ရပ္ေက်းဥကၠ႒ အသတ္ခံရတာကို စုံစမ္းေဖာ္ထုတ္ေပးဖို႔ အတိုင္ပင္ခံကို ေတာင္းဆို

မင္းျပားၿမိဳ႕နယ္ စိတၱရေက်း႐ြာမွာ ၂၀၁၉ ဒီဇင္ဘာ ၁၁ ရက္ေန႔ညက အသတ္ခံရတဲ့ ေဒၚျဖဴျဖဴဝင္းနဲ႔ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးဉာဏ္သိန္းတို႔ရဲ႕နာေရးကို ျမင္ရစဥ္
(Zawgyi)⤵⤵⤵
စိတၱရ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ပစ္သတ္ခံရတာနဲ႔ပတ္သက္ၿပီး အျဖစ္မွန္ကို စုံစမ္းေဖာ္ထုတ္ေပးဖို႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ထံသို႔ မင္းျပားၿမိဳ႕နယ္က ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ၆၈ ေယာက္က က လက္မွတ္ေရးထိုးၿပီးေတာ့ စာေရးသားပို႔ေပး ေတာင္းဆိုလိုက္တယ္လို႔ သိရပါတယ္။

ဒီဇင္ဘာ ၁၃ ရက္ေန႔ညတုန္းက စိတၱရေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးဉာဏ္သိမ္းေအာင္ရဲ႕ ေနအိမ္မွာ ဆရာေတာ္တစ္ပါးနဲ႔ ေက်း႐ြာသား ၂၀ ဝန္းက်င္ မီးလႈံေနခိုက္မွာ တပ္မေတာ္စစ္ေၾကာင္း ေရာက္ရွိလာၿပီးေတာ့ ဖမ္းဆီးခံရတာျဖစ္ပါတယ္။

ဦးဉာဏ္သိမ္းေအာင္ဟာ ေသနတ္ဒင္နဲ႔ ေခါင္းကို ထု႐ိုက္ခံရၿပီးမွ ပစ္သတ္ခံလိုက္ရတာလို႔ အခင္းျဖစ္ပြားရာမွာရွိေနတဲ့ မ်က္ျမင္သက္ေသေတြက RFA ကို ဒီလအေစာပိုင္းမွာ ေျပာဆိုထားၾကပါတယ္။

အသက္ ၃၉ ႏွစ္အ႐ြယ္၊ ကေလးမိခင္တစ္ဦးလည္း ကေလးခ်ီၿပီးေတာ့ အိမ္ေပၚက အဆင္းမွာအပစ္ခံရလို႔ ေသဆုံးသြားပါတယ္။

ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးေတြ စစ္မက္ျဖစ္ပြားရာေဒသေတြမွာ တရားဥပေဒမဲ့ ပစ္သတ္ခံရတာေတြကို တားဆီးေပးဖို႔၊ ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉးတစ္ဦးဟာ စြပ္စြဲခံရ၊ သံသယျဖစ္ခံရတယ္ဆိုရင္လည္း ဥပေဒအရပဲ အေရးယူေပးဖို႔၊ သတ္ျဖတ္ခဲ့တဲ့ အျဖစ္မွန္ကို စုံစမ္းေဖာ္ထုတ္အေရးယူေပးဖို႔ အခုလိုေတာင္းဆိုရတာလို႔လည္း RFA က ဆက္သြယ္ေမးျမန္းထားတဲ့ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ေလးဦးက ေျပာဆိုၾကပါတယ္။

မိတၱဴကို တပ္မေတာ္ကာကြယ္ေရးစစ္ဦးစီးခ်ဳပ္႐ုံး ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္နဲ႔ ျပည္ေထာင္စု လႊတ္ေတာ္ဒုဥကၠ႒ ဦးေအးသာေအာင္ကိုလည္း ပို႔ေပးထားတယ္လို႔ ေျပာၾကပါတယ္။ တကယ္လို႔ တားဆီးမေပးႏိုင္ဘူးဆိုရင္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ရာထူးအျဖစ္ကေန ႏုတ္ထြက္မယ့္အေၾကာင္းကိုလည္း တိုင္စာထဲမွာ ထည့္သြင္းေတာင္းဆိုထားတယ္လို႔ ေျပာၾကပါတယ္။ တိုင္စာဟာ ဒီေန႔ တနလၤာေန႔မွာ ေရာက္ရွိမယ္လို႔လည္း ေျပာၾကပါတယ္။

