အီရန္ဘက္က ေလွ်ာ့သြားၿပီလို႔ ထရမ့္ေျပာ

အီရန္ကို ပိတ္ဆို႔မႈေတြ ထပ္လုပ္မယ္လို႔ေျပာ
(Zawgyi)⤵⤵⤵
အီရတ္မွာရွိတဲ့ အေမရိကန္ အေျခစိုက္ စခန္းႏွစ္ခု ဇန္နဝါရီ ၈ ရက္ ဗုဒၶဟူး မနက္အေစာပိုင္းမွာ ဒုံးက်ည္ေတြနဲ႔ တိုက္ခိုက္ခံရၿပီးေနာက္ အီရန္က ေလွ်ာ့သြားပုံရတယ္လို႔ အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္က ေျပာလိုက္ပါတယ္။

အဲဒီတိုက္ခိုက္ခံရမႈမွာ အေမရိကန္တပ္ဖြဲ႕ဝင္ တစ္ဦးတစ္ေယာက္မွ အေသအေပ်ာက္မရွိခဲ့ဘူးလို႔ သူက ေျပာပါတယ္။ ဒါ့အျပင္ စခန္းေတြလည္း အပ်က္အစီး အနည္းဆုံး အေျခအေနမွာပဲ ရွိတယ္လို႔ ေျပာပါတယ္။ အီရတ္ေတြလည္း အေသအေပ်ာက္မရွိဘူးလို႔ သူက ေျပာပါတယ္။

အီရတ္မွာရွိတဲ့ အယ္ဘီလ္ နဲ႔ အယ္လ္ အာဆတ္ အေမရိကန္ စစ္အေျခစိုက္စခန္း ႏွစ္ခုကို ေဒသ အခ်ိန္ မနက္ပိုင္းမွာ အီရန္ဘက္က လက္တုံ႔ျပန္တိုက္ခိုက္ခဲ့တာပါ။

အဲဒီတိုက္ခိုက္မႈဟာ အီရန္ ထိပ္တန္း ဗိုလ္ခ်ဳပ္ႀကီး ကာဆမ္ ဆူေလမာနီကို အေမရိကန္က ေသာၾကာေန႔တုန္းက တိုက္ခိုက္ခဲ့တာကို လက္စားေခ်တိုက္ခိုက္တာလို႔ အီရန္က ေျပာပါတယ္။

အီရန္ဗိုလ္ခ်ဳပ္ႀကီးကို အေမရိကန္က ေလေၾကာင္းက တိုက္ခိုက္သတ္ျဖတ္လိုက္မႈဟာ ႏွစ္ႏိုင္ငံအၾကား ရွိၿပီးသား တင္းမာမႈေတြကို ပိုဆိုးသြားေစခဲ့ပါတယ္။

သမၼတထရမ့္က အီရန္ကို စီးပြားေရးပိတ္ဆို႔မႈေတြကို အလ်င္အျမန္ ထပ္လုပ္ဖို႔ရွိၿပီး အီရန္ဘက္က အျပဳအမူေတြ မေျပာင္းသေ႐ြ႕ ဒီပိတ္ဆို႔မႈေတြကို ဆက္ထားမယ္လို႔ ေျပာပါတယ္

အီရန္ဘက္က တိုက္ခိုက္မႈေတြ လုပ္လာရင္ အေမရိကန္ဘက္ကလည္း စစ္ေရးတုံ႔ျပန္မႈေတြကို လုပ္မယ္လို႔ ၿခိမ္းေျခာက္ထားၿပီး ဒီတစ္ႀကိမ္မွာေတာ့ ဒါကို မေျပာပါဘူး။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
အီရန်ဘက်က လျှော့သွားပြီလို့ ထရမ့်ပြော

Image caption အီရန်ကို ပိတ်ဆို့မှုတွေ ထပ်လုပ်မယ်လို့ပြော

အီရတ်မှာရှိတဲ့ အမေရိကန် အခြေစိုက် စခန်းနှစ်ခု ဇန်နဝါရီ ၈ ရက် ဗုဒ္ဓဟူး မနက်အစောပိုင်းမှာ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခံရပြီးနောက် အီရန်က လျှော့သွားပုံရတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောလိုက်ပါတယ်။

အဲဒီတိုက်ခိုက်ခံရမှုမှာ အမေရိကန်တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မှ အသေအပျောက်မရှိခဲ့ဘူးလို့ သူက ပြောပါတယ်။ ဒါ့အပြင် စခန်းတွေလည်း အပျက်အစီး အနည်းဆုံး အခြေအနေမှာပဲ ရှိတယ်လို့ ပြောပါတယ်။ အီရတ်တွေလည်း အသေအပျောက်မရှိဘူးလို့ သူက ပြောပါတယ်။

အီရတ်မှာရှိတဲ့ အယ်ဘီလ် နဲ့ အယ်လ် အာဆတ် အမေရိကန် စစ်အခြေစိုက်စခန်း နှစ်ခုကို ဒေသ အချိန် မနက်ပိုင်းမှာ အီရန်ဘက်က လက်တုံ့ပြန်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုဟာ အီရန် ထိပ်တန်း ဗိုလ်ချုပ်ကြီး ကာဆမ် ဆူလေမာနီကို အမေရိကန်က သောကြာနေ့တုန်းက တိုက်ခိုက်ခဲ့တာကို လက်စားချေတိုက်ခိုက်တာလို့ အီရန်က ပြောပါတယ်။

အီရန်ဗိုလ်ချုပ်ကြီးကို အမေရိကန်က လေကြောင်းက တိုက်ခိုက်သတ်ဖြတ်လိုက်မှုဟာ နှစ်နိုင်ငံအကြား ရှိပြီးသား တင်းမာမှုတွေကို ပိုဆိုးသွားစေခဲ့ပါတယ်။

သမ္မတထရမ့်က အီရန်ကို စီးပွားရေးပိတ်ဆို့မှုတွေကို အလျင်အမြန် ထပ်လုပ်ဖို့ရှိပြီး အီရန်ဘက်က အပြုအမူတွေ မပြောင်းသရွေ့ ဒီပိတ်ဆို့မှုတွေကို ဆက်ထားမယ်လို့ ပြောပါတယ်

အီရန်ဘက်က တိုက်ခိုက်မှုတွေ လုပ်လာရင် အမေရိကန်ဘက်ကလည်း စစ်ရေးတုံ့ပြန်မှုတွေကို လုပ်မယ်လို့ ခြိမ်းခြောက်ထားပြီး ဒီတစ်ကြိမ်မှာတော့ ဒါကို မပြောပါဘူး။

BBC Burmese
https://www.bbc.com
အီရန္ဘက္က ေလွ်ာ့သြားၿပီလို႔ ထရမ့္ေျပာ အီရန္ဘက္က ေလွ်ာ့သြားၿပီလို႔ ထရမ့္ေျပာ Reviewed by THITHTOOLWIN on 01:58 Rating: 5
Powered by Blogger.