နမိုးနီးယားကူးစက္ပိုး ျမန္မာႀကိဳတင္ ကာကြယ္မႈယူ

တရုတ္ႏို္င္ငံအတြင္း နမိုးနီးယားကူးစက္ပိုး ကူးစပ္မႈ ရွိမရွိ တိုင္းတာေန (၂၀၀၃ ေမလ ၁၀ ရက္ေန႔)

(Zawgyi / Unicode)

အမ်ိဳးအမည္မသိေသးတဲ့ နမုိးနီးယား အဆုတ္ေရာင္ ေရာဂါတမ်ိဳးကို မၾကာေသးခင္က တရုတ္ႏုိင္ငံမွာ စတင္ေတြ႕ရွိ ခဲ့တဲ့ေနာက္ ျမန္မာႏိုင္ငံမွာ ႀကိဳတင္ကာကြယ္ေရး ေတြ လုပ္ေဆာင္ေနတယ္လို႔ ဗဟုိကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲက တာဝန္ရွိသူ ေတြက ေျပာပါတယ္။

အခုထိေတာ့ ျမန္မာႏုိင္ငံမွာ သံသယျဖစ္ဖြယ္ လူနာ မေတြ႕ရေသးဘူးလို႔လည္း ေျပာပါတယ္။ ဒီအေၾကာင္းအျပည့္အစံုကို ဗီြအိုေအသတင္းေထာက္ စုစုကေမးျမန္းေပးပို႔ထားပါတယ္။

ဒီဇင္ဘာလ ၃၁ရက္ေန႔က တရုတ္ႏုိင္ငံ၊ ဝူဟန္ၿမိဳ႕မွာ နမုိးနီးယား အဆုတ္ေရာင္ ေရာဂါတမ်ိဳး ျဖစ္ပြားေနတာ ေတြ႔ရေၾကာင္းနဲ႔ အခုလ ၅ရက္ေန႔အထိေတြ႕တဲ႔ လူနာ ၅၉ ေယာက္မွာ ၇ ေယာက္က ေရာဂါျပင္းထန္လို႔ ကုသမႈခံယူခဲ့ရေပမယ့္ လက္ရွိအခ်ိန္မွာ စိတ္ခ်ရတဲ့အေနအထားမွာ ရွိေနတယ္ လို႔ ကမာၻ႕က်န္းမာေရးအဖြဲ႕ (WHO) က ေျပာပါတယ္။ လူေသဆံုးမႈမရွိေသးတဲ့ ဒီေရာဂါဟာ လူအခ်င္းခ်င္း ကူးစက္တာမရွိေသးသလို၊ တုပ္ေကြးေရာဂါ မဟုတ္ဘူး ဆိုတာ ေတြ႔ရ ေပမယ့္ ေရာဂါ အမ်ိဳးအမည္ သိရဖုိ႔ကိုေတာ့ ေဆာင္ရြက္ေနဆဲ ျဖစ္ေၾကာင္းလည္း သတင္းထုတ္ျပန္ ခဲ့ပါတယ္။

ဒီေရာဂါနဲ႔ပတ္သက္ၿပီး ျမန္မာႏုိင္ငံမွာ ႀကိဳတင္ကာကြယ္ေရး နည္းလမ္းေတြကို ေဆာင္ရြက္ ထားရွိၿပီး ျဖစ္တယ္လို႔ ဗဟုိကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲက ဒုတိယညႊန္ၾကားေရးမွဴး ေဒါက္တာ ခင္ခင္ႀကီးက ေျပာပါတယ္။

“ေဆးရံုမ်ားမွာ တုပ္ေကြးဆန္တဲ့ေရာဂါ လကၡဏာေတြ ရွိတယ္၊ ျပင္းထန္အဆုတ္ေရာင္လူနာေတြ ေတြ႕လို႔ရွိရင္ လြန္ခဲ့တဲ့ ၁၄ရက္အတြင္းမွာ တရုတ္ျပည္သူ႔သမၼတႏုိင္ငံ၊ ဝူဟန္ၿမိဳ႕ကို သြားေရာက္ခဲ့တဲ့ ရာဇဝင္ရွိလုိ႔ရွိရင္ ဒါကုိ သံသယလူနာအျဖစ္နဲ႔ သတ္မွတ္ၿပီးေတာ့ ဓာတ္ခြဲနမူနာရယူၿပီး အမ်ိဳးသားက်န္းမာမႈ ဓာတ္ခြဲမႈဆုိင္ရာဌာန (NHL) ကိုပို႔ရမယ္။ ေနာက္ အဲလိုသံသယ လူနာရွိလို႔ရွိရင္ သီးျခားထားရွိၿပီးေတာ့ သက္ဆုိင္ရာေဆးရံုေတြမွာဆုိ သီးျခား ကုသေဆာင္ျပင္ဆင္ ထားရွိဖို႔နဲ႔ လုိအပ္တဲ့ေဆးပစၥည္းမ်ားကို ႀကိဳတင္ျပင္ဆင္ထားရွိဖုိ႔ရယ္။ က်န္းမာေရး ဝန္ထမ္းမ်ားကို ဒီေရာဂါျဖစ္စဥ္နဲ႔ ပတ္သက္ၿပီးေတာ့ မိမိကိုယ္ကူးစက္ျခင္း မရွိေစဖုိ႔ သံသယလူနာေတြကို ကိုင္တြယ္လို႔ရွိရင္ ေရာဂါပိုး မကူးစက္ေအာင္ သတိျပဳေဆာင္ရြက္ရန္ဆုိၿပီးေတာ့ သူတုိ႔ဆီ အေၾကာင္းၾကားစာေတြေတာ့ ထုတ္ရွိၿပီးျဖစ္ပါတယ္။”

