ရန္ကုန္ၿမိဳ႕သစ္စီမံကိန္း ခြင့္ျပဳခ်က္မရေသးေပမဲ့က်ပ္သိန္း တစ္ေသာင္းေက်ာ္အသုံးျပဳထား

လူဦးေရထူထပ္တဲ့ ရန္ကုန္ကို ၿမိဳ႕သစ္အျဖစ္တိုးခ်ဲ႕ဖို႔ လုပ္ေဆာင္ေန
(Zawgyi)⤵⤵⤵
ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ရဲ႕ ဘ႑ာေငြသုံးစြဲမႈနဲ႔ပတ္သက္ၿပီး ရန္ကုန္တိုင္းလႊတ္ေတာ္မွာ တင္ျပ လာတဲ့ ၂၀၁၇ - ၂၀၁၈ စာရင္းစစ္ခ်ဳပ္အစီရင္ခံစာအရ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္မယ့္ NYDC ကုမၸဏီအေနနဲ႔ စီမံကိန္းလုပ္ေဆာင္ဖို႔ ရင္းႏွီးျမဳပ္ႏွံမႈေကာ္မရွင္ကေန ခြင့္ျပဳခ်က္မရေသးေပမဲ့လည္း ကနဦးရင္းႏွီးျမဳပ္ႏွံေငြထဲက စစ္ေဆးခ်ိန္အထိ က်ပ္ေငြသန္း ၁၁၈၃ ဒႆမ ၄၅၉ အားသုံးစြဲထားတာေတြ႕ရွိရတယ္လို႔ သိရပါတယ္။

ရန္ကုန္တိုင္းအစိုးရအဖြဲ႕အေနနဲ႔ ၿမိဳ႕သစ္စီမံကိန္းပါ လုပ္ငန္းေတြကို ဆက္လက္ေဆာင္႐ြက္ဖို႔ ရင္းႏွီးျမဳပ္ႏွံမႈ ေကာ္မရွင္ကို တင္ျပထားေသာ္လည္း MIC အေနနဲ႔ လႊတ္ေတာ္ရဲ႕ မွတ္ခ်က္ပါမွသာခြင့္ျပဳမွာျဖစ္တဲ့အတြက္ ခြင့္ျပဳခ်က္မရေသးဘူးျဖစ္ေနတယ္လို႔လည္း ရန္ကုန္တိုင္းစာရင္းစစ္ခ်ဳပ္ အစီရင္ခံစာပါအခ်က္အလက္ ေတြအရသိရပါတယ္။

'' ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းအတြက္သုံးမယ့္ က်ပ္ေငြ ၆၄ ဘီလီယံထဲက ၁၀ဘီလီယံကိုသုံးဖို႔ ကုမၸဏီက လုပ္ေနတာ။ အခု ၁၂ ရာခိုင္ႏႈန္းကို ဝန္ထမ္းေတြရဲ႕ လစာနဲ႔စရိတ္၊ အေထြေထြ႐ုံးသုံးကုန္က်စရိတ္ေတြသုံးထားတာေတြ႕တယ္ေပါ့။ ဒီၿမိဳ႕သစ္စီမံကိန္းကိုလည္း လႊတ္ေတာ္က အႀကိမ္ႀကိမ္ေမးခြန္းေတြေမးတယ္။ အစိုးရအဖြဲ႕က လာေျဖရွင္းတာမ်ိဳးမရွိခဲ့ဘူး။ အခုကေတာ့ စာရင္းစစ္ခ်ဳပ္ အစီရင္ခံထြက္လာၿပီဆိုေတာ့ လႊတ္ေတာ္မွာထပ္ၿပီး ေမးခြန္းေမးတာေတြ ေထာက္ျပတာေတြထပ္လုပ္မွာေပါ့'' လို႔ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္ေဇယ်က ဘီဘီစီကို ေျပာပါတယ္။

