ေအေအစစ္ဦးစီးခ်ဳပ္နဲ႔ ဆက္သြယ္ေမးျမန္းခ်က္

ရခိုင္တစ္ေယာက္ခ်င္းစီရဲ႕ ႏိုင္ငံေရးေမွ်ာ္မွန္းခ်က္ကို ၂၀၂၀ မွာ ရခိုင္တစ္မ်ိဳးသားလုံး ပါဝင္ၿပီးေတာ့မွ လႈပ္ရွားသြားမယ္လို႔ ဆိုပါတယ္။
(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္မွာ တိုက္ပြဲေတြျဖစ္ပြားတာ တစ္ႏွစ္ေက်ာ္လာၿပီး စစ္ေဘးေရွာင္ရသူလည္း တစ္သိန္းေက်ာ္ရွိ လာပါၿပီ။ တိုက္ပြဲေတြဟာ ခ်င္းျပည္နယ္ေတာင္ပိုင္း ပလက္ဝနဲ႔ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းကေန အခုဆိုရင္ ၿမိဳ႕ေတာ္စစ္ေတြနားထိ ရံဖန္ရံခါ က်ယ္ျပန႔္ေရာက္ရွိလာပါတယ္။

လက္ရွိ ရခိုင္ျပည္နယ္ စစ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးအတြက္ ေစ့စပ္ညႇိႏႈိင္းႏိုင္ေရး အလားအလာေတြနဲ႔ ပတ္သက္လို႔ ရကၡိဳင့္တပ္ေတာ္ ေအေအရဲ႕ စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္ကို ဘီဘီစီ အႀကီးတန္းသတင္းေထာက္ ေစာရန္ႏိုင္က ဇန္နဝါရီ ၇ ရက္မွာ ဆက္သြယ္ေမးျမန္းထားပါတယ္။

ဘီဘီစီ- ရခိုင္ျပည္နယ္က တိုက္ပြဲေတြက ေျမာက္ပိုင္းကေန အခုဆို အလယ္ပိုင္းထိ က်ယ္ျပန႔္လာတာက ဘာေၾကာင့္လဲ။

ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္- ဒါက ကြၽန္ေတာ္တို႔ရဲ႕ အမ်ိဳးသားေတာ္လွန္ေရးပဲေလ။ ေတာ္လွန္ေရးဆိုတာက ေျမာက္ပိုင္းမွာပဲ ျဖစ္ရမယ္။ အလယ္ပိုင္းမွာ မျဖစ္ရဘူး။ ေတာင္ပိုင္းမွာ မျဖစ္ရဘူး။ အဲဒီလိုေတာ့မဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔က ရခိုင္ တစ္မ်ိဳးသားလုံးပါဝင္တဲ့ အမ်ိဳးသားလြတ္ေျမာက္ေရးလႈပ္ရွားမႈေပါ့။

အဲဒါေၾကာင့္ ရခိုင္လူမ်ိဳးရွိတဲ့ေနရာမွာ ေတာ္လွန္ေရး ရွိႏိုင္ေအာင္ေပါ့။ ကြၽန္ေတာ္တို႔ရဲ႕ ရခိုင္ေျမ လြတ္ေျမာက္ေရးေပါ့။ အဲဒါအတြက္ ကြၽန္ေတာ္တို႔ တတ္ႏိုင္သေလာက္ က်ယ္က်ယ္ျပန႔္ျပန႔္နဲ႔ ထိထိေရာက္ေရာက္ျဖစ္ေအာင္ ႀကိဳးစားသြားမယ့္ သေဘာပါပဲ။

ကြၽန္ေတာ္တို႔ ေျပာထားတဲ့ Arakan Dream 2020 ဆိုတာလည္း ရခိုင္လူမ်ိဳးေတြရဲ႕ ႏိုင္ငံေရးဆႏၵေပါ့ဗ်ာ။ ရခိုင္တစ္ေယာက္ခ်င္းစီရဲ႕ ႏိုင္ငံေရးေမွ်ာ္မွန္းခ်က္ကို ၂၀၂၀ မွာ ရခိုင္တစ္မ်ိဳးသားလုံး ပါဝင္ၿပီးေတာ့မွ လႈပ္ရွားသြားမယ္ေပါ့။

ဘီဘီစီ - စစ္ပြဲက ရခိုင္ျပည္နယ္ေတာင္ပိုင္းအထိ ေရာက္သြားႏိုင္မယ့္အေနအထားရွိမလား။

ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္- ဒီလိုမ်ိဳးျမင္လည္းရတယ္။ ရခိုင္ေတာင္ပိုင္းထိကလည္း ေရာက္ႏိုင္တယ္။

ေနာက္တစ္ခု ကြၽန္ေတာ္ စဥ္းစားမိတာက ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံမွာ တိုင္းရင္းသားေတြ အမ်ားႀကီးရွိတယ္။ တခ်ိဳ႕ အန္န္စီေအ ထိုးထား တယ္။ တခ်ိဳ႕က မထိုးထားဘူး။ အန္န္စီေအ ထိုးထားတဲ့ အဖြဲ႕ေတြကလည္းပဲ သူ႔အေျခအေနနဲ႔သူ သူ႔လမ္း ေၾကာင္း သူေလွ်ာက္တာေတာ့ဟုတ္တယ္။

ဒါေပမဲ့ ဒီရခိုင္တိုက္ပြဲေတြနဲ႔ပတ္သက္ၿပီး သူတို႔လည္း ေစာင့္ၾကည့္ေနမွာပဲ။ တျခား အန္န္စီေအ မထိုးထားတဲ့ အဖြဲ႕ေတြလည္း ဒီအေျခအေနမွာ ျမန္မာစစ္တပ္က တိုင္းရင္းသား ကိစၥနဲ႔ ပတ္သက္လာရင္ ဘယ္လိုကိုင္တြယ္တယ္၊ ဘယ္လိုအေျခအေနရွိတယ္ဆိုတာကို အကုန္လုံးက ေစာင့္ ၾကည့္ေနမွာပဲ။

