ဝန္ထမ္းေတြကို ကားပါမစ္ ခ်ေပးတာ ေ႐ြးေကာက္ပြဲ မဲဆြယ္တာ မဟုတ္

(Zawgyi)⤵⤵⤵
NLD အစိုးရအေနနဲ႔ ျပည္သူ႔ဝန္ထမ္းေတြနဲ႔ ႏိုင္ငံ့ဝန္ထမ္းေတြကို ကားတင္သြင္းခြင့္ျပဳဖို႔  ေဆာင္႐ြက္တာဟာ အျပင္မွာ ေဝဖန္ေနၾကသလို ေ႐ြးေကာက္ပြဲအတြက္ မဲဆြယ္တဲ့အေနနဲ႔  ေဆာင္႐ြက္တာမ်ိဳး မဟုတ္ေၾကာင္း စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာန ဝန္ႀကီး ေဒါက္တာသန္းျမင့္ ေျပာပါတယ္။

ဒီေန႔ ေန႔လယ္ပိုင္းက စီးပြားေရးနဲ႔ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနမွာ ဝန္ႀကီး  ေဒါက္တာသန္းျမင့္ကို မီဒီယာေတြက ေမးျမန္းရာမွာ ဝန္ႀကီးက ေျဖၾကားခဲ့တာပါ။

ျပည္သူ႔ဝန္ထမ္းနဲ႔ ႏိုင္ငံဝန္ထမ္းေတြကို ကားတင္သြင္းခြင့္ျပဳရာမွာ ပထမအဆင့္အေနနဲ႔ ၫႊန္ၾကားေရးမႉးခ်ဳပ္နဲ႔ အထက္အဆင့္ ျပည္သူ႔ဝန္ထမ္းနဲ႔ ႏိုင္ငံဝန္ထမ္းေတြကို ေဆာင္႐ြက္ေပးသြားမွာျဖစ္ၿပီး ဒုတိယအဆင့္အေနနဲ႔ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္နဲ႔ လုပ္သက္ ၂၅ ႏွစ္ျပည့္ၿပီး ႏိုင္ငံဝန္ထမ္းေကာင္း တံဆိပ္ရသူ ဝန္ထမ္းေတြကို ေဆာင္႐ြက္ေပးသြားမယ္ဆိုၿပီး စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက ၿပီးခဲ့တဲ့ ဇန္နဝါရီလ ၂ ရက္ေန႔က ထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။ ဒီအေပၚမွာ ေ႐ြးေကာက္ပြဲနီးလို႔ မဲဆြယ္တဲ့အေနနဲ႔ ေဆာင္႐ြက္တာဆိုၿပီး ေဝဖန္မႈေတြ ျမင့္တက္ခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ အခုလို ဝန္ထမ္းေတြကို ကားတင္သြင္းခြင့္ျပဳရာမွာ တပ္မေတာ္သားေတြနဲ႔ ရဲတပ္ဖြဲ႕ဝင္ေတြ မပါေၾကာင္း သတင္းေတြ ထြက္ေပၚခဲ့ပါတယ္။  ဒီသတင္းဟာ သတင္းမွားသာျဖစ္ၿပီး စီးပြားကူးသန္းဝန္ႀကီးဌာနက ထုတ္ျပန္ ထားတဲ့ ကားတင္သြင္းခြင့္ျပဳမယ့္ ရာထူး အဆင့္အတန္းအတိုင္း တပ္မေတာ္သားေတြနဲ႔ ရဲတပ္ဖြဲ႕ဝင္ ေတြကိုလည္း ခြင့္ျပဳေပးမွာျဖစ္ေၾကာင္း ကုန္သြယ္ေရးဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးမင္းမင္းက ေျပာပါတယ္။

စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနမွာ ဒီေန႔ ေန႔လယ္ပိုင္းက ကားအေရာင္းျပခန္း လုပ္ငန္း ရွင္ေတြနဲ႔ ေတြ႕ဆုံၿပီး ကားတင္သြင္းခြင့္ရမယ့္ ျပည္သူ႔ဝန္ထမ္းနဲ႔ ႏိုင္ငံ့ဝန္ထမ္းေတြကို ကားကို အရစ္က်နဲ႔ ေရာင္းခ်ေပးေရး ေဆြးေႏြးပြဲအၿပီးမွာ အခုလို မီဒီယာေတြကို ေျဖၾကားခဲ့တာပါ။

