဲ့အထဲမှာ တစ်လုံးထုတ်လိုက်ရင်တောင် ကျန်တစ်လုံးက လိင်ကိစ္စဆောင်ရွက်ဖို့နဲ့ ကလေးရဖို့အတွက် လိုအပ်တဲ့ ဟော်မုန်းတွေကို ထုတ်ပေးနိုင်သေးတဲ့အတွက် စိတ်ပူစရာမလိုဘူးနော်။ ကင်ဆာ အဆင့်မြင့်လာရင်တောင် ခွဲစိတ်တာ၊ ဓါတ်ရောင်ခြည်ကင်တာ၊ ကင်ဆာဆေးသွင်းတာတွေလည်း လုပ်နိုင်သေးတာဆိုတော့ ကုသဖို့နည်းလမ်းတွေ အများကြီးပါပဲ။ ဆရာဝန်တွေကတော့ ၁၉၇၀ ခုနှစ်တည်းက စတင်သုံးလာတဲ့ ciplastin လို့ခေါ်တဲ့ chemo ကင်ဆာဆေးသွင်းတာကို ပိုပြီးအားပေးကြပါတယ်။ ဝှေးစေ့ ကင်ဆာဆိုရင် ciplastin လို့ခေါ်တဲ့ chemo ကင်ဆာဆေးသွင်းရုံနဲ့ ကုသပြီးနောက် ၅ နှစ်အတွင်း လူနာအသက်ရှင်နှုန်း ပိုများနိုင်တယ်လို့ဆိုပါတယ်။ ကင်ဆာအဆင့် ၄ ရောက်ပြီဆိုရင်တောင် ကုသပြီးနောက် ၅ နှစ်အတွင်း လူနာအသက်ရှင်နှုန်း ၇၃% ရှိသေးတယ်ဆိုတော့ မဆိုးဘူးလို့ ပြောရမယ်။ ဒါ့ကြောင့် ဝှေးစေ့မှာ အလုံးပေါ်လာရင် ဒါမှမဟုတ် ဝှေးစေ့ တစ်ဖက်ဖက်က ပုံမှန်မဟုတ်ဘဲ ကြီးလာတာတွေက ကင်ဆာရဲ့ အစောဆုံးအဆင့်တွေဖြစ်နိုင်လို့ စောစောသိပြီး စောစောကုသလို့ရအောင် ဆရာဝန်ဆီ မြန်မြန်သွားပြသင့်တယ်နော်။

(၅) Melanoma အရေပြားကင်ဆာ

Melanoma အရေပြားကင်ဆာ ကုသပြီးနောက် ၅ နှစ်အတွင်း လူနာအသက်ရှင်နှုန်း- ၉၁.၇%

Melanoma အရေပြားကင်ဆာက ကုသပြီး အသက်ရှင်နှုန်ုးဘာလို့မြင့်လဲဆိုရင် အရေပြားဆိုတော့ မျက်လုံးနဲ့ကြည့်တာနဲ့တင် အပြောင်းအလဲတွေ ဖြစ်နေတာကိုသိတော့ ကြောက်ပြီး စောစော သွားပြကြတယ်မဟုတ်လား။ အရေပြားအောက်ကို မပျံ့သေးရင် ဆရာဝန်တွေက ကင်ဆာဖြစ်တဲ့နေရာကို ခွဲထုတ်လိုက်ရုံပဲ။ ဒါပေမယ့် ပေါ့ပေါ့ဆဆ နေလိုက်ရင်တော့ ကင်ဆာဆဲလ်တွေ ပျံ့ကုန်နိုင်ပါတယ်။Melanoma အရေပြားကင်ဆာ က အခြား အရေပြားကင်ဆာ ထက်ဆာရင် ပျံ့နှုန်းပိုများပါတယ်။ အရေပြားအောက်ကိုပါ ကင်ဆာဆဲလ် ပျံ့သွားပြီဆို ကုသရခက်သွားပြီး လူနာ၁၅%- ၂၀%သာ နောက်၅နှစ်တွင်း အသက်ရှင်နိုင်ကြပါတယ်။ ဒါကြောင့် စောစောသိရအောင် အရေပြားပေါ်မှာ အထူးသဖြင့် ကျောကုန်း၊ ဦးရေပြား၊ ဝှေးစေ့အရေပြားနှင့် ခြေချောင်းကြားတွေမှာ အရောင်ရင့်ပြီး အရွယ်ကြီးတဲ့ အဖုများ အသားဖတ်များ ထွက်လာရင် ရိုးရိုးဖြစ်တာလား၊ ကင်ဆာလားဆိုတာသိရအောင် ဆရာဝန်ဆီ မြန်မြန်သွားသင့်တယ်နော်။ မိသားစုထဲ မျိုးရိုးရှိလျှင် ပိုလို့တောင် သတိထားသင့်တယ်နော်။
ဒါတွေကတော့ ကင်ဆာတွေထဲမှာမှ မျှော်လင့်လို့ အရနိုင်ဆုံး ပျောက်ကင်းနိုင်ချေအများဆုံး ကင်ဆာတွေပါ။ ဒါကြောင့် ကင်ဆာဆိုတာနဲ့ စိတ်ဓါတ်ကျမနေဘဲ ကုသလို့ပျောက်ကင်းနိုင်ပြီး အသက်ဆက်ရှင်နိုင်သေးတယ်ဆိုတာ ဒီဆောင်းပါးလေးဖတ်ပြီး မျှော်လင့်ချက်ရောင်ခြည်တွေနဲ့အတူ ရှင်သန်နိုင်ကြပါစေ။

ရေးသားသူ Dr. Thin Yadanar @ Frances
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
https://www.facebook.com/MyanmarDigitalNews/
“ကင္ဆာ”ဆိုတာနဲ႔ မၾကာခင္ေသရေတာ့မွာလား “ကင္ဆာ”ဆိုတာနဲ႔ မၾကာခင္ေသရေတာ့မွာလား Reviewed by THITHTOOLWIN on 21:43 Rating: 5
Powered by Blogger.