ဒီအေျခအေနကိုၾကည့္ၿပီးမွ ရႈေထာင့္အမ်ိဳးမ်ိဳးက သုံးသပ္မႈေတြေတာ့ရွိမွာေပါ့။ ဒီ ရခိုင္နယ္စပ္ၿပီးရင္ ငါတို႔ကိုလည္း တစ္ေယာက္ခ်င္းစီ လုပ္လာမလားဆိုတဲ့ သံသယေတြလည္း တိုးပြားလာမွာပဲ။

ဒါ ေၾကာင့္ ဒီတိုက္ပြဲေတြကေန ေတာင္ပိုင္းတင္မကဘူး။ အလွည့္မသင့္ရင္ေတာ့၊ ေသခ်ာမေျဖရွင္းရင္ေတာ့ ျမန္မာတစ္ႏိုင္ငံလုံး ျပႆနာေတြ တက္သြားႏိုင္တာမ်ိဳးေပါ့။

ဘီဘီစီ- အခုလို တပ္မေတာ္နဲ႔ ေအေအ ၾကားမွာ တိုက္ပြဲေတြျပင္းထန္တာက ေစ့စပ္ညႇိႏႈိင္းေရးကိစၥ အလုပ္ မျဖစ္တဲ့သေဘာလား။

ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္- လက္ရွိအေျခအေနကေတာ့ ေတာ္ေတာ္ေလး အခက္အခဲေတာ့ ရွိတာေတာ့ မွန္ပါတယ္။ သို႔ေသာ္ လည္း ကြၽန္ေတာ္တို႔ ႏိုင္ငံေရးမွာက်ေတာ့ ခံစားခ်က္ကိုလည္း အမ်ားႀကီး ဦးစားေပးလို႔ မရဘူးေပါ့။ ဒါေၾကာင့္မို႔ ကြၽန္ေတာ္တို႔ကလည္း ၂၀၂၀ ႏွစ္ဆန္းကတည္းက ၿငိမ္းခ်မ္းေရးအရ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ ေဆြးေႏြးၿပီးမွ ေျဖရွင္းမယ္ဆိုၿပီး ေၾကညာခ်က္ထုတ္ထားတာ ျဖစ္ပါတယ္။

ဘီဘီစီ- အခုက တိုက္ပြဲေတြကလည္း ၿမိဳ႕၊႐ြာေတြမွာ ျဖစ္လာတယ္။ အရပ္သားေတြလည္း ထိခိုက္နစ္နာတာေတြ ရွိတယ္။ သူတို႔ေတြကလည္း ရခိုင္လူမ်ိဳးေတြျဖစ္တယ္။ ဒါကိုေရာ ဘယ္လိုထည့္သြင္းစဥ္းစားထားလဲ။

ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္- တကယ္ေျပာမယ္ဆိုရင္ ၿမိဳ႕႐ြာေတြမွာ တိုက္ပြဲျဖစ္တယ္ဆိုတာကေတာ့ ျမန္မာစစ္တပ္နဲ႔အစိုးရဘက္က လီဆယ္လုပ္ႀကံၿပီးမွ ထုတ္ျပန္တာျဖစ္တယ္။

ကြၽန္ေတာ္တို႔ ၿမိဳ႕ေပၚမွာ တိုက္ပြဲမေဖာ္ပါဘူး။ ၿမိဳ႕တြင္းမွာလည္း တိုက္ပြဲမေဖာ္ပါဘူး။ ကြၽန္ေတာ္တို႔က ၿမိဳ႕အျပင္ ၊ ႐ြာအျပင္ေတြမွာ အနည္းဆုံး တစ္ကီလို၊ ႏွစ္ကီလိုေလာက္ အဲဒီပတ္ဝန္းက်င္ေတြမွာ ေစာင့္ၿပီး တိုက္တာ မ်ားတယ္။

တတ္ႏိုင္သမွ်ေတာ့ ေဝးေဝးက စခန္းေတြကို တိုက္တာ မ်ားတယ္။ သူတို႔က အဲဒီလို တိုက္ပြဲျဖစ္ၿပီဆိုရင္ တိုက္ပြဲထဲမွာ သူတို႔အရာရွိေတြ က်သြားတာပဲျဖစ္ျဖစ္၊ စစ္သည္ ေတာ္ေတာ္မ်ားမ်ား အထိနာသြားတာျဖစ္ျဖစ္ အဲဒီလိုဆိုရင္ သူတို႔က ႐ြာကိုပစ္ၿပီ။

ဆိုလိုခ်င္တာက ဒီ႐ြာေတြက သူပုန္ေတြပဲ၊ သူပုန္ကိုေထာက္ခံတယ္၊ သတင္းေပးတယ္၊ ဒါေၾကာင့္ ဒီ႐ြာကို လုပ္ရမယ္ ဆိုၿပီးေတာ့မွ လူမ်ိဳးေရးအရ အမုန္းတရားနဲ႔ ပစ္မွတ္ထားၿပီးမွ ႐ြာေတြမွာ ပစ္ခတ္မႈေတြ အၿမဲတမ္းလုပ္တယ္။

ဘီဘီစီ- တစ္ႏွစ္ေက်ာ္အတြင္း တိုက္ပြဲေပါင္း ဘယ္ေလာက္ျဖစ္ခဲ့လဲ။ ႏွစ္ဖက္အက်အဆုံးကေရာ ဘယ္လိုအေျခ အေနရွိလဲ။

ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္- အဲဒါကေတာ့ ကြၽန္ေတာ္တို႔ ေျမျပင္တပ္မႉးေတြရဲ႕ အစီရင္ခံစာေတြကို အေျခခံၿပီးမွ တိုက္ပြဲေပါင္းက ႐ိုး႐ိုးတစ္ခါတေလေပါ့။ ဟိုဘက္က တက္လာတယ္။ ဒီဘက္က ပစ္လိုက္တယ္။ တစ္ေယာက္၊ ႏွစ္ေယာက္ က်သြားတယ္။ ေနာက္ဆုတ္သြားတယ္ဆိုရင္ ဒါက ကြၽန္ေတာ္တို႔ တိုက္ပြဲအေသး လို႔ပဲ သတ္မွတ္တယ္။

