AA အဖြဲ႕က ကားတစ္စီး မီးရႈိ႕ဖ်က္ဆီးတယ္လို႔ တပ္မေတာ္‌ေျပာ

အမ္း-စစ္ေတြ ကားလမ္းေပၚမွာ မီးရႈိ႕ဖ်က္ဆီးခံထားရတဲ့ ကားကို ၂၀၂၀ ဇန္နဝါရီ ၂၀ ရက္ေန႔က ေတြ႕ရစဥ္ / Photo: တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး
(Zawgyi)⤵⤵⤵
ရန္ကုန္တိုင္း ေမွာ္ဘီၿမိဳ႕နယ္မွာေနထိုင္တဲ့ ဒုတိယအရာခံဗိုလ္ ေက်ာ္မိုးရဲ႕သားျဖစ္သူ ကိုေဝပိုင္မိုးဟာ ရန္ကုန္ကေန စစ္ေတြကို ေျပးဆြဲေနတဲ့ ေ႐ႊကံ့ေကာ္ယာဥ္လိုင္းက ယာဥ္ေမာင္းျဖစ္ၿပီး ကုန္ပစၥည္းေတြနဲ႔ စစ္ေတြကိုအသြား ဇန္နဝါရီလ ၂၀ ရက္ေန႔ မနက္ပိုင္းမွာ AA ရဲ႕ဖမ္းဆီးျခင္းခံခဲ့ရသလို ကားကိုပါမီးရႈိ႕သြားတယ္လို႔ တပ္မေတာ္ရဲ႕ ထုတ္ျပန္ခ်က္မွာပါရွိပါတယ္။

တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းကလည္း AA အဖြဲ႕က လုပ္သြားတာျဖစ္ၿပီး ဆက္လက္စုံစမ္းေနတယ္လို႔ ေျပာပါတယ္။

"အမ္း-စစ္ေတြ ကားလမ္း၊ မဲလက္ေမာင္း႐ြာအနီးမွာ ဇန္နဝါရီလ ၂၀ ရက္ေန႔ မနက္ ၉ နာရီေလာက္ မိုင္တိုင္အမွတ္ ၁၈ မိုင္ ေလးဖာလုံေလာက္မွာ ရန္ကုန္-စစ္ေတြ ေ႐ႊကံ့ေကာ္ယဥ္လိုင္းက ယာဥ္ေမာင္း ေဝပိုင္မိုးေမာင္းလာတဲ့ ကားကိုတားတယ္၊ ၿပီးေတာ့ ကုန္ေတြေရာ ကားေရာမီးရႈိ႕ဖ်က္ဆီးၿပီး လူကိုေတာ့ ဖမ္းေခၚသြားတယ္လို႔ သိရပါတယ္ဗ်၊ လက္ရွိအခ်ိန္ထိေတာ့  ကြၽန္ေတာ္တို႔လည္း သတင္းစုံစမ္းဆဲပဲ ရွိေသးတယ္၊ သူတို႔ဖမ္းေခၚသြားတယ္ဆိုတာပဲ သိေသးတယ္။"

အမ္း-စစ္ေတြ ကားလမ္းေပၚ၊ မဲလက္ေမာင္းေက်း႐ြာအနီး မိုင္တိုင္အမွတ္၊ ၁၈ မိုင္ ေလးဖာလုံအေရာက္ AA အဖြဲ႕ဝင္အခ်ိဳ႕က ကားေပၚမွာပါတဲ့ ပစၥည္းေတြအားလုံးနဲ႔ ကားကိုပါမီးရႈိ႕ၿပီး ယာဥ္ေမာင္း  ကိုေဝပိုင္မိုးကိုေတာ့ ဖမ္းဆီးေခၚေဆာင္သြားတယ္လို႔ ထုတ္ျပန္ခ်က္မွာပါရွိပါတယ္။

အမ္းၿမိဳ႕ဟာ ႐ြာေတြအမ်ားႀကီးနဲ႔ က်ယ္ျပန႔္လို႔ AA အဖြဲ႕ဝင္ေတြ ခိုေအာင္းႏိုင္သလို မဲလက္ေမာင္းေက်း႐ြာဟာ လည္း တပ္ရင္းဌာနခ်ဳပ္ေတြနဲ႔ မေဝးတဲ့အတြက္ လုံၿခဳံေရးကို သတိထားဖို႔ တယ္လို႔ အမ္းၿမိဳ႕နယ္က ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေမာင္ေမာင္အုန္းက RFA ကို ေျပာပါတယ္။

