ရန္ကုန္တုိင္းရွိ တရားရုံးေတြမွာ အခ်ဳပ္ခန္းလုံေလာက္မႈမရွိတဲ့ အေျခအေနေတြနဲ႔ ၾကံဳေတြ႕ေနရ

(Zawgyi)⤵⤵⤵
ရန္ကုန္၊ ဇန္နဝါရီ ၁၃

ရန္ကုန္တုိင္းအတြင္းရွိ ၿမိဳ႕နယ္အသီးသီးနဲ႔ ခရုိင္အသီးသီးမွာရွိတဲ့ တရားရုံးအားလုံးဟာ အခ်ဳပ္ခန္းနဲ႔ ရုံးထုတ္ အခ်ဳပ္သား အင္အား မမွ်တမႈနဲ႔ ႀကံဳေတြ႕ေနရတယ္လုိ႔ ရန္ကုန္တုိင္းတရားသူႀကီးခ်ဳပ္ ဦးလွေအးက ေျပာၾကားခဲ့ပါတယ္။

ဒီကေန႔ ဇန္န၀ါရီလ ၁၃ ရက္ေန႔က ရန္ကုန္တုိင္းေဒသႀကီး လႊတ္ေတာ္အစည္းအေ၀းမွာ ရန္ကုန္တုိင္းေဒသႀကီးအတြင္း ႏွစ္စဥ္အလိုက္ တရားရုံးေတြရဲ႕အခ်ဳပ္ခန္းေတြကုိ က်ယ္ျပန္႔ သန္႔ရွင္း တဲ့အခ်ဳပ္ခန္းေတြအျဖစ္ ျပဳျပင္ေဆာင္ရြက္ေပးဖုိ႔ အစီအစဥ္ရွိမရွိ လႈိင္ၿမိဳ႕နယ္ တုိင္ေဒသႀကီး လႊတ္ေတာ္ ကုိယ္စားလွယ္ ဦးေက်ာ္ေက်ာ္ထြန္းက ေမးျမန္းခဲ့တဲ့အေပၚ ရန္ကုန္တုိင္းတရား သူႀကီးခ်ဳပ္ ဦးလွေအးက အထက္ပါအတုိင္း ျပန္လည္ေျဖၾကားခဲ့တာပါ။

“ တရား႐ုံးေတြမွာ လက္ရွိအေျခအေနက ၿမိဳ႕နယ္အသီးသီး ခရိ္ုင္အသီးသီး အားလုံးမွာ ဆြဲဆိုထားတဲ့ အခ်ဳပ္သားတရားခံ တစ္ႏွစ္ထက္တစ္ႏွစ္ပိုပိုၿပီးေတာ့မ်ားျပားလာပါတယ္။ မ်ားျပားလာတဲ့အတြက္ ကြၽန္တာ္တို႔ နဂိုက သတ္မွတ္ထားတာ အခ်ဳပ္ခန္းတစ္ခုမွာ ဘယ္ေလာက္ဦးေရဆိုတဲ့ သတ္မွတ္ခ်က္ထက္ ပိုေနတာ မွန္ပါတယ္ ” ဟု ရန္ကုန္တိုင္း တရားသူႀကီးခ်ဳပ္ ဦးလွေအးက ေျပာပါတယ္။

လက္ရွိမွာ ေျမာက္ပုိင္းခရုိင္ တရားရုံးအခ်ဳပ္မွာ အခ်ဳပ္သား ဦးေရ ၈၅ ဦးဆန္႔ေပမယ့္ ရုံးထုတ္အခ်ဳပ္သားဦးေရ ၉၅ ဦးျဖစ္ေနေၾကာင္းနဲ႔ ဒဂုံၿမိဳ႕နယ္ သစ္ေတာင္ပုိင္းၿမိဳ႕နယ္ တရားရုံးမွာလည္း အခ်ဳပ္သား၄၀ သာဆန္႔ေပမယ့္ ရုံးထုတ္ပ်မ္းမွ်အခ်ဳပ္သား ဦးေရ ၆၀ ခန္႔ရွိေနတယ္လို႔ ဆုိပါတယ္။

“မဂၤလာဒုံၿမိဳ႕နယ္တရား႐ုံးမွာ အခ်ဳပ္သား ၄၀ဦးသာဆန္႔ေပမယ့္ ၅၀ဦးထားရွိေနရၿပီး ၊ လႈိင္သာယာ ၿမိဳ႕နယ္တရား႐ုံးေတြမွာလည္း အခ်ဳပ္သား၆၀ ဦးသာဆန္႔ေပမယ့္ ၁၆၀ ဦးအထိထားရွိေနရသလို ဆိတ္ႀကီးခေနာင္တို တရား႐ုံးေတြမွာလည္း အခ်ဳပ္ခန္းမရွိဘူးလို႔ “ တိုင္းတရား လႊတ္ေတာ္ခ်ဳပ္က ေျပာပါတယ္။