နာရီဝက္အထက္ၾကာတဲ့တိုက္ပြဲေတြေပါ့။ တိုက္ပြဲေတြကေတာ့ ေျခာက္ရာေက်ာ္ေလာက္ရွိတယ္။ ကြၽန္ေတာ္ေတာ့ အလြတ္မရဘူး။

အက်အဆုံးကေတာ့ သူတို႔လည္း ႏွစ္ေထာင္၊ သုံးေထာင္ေက်ာ္ေလာက္ရွိမယ္။ ကြၽန္ေတာ္တို႔ အစီရင္ခံစာေတြအရေပါ့။ ကြၽန္ေတာ္တို႔လည္း ဒီလိုျပင္းျပင္းထန္ထန္တိုက္တယ္ဆိုေတာ့ အက်အဆုံးေတာ့ ရွိပါတယ္။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ဘက္က အက်အဆုံးက ကြၽန္ေတာ္တို႔ အခု အတိအက်ေတာ့ မထုတ္ျပန္ေသးဘူးေပါ့။

ဘီဘီစီ- ေအေအဘက္ကေရာ တပ္မေတာ္ဘက္ကေရာ အရပ္သားေတြကို ဖမ္းဆီးတာေတြ၊ စစ္ေဆးထိန္း သိမ္းထားတာေတြရွိတယ္။ ဒါက စစ္ပြဲမွာသုံးတဲ့ ဗ်ဴဟာတစ္ခုလို႔ ေျပာလို႔ရလား။

ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္- သူတို႔ဘက္ကေတာ့ ကြၽန္ေတာ္တို႔ ေစာေစာကေျပာသလိုပဲ ရခိုင္ျပည္သူေတြကို ပစ္မွတ္ထားတာေပါ့ဗ်ာ။ ရခိုင္ေတြ ပုန္ကန္တယ္။ ဒီျပည္သူေတြ သူပုန္ကို ေထာက္ခံရင္ သူပုန္ပဲ။

ရခိုင္ျပည္ကို လြတ္ေျမာက္ခ်င္တဲ့၊ ရခိုင္ေတာ္လွန္ေရးကို ေထာက္ခံတဲ့သူကေတာ့ တရားနည္းလမ္းက်တာေပါ့။ သူတို႔ လက္နက္မကိုင္ဘူးဆိုရင္ သူတို႔ အရပ္သားလို ေနေနရမယ္။

အခုက လူတစ္ေယာက္ကိုျမင္တယ္။ ပစ္ခ်င္ရင္ ေသနတ္နဲ႔ ပစ္သတ္ပစ္လိုက္တယ္။ ၿပီးမွ ဝါယာႀကိဳးေလး တစ္ပိုင္းထားၿပီးမွ အၾကမ္းဖက္သမား ဖမ္းမိပါတယ္ဆိုတဲ့ဟာမ်ိဳး ျပန္ၿပီးမွ အမႈစြဲတာေပါ့။

လႊတ္ေတာ္ကလည္း ကြၽန္ေတာ္တို႔ကို အၾကမ္းဖက္လို႔ ေျပာထားတာ မဟုတ္ဘူး။ ဒါေပမဲ့ တရား႐ုံးမွာက်ေတာ့ အၾကမ္းဖက္ပုဒ္မ ေတြနဲ႔ တရားစြဲတယ္။ ဒါဟာ ဘယ္လိုဟာလဲ။ ေမးခြန္းထုတ္စရာေတြ ျဖစ္တယ္။

ကြၽန္ေတာ္တို႔ဘက္က လုပ္တာကေတာ့ သူတို႔(တပ္မေတာ္) နဲ႔ ပူးေပါင္းေဆာင္႐ြက္တဲ့ လူေတြကို အတိအက် ခိုင္လုံ သတင္းရထားၿပီ၊ ဒါမွမဟုတ္ သံသယရွိတယ္ဆိုရင္ ဖမ္းၿပီးမွ ကြၽန္ေတာ္တို႔ စစ္ေဆးတယ္။ လႊတ္လိုက္တာေတြလည္း အမ်ားႀကီးရွိတယ္။

 ေတြ႕ဆုံေဆြးေႏြးပြဲေတြ ၆ ႀကိမ္ရွိၿပီျဖစ္ေပမယ့္ ေျမျပင္မွာေတာ့ တိုက္ပြဲေတြျပင္းထန္ဆဲ
ဘီဘီစီ- ေအေအက ရခိုင္ျပည္သူ႔အာဏာပိုင္အဖြဲ႕ တည္ေထာင္မယ္ေျပာတယ္။ အခုက်ယ္ျပန႔္လာတဲ့တိုက္ပြဲက အဲဒီအဖြဲ႕ ဖြဲ႕ဖို႔ နယ္ေျမက်ယ္က်ယ္ျပန႔္ျပန႔္ထိန္းခ်ဳပ္ႏိုင္ဖို႔ လုပ္ေဆာင္တဲ့သေဘာလား။

ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္- အဲဒီလိုမ်ိဳးေျပာလို႔လည္းရပါတယ္။ အဓိကကေတာ့ ကြၽန္ေတာ္တို႔ ရခိုင္ျပည္နယ္ကို လြတ္ေျမာက္ဖို႔အတြက္ တိုးခ်ဲ႕ၿပီးေတာ့မွ လြတ္ေျမာက္နယ္ေျမကို ခ်ဲ႕သြားရမွာပဲ။

လြတ္ေျမာက္နယ္ေျမတိုးခ်ဲ႕လာၿပီဆိုရင္ေတာ့ ကြၽန္ေတာ္တို႔ရဲ႕အုပ္ခ်ဳပ္ေရးကိုျမင္ရမွာပဲ။ မဟုတ္ရင္ အုပ္ခ်ဳပ္ေရးက လစ္ဟာသြားမယ္။ စီမံခန႔္ခြဲေရးေတြ စနစ္တက်ျဖစ္ဖို႔ လိုလာတာေပါ့။

ရခိုင္ျပည္သူ႔အာဏာပိုင္အဖြဲ႕ ဆိုတာကေတာ့ ၾကားကာလေပါ့ေနာ္။ ေတာ္လွန္ေရးကာလမွာ ျပည္သူလူထုရဲ႕ အေရးအရာေတြ တတ္ႏိုင္သမွ် စီမံေဆာင္႐ြက္ႏိုင္ဖို႔အတြက္ စဥ္းစားခ်က္ ျဖစ္ပါတယ္။