"AA အဖြဲ႕ေတြကလည္း ေျမာက္ပိုင္းကေန အလယ္ပိုင္းေပါ့ ေအာက္ပိုင္း နည္းနည္းဆင္းတဲ့သေဘာ၊ ေနာက္တစ္ခုကလည္း အဲဒီဘက္မွာ တပ္ရင္းစစ္ဌာနခ်ဳပ္ရွိေတာ့ စိမ့္ဝင္တဲ့သေဘာလို႔ပဲ ထင္ပါတယ္၊ ဌာနခ်ဳပ္ေတြနားမွာျဖစ္တာဆိုေတာ့ လုံၿခဳံေရးကို ပိုၿပီးေတာ့ သတိထားရမယ္လို႔ထင္ပါတယ္၊ အမ္းက နယ္ေျမကက်ယ္တယ္ဗ်၊ ၿပီးေတာ့ ေဘးမွာလည္း ႐ြာေတြကအမ်ားႀကီးရွိတယ္၊ အရင္တုန္းက ဒါ ဗကပေတြ ဘာေတြခိုေအာင္းလို႔ေကာင္းတဲ့ ေနရာဆိုေတာ့ေလ ႐ြာေတြထဲမွာ ေနလို႔ရတဲ့ေနရာေတြ အမ်ားႀကီး၊ ဆိုေတာ့ အဲဘက္ေတြမွာ ခိုေအာင္းလႈပ္ရွားမယ္ဆိုရင္ေတာင္မွ ဒါျဖစ္ႏိုင္တယ္၊ သတိထားဖို႔ လိုတယ္လို႔ေျပာခ်င္ပါတယ္။"

ရခိုင္တပ္ေတာ္ AA ကေတာ့ သူတို႔လုပ္တာ မဟုတ္ေၾကာင္းနဲ႔ ျဖစ္ပြားတဲ့ေနရာတစ္ဝိုက္မွာ AA အဖြဲ႕ ဝင္ေတြ လႈပ္ရွားတာလည္းမရွိဘူးလို႔ ျပန္ၾကားေရးတာဝန္ခံ ခိုင္သုခက ျပန္လည္ ျငင္းဆိုပါတယ္။

"အဲဒီကိစၥကေတာ့ ကြၽန္ေတာ္တို႔နဲ႔ ဘာမွပတ္သက္မႈမရွိဘူး၊ ေအာက္ေျခကို ေသခ်ာေမးၿပီးပါပီ၊ အဲဒီေနရာမွာ ကြၽန္ေတာ္တို႔ဘက္က တပ္လႈပ္ရွားတာလည္းမရွိပါဘူး၊ အရပ္သားေတြဆီက ၾကားရတာေတာ့ အဲဒီေနရာမွာ အရပ္သားကားတစ္စီး ေက်ာက္ေဆာင္ေတြကို ဝင္ေစာင့္ၿပီးေတာ့ ဝါယာရိန္းေရွာ့ျဖစ္ၿပီးေတာ့ မီးေလာင္သြား တယ္ဆိုတဲ့ အျဖစ္အပ်က္တစ္ခုေတာ့ သိရတာရွိတယ္၊ သူတို႔ေျပာသလို ဒ႐ိုက္ဘာကိုဖမ္းဆီးတာတို႔ ကားမီးရႈိ႕တာတို႔ ကြၽန္ေတာ္တို႔ဘက္ လုပ္တာလုံးဝမရွိဘူး။"

တပ္မေတာ္ဘက္ကေတာ့ ဒီကိစၥကို အမ္းၿမိဳ႕မရဲစခန္းမွာ လုပ္ထုံးလုပ္နည္းနဲ႔အညီ ေဆာင္႐ြက္လ်က္ရွိၿပီး ဖမ္းဆီးေခၚေဆာင္သြားခံရသူကို ျပန္ရဖို႔ နယ္ေျမစိုးမိုးေရးလုပ္ငန္းေတြ ေဆာင္႐ြက္လ်က္ရွိတယ္လို႔ ထုတ္ျပန္ေၾကညာထားပါတယ္။

ရကၡိဳင့္တပ္ေတာ္ AA ကေတာ့ သူတို႔ဖမ္းဆီးထားတဲ့အထဲက NLD အမတ္ ဦးေဝွ႔တင္းကို မေန႔က ျပန္လႊတ္ေပး ခဲ့သလို ဇန္နဝါရီလ ပထမပတ္ကလည္း ကုန္းလမ္းပို႔ေဆာင္ေရးဝန္ထမ္း ၁၆  ေယာက္ကို ျပန္လႊတ္ေပးခဲ့ေပမယ့္ ဘူးသီးေတာင္ NLD ပါတီဥကၠ႒ ဦးရဲသိန္းကေတာ့ ဖမ္းဆီးထားစဥ္ ေသဆုံးခဲ့ပါတယ္။