လတ္တေလာမွာ ဝန္ႀကီးဌာနေတြမွာရွိတဲ့ ၫႊန္ၾကားေရးမႉးခ်ဳပ္နဲ႔ အထက္အမည္စာရင္းကို စတင္ျပဳစုေနၿပီး ဒုတိယအဆင့္အေနနဲ႔ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္နဲ႔ လုပ္သက္ ၂၅ ႏွစ္ျပည့္ၿပီး ႏိုင္ငံဝန္ထမ္းေကာင္း တံဆိပ္ရသူ ဝန္ထမ္းေတြ စာရင္းကို ေကာက္ခံေဆာင္႐ြက္သြားမွာ ျဖစ္တယ္လို႔ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးမင္းမင္းက ေျပာပါတယ္။

ဝန္ထမ္းေတြကို ကားတင္သြင္းခြင့္ျပဳရာမွာ အခြန္ဘယ္ေလာက္ ကင္းလြတ္ခြင့္ ျပဳမလဲဆိုတာနဲ႔ ပတ္သက္ၿပီး အခြန္ႏႈန္းထားကိုေတာ့ လက္ရွိညႇိႏႈိင္းေနေၾကာင္းနဲ႔ ကားတင္သြင္းခြင့္ ဘယ္ေတာ့စခြင့္ျပဳမလဲ ဆိုတာနဲ႔ ပတ္သက္ၿပီး ေမးျမန္းရာမွာေတာ့ ၫႊန္ၾကားခ်က္ ရလာတာနဲ႔ စတင္ ေဆာင္႐ြက္ေပးသြားမွာျဖစ္တယ္လို႔  ဦးမင္းမင္းက ေျပာပါတယ္။

ဒါ့အျပင္ ကားတင္သြင္းခြင့္ ပါမစ္ေတြကို တစ္ဆင့္ျပန္လည္ ေရာင္းခ်တာမ်ိဳးမျဖစ္ေအာင္လည္း ဝန္ထမ္းစည္းမ်ဥ္း စည္းကမ္း လုပ္ထုံးလုပ္နည္းေတြနဲ႔အညီ တင္းၾကပ္စြာ ေဆာင္႐ြက္သြားမယ္လို႔ ဆိုပါတယ္။

ကားတင္သြင္းခြင့္ရမယ့္ ဝန္ထမ္းေတြအေနနဲ႔ ကားတင္သြင္းမယ္ဆိုရင္ စီးပြားကူးသန္းဝန္ႀကီးဌာနဆီမွာ တရားဝင္မွတ္ပုံတင္ထားတဲ့ ကားအေရာင္းျပခန္းေတြမွာ အရစ္က်စနစ္နဲ႔ ဝယ္ယူႏိုင္ဖို႔ကိုလည္း One Stop Service စနစ္နဲ႔ ေဆာင္႐ြက္ေပးသြားမယ္လို႔ သိရပါတယ္။

ကားအေရာင္းျပခန္း လုပ္ငန္းရွင္ အမ်ားစုကေတာ့ ဝန္ထမ္းေတြကို ကားတင္သြင္းခြင့္ ေပးတဲ့အေပၚမွာ မကန႔္ကြက္လိုေပမယ့္ ကားအစီးေရ အမ်ားႀကီး တင္သြင္းခြင့္ျပဳလိုက္ရင္ လက္ရွိ ကားအေရာင္းအဝယ္ လုပ္ငန္းကိုသြားၿပီး မထိခိုက္ဖို႔ကိုေတာ့ သတိထားေဆာင္႐ြက္သင့္တယ္လို႔ ေဆြးေႏြးပြဲကို တက္ေရာက္လာတဲ့ ျမန္မာ့ေမာ္ေတာ္ယာဥ္ထုတ္လုပ္ေရးႏွင့္ ျဖန႔္ျဖဴးေရာင္းခ်ေရး လုပ္ငန္းရွင္းမ်ားအသင္း ဥကၠ႒ ေဒါက္တာစိုးထြန္း က ေျပာပါတယ္။

စီးပြားေရးနဲ႔ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ဦးေအာင္စိုးက ေတာ့ ကားအေရာင္းျပခန္း လုပ္ငန္းရွင္ေတြအေနနဲ႔ ေဈးကြက္ပ်က္သြားမွာ ထိခိုက္ဆုံးရႈံးမႈေတြရွိလာမွာကို စိုးရိမ္ပူပန္ေနတာကို ၾကားသိ ရေၾကာင္း၊ တင္သြင္းမယ့္ ကားအေရအတြက္ဟာ တစ္ဆင့္ၿပီးမွ တစ္ဆင့္တင္သြင္းမွာျဖစ္လို႔ အေရအတြက္ မမ်ားႏိုင္တဲ့အတြက္ ေဈးကြက္ကို ဆိုးဆိုးဝါးဝါး ထိခိုက္ဖို႔မရွိေၾကာင္း ဒီေန႔ ေဆြးေႏြးပြဲမွာ ေျပာခဲ့ပါတယ္။

