ကန္ျပည္၀င္ခြင့္ဗီဇာ ကန္႔သတ္မႈကိစၥ ျမန္မာသံအမတ္နဲ႔ ေမးျမန္းခ်က္

အေမရိကန္ဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေအာင္လင္း
(Zawgyi / Unicode)

အေမရိကန္ျပည္ေထာင္စု ျပည္၀င္ခြင့္ဗီဇာ ကန္႔သတ္ႏိ္ုင္ငံစာရင္း တိုးခ်ဲ႕သြားဖို႔ရွိရာမွာ ျမန္မာႏိုင္ငံပါ၀င္တယ္ဆိုၿပီး သတင္းထြက္ေနတာနဲ႔ပတ္သက္လို႔၊ အေမရိကန္ဘက္က ျမန္မာႏိ္ုင္ငံတာ၀န္ရွိသူေတြကို တစံုတရာ ေျပာဆိုအသိေပးထားတာမရွိဘူးလို႔ ျမန္မာသံအမတ္ႀကီးက ေျပာပါတယ္။

ဒါ့အျပင္ ျမန္မာႏိ္ုင္ငံသားတခ်ိဳ႕ကို အေမရိကန္ကေန ဌာေနျပန္ပို႔တဲ့ လုပ္ငန္းစဥ္ေတြမွာလည္း ျမန္မာဘက္က ပူးေပါင္းမႈအားနည္းတယ္ဆိုတဲ့ စြပ္စဲြခ်က္ေတြကိုလည္း ျမန္မာသံအမတ္ႀကီးက လက္မခံပါဘူး။ ကိုသားၫြန္႔ဦး ဆက္ၿပီး ေျပာျပမွာပါ။

အေမရိကန္ျပည္တြင္းမွာကို အျငင္းပြားစရာျဖစ္ေနတဲ့ ျပည္၀င္ခြင့္ ထိန္းခ်ဳပ္ကန္႔သတ္တဲ့ ႏိုင္ငံစာရင္းကို သမၼတ Trump အစိုးရအေနနဲ႔ ထပ္မံတိုးခ်ဲ႕ဖို႔ရွိၿပီး ဒီထဲမွာ ျမန္မာႏိုင္ငံလညး္ ပါ၀င္တယ္ဆိုၿပီး အေမရိကန္ႏိုင္ငံေရးေတြကို ေစာင့္ၾကည့္ေရးသားတဲ့ politico က ေရးသားေဖာ္ျပလိုက္တာပါ။

ဒါေပမယ့္လည္း ဒီစာရင္းကို အေမရိကန္အစိုးရဘက္က တရား၀င္ထုတ္ျပန္တာမ်ိဳးမရွိေသးသလို၊ ျမန္မာပါ၀င္ မပါ၀င္ဆိုတာကိုလည္း ဗြီအိုေအ က သီးျခားအတည္ျပဳလို႔မရေသးပါဘူး။ အေမရိကန္ႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေအာင္လင္းကေတာ့ ဒီ သတင္းနဲ႔ပတ္သက္လို႔ သူတို႔ကို အေမရိကန္တာ၀န္ရွိသူေတြဘက္က အသိေပး ေျပာဆိုတာ မရွိဘူးလို႔ ဗြီအိုေအကို ေျပာပါတယ္။

“အေမရိကန္ ႏိုင္ငံျခားေရး ၀န္ႀကီးဌာနက က်ေနာ္တို႔နဲ႔ အဓိက ဆက္သြယ္ေနတဲ့ ဌာနျဖစ္ပါတယ္။ က်ေနာ္တို႔ အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီးဌာနဆီကေတာ့ ဘာမွ မၾကားရေသးပါဘူး။ ဒါနဲ႔ ပတ္သက္ၿပီးေတာ့ အေမရိကန္ႏိုင္ငံအစိုးရရဲ႕ ဆံုးျဖတ္ခ်က္သာျဖစ္ပါတယ္။ က်ေနာ္တို႔အေနနဲ႔ကေတာ့ အေမရိကန္အစိုးရနဲ႔ အျမဲတမ္း ပူးေပါင္းေဆာင္ရြက္ေနတယ္ဆိုတာ သူတို႔ကို အသိေပးထားၿပီးသားျဖစ္ပါတယ္။ သူတို႔ကန္႔သတ္မႈလုပ္တယ္ဆိုတာကလည္း က်ေနာ္တို႔ ပူးေပါင္းေဆာင္ရြက္ထားလ်က္နဲ႔ သူတို႔ကေနၿပီးေတာ့ တဖက္သက္ေၾကညာထားျခင္းျဖစ္ပါတယ္။”

