အီရတ္စစ္စခန္း ဒံုးက်ည္ေတြနဲ႔ တိုက္ခုိက္ခံရ

အီရတ္ႏုိင္ငံရွိ Balad ေလတပ္အေျခစုိက္စခန္း။ (ေဖေဖာ္ဝါရီ ၁၃၊ ၂၀၁၈)

(Zawgyi / Unicode)

အီရတ္ႏုိင္ငံ ဘဂၢဒက္ၿမိဳ႕ေတာ္ ေျမာက္ပိုင္းက စစ္တပ္ အေျခစိုက္စခန္းတခုကို ဒံုးက်ည္ေတြနဲ႔ တို္က္ခိုက္ခံရမႈအတြင္း အီရတ္စစ္သား ၄ ဦး ဒဏ္ရာရခဲ့ေၾကာင္း စစ္တပ္က တနဂၤေႏြေန႔မွာ ေျပာပါတယ္။

ဘဂၢဒက္ၿမိဳ႕ေတာ္ ေျမာက္ဘက္ ကီလိုမီတာ ၈၀ ေလာက္အကြာက Balad ေလတပ္အေျခစိုက္စခန္း တိုက္ခုိက္ခံရတာပါ။ အဲဒီစခန္းမွာ အေမရိကန္ တပ္ဖြဲ႔၀င္ေတြ မရွိဘူးလို႔ အေမရိကန္ ကာကြယ္ေရးဌာန တာ၀န္ရွိသူေတြက ဗီြအိုေအကို အတည္ျပဳပါတယ္။

အေမရိကန္ေတြ ထိခိုက္ေသဆံုးမႈ မရွိေပမယ္လို႔လည္း အေမရိကန္ ႏုိင္ငံျခားေရး၀န္ႀကီး Mike Pompeo ကေတာ့ ဒီတိုက္ခုိက္မႈအေပၚ မေက်မနပ္ ျဖစ္ရေၾကာင္းနဲ႔ ဘယ္သူေတြပဲ တိုက္ခုိက္သည္ျဖစ္ေစ အီရတ္အစိုးရအေနနဲ႔ အေရးယူဖို႔ တိုက္တြန္းေၾကာင္း တြစ္တာ လူမႈကြန္ရက္မွာ တနဂၤေႏြေန႔က ေရးသားခဲ့ပါတယ္။ ဒီတိုက္ခုိက္မႈနဲ႔ ပတ္သက္ၿပီး ဘယ္သူကမွ သူတို႔လက္ခ်က္လို႔ ေျပာဆိုမထားေသးပါဘူး။

ေလတပ္ အေျခစိုက္စခန္းကို Katyusha ဒံုးက်ည္ ၈ စင္းနဲ႔ တိုက္ခုိက္ခဲ့တာျဖစ္ၿပီး အေမရိကန္ တပ္ဖြဲ႔ေတြရွိရာ အီရတ္အေျခစိုက္စခန္း ၂ ခုကို အီရန္က ပဲ့ထိန္းတပ္ ဒံုးက်ည္ေတြနဲ႔ ပစ္ခတ္တိုက္ခုိက္ခဲ့ၿပီး ရက္ပိုင္းအၾကာမွာ အခုလို တုိက္ခုိက္တာပါ။

ဒီလအေစာပိုင္းက အေမရိကန္ရဲ႕ အေ၀းထိန္း ဒ႐ုန္းယာဥ္နဲ႔ တိုက္ခုိက္မႈအတြင္း အီရန္ရဲ႕ ထိပ္တန္းဗိုလ္ခ်ဳပ္တဦးျဖစ္တဲ့ Qassem Soleimani ေသဆံုးမႈ ေနာက္ပိုင္း အေမရိကန္နဲ႔ အီရန္ၾကား တင္းတင္းမာမာ ျဖစ္ေနခ်ိန္မွာပဲ အခုလို တိုက္ခုိက္မႈ ျဖစ္တာပါ။

အီရတ္ႏုိင္ငံတြင္းက အေမရိကန္တပ္ဖြဲ႔ေတြ စခန္းခ်ရာ အေျခစိုက္စခန္းေတြအေပၚ အီရန္က ဒံုးက်ည္နဲ႔ တိုက္ခုိက္မႈကို တံု႔ျပန္တဲ့အေနနဲ႔ အီရန္ကုမၸဏီေတြနဲ႔ အႀကီးတန္း အစိုးရတာ၀န္ရွိသူ ၈ ဦးကို ဒဏ္ခတ္ပိတ္ဆို႔မႈသစ္ေတြ ခ်မွတ္ထားပါတယ္။