လႈိင္ၿမိဳ႕နယ္ တုိင္းေဒသႀကီး လႊတ္ေတာ္ကုိယ္စားလွယ္ ဦးေက်ာ္ေက်ာ္ထြန္းကလည္း တရားစီရင္ေရး၊ ဥပေဒစိုးမိုးေရးႏွင့္ တိုင္ၾကားစာမ်ား၊ အသနားခံစာမ်ား စိစစ္ေရးေကာ္မတီအဖြဲ႕ ဝင္ေတြ ၃ ၾကိမ္တိုင္ကြင္းဆင္း စစ္ေဆးခဲ့ၿပီး ျဖစ္တယ္လို႔ ေျပာပါတယ္။

“အခုအခ်ိန္ထိ တရား႐ုံးအခ်ဳပ္ခန္းေတြက သန္႔ရွင္းမႈလည္းမရွိဘဲ က်ပ္ညႇပ္ေနၿပီးေတာ့ တခ်ိဳ႕တရား႐ုံးေတြမွာ ဆိုရင္ အမ်ိဳးသမီးအခ်ဳပ္သားေတြကို ရဲCRO အခန္းေတြမွာ ထားတယ္။ အမ်ိဳးသားေတြ ကို အမ်ိဳးသားခန္း နဲ႔ အမ်ိဳးသမီးအခန္း၂ ခုစလုံးမွာ ထားရွိေနရတာကို ေတြ႕ရွိေနရတယ္။ ျပစ္မႈက်ဴးလြန္လို႔အက်ဥ္းက်ခံေနရတာ ျဖစ္ေပမဲ့ သူတို႔လည္း လူသားေတြ ျဖစ္တဲ့အတြက္ေၾကာင့္ က်န္းမာေရးနဲ႔ညီၫႊတ္ဖို႔ သန္႔ရွင္းဖို႔လိုအပ္ပါတယ္ ” လႊတ္ေတာ္ကုိယ္စားလွယ္ ဦးေက်ာ္ေက်ာ္ထြန္းက ဆုိပါတယ္။

ဒါအ့ျပင္ အခ်ဳပ္ခန္းေတြသန္႔ရွင္းက်ယ္ျပန္႔ဖို႔အတြက္စီစဥ္ေဆာင္ရြက္ရာမွာ အဓိက လိုအပ္ခ်က္ျဖစ္တဲ့ ဘတ္ဂ်က္ ကုန္က်စာရိတ္ကို လႊတ္ေတာ္ကိုတင္ျပထားၿပီး ဘတ္ဂ်က္က်တာနဲ႔ အခ်ဳပ္ခန္းေတြကို ျပင္ဆင္ႏိုင္မယ္လို႔ တိုင္းတရားသူ ႀကီးခ်ဳပ္ ဦးလွေအးက လႊတ္ေတာ္မွာ ျပန္လည္ေျဖဆိုထားပါတယ္။

ဆုသီရိစံ
ေရႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
-------------
(Unicode)⤵⤵⤵
ရန်ကုန်တိုင်းရှိ တရားရုံးတွေမှာ အချုပ်ခန်းလုံလောက်မှုမရှိတဲ့ အခြေအနေတွေနဲ့ ကြုံတွေ့နေရ

ရန်ကုန်၊ ဇန်နဝါရီ ၁၃

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အသီးသီးနဲ့ ခရိုင်အသီးသီးမှာရှိတဲ့ တရားရုံးအားလုံးဟာ အချုပ်ခန်းနဲ့ ရုံးထုတ် အချုပ်သား အင်အား မမျှတမှုနဲ့ ကြုံတွေ့နေရတယ်လို့ ရန်ကုန်တိုင်းတရားသူကြီးချုပ် ဦးလှအေးက ပြောကြားခဲ့ပါတယ်။

ဒီကနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း နှစ်စဉ်အလိုက် တရားရုံးတွေရဲ့အချုပ်ခန်းတွေကို ကျယ်ပြန့် သန့်ရှင်း တဲ့အချုပ်ခန်းတွေအဖြစ် ပြုပြင်ဆောင်ရွက်ပေးဖို့ အစီအစဉ်ရှိမရှိ လှိုင်မြို့နယ် တိုင်ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက မေးမြန်းခဲ့တဲ့အပေါ် ရန်ကုန်တိုင်းတရား သူကြီးချုပ် ဦးလှအေးက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့တာပါ။