လတ္တေလာမွာလည္း ျမန္မာႏိုင္ငံမွာ အေျပာင္းအလဲတခ်ိဳ႕ရွိလာခဲ့ၿပီးေနာက္ ျမန္မာ- အေမရိကန္ ဆက္ဆံေရးတိုးတက္ေကာင္းမြန္လာဖို႔ အေမရိကန္သံတမန္ေတြဘက္က ႀကိဳးပမ္း ေနတာေတြရွိပါတယ္။ ျမန္မာႏိုင္ငံဘက္က အေမရိကန္ႏိုင္ငံေရး ေလ့လာတဲ့အဖဲြ႕ေတြ အသုတ္လိုက္ အေမရိကန္ျပည္ေထာင္စုကို လာေရာက္တာရွိသလို၊ ပညာေရးနဲ႔ပတ္သက္လို႔လည္း ျမန္မာ ေက်ာင္းသားေတြကို အေမရိကန္မွာ လာေရာက္သင္ၾကားဖို႔ ဖိတ္ေခၚတာေတြ မျပတ္ရွိေနတာပါ။

အေမရိကန္ျပည္ေထာင္စုမွာ အဆင့္ျမင့္ပညာ သင္ၾကားလိုတဲ့ ျမန္မာလူငယ္ ေက်ာင္းသူ၊ ေက်ာင္းသားေတြအတြက္ ပညာေရးဆိုင္ရာ အခြင့္အလမ္းေကာင္းေတြ ရေစဖို႔ ပညာေရးျပပြဲကို ႏွစ္စဥ္စီစဥ္ က်င္းပေပးတဲ့အေၾကာင္း အေမရိကန္ သံအမတ္ႀကီး Scot Marciel က ေျပာဆိုခဲ့ပါတယ္။

ဒါေပမယ့္လည္း ျမန္မာႏိ္ုင္ငံသားတခ်ိဳ႕ကို အေမရိကန္ကေန ဌာေနျပန္ပို႔ဖို႔ စီစဥ္ေဆာင္ရြက္တာမွာ ျမန္မာဘက္က ပူးေပါင္းေဆာင္ရြက္မႈအားနည္းတယ္ဆိုၿပီး အေမရိကန္ဖက္က အရင္ႏွစ္ေတြတုန္းက စြပ္စဲြတာေတြရွိခဲ့ဖူးပါတယ္။ ဒီိကိစၥမွာလည္း ျမန္မာဖက္က အျပည့္အ၀ပူးေပါင္းခဲ့တယ္လို႔ ျမန္မာသံအမတ္ႀကီး ဦးေအာင္လင္းက ဗြီအိုေအကို ေျပာပါတယ္။

“ဒီလို ျမန္မာႏိုင္ငံကို ျပန္ပို႔တဲ့ လူေတြဆိုရင္လည္း ဒုကၡသည္အေနနဲ႔ ေရာက္လာခဲ့ၿပီးေတာ့ ဘယ္ႏိုင္ငံကမွ သူတို႔ကို လက္မခံႏိုင္တဲ့အတြက္ေၾကာင့္ က်ေနာ္တို႔ဟာဆိုရင္ ျမန္မာႏိုင္ငံသားအေဟာင္းေတြကို သေဘာထားႀကီးစြာနဲ႔ ျပန္လက္ခံတာျဖစ္ပါတယ္။

ေမး။ ။ ေနာက္တခ်က္က ျမန္မာႏိုင္ငံကေနၿပီးေတာ့ Visa ၀င္တဲ့လူေတာ္ေတာ္မ်ားမ်ား ဒီမွာ ေနထိုင္တဲ့အခါမွာ သက္တမ္းကုန္တဲ့အထိ၊ သက္တမ္းလြန္တဲ့အထိ ေနထိုင္တာေတြလည္း က်ေနာ္တို႔ ၾကားရပါတယ္။ အဲဒါနဲ႔ ပတ္သက္လို႔ေရာ ဘယ္လိုရွိပါသလဲ။