ရခိုင္ျပည္နယ္အတြင္း တပ္မေတာ္နဲ႔ AA တို႔ရဲ႕ တိုက္ပြဲေတြေၾကာင္း ၂၀၁၉ ခုႏွစ္အတြင္း စစ္ေဘး ဒုကၡသည္ ၁ သိန္းေက်ာ္ရွိခဲ့ၿပီး ေသဆုံးသူ ၉၀ ဝန္းက်င္နဲ႔ ဒဏ္ရာရသူ ၁၈၀  ေက်ာ္ရွိခဲ့ေၾကာင္း ရခိုင္ျပည္နယ္ အရပ္ဘက္ အဖြဲ႕ေတြရဲ႕ ထုတ္ျပန္ခ်က္အရ သိရပါတယ္။

RFA Burmese
https://www.rfa.org
------------
(Unicode)⤵⤵⤵
AA အဖွဲ့က ကားတစ်စီး မီးရှို့ဖျက်ဆီးတယ်လို့ တပ်မတော်‌ပြော

အမ်း-စစ်တွေ ကားလမ်းပေါ်မှာ မီးရှို့ဖျက်ဆီးခံထားရတဲ့ ကားကို ၂၀၂၀ ဇန်နဝါရီ ၂၀ ရက်နေ့က တွေ့ရစဉ်
Photo: တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး

ရန်ကုန်တိုင်း မှော်ဘီမြို့နယ်မှာနေထိုင်တဲ့ ဒုတိယအရာခံဗိုလ် ကျော်မိုးရဲ့သားဖြစ်သူ ကိုဝေပိုင်မိုးဟာ ရန်ကုန်ကနေ စစ်တွေကို ပြေးဆွဲနေတဲ့ ရွှေကံ့ကော်ယာဉ်လိုင်းက ယာဉ်မောင်းဖြစ်ပြီး ကုန်ပစ္စည်းတွေနဲ့ စစ်တွေကိုအသွား ဇန်နဝါရီလ ၂၀ ရက်နေ့ မနက်ပိုင်းမှာ AA ရဲ့ဖမ်းဆီးခြင်းခံခဲ့ရသလို ကားကိုပါမီးရှို့သွားတယ်လို့ တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကလည်း AA အဖွဲ့က လုပ်သွားတာဖြစ်ပြီး ဆက်လက်စုံစမ်းနေတယ်လို့ ပြောပါတယ်။

"အမ်း-စစ်တွေ ကားလမ်း၊ မဲလက်မောင်းရွာအနီးမှာ ဇန်နဝါရီလ ၂၀ ရက်နေ့ မနက် ၉ နာရီလောက် မိုင်တိုင်အမှတ် ၁၈ မိုင် လေးဖာလုံလောက်မှာ ရန်ကုန်-စစ်တွေ ရွှေကံ့ကော်ယဉ်လိုင်းက ယာဉ်မောင်း ဝေပိုင်မိုးမောင်းလာတဲ့ ကားကိုတားတယ်၊ ပြီးတော့ ကုန်တွေရော ကားရောမီးရှို့ဖျက်ဆီးပြီး လူကိုတော့ ဖမ်းခေါ်သွားတယ်လို့ သိရပါတယ်ဗျ၊ လက်ရှိအချိန်ထိတော့  ကျွန်တော်တို့လည်း သတင်းစုံစမ်းဆဲပဲ ရှိသေးတယ်၊ သူတို့ဖမ်းခေါ်သွားတယ်ဆိုတာပဲ သိသေးတယ်။"

အမ်း-စစ်တွေ ကားလမ်းပေါ်၊ မဲလက်မောင်းကျေးရွာအနီး မိုင်တိုင်အမှတ်၊ ၁၈ မိုင် လေးဖာလုံအရောက် AA အဖွဲ့ဝင်အချို့က ကားပေါ်မှာပါတဲ့ ပစ္စည်းတွေအားလုံးနဲ့ ကားကိုပါမီးရှို့ပြီး ယာဉ်မောင်း  ကိုဝေပိုင်မိုးကိုတော့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

အမ်းမြို့ဟာ ရွာတွေအများကြီးနဲ့ ကျယ်ပြန့်လို့ AA အဖွဲ့ဝင်တွေ ခိုအောင်းနိုင်သလို မဲလက်မောင်းကျေးရွာဟာ လည်း တပ်ရင်းဌာနချုပ်တွေနဲ့ မဝေးတဲ့အတွက် လုံခြုံရေးကို သတိထားဖို့ တယ်လို့ အမ်းမြို့နယ်က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်အုန်းက RFA ကို ပြောပါတယ်။