ဒါ့အျပင္ ကားတင္သြင္းခြင့္ျပဳတာဟာ ဝန္ထမ္းေတြမွာ လက္ရွိအသုံးျပဳေနတဲ့ ကားေတြက ႏွစ္ၾကာၿပီး ေဟာင္းႏြမ္းေနတာေၾကာင့္ ကားအသစ္စီးႏိုင္ေအာင္ ေဆာင္႐ြက္တာျဖစ္ေၾကာင္း နဲ႔ ဝန္ထမ္းေတြအတြက္ ႏိုင္ငံေတာ္အေနနဲ႔ တတ္ႏိုင္တဲ့ဘက္ကေန ခ်ီးျမႇင့္တာျဖစ္ေၾကာင္း ေျပာပါတယ္။

RFA Burmese
https://www.rfa.org
-----------
(Unicode)⤵⤵⤵
ဝန်ထမ်းတွေကို ကားပါမစ် ချပေးတာ ရွေးကောက်ပွဲ မဲဆွယ်တာ မဟုတ်

NLD အစိုးရအနေနဲ့ ပြည်သူ့ဝန်ထမ်းတွေနဲ့ နိုင်ငံ့ဝန်ထမ်းတွေကို ကားတင်သွင်းခွင့်ပြုဖို့  ဆောင်ရွက်တာဟာ အပြင်မှာ ဝေဖန်နေကြသလို ရွေးကောက်ပွဲအတွက် မဲဆွယ်တဲ့အနေနဲ့  ဆောင်ရွက်တာမျိုး မဟုတ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာသန်းမြင့် ပြောပါတယ်။

ဒီနေ့ နေ့လယ်ပိုင်းက စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှာ ဝန်ကြီး  ဒေါက်တာသန်းမြင့်ကို မီဒီယာတွေက မေးမြန်းရာမှာ ဝန်ကြီးက ဖြေကြားခဲ့တာပါ။

ပြည်သူ့ဝန်ထမ်းနဲ့ နိုင်ငံဝန်ထမ်းတွေကို ကားတင်သွင်းခွင့်ပြုရာမှာ ပထမအဆင့်အနေနဲ့ ညွှန်ကြားရေးမှူးချုပ်နဲ့ အထက်အဆင့် ပြည်သူ့ဝန်ထမ်းနဲ့ နိုင်ငံဝန်ထမ်းတွေကို ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ဒုတိယအဆင့်အနေနဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်နဲ့ လုပ်သက် ၂၅ နှစ်ပြည့်ပြီး နိုင်ငံဝန်ထမ်းကောင်း တံဆိပ်ရသူ ဝန်ထမ်းတွေကို ဆောင်ရွက်ပေးသွားမယ်ဆိုပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂ ရက်နေ့က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဒီအပေါ်မှာ ရွေးကောက်ပွဲနီးလို့ မဲဆွယ်တဲ့အနေနဲ့ ဆောင်ရွက်တာဆိုပြီး ဝေဖန်မှုတွေ မြင့်တက်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အခုလို ဝန်ထမ်းတွေကို ကားတင်သွင်းခွင့်ပြုရာမှာ တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ မပါကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။  ဒီသတင်းဟာ သတင်းမှားသာဖြစ်ပြီး စီးပွားကူးသန်းဝန်ကြီးဌာနက ထုတ်ပြန် ထားတဲ့ ကားတင်သွင်းခွင့်ပြုမယ့် ရာထူး အဆင့်အတန်းအတိုင်း တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင် တွေကိုလည်း ခွင့်ပြုပေးမှာဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ပြောပါတယ်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှာ ဒီနေ့ နေ့လယ်ပိုင်းက ကားအရောင်းပြခန်း လုပ်ငန်း ရှင်တွေနဲ့ တွေ့ဆုံပြီး ကားတင်သွင်းခွင့်ရမယ့် ပြည်သူ့ဝန်ထမ်းနဲ့ နိုင်ငံ့ဝန်ထမ်းတွေကို ကားကို အရစ်ကျနဲ့ ရောင်းချပေးရေး ဆွေးနွေးပွဲအပြီးမှာ အခုလို မီဒီယာတွေကို ဖြေကြားခဲ့တာပါ။

