ရာထူးႀကီးသူေတြကို ကားပါမစ္ ထုတ္ေပးဖို႔ကိစၥ အစိုးရပုံရိပ္ ထိခိုက္ေစႏိုင္

ရန္ကုန္ၿမိဳ႕ လႈိင္ၿမိဳ႕နယ္ ယာဥ္ေရာင္းဝယ္ေရးစခန္းမွာ ရပ္ထားတဲ့ကားေတြကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ရာထူးႀကီး ရထားတဲ့သူေတြကို ကားပါမစ္ထုတ္ေပးဖို႔ အစီအစဥ္ဟာ ႏိုင္ငံသားတိုင္း တန္းတူအခြင့္အေရးမရွိတာကို ျပသရာေရာက္ၿပီး အစိုးရအတြက္ေရာ လက္ရွိအာဏာရပါတီ NLD အတြက္ပါ ပုံရိပ္ထိခိုက္ေစႏိုင္တယ္လို႔  တရားေရးနဲ႔ ႏိုင္ငံေရးေလာကက ေထာက္ျပမႈေတြရွိေနပါတယ္။ RFA အဖြဲ႕သူ မခင္ခင္အိ စုစည္းတင္ျပ ထားပါတယ္။

ျပည္သူ႔ဝန္ထမ္းနဲ႔ ႏိုင္ငံ့ဝန္ထမ္းေတြကို ရာထူးအဆင့္အလိုက္ က်ပ္သိန္း ၃၀၀ ကေန သိန္း ၁၅၀၀ အထိ ေမာ္ေတာ္ယာဥ္ တင္သြင္းခြင့္ကို စီးပြားေရးနဲ႔ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက ဇန္နဝါရီ ၂ ရက္ေန႔က ထုတ္ျပန္ခဲ့ပါတယ္။

သမၼတနဲ႔ အတိုင္ပင္ခံပုဂၢိဳလ္တို႔က ဆိပ္ကမ္းအေရာက္ သိန္း ၁၅၀၀ တန္၊ ဒုတိယသမၼတေတြနဲ႔ တူညီအဆင့္ ရွိသူေတြက သိန္း၁၂၀၀ တန္ ကားတင္သြင္းခြင့္၊ ဝန္ႀကီးခ်ဳပ္ေတြ နဲ႔ သူတို႔နဲ႔အဆင့္တူရွိသူေတြက သန္း ၁၀၀၀ တန္၊ ဒုဝန္ႀကီးေတြ ေကာ္မရွင္ဥကၠ႒ေတြနဲ႔ အဖြဲ႕ဝင္ေတြက သိန္း ၇၀၀ ၊ အၿမဲတမ္းအတြင္းဝန္ နဲ႔ ၫႊန္ၾကားေရးမႉးခ်ဳပ္ ေတြက သိန္း ၅၀၀  နဲ႔ ဒုၫႊန္ခ်ဳပ္ အဆင့္နဲ႔ လုပ္သက္ ၂၅ ႏွစ္ျပည့္ ဝန္ထမ္းေကာင္းတံဆိပ္ ရထားသူေတြက သိန္း ၃၀၀ တန္ကား တင္သြင္းခြင့္ ရရွိၾကမွာျဖစ္ပါတယ္။

ႏိုင္ငံေရးေလ့လာသူ ဦးေမာင္ေမာင္စိုးက တိုင္းျပည္တာဝန္ ႀကီးႀကီးမားမား ယူထားသူေတြ အေနနဲ႔ အခြင့္အေရးယူတာမ်ိဳး မျဖစ္သင့္ဘူးလို႔ ျမင္ပါတယ္။

ႏိုင္ငံ့ဝန္ထမ္းေတြကို အခြင့္အေရးေပးမယ္ဆိုရင္ အျခားနည္းလမ္းေတြနဲ႔ ေပးေစလိုေၾကာင္း၊ ဒီကိစၥက  အဂတိလိုက္စားမႈနဲ႔ ဆက္စပ္မႈရွိလာမွာကို စိုးရိမ္ရၿပီး အစိုးရရဲ႕ပုံရိပ္ကိုလဲ ထိခိုက္ေစႏိုင္တယ္လို႔ ႏိုင္ငံေရးေလ့လာသူ ေဒါက္တာရန္မ်ိဳးသိမ္းက သုံးသပ္ပါတယ္။

စီးပြားေရးနဲ႔ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ ပထမဆုံးေမာ္ေတာ္ယာဥ္ တင္သြင္းခြင့္ရမဲ့ သူေတြက ၫႊန္ခ်ဳပ္နဲ႔ အထက္ရာထူး ရထားသူေတြ ျဖစ္ၿပီး ဒုတိယအဆင့္ အေနနဲ႔ကေတာ့ ဒုတိယ ၫႊန္ၾကားေရးမႉးခ်ဳပ္နဲ႔ လုပ္သက္ ၂၅ ႏွစ္ျပည့္ၿပီး ႏိုင္ငံ့ဝန္ထမ္းေကာင္းဆု ရထားသူေတြျဖစ္ပါတယ္။

အခုလို ကားတင္သြင္းခြင့္ကို ဦးသိန္းစိန္ အစိုးရလက္ထက္က လက္နက္ကိုင္ တိုင္းရင္းသားေတြအတြက္သာ ခြင့္ျပဳေပးခဲ့ၿပီး အစိုးရတာဝန္ရွိသူေတြနဲ႔ ဝန္ထမ္းေတြကိုေတာ့ ခြင့္ျပဳေပးခဲ့တာမ်ိဳးမရွိခဲ့ပါဘူး။