တပ္မေတာ္ထုတ္ျပန္ခ်က္မွာေတာ့ ဦးဉာဏ္သိမ္းနဲ႔ ဦးေက်ာ္ေအးေမာင္တို႔ ရွိတဲ့ေနရာကေန ပစ္ခတ္မႈျဖစ္လို႔ တပ္မေတာ္ဘက္က ျပန္ပစ္ရာမွာ ေသဆုံးတယ္လို႔ ဒီဇင္ဘာ ၁၃ ရက္ေန႔မွာ ထုတ္ျပန္ပါတယ္။ ဒါ့အျပင္ ဆက္စပ္သူ ခုႏွစ္ဦးကို ဖမ္းဆီးတယ္လို႔လည္းဆိုပါတယ္။ ဒါေပမဲ့ ဖမ္းဆီးခံရသူ ခုႏွစ္ဦးထဲက လြတ္ေျမာက္လာသူတခ်ိဳ႕ ျပန္ေျပာတာက က်ည္ဒဏ္ရာရထားတဲ့ ဦးေက်ာ္ေအးေမာင္ဟာ ဖမ္းဆီးခံရၿပီးေတာ့ လမ္းခုလတ္မွာ ပစ္သတ္ခံလိုက္ရတာလို႔ ေျပာၾကပါတယ္။ တပ္မေတာ္ေျပာသလို ႐ြာအျပင္မွာ ပစ္ခတ္မႈျဖစ္တာမဟုတ္ဘဲ အုပ္ခ်ဳပ္ေရးမႉးရဲ႕ ေနအိမ္ဝင္းထဲမွာ ပစ္သတ္ခံရတာလို႔လည္း ထြက္ဆိုထားၾကပါတယ္။

အေထြထြအုပ္ခ်ဳပ္ေရးဦးစီးဌာနဟာ ၂၀၁၈ ဒီဇင္ဘာလအထိ ျပည္ထဲေရးဝန္ႀကီးဌာန လက္ေအာက္မွာရွိခဲ့ပါတယ္။ အဲဒီေနာက္ပိုင္းမွာေတာ့ အမ်ိဳးသားဒီမိုကေရစီအစိုးရ NLD က ခန႔္အပ္လိုက္တဲ့ ျပည္ေထာင္စု အစိုးရအဖြဲ႕ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးမင္းသူရဲ႕ လက္ေအာက္ကို တရားဝင္လႊဲေျပာင္းေပးခဲ့ပါတယ္။

RFA Burmese
https://www.rfa.org
--------------
(Unicode)⤵⤵⤵
ရပ်ကျေးဥက္ကဋ္ဌ အသတ်ခံရတာကို စုံစမ်းဖော်ထုတ်ပေးဖို့ အတိုင်ပင်ခံကို တောင်းဆို

မင်းပြားမြို့နယ် စိတ္တရကျေးရွာမှာ ၂၀၁၉ ဒီဇင်ဘာ ၁၁ ရက်နေ့ညက အသတ်ခံရတဲ့ ဒေါ်ဖြူဖြူဝင်းနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဉာဏ်သိန်းတို့ရဲ့နာရေးကို မြင်ရစဉ်
Photo: Min Thein Aung/RFA

စိတ္တရ ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရတာနဲ့ပတ်သက်ပြီး အဖြစ်မှန်ကို စုံစမ်းဖော်ထုတ်ပေးဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ မင်းပြားမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူး ၆၈ ယောက်က က လက်မှတ်ရေးထိုးပြီးတော့ စာရေးသားပို့ပေး တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၁၃ ရက်နေ့ညတုန်းက စိတ္တရကျေးရွာအုပ်ချုပ်ရေးမှူး ဦးဉာဏ်သိမ်းအောင်ရဲ့ နေအိမ်မှာ ဆရာတော်တစ်ပါးနဲ့ ကျေးရွာသား ၂၀ ဝန်းကျင် မီးလှုံနေခိုက်မှာ တပ်မတော်စစ်ကြောင်း ရောက်ရှိလာပြီးတော့ ဖမ်းဆီးခံရတာဖြစ်ပါတယ်။

ဦးဉာဏ်သိမ်းအောင်ဟာ သေနတ်ဒင်နဲ့ ခေါင်းကို ထုရိုက်ခံရပြီးမှ ပစ်သတ်ခံလိုက်ရတာလို့ အခင်းဖြစ်ပွားရာမှာရှိနေတဲ့ မျက်မြင်သက်သေတွေက RFA ကို ဒီလအစောပိုင်းမှာ ပြောဆိုထားကြပါတယ်။