ဘီဘီစီ- ဒီအဖြဲ႕ကိုဘယ္လိုဖြဲ႕မလဲ။ ဘယ္သူေတြပါမလဲ။ ဘယ္လိုရည္႐ြယ္ထားလဲ။

ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္- ကြၽန္ေတာ္တို႔ကေတာ့ လက္ေတြ႕ဆန္ၿပီးမွ ထိေရာက္တဲ့ပုံစံကို စဥ္းစားသြားမွာ ျဖစ္တယ္။ အစိုးရတစ္ရပ္လို ေၾကညာၿပီးေတာ့မွ လုပိဖို႔ မသင့္ေတာ္ေသးဘူး။ အခုက ေတာ္လွန္ေရးကာလလည္း ျဖစ္တယ္။ တိုက္ပြဲကာလလည္း ျဖစ္တယ္ဆိုေတာ့ အဲဒီမွာ ပါဝင္ၾကမယ့္ တာဝန္ထမ္းေဆာင္ၾကမယ့္ လူေတြရဲ႕ လုံၿခဳံေရးကအစ အစစအရာရာ သတိထားၿပီးမွ ေဆာင္႐ြက္ရမယ္။

ဘီဘီစီ- ရခိုင္ျပည္နယ္မွာ ၂၀၂၀ ေ႐ြးေကာက္ပြဲက်င္းပဖို႔ ေအေအနဲ႔ညႇိႏႈိင္းရမယ္ဆိုတာက ဘာကို ဆိုလိုတာပါလဲ။

ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္ - ကြၽန္ေတာ္တို႔ကေတာ့ ၂၀၂၀ မွာ ရခိုင္ျပည္သူ တစ္ရပ္လုံးပါဝင္တဲ့ ေတာ္လွန္ေရးကို ဆင္ႏႊဲဖို႔ ေႂကြးေၾကာ္ထားတယ္။ အဲဒါနဲ႔အညီ ၂၀၁၉ တည္းက တိုက္ပြဲေတြ စတင္ခဲ့တယ္။ ေ႐ြးေကာက္ပြဲကေတာ့ ကြၽန္ေတာ္တို႔ရဲ႕ အဓိကမဟာဗ်ဴဟာေတာ့ မဟုတ္ဘူး။

သို႔ေသာ္ ရခိုင္ျပည္သူေတြက ဒါကိုလိုလားတယ္ဆိုရင္ ကြၽန္ေတာ္တို႔က ဒီကိစၥကို ျဖစ္ႏိုင္ေအာင္ ျပည္သူ႔ဆႏၵကို ေလးစားေသာအားျဖင့္ စဥ္းစားေပးမယ္။

ဒီလိုမ်ိဳး ေ႐ြးေကာက္ပြဲ ျဖစ္မယ္ဆိုရင္ ႏွစ္ဖက္တိုက္ပြဲေတြ ျဖစ္လို႔မရဘူး။ ေ႐ြးေကာက္ပြဲ က်င္းပႏိုင္တဲ့ အေျခအေန ဖန္တီးရမယ္။

ကြၽန္ေတာ္တို႔နဲ႔ ညႇိရမယ္လို႔ေျပာတာက ေ႐ြးေကာက္ပြဲကာလမွာ တိုက္ပြဲေတြကို နားထားဖို႔ ဆိုရင္ ႏွစ္ဦးႏွစ္ဖက္ ႀကိဳတင္ၿပီးမွ ညႇိႏႈိင္းထားတယ္ဆိုရင္ေတာ့ ဒါ ျပည္သူေတြ ေ႐ြးေကာက္ပြဲလုပ္ႏိုင္တဲ့ အေျခအေန ဖန္တီးႏိုင္မွာ ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔က အဲဒါကို ရည္႐ြယ္ၿပီးမွ ေျပာလိုက္တာ။

ဘီဘီစီ- ေအေအက ရခိုင္ျပည္နယ္ထဲက စီးပြားေရးလုပ္ငန္းေတြကို အခြန္ေကာက္မယ္လို႔ေျပာတယ္။ အဲဒါက ဘယ္သူေတြကိုေကာက္မွာလဲ။ ဘယ္လိုေကာက္မွာလဲ။

ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္- အမ်ားႀကီးေကာက္လိုက္ရင္လည္း လည္ပတ္ေနတဲ့ လုပ္ငန္းေတြက စီးပြားေရးအရ ဝန္ထုပ္ဝန္ပိုး ျဖစ္သြားႏိုင္တာေပါ့။

ကြၽန္ေတာ္တို႔ ေတာ္လွန္ေရးလုပ္ေနတဲ့ ျပည္သူ႔အာဏာပိုင္အဖြဲ႕ကို ေလးစားမႈ ျပရမယ္။ သူတို႔ရဲ႕ လုပ္ငန္းေတြကိုလည္း မထိခိုက္ရဘူး။ ေနာက္တစ္ခုက လက္လုပ္လက္စားနဲ႔ ဆင္းရဲသား ျပည္သူေတြဆီကေတာ့ အခြန္ေကာက္မွာ မဟုတ္ပါဘူး။ အဲဒါေၾကာင့္ ဝန္ထုပ္ဝန္ပိုး မျဖစ္ေလာက္တဲ့ ပမာဏတစ္ခုကိုေတာ့ စဥ္းစားထားတယ္။

ဘီဘီစီ- တျခားတိုင္းရင္းသားလက္နက္ကိုင္ေတြလည္း ႏွစ္ေပါင္းၾကာရွည္တိုက္လာတယ္။ ေနာက္ဆုံးေတာ့ ေတြ႕ဆုံေဆြးေႏြးတာနဲ႔ပဲအဆုံးသတ္တယ္။ ေအေအကေရာ လက္နက္ကိုင္ေတာ္လွန္ေရးလမ္းစဥ္ကို ဘယ္လို အဆုံးသတ္မလဲ။

ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္- တျခား တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြလည္း ႏွစ္ ၆၀ ၊ ၇၀ ေတာ္လွန္တယ္။ ေဆြးေႏြးမႈနဲ႔အဆုံးသတ္တယ္လို႔ ေျပာရေလာက္ေအာင္ ေဆြးေႏြးပြဲေတြလည္း မေအာင္ျမင္ေသးပါဘူး။

မေအာင္ျမင္တဲ့ေဆြးေႏြးပြဲေတြေၾကာင့္ စိတ္ပ်က္လက္ပ်က္အသံေတြလည္း ျပည္သူေတြၾကားမိၾကမွာပါ။

တကယ္ ျဖစ္သင့္တာကေတာ့ ေက်ေက်လည္လည္ ႏိုင္ငံေရးအရ ေဆြးေႏြးၿပီးမွ အဆင္ေျပသြားတာမ်ိဳး ျဖစ္သင့္တာပါ။

ဒါေပမဲ့ ျမန္မာႏိုင္ငံမွာ လက္နက္အားကိုးနဲ႔ ဒီမိုကေရစီကို ျပန္ေပးဆြဲခံထားရတဲ့ အေနအထား ရွိေနတာ။ အဲဒါေၾကာင့္ လက္နက္ကိုင္နည္းလမ္းက အေျဖမထြက္ႏိုင္ဘူးလို႔ ေျပာဖို႔ ေစာပါေသးတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
အေအေစစ်ဦးစီးချုပ်နဲ့ ဆက်သွယ်မေးမြန်းချက်


Image caption ရခိုင်တစ်ယောက်ချင်းစီရဲ့ နိုင်ငံရေးမျှော်မှန်းချက်ကို ၂၀၂၀ မှာ ရခိုင်တစ်မျိုးသားလုံး ပါဝင်ပြီးတော့မှ လှုပ်ရှားသွားမယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ပွားတာ တစ်နှစ်ကျော်လာပြီး စစ်ဘေးရှောင်ရသူလည်း တစ်သိန်းကျော်ရှိ လာပါပြီ။ တိုက်ပွဲတွေဟာ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းကနေ အခုဆိုရင် မြို့တော်စစ်တွေနားထိ ရံဖန်ရံခါ ကျယ်ပြန့်ရောက်ရှိလာပါတယ်။

လက်ရှိ ရခိုင်ပြည်နယ် စစ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် စေ့စပ်ညှိနှိုင်းနိုင်ရေး အလားအလာတွေနဲ့ ပတ်သက်လို့ ရက္ခိုင့်တပ်တော် အေအေရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို ဘီဘီစီ အကြီးတန်းသတင်းထောက် စောရန်နိုင်က ဇန်နဝါရီ ၇ ရက်မှာ ဆက်သွယ်မေးမြန်းထားပါတယ်။

ဘီဘီစီ- ရခိုင်ပြည်နယ်က တိုက်ပွဲတွေက မြောက်ပိုင်းကနေ အခုဆို အလယ်ပိုင်းထိ ကျယ်ပြန့်လာတာက ဘာကြောင့်လဲ။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်- ဒါက ကျွန်တော်တို့ရဲ့ အမျိုးသားတော်လှန်ရေးပဲလေ။ တော်လှန်ရေးဆိုတာက မြောက်ပိုင်းမှာပဲ ဖြစ်ရမယ်။ အလယ်ပိုင်းမှာ မဖြစ်ရဘူး။ တောင်ပိုင်းမှာ မဖြစ်ရဘူး။ အဲဒီလိုတော့မဟုတ်ပါဘူး။ ကျွန်တော်တို့က ရခိုင် တစ်မျိုးသားလုံးပါဝင်တဲ့ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုပေါ့။

အဲဒါကြောင့် ရခိုင်လူမျိုးရှိတဲ့နေရာမှာ တော်လှန်ရေး ရှိနိုင်အောင်ပေါ့။ ကျွန်တော်တို့ရဲ့ ရခိုင်မြေ လွတ်မြောက်ရေးပေါ့။ အဲဒါအတွက် ကျွန်တော်တို့ တတ်နိုင်သလောက် ကျယ်ကျယ်ပြန့်ပြန့်နဲ့ ထိထိရောက်ရောက်ဖြစ်အောင် ကြိုးစားသွားမယ့် သဘောပါပဲ။

ကျွန်တော်တို့ ပြောထားတဲ့ Arakan Dream 2020 ဆိုတာလည်း ရခိုင်လူမျိုးတွေရဲ့ နိုင်ငံရေးဆန္ဒပေါ့ဗျာ။ ရခိုင်တစ်ယောက်ချင်းစီရဲ့ နိုင်ငံရေးမျှော်မှန်းချက်ကို ၂၀၂၀ မှာ ရခိုင်တစ်မျိုးသားလုံး ပါဝင်ပြီးတော့မှ လှုပ်ရှားသွားမယ်ပေါ့။

ဘီဘီစီ - စစ်ပွဲက ရခိုင်ပြည်နယ်တောင်ပိုင်းအထိ ရောက်သွားနိုင်မယ့်အနေအထားရှိမလား။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်- ဒီလိုမျိုးမြင်လည်းရတယ်။ ရခိုင်တောင်ပိုင်းထိကလည်း ရောက်နိုင်တယ်။

နောက်တစ်ခု ကျွန်တော် စဉ်းစားမိတာက ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေ အများကြီးရှိတယ်။ တချို့ အန်န်စီအေ ထိုးထား တယ်။ တချို့က မထိုးထားဘူး။ အန်န်စီအေ ထိုးထားတဲ့ အဖွဲ့တွေကလည်းပဲ သူ့အခြေအနေနဲ့သူ သူ့လမ်း ကြောင်း သူလျှောက်တာတော့ဟုတ်တယ်။

ဒါပေမဲ့ ဒီရခိုင်တိုက်ပွဲတွေနဲ့ပတ်သက်ပြီး သူတို့လည်း စောင့်ကြည့်နေမှာပဲ။ တခြား အန်န်စီအေ မထိုးထားတဲ့ အဖွဲ့တွေလည်း ဒီအခြေအနေမှာ မြန်မာစစ်တပ်က တိုင်းရင်းသား ကိစ္စနဲ့ ပတ်သက်လာရင် ဘယ်လိုကိုင်တွယ်တယ်၊ ဘယ်လိုအခြေအနေရှိတယ်ဆိုတာကို အကုန်လုံးက စောင့် ကြည့်နေမှာပဲ။