ရန္ကုန္တိုင္းအစိုးရအဖြဲ႕ရဲ႕ စီမံကိန္းေတြလုပ္ေဆာင္ဖို႔ ၂၀၁၆- ၂၀၁၇ ခုႏွစ္ကတည္းက အသုံးျပဳေငြ က်ပ္ ေငြ ၁၃၄ ဘီလီယံအသုံးျပဳဖို႔ ခြင့္ျပဳေပးခဲ့ၿပီး အစိုးရအဖြဲ႕အေနနဲ႔ လုပ္ေဆာင္ခ်က္ေတြဟာ မူရင္းရည္႐ြယ္ ခ်က္ေတြနဲ႔ လႊဲေခ်ာ္ေနတယ္ဆိုၿပီး လႊတ္ေတာ္ကေန ေထာက္ျပတာေတြလည္းရွိခဲ့ပါတယ္။

' ' ဥပမာ တန္ဖိုးနည္းအိမ္ရာေတြေဆာက္ဖို႔ ဆိုၿပီး မူလကတင္ျပလို႔ ခြင့္ျပဳထားတဲ့ေငြေတြကို အစိုးရအဖြဲ႕ အေနနဲ႔ မက္ထ႐ိုပိုလီတန္နဲ႔ NYDCဆိုၿပီး ကုမၸဏီေတြဖြဲ႕ၿပီး တျခားလုပ္ငန္းေတြကို လုပ္ေနတာေတြလည္း ေတြ႕ရတယ္။'' လို႔ ဦးေက်ာ္ေဇယ်က ေထာက္ျပေျပာဆိုပါတယ္။

ဒါ့အျပင္ ယခင္ႏွစ္ကတည္းက ျပင္ဆင္ဖို႔ ေထာက္ျပထားတဲ့ ပုဂၢလိက ကို ခ်ထားေပးတဲ့ လုပ္ငန္းေတြမွာ လည္း ေခတ္ကာလနဲ႔မေလ်ာ္ညီတဲ့ ခြင့္ျပဳေငြနဲ႔ ဆက္လက္ငွားရမ္းတာေတြရွိေနဆဲျဖစ္တယ္လို႔လည္း သိရပါတယ္။

'' ဥပမာ ဝန္ႀကီးမ်ား႐ုံးရဲ႕ငွားရမ္းခဟာ ႏိုင္ငံေတာ္က ၂ဘီလီယံေလာက္နစ္နာတယ္ဆိုတာ ၁၆ -၁၇ အစီရင္ ခံစာထဲက စာရင္းစစ္ခ်ဳပ္ႀကီးက ေထာက္ျပထားတယ္။ လိုက္နာဖို႔ေနေနသာသာ ပိုေတာင္ဆိုးသြား တယ္။ ရသင့္ရထိုက္တာမေတာင္းတဲ့အျပင္ တည္ေဆာက္ဆဲကာလသတ္မွတ္ထားတာရွိတယ္။ သတ္မွတ္ကာလ မၿပီးေတာ့ ဒဏ္ေၾကး ၁၀ ရာႏႈန္း က်ပ္သန္း ၃၀၀ ေက်ာ္ေပးေဆာင္ဖို႔ MIC ကသတ္မွတ္ထားတာကိုလည္း မေတာင္းထားဘူး။'' လို႔လည္း အစိုးရအဖြဲ႕ရဲ႕ လုပ္ေဆာင္ခ်က္ေတြနဲ႔ပတ္သက္ၿပီး ဦးေက်ာ္ေဇယ်က ေထာက္ျပေျပာဆိုပါတယ္။

အစိုးရအဖြဲ႕က လုပ္ေဆာင္တဲ့ စီမံကိန္းေတြ၊ ဘ႑ာေငြသုံးစြဲမႈေတြ နဲ႔ ပတ္သက္ၿပီး လႊတ္ေတာ္က ေမးျမန္းခ်က္၊ေထာက္ျပခ်က္ေတြကို အစိုးရအဖြဲ႕အေနနဲ႔လာေရာက္ေျဖရွင္းတာမ်ိဳးမရွိတဲ့အတြက္ လႊတ္ေတာ္အမတ္ေတြကေန အစိုးရကတိကဝတ္နဲ႔ အာမခံခ်က္မ်ားေကာ္မတီ ကတဆင့္ လိုအပ္သလို ေဆာင္႐ြက္ေျဖရွင္းေပးႏိုင္ဖို႔ ေတာင္းဆိုထားတယ္လို႔လည္း သိရပါတယ္။