RFA Burmese
https://www.rfa.org
--------------
(Unicode)⤵⤵⤵
ရာထူးကြီးသူတွေကို ကားပါမစ် ထုတ်ပေးဖို့ကိစ္စ အစိုးရပုံရိပ် ထိခိုက်စေနိုင်

ရန်ကုန်မြို့ လှိုင်မြို့နယ် ယာဉ်ရောင်းဝယ်ရေးစခန်းမှာ ရပ်ထားတဲ့ကားတွေကို တွေ့ရစဉ်

ရာထူးကြီး ရထားတဲ့သူတွေကို ကားပါမစ်ထုတ်ပေးဖို့ အစီအစဉ်ဟာ နိုင်ငံသားတိုင်း တန်းတူအခွင့်အရေးမရှိတာကို ပြသရာရောက်ပြီး အစိုးရအတွက်ရော လက်ရှိအာဏာရပါတီ NLD အတွက်ပါ ပုံရိပ်ထိခိုက်စေနိုင်တယ်လို့  တရားရေးနဲ့ နိုင်ငံရေးလောကက ထောက်ပြမှုတွေရှိနေပါတယ်။ RFA အဖွဲ့သူ မခင်ခင်အိ စုစည်းတင်ပြ ထားပါတယ်။

ပြည်သူ့ဝန်ထမ်းနဲ့ နိုင်ငံ့ဝန်ထမ်းတွေကို ရာထူးအဆင့်အလိုက် ကျပ်သိန်း ၃၀၀ ကနေ သိန်း ၁၅၀၀ အထိ မော်တော်ယာဉ် တင်သွင်းခွင့်ကို စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့က ဆိပ်ကမ်းအရောက် သိန်း ၁၅၀၀ တန်၊ ဒုတိယသမ္မတတွေနဲ့ တူညီအဆင့် ရှိသူတွေက သိန်း၁၂၀၀ တန် ကားတင်သွင်းခွင့်၊ ဝန်ကြီးချုပ်တွေ နဲ့ သူတို့နဲ့အဆင့်တူရှိသူတွေက သန်း ၁၀၀၀ တန်၊ ဒုဝန်ကြီးတွေ ကော်မရှင်ဥက္ကဋ္ဌတွေနဲ့ အဖွဲ့ဝင်တွေက သိန်း ၇၀၀ ၊ အမြဲတမ်းအတွင်းဝန် နဲ့ ညွှန်ကြားရေးမှူးချုပ် တွေက သိန်း ၅၀၀  နဲ့ ဒုညွှန်ချုပ် အဆင့်နဲ့ လုပ်သက် ၂၅ နှစ်ပြည့် ဝန်ထမ်းကောင်းတံဆိပ် ရထားသူတွေက သိန်း ၃၀၀ တန်ကား တင်သွင်းခွင့် ရရှိကြမှာဖြစ်ပါတယ်။

နိုင်ငံရေးလေ့လာသူ ဦးမောင်မောင်စိုးက တိုင်းပြည်တာဝန် ကြီးကြီးမားမား ယူထားသူတွေ အနေနဲ့ အခွင့်အရေးယူတာမျိုး မဖြစ်သင့်ဘူးလို့ မြင်ပါတယ်။

နိုင်ငံ့ဝန်ထမ်းတွေကို အခွင့်အရေးပေးမယ်ဆိုရင် အခြားနည်းလမ်းတွေနဲ့ ပေးစေလိုကြောင်း၊ ဒီကိစ္စက  အဂတိလိုက်စားမှုနဲ့ ဆက်စပ်မှုရှိလာမှာကို စိုးရိမ်ရပြီး အစိုးရရဲ့ပုံရိပ်ကိုလဲ ထိခိုက်စေနိုင်တယ်လို့ နိုင်ငံရေးလေ့လာသူ ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်ပါတယ်။

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ပထမဆုံးမော်တော်ယာဉ် တင်သွင်းခွင့်ရမဲ့ သူတွေက ညွှန်ချုပ်နဲ့ အထက်ရာထူး ရထားသူတွေ ဖြစ်ပြီး ဒုတိယအဆင့် အနေနဲ့ကတော့ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နဲ့ လုပ်သက် ၂၅ နှစ်ပြည့်ပြီး နိုင်ငံ့ဝန်ထမ်းကောင်းဆု ရထားသူတွေဖြစ်ပါတယ်။

အခုလို ကားတင်သွင်းခွင့်ကို ဦးသိန်းစိန် အစိုးရလက်ထက်က လက်နက်ကိုင် တိုင်းရင်းသားတွေအတွက်သာ ခွင့်ပြုပေးခဲ့ပြီး အစိုးရတာဝန်ရှိသူတွေနဲ့ ဝန်ထမ်းတွေကိုတော့ ခွင့်ပြုပေးခဲ့တာမျိုးမရှိခဲ့ပါဘူး။

RFA Burmese
https://www.rfa.org
ရာထူးႀကီးသူေတြကို ကားပါမစ္ ထုတ္ေပးဖို႔ကိစၥ အစိုးရပုံရိပ္ ထိခိုက္ေစႏိုင္ ရာထူးႀကီးသူေတြကို ကားပါမစ္ ထုတ္ေပးဖို႔ကိစၥ အစိုးရပုံရိပ္ ထိခိုက္ေစႏိုင္ Reviewed by THITHTOOLWIN on 09:03 Rating: 5
Powered by Blogger.