အသက် ၃၉ နှစ်အရွယ်၊ ကလေးမိခင်တစ်ဦးလည်း ကလေးချီပြီးတော့ အိမ်ပေါ်က အဆင်းမှာအပစ်ခံရလို့ သေဆုံးသွားပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူးတွေ စစ်မက်ဖြစ်ပွားရာဒေသတွေမှာ တရားဥပဒေမဲ့ ပစ်သတ်ခံရတာတွေကို တားဆီးပေးဖို့၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးဟာ စွပ်စွဲခံရ၊ သံသယဖြစ်ခံရတယ်ဆိုရင်လည်း ဥပဒေအရပဲ အရေးယူပေးဖို့၊ သတ်ဖြတ်ခဲ့တဲ့ အဖြစ်မှန်ကို စုံစမ်းဖော်ထုတ်အရေးယူပေးဖို့ အခုလိုတောင်းဆိုရတာလို့လည်း RFA က ဆက်သွယ်မေးမြန်းထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး လေးဦးက ပြောဆိုကြပါတယ်။

မိတ္တူကို တပ်မတော်ကာကွယ်ရေးစစ်ဦးစီးချုပ်ရုံး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပြည်ထောင်စု လွှတ်တော်ဒုဥက္ကဋ္ဌ ဦးအေးသာအောင်ကိုလည်း ပို့ပေးထားတယ်လို့ ပြောကြပါတယ်။ တကယ်လို့ တားဆီးမပေးနိုင်ဘူးဆိုရင် ကျေးရွာအုပ်ချုပ်ရေးမှူး ရာထူးအဖြစ်ကနေ နုတ်ထွက်မယ့်အကြောင်းကိုလည်း တိုင်စာထဲမှာ ထည့်သွင်းတောင်းဆိုထားတယ်လို့ ပြောကြပါတယ်။ တိုင်စာဟာ ဒီနေ့ တနင်္လာနေ့မှာ ရောက်ရှိမယ်လို့လည်း ပြောကြပါတယ်။

တပ်မတော်ထုတ်ပြန်ချက်မှာတော့ ဦးဉာဏ်သိမ်းနဲ့ ဦးကျော်အေးမောင်တို့ ရှိတဲ့နေရာကနေ ပစ်ခတ်မှုဖြစ်လို့ တပ်မတော်ဘက်က ပြန်ပစ်ရာမှာ သေဆုံးတယ်လို့ ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဒါ့အပြင် ဆက်စပ်သူ ခုနှစ်ဦးကို ဖမ်းဆီးတယ်လို့လည်းဆိုပါတယ်။ ဒါပေမဲ့ ဖမ်းဆီးခံရသူ ခုနှစ်ဦးထဲက လွတ်မြောက်လာသူတချို့ ပြန်ပြောတာက ကျည်ဒဏ်ရာရထားတဲ့ ဦးကျော်အေးမောင်ဟာ ဖမ်းဆီးခံရပြီးတော့ လမ်းခုလတ်မှာ ပစ်သတ်ခံလိုက်ရတာလို့ ပြောကြပါတယ်။ တပ်မတော်ပြောသလို ရွာအပြင်မှာ ပစ်ခတ်မှုဖြစ်တာမဟုတ်ဘဲ အုပ်ချုပ်ရေးမှူးရဲ့ နေအိမ်ဝင်းထဲမှာ ပစ်သတ်ခံရတာလို့လည်း ထွက်ဆိုထားကြပါတယ်။

အထွေထွအုပ်ချုပ်ရေးဦးစီးဌာနဟာ ၂၀၁၈ ဒီဇင်ဘာလအထိ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်မှာရှိခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ အမျိုးသားဒီမိုကရေစီအစိုးရ NLD က ခန့်အပ်လိုက်တဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူရဲ့ လက်အောက်ကို တရားဝင်လွှဲပြောင်းပေးခဲ့ပါတယ်။

RFA Burmese
https://www.rfa.org
ရပ္ေက်းဥကၠ႒ အသတ္ခံရတာကို စုံစမ္းေဖာ္ထုတ္ေပးဖို႔ အတိုင္ပင္ခံကို ေတာင္းဆို ရပ္ေက်းဥကၠ႒ အသတ္ခံရတာကို စုံစမ္းေဖာ္ထုတ္ေပးဖို႔ အတိုင္ပင္ခံကို ေတာင္းဆို Reviewed by THITHTOOLWIN on 19:39 Rating: 5
Powered by Blogger.