ဒီေရာဂါရဲ႕ လကၡဏာအမ်ားစုက ကုိယ္ပူၿပီး ဖ်ားတာ၊ အသက္ရွဴၾကပ္တာနဲ႔ အဆုတ္ႏွစ္ဖက္လံုး ေယာင္ေနတာ ေတြ႕ရတတ္ၿပီး ရာသီတုပ္ေကြးေရာဂါ လကၡဏာနဲ႔ ဆင္တူတယ္လုိ႔ ဆုိပါတယ္။

တရုတ္ႏုိင္ငံနဲ႔ အိမ္နီးခ်င္းႏုိင္ငံက ေလဆိပ္ေတြမွာ ေရာဂါပိုးသံသယရွိသူေတြကို ရွာေဖြ စစ္ေဆးဖုိ႔ အတြက္ အသီးသီးေဆာင္ရြက္ေနၾကၿပီး ျမန္မာႏုိင္ငံက ႏုိင္ငံတကာေလဆိပ္ေတြမွာလည္း စစ္ေဆး ေဆာင္ရြက္တဲ့ လုပ္ငန္းစဥ္ေတြ စတင္ေနပါၿပီ။ ရန္ကုန္၊ မႏၱေလးနဲ႔ ေနျပည္ေတာ္ေလဆိပ္ေတြမွာ ေရာက္ရွိလာတဲ့ ခရီးသြားေတြကို အဖ်ားရွိမရွိ စမ္းသပ္ စစ္ေဆးေနၿပီး သံသယျဖစ္ဖြယ္ လူနာေတြကို သီးသန္႔ထားရွိၿပီး ကုသႏုိင္ဖုိ႔ကိုလည္း ေဆာင္ရြက္ထားၿပီ လို႔လည္း ေျပာပါတယ္။

တရုတ္ႏုိင္ငံမွာ ၂၀၀၂ခုႏွစ္တုန္းက SARS လို႔ေခၚတဲ့ ကူးစက္ျမန္ျပင္းထန္ အဆုတ္ေရာင္ေရာဂါ ျဖစ္ခဲ့ဖူးၿပီး အာရွတုိက္အထိ ပ်ံ႕ႏွံ႕ခဲ့တာေၾကာင့္ တႏွစ္အတြင္းမွာ ေရာဂါကူးစက္ခံရသူ ရွစ္ေထာင္ေက်ာ္ထဲက တေထာင္ နီးပါးေသဆံုးခဲ့တဲ့ ျဖစ္စဥ္ရွိခဲ့ပါတယ္။

ဒါေပမယ့္ အခုျဖစ္ပြားေနတဲ့ ေရာဂါနဲ႔ပတ္သက္ၿပီး ျမန္မာႏုိင္ငံအေနနဲ႔ ႀကိဳတင္ကာကြယ္ေရး လုပ္ငန္းစဥ္ေတြကို ျပင္ဆင္ထားတာေၾကာင့္ ျပည္သူေတြအေနနဲ႔ စုိးရိမ္ထိတ္လန္႔ေနစရာ မလိုေၾကာင္းလည္း ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။

“ဝူဟန္မွာျဖစ္တဲ့ အမ်ိဳးအမည္မသိ၊ ဓာတ္ခြဲအတည္ျပဳႏုိင္ျခင္း မရွိေသးတဲ့ နမုိးနီးယားေရာဂါက ျမန္မာႏုိင္ငံမွာေတာ့ ျဖစ္ပြားျခင္းလည္း မရွိေသးပါဘူး။ သံသယလူနာအေနနဲ႔လည္း မရွိေသးပါဘူး။ ဒါေၾကာင့္မုိ႔ စုိးရိမ္ေၾကာက္လန္႔မႈ မျဖစ္ေနဘဲနဲ႔ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ အခ်ိန္နဲ႔ တေျပးညီ ထုတ္ျပန္ခ်က္ေတြကို ေနာက္တခုက ေဆာင္ရန္ေရွာင္ရန္ေလးေတြကို လိုက္နာမယ္ဆုိလို႔ရွိရင္ေတာ့ စုိးရိမ္စရာမလိုဘူးလုိ႔ ေျပာခ်င္ပါတယ္။”