ေျဖ။ ။ အဲဒါနဲ႔ ပတ္သက္လို႔ ဒါကေတာ့ တဦးခ်င္းနဲ႔ဆိုင္တယ္လို႔ ထင္ပါတယ္။ ႏိုင္ငံသား အားလံုးဟာ ေရာက္တဲ့ႏိုင္ငံမွာ သူတို႔ သတ္မွတ္ထားတဲ့ စည္းကမ္းကို လိုက္နာဖို႔ လိုပါတယ္။ ေနထိုင္ခြင့္သက္တမ္း သတ္မွတ္ထားတဲ့ ေနထိုင္ခြင့္ကို ေက်ာ္လြန္တာက စည္းကမ္းေဖာက္ဖ်က္တယ္လို႔ က်ေနာ္ယူဆပါတယ္။ ျမန္မာႏိုင္ငံမွာ ေရာက္ေနတဲ့ ႏိုင္ငံျခားသားကိုဆိုရင္ သူတို႔ သက္တမ္းေက်ာ္တဲ့လူေတြကို က်ေနာ္တို႔ဥပေဒနဲ႔အညီ စည္းကမ္းေဖာက္ဖ်က္သူလို႔ အေရးယူတာရွိပါတယ္။ အလားတူပဲ အေမရိကန္ႏို္င္ငံကေတာ့ ဒီလိုလုပ္တယ္လို႔ ယူဆပါတယ္။”

အေမရိကန္ ျပည္ေထာင္စုက ျမန္မာႏုိင္ငံသား တခ်ိဳ႕ကို ဌာေနျပန္ပို႔ေရး လုပ္ငန္းစဥ္မွာ ျမန္မာႏုိင္ငံဘက္က ပူးေပါင္းေဆာင္ရြက္မႈ အားနည္းတယ္ဆိုတဲ႔ အခ်က္နဲ႔ ျမန္မာ အစိုးရရဲ႕ အလုပ္သမား၊ လူ၀င္မႈႀကီးၾကပ္ေရးနဲ႔ ျပည္သူ႔အင္အား ၀န္ႀကီးဌာန၊ ျပည္ထဲေရး ၀န္ႀကီးဌာနတို႔က ညႊန္ၾကားေရးမွဴးခ်ဳပ္ကေန ၀န္ႀကီး အဆင့္ထိ အရာရွိႀကီးေတြ၊ ေနာက္ သူတို႔ မိသားစု၀င္ေတြကို အေမရိကန္ ျပည္၀င္ခြင့္ ပိတ္ပင္တာ ၂၀၁၈ က လုပ္ခဲ့ပါတယ္။ ဒါေပမယ့္လည္း အဲဒီအခ်ိန္မွာကတည္းက ျမန္မာဘက္က ဒီလုပ္ငန္းစဥ္ကို အျပည့္အ၀ပူးေပါင္းခဲ့တယ္လို႔ သံအမတ္ႀကီးဦးေအာင္လင္းက ဗြီအိုေအကို ေျပာခဲ့ဖူးပါတယ္။

အေမရိကန္ျပည္၀င္ခြင့္ကန္႔သတ္ဖို႔ ေနာက္တိုးႏိုင္ငံစာရင္း ထပ္ထုတ္ဖို႔ စဥ္းစားေနတယ္ဆိုတာကိုေတာ့ သမၼတ Trump က သတင္းဌာနေတြကို ေျပာခဲ့ေပမယ့္ ၊ ဘယ္ႏိုင္ငံေတြလဲဆိုတဲ့ စာရင္းအတိအက်ကိုေတာ့ ထည့္မေျပာပါဘူး။

..................

ကန်ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်မှုကိစ္စ မြန်မာသံအမတ်နဲ့ မေးမြန်းချက်

(Unicode)

အမေရိကန်ပြည်ထောင်စု ပြည်ဝင်ခွင့်ဗီဇာကန့်သတ်နိုင်ငံစာရင်း တိုးချဲ့သွားဖို့ရှိရာမှာ မြန်မာနိုင်ငံပါဝင်တယ်ဆိုပြီး သတင်းထွက်နေတာနဲ့ပတ်သက်လို့၊ အမေရိကန်ဘက်က မြန်မာနိုင်ငံတာဝန်ရှိသူတွေကို တစုံတရာ ပြောဆိုအသိပေးထားတာမရှိဘူးလို့ မြန်မာသံအမတ်ကြီးက ပြောပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံသားတချို့ကို အမေရိကန်ကနေ ဌာနေပြန်ပို့တဲ့ လုပ်ငန်းစဉ်တွေမှာလည်း မြန်မာဘက်က ပူးပေါင်းမှုအားနည်းတယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုလည်း မြန်မာသံအမတ်ကြီးက လက်မခံပါဘူး။ ကိုသားညွန့်ဦး ဆက်ပြီး ပြောပြမှာပါ။