ဒီအခြေအနေကိုကြည့်ပြီးမှ ရှုထောင့်အမျိုးမျိုးက သုံးသပ်မှုတွေတော့ရှိမှာပေါ့။ ဒီ ရခိုင်နယ်စပ်ပြီးရင် ငါတို့ကိုလည်း တစ်ယောက်ချင်းစီ လုပ်လာမလားဆိုတဲ့ သံသယတွေလည်း တိုးပွားလာမှာပဲ။

ဒါ ကြောင့် ဒီတိုက်ပွဲတွေကနေ တောင်ပိုင်းတင်မကဘူး။ အလှည့်မသင့်ရင်တော့၊ သေချာမဖြေရှင်းရင်တော့ မြန်မာတစ်နိုင်ငံလုံး ပြဿနာတွေ တက်သွားနိုင်တာမျိုးပေါ့။

ဘီဘီစီ- အခုလို တပ်မတော်နဲ့ အေအေ ကြားမှာ တိုက်ပွဲတွေပြင်းထန်တာက စေ့စပ်ညှိနှိုင်းရေးကိစ္စ အလုပ် မဖြစ်တဲ့သဘောလား။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်- လက်ရှိအခြေအနေကတော့ တော်တော်လေး အခက်အခဲတော့ ရှိတာတော့ မှန်ပါတယ်။ သို့သော် လည်း ကျွန်တော်တို့ နိုင်ငံရေးမှာကျတော့ ခံစားချက်ကိုလည်း အများကြီး ဦးစားပေးလို့ မရဘူးပေါ့။ ဒါကြောင့်မို့ ကျွန်တော်တို့ကလည်း ၂၀၂၀ နှစ်ဆန်းကတည်းက ငြိမ်းချမ်းရေးအရ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆွေးနွေးပြီးမှ ဖြေရှင်းမယ်ဆိုပြီး ကြေညာချက်ထုတ်ထားတာ ဖြစ်ပါတယ်။

ဘီဘီစီ- အခုက တိုက်ပွဲတွေကလည်း မြို့၊ရွာတွေမှာ ဖြစ်လာတယ်။ အရပ်သားတွေလည်း ထိခိုက်နစ်နာတာတွေ ရှိတယ်။ သူတို့တွေကလည်း ရခိုင်လူမျိုးတွေဖြစ်တယ်။ ဒါကိုရော ဘယ်လိုထည့်သွင်းစဉ်းစားထားလဲ။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်- တကယ်ပြောမယ်ဆိုရင် မြို့ရွာတွေမှာ တိုက်ပွဲဖြစ်တယ်ဆိုတာကတော့ မြန်မာစစ်တပ်နဲ့အစိုးရဘက်က လီဆယ်လုပ်ကြံပြီးမှ ထုတ်ပြန်တာဖြစ်တယ်။

ကျွန်တော်တို့ မြို့ပေါ်မှာ တိုက်ပွဲမဖော်ပါဘူး။ မြို့တွင်းမှာလည်း တိုက်ပွဲမဖော်ပါဘူး။ ကျွန်တော်တို့က မြို့အပြင် ၊ ရွာအပြင်တွေမှာ အနည်းဆုံး တစ်ကီလို၊ နှစ်ကီလိုလောက် အဲဒီပတ်ဝန်းကျင်တွေမှာ စောင့်ပြီး တိုက်တာ များတယ်။

တတ်နိုင်သမျှတော့ ဝေးဝေးက စခန်းတွေကို တိုက်တာ များတယ်။ သူတို့က အဲဒီလို တိုက်ပွဲဖြစ်ပြီဆိုရင် တိုက်ပွဲထဲမှာ သူတို့အရာရှိတွေ ကျသွားတာပဲဖြစ်ဖြစ်၊ စစ်သည် တော်တော်များများ အထိနာသွားတာဖြစ်ဖြစ် အဲဒီလိုဆိုရင် သူတို့က ရွာကိုပစ်ပြီ။

ဆိုလိုချင်တာက ဒီရွာတွေက သူပုန်တွေပဲ၊ သူပုန်ကိုထောက်ခံတယ်၊ သတင်းပေးတယ်၊ ဒါကြောင့် ဒီရွာကို လုပ်ရမယ် ဆိုပြီးတော့မှ လူမျိုးရေးအရ အမုန်းတရားနဲ့ ပစ်မှတ်ထားပြီးမှ ရွာတွေမှာ ပစ်ခတ်မှုတွေ အမြဲတမ်းလုပ်တယ်။

ဘီဘီစီ- တစ်နှစ်ကျော်အတွင်း တိုက်ပွဲပေါင်း ဘယ်လောက်ဖြစ်ခဲ့လဲ။ နှစ်ဖက်အကျအဆုံးကရော ဘယ်လိုအခြေ အနေရှိလဲ။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်- အဲဒါကတော့ ကျွန်တော်တို့ မြေပြင်တပ်မှူးတွေရဲ့ အစီရင်ခံစာတွေကို အခြေခံပြီးမှ တိုက်ပွဲပေါင်းက ရိုးရိုးတစ်ခါတလေပေါ့။ ဟိုဘက်က တက်လာတယ်။ ဒီဘက်က ပစ်လိုက်တယ်။ တစ်ယောက်၊ နှစ်ယောက် ကျသွားတယ်။ နောက်ဆုတ်သွားတယ်ဆိုရင် ဒါက ကျွန်တော်တို့ တိုက်ပွဲအသေး လို့ပဲ သတ်မှတ်တယ်။

နာရီဝက်အထက်ကြာတဲ့တိုက်ပွဲတွေပေါ့။ တိုက်ပွဲတွေကတော့ ခြောက်ရာကျော်လောက်ရှိတယ်။ ကျွန်တော်တော့ အလွတ်မရဘူး။