BBC Burmese
https://www.bbc.com
------------
(Unicode)⤵⤵⤵
ရန်ကုန်မြို့သစ်စီမံကိန်း ခွင့်ပြုချက်မရသေးပေမဲ့ကျပ်သိန်း တစ်သောင်းကျော်အသုံးပြုထား

ဓာတ်ပုံ မူပိုင် ROMEO GACAD/AFP via Getty Images
Image caption လူဦးရေထူထပ်တဲ့ ရန်ကုန်ကို မြို့သစ်အဖြစ်တိုးချဲ့ဖို့ လုပ်ဆောင်နေ

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ဘဏ္ဍာငွေသုံးစွဲမှုနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းလွှတ်တော်မှာ တင်ပြ လာတဲ့ ၂၀၁၇ - ၂၀၁၈ စာရင်းစစ်ချုပ်အစီရင်ခံစာအရ ရန်ကုန်မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်မယ့် NYDC ကုမ္ပဏီအနေနဲ့ စီမံကိန်းလုပ်ဆောင်ဖို့ ရင်းနှီးမြုပ်နှံမှုကော်မရှင်ကနေ ခွင့်ပြုချက်မရသေးပေမဲ့လည်း ကနဦးရင်းနှီးမြုပ်နှံငွေထဲက စစ်ဆေးချိန်အထိ ကျပ်ငွေသန်း ၁၁၈၃ ဒဿမ ၄၅၉ အားသုံးစွဲထားတာတွေ့ရှိရတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့အနေနဲ့ မြို့သစ်စီမံကိန်းပါ လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်ဖို့ ရင်းနှီးမြုပ်နှံမှု ကော်မရှင်ကို တင်ပြထားသော်လည်း MIC အနေနဲ့ လွှတ်တော်ရဲ့ မှတ်ချက်ပါမှသာခွင့်ပြုမှာဖြစ်တဲ့အတွက် ခွင့်ပြုချက်မရသေးဘူးဖြစ်နေတယ်လို့လည်း ရန်ကုန်တိုင်းစာရင်းစစ်ချုပ် အစီရင်ခံစာပါအချက်အလက် တွေအရသိရပါတယ်။

'' ရန်ကုန်မြို့သစ်စီမံကိန်းအတွက်သုံးမယ့် ကျပ်ငွေ ၆၄ ဘီလီယံထဲက ၁၀ဘီလီယံကိုသုံးဖို့ ကုမ္ပဏီက လုပ်နေတာ။ အခု ၁၂ ရာခိုင်နှုန်းကို ဝန်ထမ်းတွေရဲ့ လစာနဲ့စရိတ်၊ အထွေထွေရုံးသုံးကုန်ကျစရိတ်တွေသုံးထားတာတွေ့တယ်ပေါ့။ ဒီမြို့သစ်စီမံကိန်းကိုလည်း လွှတ်တော်က အကြိမ်ကြိမ်မေးခွန်းတွေမေးတယ်။ အစိုးရအဖွဲ့က လာဖြေရှင်းတာမျိုးမရှိခဲ့ဘူး။ အခုကတော့ စာရင်းစစ်ချုပ် အစီရင်ခံထွက်လာပြီဆိုတော့ လွှတ်တော်မှာထပ်ပြီး မေးခွန်းမေးတာတွေ ထောက်ပြတာတွေထပ်လုပ်မှာပေါ့'' လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ဘီဘီစီကို ပြောပါတယ်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ စီမံကိန်းတွေလုပ်ဆောင်ဖို့ ၂၀၁၆- ၂၀၁၇ ခုနှစ်ကတည်းက အသုံးပြုငွေ ကျပ် ငွေ ၁၃၄ ဘီလီယံအသုံးပြုဖို့ ခွင့်ပြုပေးခဲ့ပြီး အစိုးရအဖွဲ့အနေနဲ့ လုပ်ဆောင်ချက်တွေဟာ မူရင်းရည်ရွယ် ချက်တွေနဲ့ လွှဲချော်နေတယ်ဆိုပြီး လွှတ်တော်ကနေ ထောက်ပြတာတွေလည်းရှိခဲ့ပါတယ်။