အမေရိကန်ပြည်တွင်းမှာကို အငြင်းပွားစရာဖြစ်နေတဲ့ ပြည်ဝင်ခွင့် ထိန်းချုပ်ကန့်သတ်တဲ့ နိုင်ငံစာရင်းကို သမ္မတ Trump အစိုးရအနေနဲ့ ထပ်မံတိုးချဲ့ဖို့ရှိပြီး ဒီထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်တယ်ဆိုပြီး အမေရိကန်နိုင်ငံရေးတွေကို စောင့်ကြည့်ရေးသားတဲ့ politico က ရေးသားဖော်ပြလိုက်တာပါ။ ဒါပေမယ့်လည်း ဒီစာရင်းကို အမေရိကန်အစိုးရဘက်က တရားဝင်ထုတ်ပြန်တာမျိုးမရှိသေးသလို၊ မြန်မာပါဝင် မပါဝင်ဆိုတာကိုလည်း ဗွီအိုအေ က သီးခြားအတည်ပြုလို့မရသေးပါဘူး။ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်လင်းကတော့ ဒီ သတင်းနဲ့ပတ်သက်လို့ သူတို့ကို အမေရိကန်တာဝန်ရှိသူတွေဘက်က အသိပေး ပြောဆိုတာ မရှိဘူးလို့ ဗွီအိုအေကို ပြောပါတယ်။

“အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကျနော်တို့နဲ့ အဓိက ဆက်သွယ်နေတဲ့ ဌာနဖြစ်ပါတယ်။ ကျနော်တို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဆီကတော့ ဘာမှ မကြားရသေးပါဘူး။ ဒါနဲ့ ပတ်သက်ပြီးတော့ အမေရိကန်နိုင်ငံအစိုးရရဲ့ ဆုံးဖြတ်ချက်သာဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ကတော့ အမေရိကန်အစိုးရနဲ့ အမြဲတမ်း ပူးပေါင်းဆောင်ရွက်နေတယ်ဆိုတာ သူတို့ကို အသိပေးထားပြီးသားဖြစ်ပါတယ်။ သူတို့ကန့်သတ်မှုလုပ်တယ်ဆိုတာကလည်း ကျနော်တို့ ပူးပေါင်းဆောင်ရွက်ထားလျက်နဲ့ သူတို့ကနေပြီးတော့ တဖက်သက်ကြေညာထားခြင်းဖြစ်ပါတယ်။”

လတ်တလောမှာလည်း မြန်မာနိုင်ငံမှာ အပြောင်းအလဲတချို့ရှိလာခဲ့ပြီးနောက် မြန်မာ- အမေရိကန် ဆက်ဆံရေးတိုးတက်ကောင်းမွန်လာဖို့ အမေရိကန်သံတမန်တွေဘက်က ကြိုးပမ်း နေတာတွေရှိပါတယ်။ မြန်မာနိုင်ငံဘက်က အမေရိကန်နိုင်ငံရေး လေ့လာတဲ့အဖွဲ့တွေ အသုတ်လိုက် အမေရိကန်ပြည်ထောင်စုကို လာရောက်တာရှိသလို၊ ပညာရေးနဲ့ပတ်သက်လို့လည်း မြန်မာ ကျောင်းသားတွေကို အမေရိကန်မှာ လာရောက်သင်ကြားဖို့ ဖိတ်ခေါ်တာတွေ မပြတ်ရှိနေတာပါ။ အမေရိကန်ပြည်ထောင်စုမှာ အဆင့်မြင့်ပညာ သင်ကြားလိုတဲ့ မြန်မာလူငယ် ကျောင်းသူ၊ ကျောင်းသားတွေအတွက် ပညာရေးဆိုင်ရာ အခွင့်အလမ်းကောင်းတွေ ရစေဖို့ ပညာရေးပြပွဲကို နှစ်စဉ်စီစဉ် ကျင်းပပေးတဲ့အကြောင်း အမေရိကန် သံအမတ်ကြီး Scot Marciel က ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံသားတချို့ကို အမေရိကန်ကနေ ဌာနေပြန်ပို့ဖို့ စီစဉ်ဆောင်ရွက်တာမှာ မြန်မာဘက်က ပူးပေါင်းဆောင်ရွက်မှုအားနည်းတယ်ဆိုပြီး အမေရိကန်ဖက်က အရင်နှစ်တွေတုန်းက စွပ်စွဲတာတွေရှိခဲ့ဖူးပါတယ်။ ဒီကိစ္စမှာလည်း မြန်မာဖက်က အပြည့်အဝပူးပေါင်းခဲ့တယ်လို့ မြန်မာသံအမတ်ကြီး ဦးအောင်လင်းက ဗွီအိုအေကို ပြောပါတယ်။