အကျအဆုံးကတော့ သူတို့လည်း နှစ်ထောင်၊ သုံးထောင်ကျော်လောက်ရှိမယ်။ ကျွန်တော်တို့ အစီရင်ခံစာတွေအရပေါ့။ ကျွန်တော်တို့လည်း ဒီလိုပြင်းပြင်းထန်ထန်တိုက်တယ်ဆိုတော့ အကျအဆုံးတော့ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဘက်က အကျအဆုံးက ကျွန်တော်တို့ အခု အတိအကျတော့ မထုတ်ပြန်သေးဘူးပေါ့။

ဘီဘီစီ- အေအေဘက်ကရော တပ်မတော်ဘက်ကရော အရပ်သားတွေကို ဖမ်းဆီးတာတွေ၊ စစ်ဆေးထိန်း သိမ်းထားတာတွေရှိတယ်။ ဒါက စစ်ပွဲမှာသုံးတဲ့ ဗျူဟာတစ်ခုလို့ ပြောလို့ရလား။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်- သူတို့ဘက်ကတော့ ကျွန်တော်တို့ စောစောကပြောသလိုပဲ ရခိုင်ပြည်သူတွေကို ပစ်မှတ်ထားတာပေါ့ဗျာ။ ရခိုင်တွေ ပုန်ကန်တယ်။ ဒီပြည်သူတွေ သူပုန်ကို ထောက်ခံရင် သူပုန်ပဲ။

ရခိုင်ပြည်ကို လွတ်မြောက်ချင်တဲ့၊ ရခိုင်တော်လှန်ရေးကို ထောက်ခံတဲ့သူကတော့ တရားနည်းလမ်းကျတာပေါ့။ သူတို့ လက်နက်မကိုင်ဘူးဆိုရင် သူတို့ အရပ်သားလို နေနေရမယ်။

အခုက လူတစ်ယောက်ကိုမြင်တယ်။ ပစ်ချင်ရင် သေနတ်နဲ့ ပစ်သတ်ပစ်လိုက်တယ်။ ပြီးမှ ဝါယာကြိုးလေး တစ်ပိုင်းထားပြီးမှ အကြမ်းဖက်သမား ဖမ်းမိပါတယ်ဆိုတဲ့ဟာမျိုး ပြန်ပြီးမှ အမှုစွဲတာပေါ့။

လွှတ်တော်ကလည်း ကျွန်တော်တို့ကို အကြမ်းဖက်လို့ ပြောထားတာ မဟုတ်ဘူး။ ဒါပေမဲ့ တရားရုံးမှာကျတော့ အကြမ်းဖက်ပုဒ်မ တွေနဲ့ တရားစွဲတယ်။ ဒါဟာ ဘယ်လိုဟာလဲ။ မေးခွန်းထုတ်စရာတွေ ဖြစ်တယ်။

ကျွန်တော်တို့ဘက်က လုပ်တာကတော့ သူတို့(တပ်မတော်) နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ လူတွေကို အတိအကျ ခိုင်လုံ သတင်းရထားပြီ၊ ဒါမှမဟုတ် သံသယရှိတယ်ဆိုရင် ဖမ်းပြီးမှ ကျွန်တော်တို့ စစ်ဆေးတယ်။ လွှတ်လိုက်တာတွေလည်း အများကြီးရှိတယ်။
ဓာတ်ပုံ မူပိုင် Tarchilake News agency
Image caption တွေ့ဆုံဆွေးနွေးပွဲတွေ ၆ ကြိမ်ရှိပြီဖြစ်ပေမယ့် မြေပြင်မှာတော့ တိုက်ပွဲတွေပြင်းထန်ဆဲ

ဘီဘီစီ- အေအေက ရခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့ တည်ထောင်မယ်ပြောတယ်။ အခုကျယ်ပြန့်လာတဲ့တိုက်ပွဲက အဲဒီအဖွဲ့ ဖွဲ့ဖို့ နယ်မြေကျယ်ကျယ်ပြန့်ပြန့်ထိန်းချုပ်နိုင်ဖို့ လုပ်ဆောင်တဲ့သဘောလား။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်- အဲဒီလိုမျိုးပြောလို့လည်းရပါတယ်။ အဓိကကတော့ ကျွန်တော်တို့ ရခိုင်ပြည်နယ်ကို လွတ်မြောက်ဖို့အတွက် တိုးချဲ့ပြီးတော့မှ လွတ်မြောက်နယ်မြေကို ချဲ့သွားရမှာပဲ။

လွတ်မြောက်နယ်မြေတိုးချဲ့လာပြီဆိုရင်တော့ ကျွန်တော်တို့ရဲ့အုပ်ချုပ်ရေးကိုမြင်ရမှာပဲ။ မဟုတ်ရင် အုပ်ချုပ်ရေးက လစ်ဟာသွားမယ်။ စီမံခန့်ခွဲရေးတွေ စနစ်တကျဖြစ်ဖို့ လိုလာတာပေါ့။

ရခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့ ဆိုတာကတော့ ကြားကာလပေါ့နော်။ တော်လှန်ရေးကာလမှာ ပြည်သူလူထုရဲ့ အရေးအရာတွေ တတ်နိုင်သမျှ စီမံဆောင်ရွက်နိုင်ဖို့အတွက် စဉ်းစားချက် ဖြစ်ပါတယ်။

ဘီဘီစီ- ဒီအဖွဲ့ကိုဘယ်လိုဖွဲ့မလဲ။ ဘယ်သူတွေပါမလဲ။ ဘယ်လိုရည်ရွယ်ထားလဲ။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်- ကျွန်တော်တို့ကတော့ လက်တွေ့ဆန်ပြီးမှ ထိရောက်တဲ့ပုံစံကို စဉ်းစားသွားမှာ ဖြစ်တယ်။ အစိုးရတစ်ရပ်လို ကြေညာပြီးတော့မှ လုပိဖို့ မသင့်တော်သေးဘူး။ အခုက တော်လှန်ရေးကာလလည်း ဖြစ်တယ်။ တိုက်ပွဲကာလလည်း ဖြစ်တယ်ဆိုတော့ အဲဒီမှာ ပါဝင်ကြမယ့် တာဝန်ထမ်းဆောင်ကြမယ့် လူတွေရဲ့ လုံခြုံရေးကအစ အစစအရာရာ သတိထားပြီးမှ ဆောင်ရွက်ရမယ်။