' ' ဥပမာ တန်ဖိုးနည်းအိမ်ရာတွေဆောက်ဖို့ ဆိုပြီး မူလကတင်ပြလို့ ခွင့်ပြုထားတဲ့ငွေတွေကို အစိုးရအဖွဲ့ အနေနဲ့ မက်ထရိုပိုလီတန်နဲ့ NYDCဆိုပြီး ကုမ္ပဏီတွေဖွဲ့ပြီး တခြားလုပ်ငန်းတွေကို လုပ်နေတာတွေလည်း တွေ့ရတယ်။'' လို့ ဦးကျော်ဇေယျက ထောက်ပြပြောဆိုပါတယ်။

ဒါ့အပြင် ယခင်နှစ်ကတည်းက ပြင်ဆင်ဖို့ ထောက်ပြထားတဲ့ ပုဂ္ဂလိက ကို ချထားပေးတဲ့ လုပ်ငန်းတွေမှာ လည်း ခေတ်ကာလနဲ့မလျော်ညီတဲ့ ခွင့်ပြုငွေနဲ့ ဆက်လက်ငှားရမ်းတာတွေရှိနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

'' ဥပမာ ဝန်ကြီးများရုံးရဲ့ငှားရမ်းခဟာ နိုင်ငံတော်က ၂ဘီလီယံလောက်နစ်နာတယ်ဆိုတာ ၁၆ -၁၇ အစီရင် ခံစာထဲက စာရင်းစစ်ချုပ်ကြီးက ထောက်ပြထားတယ်။ လိုက်နာဖို့နေနေသာသာ ပိုတောင်ဆိုးသွား တယ်။ ရသင့်ရထိုက်တာမတောင်းတဲ့အပြင် တည်ဆောက်ဆဲကာလသတ်မှတ်ထားတာရှိတယ်။ သတ်မှတ်ကာလ မပြီးတော့ ဒဏ်ကြေး ၁၀ ရာနှုန်း ကျပ်သန်း ၃၀၀ ကျော်ပေးဆောင်ဖို့ MIC ကသတ်မှတ်ထားတာကိုလည်း မတောင်းထားဘူး။'' လို့လည်း အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး ဦးကျော်ဇေယျက ထောက်ပြပြောဆိုပါတယ်။

အစိုးရအဖွဲ့က လုပ်ဆောင်တဲ့ စီမံကိန်းတွေ၊ ဘဏ္ဍာငွေသုံးစွဲမှုတွေ နဲ့ ပတ်သက်ပြီး လွှတ်တော်က မေးမြန်းချက်၊ထောက်ပြချက်တွေကို အစိုးရအဖွဲ့အနေနဲ့လာရောက်ဖြေရှင်းတာမျိုးမရှိတဲ့အတွက် လွှတ်တော်အမတ်တွေကနေ အစိုးရကတိကဝတ်နဲ့ အာမခံချက်များကော်မတီ ကတဆင့် လိုအပ်သလို ဆောင်ရွက်ဖြေရှင်းပေးနိုင်ဖို့ တောင်းဆိုထားတယ်လို့လည်း သိရပါတယ်။

BBC Burmese
https://www.bbc.com
ရန္ကုန္ၿမိဳ႕သစ္စီမံကိန္း ခြင့္ျပဳခ်က္မရေသးေပမဲ့က်ပ္သိန္း တစ္ေသာင္းေက်ာ္အသုံးျပဳထား ရန္ကုန္ၿမိဳ႕သစ္စီမံကိန္း ခြင့္ျပဳခ်က္မရေသးေပမဲ့က်ပ္သိန္း တစ္ေသာင္းေက်ာ္အသုံးျပဳထား Reviewed by THITHTOOLWIN on 19:42 Rating: 5
Powered by Blogger.