အီရန္ဗိုလ္ခ်ဳပ္ႀကီး Soleimani က အေမရိကန္အေပၚ တိုက္ခိုက္ဖို႔ ႀကံစည္ေနတာလို႔ အေမရိကန္ တာ၀န္ရွိသူေတြက ခုခံ ေျပာဆိုေနပါတယ္။

------------------------------

(Unicode)

အီရတ်စစ်စခန်း ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခံရ

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော် မြောက်ပိုင်းက စစ်တပ် အခြေစိုက်စခန်းတခုကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခံရမှုအတွင်း အီရတ်စစ်သား ၄ ဦး ဒဏ်ရာရခဲ့ကြောင်း စစ်တပ်က တနင်္ဂနွေနေ့မှာ ပြောပါတယ်။

ဘဂ္ဂဒက်မြို့တော် မြောက်ဘက် ကီလိုမီတာ ၈၀ လောက်အကွာက Balad လေတပ်အခြေစိုက်စခန်း တိုက်ခိုက်ခံရတာပါ။ အဲဒီစခန်းမှာ အမေရိကန် တပ်ဖွဲ့ဝင်တွေ မရှိဘူးလို့ အမေရိကန် ကာကွယ်ရေးဌာန တာဝန်ရှိသူတွေက ဗွီအိုအေကို အတည်ပြုပါတယ်။

အမေရိကန်တွေ ထိခိုက်သေဆုံးမှု မရှိပေမယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကတော့ ဒီတိုက်ခိုက်မှုအပေါ် မကျေမနပ် ဖြစ်ရကြောင်းနဲ့ ဘယ်သူတွေပဲ တိုက်ခိုက်သည်ဖြစ်စေ အီရတ်အစိုးရအနေနဲ့ အရေးယူဖို့ တိုက်တွန်းကြောင်း တွစ်တာ လူမှုကွန်ရက်မှာ တနင်္ဂနွေနေ့က ရေးသားခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဘယ်သူကမှ သူတို့လက်ချက်လို့ ပြောဆိုမထားသေးပါဘူး။

လေတပ် အခြေစိုက်စခန်းကို Katyusha ဒုံးကျည် ၈ စင်းနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အမေရိကန် တပ်ဖွဲ့တွေရှိရာ အီရတ်အခြေစိုက်စခန်း ၂ ခုကို အီရန်က ပဲ့ထိန်းတပ် ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရက်ပိုင်းအကြာမှာ အခုလို တိုက်ခိုက်တာပါ။

ဒီလအစောပိုင်းက အမေရိကန်ရဲ့ အဝေးထိန်း ဒရုန်းယာဉ်နဲ့ တိုက်ခိုက်မှုအတွင်း အီရန်ရဲ့ ထိပ်တန်းဗိုလ်ချုပ်တဦးဖြစ်တဲ့ Qassem Soleimani သေဆုံးမှု နောက်ပိုင်း အမေရိကန်နဲ့ အီရန်ကြား တင်းတင်းမာမာ ဖြစ်နေချိန်မှာပဲ အခုလို တိုက်ခိုက်မှု ဖြစ်တာပါ။

အီရတ်နိုင်ငံတွင်းက အမေရိကန်တပ်ဖွဲ့တွေ စခန်းချရာ အခြေစိုက်စခန်းတွေအပေါ် အီရန်က ဒုံးကျည်နဲ့ တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ အီရန်ကုမ္ပဏီတွေနဲ့ အကြီးတန်း အစိုးရတာဝန်ရှိသူ ၈ ဦးကို ဒဏ်ခတ်ပိတ်ဆို့မှုသစ်တွေ ချမှတ်ထားပါတယ်။

အီရန်ဗိုလ်ချုပ်ကြီး Soleimani က အမေရိကန်အပေါ် တိုက်ခိုက်ဖို့ ကြံစည်နေတာလို့ အမေရိကန် တာဝန်ရှိသူတွေက ခုခံ ပြောဆိုနေပါတယ်။

VOA (Burmese)
https://burmese.voanews.com
အီရတ္စစ္စခန္း ဒံုးက်ည္ေတြနဲ႔ တိုက္ခုိက္ခံရ အီရတ္စစ္စခန္း ဒံုးက်ည္ေတြနဲ႔ တိုက္ခုိက္ခံရ Reviewed by THITHTOOLWIN on 20:03 Rating: 5
Powered by Blogger.