ဒီေရာဂါအမ်ိဳးအစားကို တိတိက်က်သိရဖုိ႔ ကမာၻ႕က်န္းမာေရးအဖြဲ႕က ရွာေဖြေနဆဲျဖစ္ၿပီး ျမန္မာႏုိင္ငံ အေနနဲ႔လည္း အာဆီယံက်န္းမာေရး ပူးေပါင္းေဆာင္ရြက္ေရးအဖြဲ႕ေတြနဲ႔ ပူတြဲဆာင္ရြက္ ေနတာေၾကာင့္ ျပည္သူေတြအေနနဲ႔ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္ေတြကုိသာ ေစာင့္ၾကည့္လိုက္နာဖုိ႔ကိုလည္း တုိက္တြန္းထားပါတယ္။

...............

နမိုးနီးယားကူးစက်ပိုး မြန်မာကြိုတင် ကာကွယ်မှုယူ

(Unicode)

အမျိုးအမည်မသိသေးတဲ့ နမိုးနီးယား အဆုတ်ရောင် ရောဂါတမျိုးကို မကြာသေးခင်က တရုတ်နိုင်ငံမှာ စတင်တွေ့ရှိ ခဲ့တဲ့နောက် မြန်မာနိုင်ငံမှာ ကြိုတင်ကာကွယ်ရေး တွေ လုပ်ဆောင်နေတယ်လို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲက တာဝန်ရှိသူ တွေက ပြောပါတယ်။ အခုထိတော့ မြန်မာနိုင်ငံမှာ သံသယဖြစ်ဖွယ်လူနာ မတွေ့ရသေးဘူးလို့လည်း ပြောပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ဗွီအိုအေသတင်းထောက် စုစုကမေးမြန်းပေးပို့ထားပါတယ်။

ဒီဇင်ဘာလ ၃၁ရက်နေ့က တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာ နမိုးနီးယား အဆုတ်ရောင် ရောဂါတမျိုး ဖြစ်ပွားနေတာ တွေ့ရကြောင်းနဲ့ အခုလ ၅ရက်နေ့အထိတွေ့တဲ့ လူနာ ၅၉ ယောက်မှာ ၇ ယောက်က ရောဂါပြင်းထန်လို့ ကုသမှုခံယူခဲ့ရပေမယ့် လက်ရှိအချိန်မှာ စိတ်ချရတဲ့အနေအထားမှာ ရှိနေတယ် လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောပါတယ်။ လူသေဆုံးမှုမရှိသေးတဲ့ ဒီရောဂါဟာ လူအချင်းချင်း ကူးစက်တာမရှိသေးသလို၊ တုပ်ကွေးရောဂါ မဟုတ်ဘူး ဆိုတာ တွေ့ရ ပေမယ့် ရောဂါ အမျိုးအမည် သိရဖို့ကိုတော့ ဆောင်ရွက်နေဆဲ ဖြစ်ကြောင်းလည်း သတင်းထုတ်ပြန် ခဲ့ပါတယ်။

ဒီရောဂါနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာ ကြိုတင်ကာကွယ်ရေး နည်းလမ်းတွေကို ဆောင်ရွက် ထားရှိပြီး ဖြစ်တယ်လို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲက ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ပြောပါတယ်။

“ဆေးရုံများမှာ တုပ်ကွေးဆန်တဲ့ရောဂါ လက္ခဏာတွေ ရှိတယ်၊ ပြင်းထန်အဆုတ်ရောင်လူနာတွေ တွေ့လို့ရှိရင် လွန်ခဲ့တဲ့ ၁၄ရက်အတွင်းမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့ကို သွားရောက်ခဲ့တဲ့ ရာဇဝင်ရှိလို့ရှိရင် ဒါကို သံသယလူနာအဖြစ်နဲ့ သတ်မှတ်ပြီးတော့ ဓာတ်ခွဲနမူနာရယူပြီး အမျိုးသားကျန်းမာမှု ဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) ကိုပို့ရမယ်။ နောက် အဲလိုသံသယ လူနာရှိလို့ရှိရင် သီးခြားထားရှိပြီးတော့ သက်ဆိုင်ရာဆေးရုံတွေမှာဆို သီးခြားကုသဆောင်ပြင်ဆင်ထားရှိဖို့နဲ့ လိုအပ်တဲ့ဆေးပစ္စည်းများကို ကြိုတင်ပြင်ဆင်ထားရှိဖို့ရယ်။ ကျန်းမာရေး ဝန်ထမ်းများကို ဒီရောဂါဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ မိမိကိုယ်ကူးစက်ခြင်း မရှိစေဖို့ သံသယလူနာတွေကို ကိုင်တွယ်လို့ရှိရင် ရောဂါပိုးမကူးစက်အောင် သတိပြုဆောင်ရွက်ရန်ဆိုပြီးတော့ သူတို့ဆီအကြောင်းကြားစာတွေတော့ ထုတ်ရှိပြီးဖြစ်ပါတယ်။”