"AA အဖွဲ့တွေကလည်း မြောက်ပိုင်းကနေ အလယ်ပိုင်းပေါ့ အောက်ပိုင်း နည်းနည်းဆင်းတဲ့သဘော၊ နောက်တစ်ခုကလည်း အဲဒီဘက်မှာ တပ်ရင်းစစ်ဌာနချုပ်ရှိတော့ စိမ့်ဝင်တဲ့သဘောလို့ပဲ ထင်ပါတယ်၊ ဌာနချုပ်တွေနားမှာဖြစ်တာဆိုတော့ လုံခြုံရေးကို ပိုပြီးတော့ သတိထားရမယ်လို့ထင်ပါတယ်၊ အမ်းက နယ်မြေကကျယ်တယ်ဗျ၊ ပြီးတော့ ဘေးမှာလည်း ရွာတွေကအများကြီးရှိတယ်၊ အရင်တုန်းက ဒါ ဗကပတွေ ဘာတွေခိုအောင်းလို့ကောင်းတဲ့ နေရာဆိုတော့လေ ရွာတွေထဲမှာ နေလို့ရတဲ့နေရာတွေ အများကြီး၊ ဆိုတော့ အဲဘက်တွေမှာ ခိုအောင်းလှုပ်ရှားမယ်ဆိုရင်တောင်မှ ဒါဖြစ်နိုင်တယ်၊ သတိထားဖို့ လိုတယ်လို့ပြောချင်ပါတယ်။"

ရခိုင်တပ်တော် AA ကတော့ သူတို့လုပ်တာ မဟုတ်ကြောင်းနဲ့ ဖြစ်ပွားတဲ့နေရာတစ်ဝိုက်မှာ AA အဖွဲ့ ဝင်တွေ လှုပ်ရှားတာလည်းမရှိဘူးလို့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြန်လည် ငြင်းဆိုပါတယ်။

"အဲဒီကိစ္စကတော့ ကျွန်တော်တို့နဲ့ ဘာမှပတ်သက်မှုမရှိဘူး၊ အောက်ခြေကို သေချာမေးပြီးပါပီ၊ အဲဒီနေရာမှာ ကျွန်တော်တို့ဘက်က တပ်လှုပ်ရှားတာလည်းမရှိပါဘူး၊ အရပ်သားတွေဆီက ကြားရတာတော့ အဲဒီနေရာမှာ အရပ်သားကားတစ်စီး ကျောက်ဆောင်တွေကို ဝင်စောင့်ပြီးတော့ ဝါယာရိန်းရှော့ဖြစ်ပြီးတော့ မီးလောင်သွား တယ်ဆိုတဲ့ အဖြစ်အပျက်တစ်ခုတော့ သိရတာရှိတယ်၊ သူတို့ပြောသလို ဒရိုက်ဘာကိုဖမ်းဆီးတာတို့ ကားမီးရှို့တာတို့ ကျွန်တော်တို့ဘက် လုပ်တာလုံးဝမရှိဘူး။"

တပ်မတော်ဘက်ကတော့ ဒီကိစ္စကို အမ်းမြို့မရဲစခန်းမှာ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးခေါ်ဆောင်သွားခံရသူကို ပြန်ရဖို့ နယ်မြေစိုးမိုးရေးလုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိတယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

ရက္ခိုင့်တပ်တော် AA ကတော့ သူတို့ဖမ်းဆီးထားတဲ့အထဲက NLD အမတ် ဦးဝှေ့တင်းကို မနေ့က ပြန်လွှတ်ပေး ခဲ့သလို ဇန်နဝါရီလ ပထမပတ်ကလည်း ကုန်းလမ်းပို့ဆောင်ရေးဝန်ထမ်း ၁၆  ယောက်ကို ပြန်လွှတ်ပေးခဲ့ပေမယ့် ဘူးသီးတောင် NLD ပါတီဥက္ကဋ္ဌ ဦးရဲသိန်းကတော့ ဖမ်းဆီးထားစဉ် သေဆုံးခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ AA တို့ရဲ့ တိုက်ပွဲတွေကြောင်း ၂၀၁၉ ခုနှစ်အတွင်း စစ်ဘေး ဒုက္ခသည် ၁ သိန်းကျော်ရှိခဲ့ပြီး သေဆုံးသူ ၉၀ ဝန်းကျင်နဲ့ ဒဏ်ရာရသူ ၁၈၀  ကျော်ရှိခဲ့ကြောင်း ရခိုင်ပြည်နယ် အရပ်ဘက် အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

RFA Burmese
https://www.rfa.org
AA အဖြဲ႕က ကားတစ္စီး မီးရႈိ႕ဖ်က္ဆီးတယ္လို႔ တပ္မေတာ္‌ေျပာ AA အဖြဲ႕က ကားတစ္စီး မီးရႈိ႕ဖ်က္ဆီးတယ္လို႔ တပ္မေတာ္‌ေျပာ Reviewed by THITHTOOLWIN on 23:26 Rating: 5
Powered by Blogger.