ဘီဘီစီ- ရခိုင်ပြည်နယ်မှာ ၂၀၂၀ ရွေးကောက်ပွဲကျင်းပဖို့ အေအေနဲ့ညှိနှိုင်းရမယ်ဆိုတာက ဘာကို ဆိုလိုတာပါလဲ။

ဗိုလ်ချုပ်ထွန်းမြတ်နိုင် - ကျွန်တော်တို့ကတော့ ၂၀၂၀ မှာ ရခိုင်ပြည်သူ တစ်ရပ်လုံးပါဝင်တဲ့ တော်လှန်ရေးကို ဆင်နွှဲဖို့ ကြွေးကြော်ထားတယ်။ အဲဒါနဲ့အညီ ၂၀၁၉ တည်းက တိုက်ပွဲတွေ စတင်ခဲ့တယ်။ ရွေးကောက်ပွဲကတော့ ကျွန်တော်တို့ရဲ့ အဓိကမဟာဗျူဟာတော့ မဟုတ်ဘူး။

သို့သော် ရခိုင်ပြည်သူတွေက ဒါကိုလိုလားတယ်ဆိုရင် ကျွန်တော်တို့က ဒီကိစ္စကို ဖြစ်နိုင်အောင် ပြည်သူ့ဆန္ဒကို လေးစားသောအားဖြင့် စဉ်းစားပေးမယ်။

ဒီလိုမျိုး ရွေးကောက်ပွဲ ဖြစ်မယ်ဆိုရင် နှစ်ဖက်တိုက်ပွဲတွေ ဖြစ်လို့မရဘူး။ ရွေးကောက်ပွဲ ကျင်းပနိုင်တဲ့ အခြေအနေ ဖန်တီးရမယ်။

ကျွန်တော်တို့နဲ့ ညှိရမယ်လို့ပြောတာက ရွေးကောက်ပွဲကာလမှာ တိုက်ပွဲတွေကို နားထားဖို့ ဆိုရင် နှစ်ဦးနှစ်ဖက် ကြိုတင်ပြီးမှ ညှိနှိုင်းထားတယ်ဆိုရင်တော့ ဒါ ပြည်သူတွေ ရွေးကောက်ပွဲလုပ်နိုင်တဲ့ အခြေအနေ ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့က အဲဒါကို ရည်ရွယ်ပြီးမှ ပြောလိုက်တာ။

ဘီဘီစီ- အေအေက ရခိုင်ပြည်နယ်ထဲက စီးပွားရေးလုပ်ငန်းတွေကို အခွန်ကောက်မယ်လို့ပြောတယ်။ အဲဒါက ဘယ်သူတွေကိုကောက်မှာလဲ။ ဘယ်လိုကောက်မှာလဲ။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်- အများကြီးကောက်လိုက်ရင်လည်း လည်ပတ်နေတဲ့ လုပ်ငန်းတွေက စီးပွားရေးအရ ဝန်ထုပ်ဝန်ပိုး ဖြစ်သွားနိုင်တာပေါ့။

ကျွန်တော်တို့ တော်လှန်ရေးလုပ်နေတဲ့ ပြည်သူ့အာဏာပိုင်အဖွဲ့ကို လေးစားမှု ပြရမယ်။ သူတို့ရဲ့ လုပ်ငန်းတွေကိုလည်း မထိခိုက်ရဘူး။ နောက်တစ်ခုက လက်လုပ်လက်စားနဲ့ ဆင်းရဲသား ပြည်သူတွေဆီကတော့ အခွန်ကောက်မှာ မဟုတ်ပါဘူး။ အဲဒါကြောင့် ဝန်ထုပ်ဝန်ပိုး မဖြစ်လောက်တဲ့ ပမာဏတစ်ခုကိုတော့ စဉ်းစားထားတယ်။

ဘီဘီစီ- တခြားတိုင်းရင်းသားလက်နက်ကိုင်တွေလည်း နှစ်ပေါင်းကြာရှည်တိုက်လာတယ်။ နောက်ဆုံးတော့ တွေ့ဆုံဆွေးနွေးတာနဲ့ပဲအဆုံးသတ်တယ်။ အေအေကရော လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ဘယ်လို အဆုံးသတ်မလဲ။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်- တခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလည်း နှစ် ၆၀ ၊ ၇၀ တော်လှန်တယ်။ ဆွေးနွေးမှုနဲ့အဆုံးသတ်တယ်လို့ ပြောရလောက်အောင် ဆွေးနွေးပွဲတွေလည်း မအောင်မြင်သေးပါဘူး။

မအောင်မြင်တဲ့ဆွေးနွေးပွဲတွေကြောင့် စိတ်ပျက်လက်ပျက်အသံတွေလည်း ပြည်သူတွေကြားမိကြမှာပါ။

တကယ် ဖြစ်သင့်တာကတော့ ကျေကျေလည်လည် နိုင်ငံရေးအရ ဆွေးနွေးပြီးမှ အဆင်ပြေသွားတာမျိုး ဖြစ်သင့်တာပါ။

ဒါပေမဲ့ မြန်မာနိုင်ငံမှာ လက်နက်အားကိုးနဲ့ ဒီမိုကရေစီကို ပြန်ပေးဆွဲခံထားရတဲ့ အနေအထား ရှိနေတာ။ အဲဒါကြောင့် လက်နက်ကိုင်နည်းလမ်းက အဖြေမထွက်နိုင်ဘူးလို့ ပြောဖို့ စောပါသေးတယ်။

BBC Burmese
https://www.bbc.com
ေအေအစစ္ဦးစီးခ်ဳပ္နဲ႔ ဆက္သြယ္ေမးျမန္းခ်က္ ေအေအစစ္ဦးစီးခ်ဳပ္နဲ႔ ဆက္သြယ္ေမးျမန္းခ်က္ Reviewed by THITHTOOLWIN on 09:12 Rating: 5
Powered by Blogger.