“ တရားရုံးတွေမှာ လက်ရှိအခြေအနေက မြို့နယ်အသီးသီး ခရိုင်အသီးသီး အားလုံးမှာ ဆွဲဆိုထားတဲ့ အချုပ်သားတရားခံ တစ်နှစ်ထက်တစ်နှစ်ပိုပိုပြီးတော့များပြားလာပါတယ်။ များပြားလာတဲ့အတွက် ကျွန်တာ်တို့ နဂိုက သတ်မှတ်ထားတာ အချုပ်ခန်းတစ်ခုမှာ ဘယ်လောက်ဦးရေဆိုတဲ့ သတ်မှတ်ချက်ထက် ပိုနေတာ မှန်ပါတယ် ” ဟု ရန်ကုန်တိုင်း တရားသူကြီးချုပ် ဦးလှအေးက ပြောပါတယ်။

လက်ရှိမှာ မြောက်ပိုင်းခရိုင် တရားရုံးအချုပ်မှာ အချုပ်သား ဦးရေ ၈၅ ဦးဆန့်ပေမယ့် ရုံးထုတ်အချုပ်သားဦးရေ ၉၅ ဦးဖြစ်နေကြောင်းနဲ့ ဒဂုံမြို့နယ် သစ်တောင်ပိုင်းမြို့နယ် တရားရုံးမှာလည်း အချုပ်သား၄၀ သာဆန့်ပေမယ့် ရုံးထုတ်ပျမ်းမျှအချုပ်သား ဦးရေ ၆၀ ခန့်ရှိနေတယ်လို့ ဆိုပါတယ်။

“မင်္ဂလာဒုံမြို့နယ်တရားရုံးမှာ အချုပ်သား ၄၀ဦးသာဆန့်ပေမယ့် ၅၀ဦးထားရှိနေရပြီး ၊ လှိုင်သာယာ မြို့နယ်တရားရုံးတွေမှာလည်း အချုပ်သား၆၀ ဦးသာဆန့်ပေမယ့် ၁၆၀ ဦးအထိထားရှိနေရသလို ဆိတ်ကြီးခနောင်တို တရားရုံးတွေမှာလည်း အချုပ်ခန်းမရှိဘူးလို့ “ တိုင်းတရား လွှတ်တော်ချုပ်က ပြောပါတယ်။

လှိုင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းကလည်း တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ရေးကော်မတီအဖွဲ့ ဝင်တွေ ၃ ကြိမ်တိုင်ကွင်းဆင်း စစ်ဆေးခဲ့ပြီး ဖြစ်တယ်လို့ ပြောပါတယ်။

“အခုအချိန်ထိ တရားရုံးအချုပ်ခန်းတွေက သန့်ရှင်းမှုလည်းမရှိဘဲ ကျပ်ညှပ်နေပြီးတော့ တချို့တရားရုံးတွေမှာ ဆိုရင် အမျိုးသမီးအချုပ်သားတွေကို ရဲCRO အခန်းတွေမှာ ထားတယ်။ အမျိုးသားတွေ ကို အမျိုးသားခန်း နဲ့ အမျိုးသမီးအခန်း၂ ခုစလုံးမှာ ထားရှိနေရတာကို တွေ့ရှိနေရတယ်။ ပြစ်မှုကျူးလွန်လို့အကျဉ်းကျခံနေရတာ ဖြစ်ပေမဲ့ သူတို့လည်း လူသားတွေ ဖြစ်တဲ့အတွက်ကြောင့် ကျန်းမာရေးနဲ့ညီညွှတ်ဖို့ သန့်ရှင်းဖို့လိုအပ်ပါတယ် ” လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက ဆိုပါတယ်။

ဒါအ့ပြင် အချုပ်ခန်းတွေသန့်ရှင်းကျယ်ပြန့်ဖို့အတွက်စီစဉ်ဆောင်ရွက်ရာမှာ အဓိက လိုအပ်ချက်ဖြစ်တဲ့ ဘတ်ဂျက် ကုန်ကျစာရိတ်ကို လွှတ်တော်ကိုတင်ပြထားပြီး ဘတ်ဂျက်ကျတာနဲ့ အချုပ်ခန်းတွေကို ပြင်ဆင်နိုင်မယ်လို့ တိုင်းတရားသူ ကြီးချုပ် ဦးလှအေးက လွှတ်တော်မှာ ပြန်လည်ဖြေဆိုထားပါတယ်။

ဆုသီရိစံ
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ရန္ကုန္တုိင္းရွိ တရားရုံးေတြမွာ အခ်ဳပ္ခန္းလုံေလာက္မႈမရွိတဲ့ အေျခအေနေတြနဲ႔ ၾကံဳေတြ႕ေနရ ရန္ကုန္တုိင္းရွိ တရားရုံးေတြမွာ အခ်ဳပ္ခန္းလုံေလာက္မႈမရွိတဲ့ အေျခအေနေတြနဲ႔ ၾကံဳေတြ႕ေနရ Reviewed by THITHTOOLWIN on 19:31 Rating: 5
Powered by Blogger.