ဒီရောဂါရဲ့ လက္ခဏာအများစုက ကိုယ်ပူပြီး ဖျားတာ၊ အသက်ရှူကြပ်တာနဲ့ အဆုတ်နှစ်ဖက်လုံး ယောင်နေတာ တွေ့ရတတ်ပြီး ရာသီတုပ်ကွေးရောဂါ လက္ခဏာနဲ့ ဆင်တူတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံက လေဆိပ်တွေမှာ ရောဂါပိုးသံသယရှိသူတွေကို ရှာဖွေ စစ်ဆေးဖို့ အတွက် အသီးသီးဆောင်ရွက်နေကြပြီး မြန်မာနိုင်ငံက နိုင်ငံတကာလေဆိပ်တွေမှာလည်း စစ်ဆေး ဆောင်ရွက်တဲ့ လုပ်ငန်းစဉ်တွေ စတင်နေပါပြီ။ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်လေဆိပ်တွေမှာ ရောက်ရှိလာတဲ့ ခရီးသွားတွေကို အဖျားရှိမရှိ စမ်းသပ် စစ်ဆေးနေပြီး သံသယဖြစ်ဖွယ် လူနာတွေကို သီးသန့်ထားရှိပြီး ကုသနိုင်ဖို့ကိုလည်း ဆောင်ရွက်ထားပြီ လို့လည်း ပြောပါတယ်။

တရုတ်နိုင်ငံမှာ ၂၀၀၂ခုနှစ်တုန်းက SARS လို့ခေါ်တဲ့ ကူးစက်မြန်ပြင်းထန် အဆုတ်ရောင်ရောဂါ ဖြစ်ခဲ့ဖူးပြီး အာရှတိုက်အထိ ပျံ့နှံ့ခဲ့တာကြောင့် တနှစ်အတွင်းမှာ ရောဂါကူးစက်ခံရသူ ရှစ်ထောင်ကျော်ထဲက တထောင် နီးပါးသေဆုံးခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။

ဒါပေမယ့် အခုဖြစ်ပွားနေတဲ့ ရောဂါနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်တွေကို ပြင်ဆင်ထားတာကြောင့် ပြည်သူတွေအနေနဲ့ စိုးရိမ်ထိတ်လန့်နေစရာ မလိုကြောင်းလည်း ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

“ဝူဟန်မှာဖြစ်တဲ့ အမျိုးအမည်မသိ၊ ဓာတ်ခွဲအတည်ပြုနိုင်ခြင်း မရှိသေးတဲ့ နမိုးနီးယားရောဂါက မြန်မာနိုင်ငံမှာတော့ ဖြစ်ပွားခြင်းလည်း မရှိသေးပါဘူး။ သံသယလူနာအနေနဲ့လည်း မရှိသေးပါဘူး။ ဒါကြောင့်မို့ စိုးရိမ်ကြောက်လန့်မှု မဖြစ်နေဘဲနဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အချိန်နဲ့ တပြေးညီ ထုတ်ပြန်ချက်တွေကို နောက်တခုက ဆောင်ရန်ရှောင်ရန်လေးတွေကို လိုက်နာမယ်ဆိုလို့ရှိရင်တော့ စိုးရိမ်စရာမလိုဘူးလို့ ပြောချင်ပါတယ်။”

ဒီရောဂါအမျိုးအစားကို တိတိကျကျသိရဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ရှာဖွေနေဆဲဖြစ်ပြီး မြန်မာနိုင်ငံ အနေနဲ့လည်း အာဆီယံကျန်းမာရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တွေနဲ့ ပူတွဲဆာင်ရွက် နေတာကြောင့် ပြည်သူတွေအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေကိုသာ စောင့်ကြည့်လိုက်နာဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

စုစု/VOA Burmese
https://burmese.voanews.com
နမိုးနီးယားကူးစက္ပိုး ျမန္မာႀကိဳတင္ ကာကြယ္မႈယူ နမိုးနီးယားကူးစက္ပိုး ျမန္မာႀကိဳတင္ ကာကြယ္မႈယူ Reviewed by THITHTOOLWIN on 01:56 Rating: 5
Powered by Blogger.