“ဒီလို မြန်မာနိုင်ငံကို ပြန်ပို့တဲ့ လူတွေဆိုရင်လည်း ဒုက္ခသည်အနေနဲ့ ရောက်လာခဲ့ပြီးတော့ ဘယ်နိုင်ငံကမှ သူတို့ကို လက်မခံနိုင်တဲ့အတွက်ကြောင့် ကျနော်တို့ဟာဆိုရင် မြန်မာနိုင်ငံသားအဟောင်းတွေကို သဘောထားကြီးစွာနဲ့ ပြန်လက်ခံတာဖြစ်ပါတယ်။

မေး။ ။ နောက်တချက်က မြန်မာနိုင်ငံကနေပြီးတော့ Visa ဝင်တဲ့လူတော်တော်များများ ဒီမှာ နေထိုင်တဲ့အခါမှာ သက်တမ်းကုန်တဲ့အထိ၊ သက်တမ်းလွန်တဲ့အထိ နေထိုင်တာတွေလည်း ကျနော်တို့ ကြားရပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ရော ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ အဲဒါနဲ့ ပတ်သက်လို့ ဒါကတော့ တဦးချင်းနဲ့ဆိုင်တယ်လို့ ထင်ပါတယ်။ နိုင်ငံသား အားလုံးဟာ ရောက်တဲ့နိုင်ငံမှာ သူတို့ သတ်မှတ်ထားတဲ့ စည်းကမ်းကို လိုက်နာဖို့ လိုပါတယ်။ နေထိုင်ခွင့်သက်တမ်း သတ်မှတ်ထားတဲ့ နေထိုင်ခွင့်ကို ကျော်လွန်တာက စည်းကမ်းဖောက်ဖျက်တယ်လို့ ကျနော်ယူဆပါတယ်။ မြန်မာနိုင်ငံမှာ ရောက်နေတဲ့ နိုင်ငံခြားသားကိုဆိုရင် သူတို့ သက်တမ်းကျော်တဲ့လူတွေကို ကျနော်တို့ဥပဒေနဲ့အညီ စည်းကမ်းဖောက်ဖျက်သူလို့ အရေးယူတာရှိပါတယ်။ အလားတူပဲ အမေရိကန်နိုင်ငံကတော့ ဒီလိုလုပ်တယ်လို့ ယူဆပါတယ်။”

အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံသား တချို့ကို ဌာနေပြန်ပို့ရေး လုပ်ငန်းစဉ်မှာ မြန်မာနိုင်ငံဘက်က ပူးပေါင်းဆောင်ရွက်မှု အားနည်းတယ်ဆိုတဲ့ အချက်နဲ့ မြန်မာ အစိုးရရဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာနတို့က ညွှန်ကြားရေးမှူးချုပ်ကနေ ဝန်ကြီး အဆင့်ထိ အရာရှိကြီးတွေ၊ နောက် သူတို့ မိသားစုဝင်တွေကို အမေရိကန် ပြည်ဝင်ခွင့် ပိတ်ပင်တာ ၂၀၁၈ က လုပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဒီအချိန်မှာကတည်းက မြန်မာဘက်က ဒီလုပ်ငန်းစဉ်ကို အပြည့်အဝပူးပေါင်းခဲ့တယ်လို့ သံအမတ်ကြီးဦးအောင်လင်းက ဗွီအိုအေကို ပြောခဲ့ဖူးပါတယ်။

အမေရိကန်ပြည်ဝင်ခွင့်ကန့်သတ်ဖို့ နောက်တိုးနိုင်ငံစာရင်း ထပ်ထုတ်ဖို့ စဉ်းစားနေတယ်ဆိုတာကိုတော့ သမ္မတ Trump က သတင်းဌာနတွေကို ပြောခဲ့ပေမယ့် ၊ ဘယ်နိုင်ငံတွေလဲဆိုတဲ့ စာရင်းအတိအကျကိုတော့ ထည့်မပြောပါဘူး။

သားၫြန္႔ဦး/VOA (Burmese)
https://burmese.voanews.com
ကန္ျပည္၀င္ခြင့္ဗီဇာ ကန္႔သတ္မႈကိစၥ ျမန္မာသံအမတ္နဲ႔ ေမးျမန္းခ်က္ ကန္ျပည္၀င္ခြင့္ဗီဇာ ကန္႔သတ္မႈကိစၥ ျမန္မာသံအမတ္နဲ႔ ေမးျမန္းခ်က္ Reviewed by THITHTOOLWIN on 23:17 Rating: 5
Powered by Blogger.