လတ်တလောမှာ ဝန်ကြီးဌာနတွေမှာရှိတဲ့ ညွှန်ကြားရေးမှူးချုပ်နဲ့ အထက်အမည်စာရင်းကို စတင်ပြုစုနေပြီး ဒုတိယအဆင့်အနေနဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်နဲ့ လုပ်သက် ၂၅ နှစ်ပြည့်ပြီး နိုင်ငံဝန်ထမ်းကောင်း တံဆိပ်ရသူ ဝန်ထမ်းတွေ စာရင်းကို ကောက်ခံဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ပြောပါတယ်။

ဝန်ထမ်းတွေကို ကားတင်သွင်းခွင့်ပြုရာမှာ အခွန်ဘယ်လောက် ကင်းလွတ်ခွင့် ပြုမလဲဆိုတာနဲ့ ပတ်သက်ပြီး အခွန်နှုန်းထားကိုတော့ လက်ရှိညှိနှိုင်းနေကြောင်းနဲ့ ကားတင်သွင်းခွင့် ဘယ်တော့စခွင့်ပြုမလဲ ဆိုတာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ ညွှန်ကြားချက် ရလာတာနဲ့ စတင် ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့  ဦးမင်းမင်းက ပြောပါတယ်။

ဒါ့အပြင် ကားတင်သွင်းခွင့် ပါမစ်တွေကို တစ်ဆင့်ပြန်လည် ရောင်းချတာမျိုးမဖြစ်အောင်လည်း ဝန်ထမ်းစည်းမျဉ်း စည်းကမ်း လုပ်ထုံးလုပ်နည်းတွေနဲ့အညီ တင်းကြပ်စွာ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ကားတင်သွင်းခွင့်ရမယ့် ဝန်ထမ်းတွေအနေနဲ့ ကားတင်သွင်းမယ်ဆိုရင် စီးပွားကူးသန်းဝန်ကြီးဌာနဆီမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ ကားအရောင်းပြခန်းတွေမှာ အရစ်ကျစနစ်နဲ့ ဝယ်ယူနိုင်ဖို့ကိုလည်း One Stop Service စနစ်နဲ့ ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။

ကားအရောင်းပြခန်း လုပ်ငန်းရှင် အများစုကတော့ ဝန်ထမ်းတွေကို ကားတင်သွင်းခွင့် ပေးတဲ့အပေါ်မှာ မကန့်ကွက်လိုပေမယ့် ကားအစီးရေ အများကြီး တင်သွင်းခွင့်ပြုလိုက်ရင် လက်ရှိ ကားအရောင်းအဝယ် လုပ်ငန်းကိုသွားပြီး မထိခိုက်ဖို့ကိုတော့ သတိထားဆောင်ရွက်သင့်တယ်လို့ ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်းများအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်း က ပြောပါတယ်။

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးက တော့ ကားအရောင်းပြခန်း လုပ်ငန်းရှင်တွေအနေနဲ့ ဈေးကွက်ပျက်သွားမှာ ထိခိုက်ဆုံးရှုံးမှုတွေရှိလာမှာကို စိုးရိမ်ပူပန်နေတာကို ကြားသိ ရကြောင်း၊ တင်သွင်းမယ့် ကားအရေအတွက်ဟာ တစ်ဆင့်ပြီးမှ တစ်ဆင့်တင်သွင်းမှာဖြစ်လို့ အရေအတွက် မများနိုင်တဲ့အတွက် ဈေးကွက်ကို ဆိုးဆိုးဝါးဝါး ထိခိုက်ဖို့မရှိကြောင်း ဒီနေ့ ဆွေးနွေးပွဲမှာ ပြောခဲ့ပါတယ်။

ဒါ့အပြင် ကားတင်သွင်းခွင့်ပြုတာဟာ ဝန်ထမ်းတွေမှာ လက်ရှိအသုံးပြုနေတဲ့ ကားတွေက နှစ်ကြာပြီး ဟောင်းနွမ်းနေတာကြောင့် ကားအသစ်စီးနိုင်အောင် ဆောင်ရွက်တာဖြစ်ကြောင်း နဲ့ ဝန်ထမ်းတွေအတွက် နိုင်ငံတော်အနေနဲ့ တတ်နိုင်တဲ့ဘက်ကနေ ချီးမြှင့်တာဖြစ်ကြောင်း ပြောပါတယ်။

RFA Burmese
https://www.rfa.org
ဝန္ထမ္းေတြကို ကားပါမစ္ ခ်ေပးတာ ေ႐ြးေကာက္ပြဲ မဲဆြယ္တာ မဟုတ္ ဝန္ထမ္းေတြကို ကားပါမစ္ ခ်ေပးတာ ေ႐ြးေကာက္ပြဲ မဲဆြယ္တာ မဟုတ္ Reviewed by THITHTOOLWIN on 09:07 Rating: 5
Powered by Blogger.