ကန္အစုိးရရဲ႕ ျပည္၀င္ခြင့္ဗီဇာတုိးခ်ဲ႕ ကန္႔သတ္မယ့္ႏုိင္ငံေတြထဲ ျမန္မာပါ


(Zawgyi / Unicode)

အေမရိကန္ သမၼတ Donald Trump အစိုးရရဲ႕ အျငင္းပြားဖြယ္ ျပည္၀င္ခြင့္ ထိန္းခ်ဳပ္ ကန္႔သတ္မယ့္ ႏိုင္ငံေတြထဲမွာ ျမန္မာႏုိင္ငံလည္း ပါ၀င္တယ္လို႔ အဂၤါေန႔ထုတ္ သတင္းေတြကို ကိုးကားၿပီး ရိုက္တာ သတင္းက ေဖာ္ျပပါတယ္။

သမၼတ Trump အစိုးရဘက္က ျပည္၀င္ခြင့္ ကန္႔သတ္ႏုိင္ငံမ်ား စာရင္းမွာ ေနာက္ထပ္ ၇ ႏုိင္ငံ ထပ္ထည့္ဖို႔ စီစဥ္ေနေၾကာင္း၊ အဲဒီ ႏုိင္ငံေတြကေတာ့ ျမန္မာ၊ Belarus၊ Eritrea၊ Kyrgyzstan၊ Nigeria ၊ Sudan နဲ႔ Tanzania တို႔ ျဖစ္တယ္လို႔ သတင္းက ေဖာ္ျပပါတယ္။ ဒီထဲက တခ်ိဳ႕ ႏုိင္ငံေတြကိုေတာ့ အေမရိကန္ ျပည္၀င္ခြင့္ ဗီဇာ အမ်ိဳးအစား တခ်ိဳ႕ကိုသာ ကန္႔သတ္မွာ ျဖစ္တယ္လို႔ Wall Street Journal သတင္းေဖာ္ျပပါတယ္။

အခု သတင္းထြက္ေနတဲ႔ ႏုိင္ငံေတြ စာရင္းကေတာ့ အတည္မျဖစ္ေသးေၾကာင္းနဲ႔ အေျပာင္းအလဲေတြလည္း ရွိႏုိင္တယ္လို႔ Politico ၀က္ဘ္ဆိုက္မွာ ေဖာ္ျပထားပါတယ္။

အေမရိကန္ ျပည္၀င္ခြင့္ ကန္သတ္ထားတဲ႔ ႏုိင္ငံေတြထဲမွာ ေနာက္ထပ္ ႏုိင္ငံေတြ ထပ္တိုးဖို႔ စဥ္းစားသံုးသပ္ေနေၾကာင္း အေမရိကန္ သမၼတ Trump က Wall Street Journal နဲ႔ ေတြ႔ဆံုေမးျမန္းမႈမွာ ေျပာဆိုထားေပမယ့္ ဘယ္ႏုိင္ငံေတြလည္း ဆိုတာကိုေတာ့ ေျပာဖို႔ ျငင္းဆိုထားပါတယ္။

.................

ကန်အစိုးရရဲ့ ပြည်ဝင်ခွင့်ဗီဇာတိုးချဲ့ ကန့်သတ်မယ့်နိုင်ငံတွေထဲ မြန်မာပါ

( Unicode)

အမေရိကန် သမ္မတ Donald Trump အစိုးရရဲ့ အငြင်းပွားဖွယ် ပြည်ဝင်ခွင့် ထိန်းချုပ် ကန့်သတ်မယ့် နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်တယ်လို့ အင်္ဂါနေ့ထုတ် သတင်းတွေကို ကိုးကားပြီး ရိုက်တာ သတင်းက ဖော်ပြပါတယ်။

သမ္မတ Trump အစိုးရဘက်က ပြည်ဝင်ခွင့် ကန့်သတ်နိုင်ငံများ စာရင်းမှာ နောက်ထပ် ၇ နိုင်ငံ ထပ်ထည့်ဖို့ စီစဉ်နေကြောင်း၊ အဲဒီ နိုင်ငံတွေကတော့ မြန်မာ၊ Belarus၊ Eritrea၊ Kyrgyzstan၊ Nigeria ၊ Sudan နဲ့ Tanzania တို့ ဖြစ်တယ်လို့ သတင်းက ဖော်ပြပါတယ်။ ဒီထဲက တချို့ နိုင်ငံတွေကိုတော့ အမေရိကန် ပြည်ဝင်ခွင့် ဗီဇာ အမျိုးအစား တချို့ကိုသာ ကန့်သတ်မှာ ဖြစ်တယ်လို့ Wall Street Journal သတင်းဖော်ပြပါတယ်။

အခု သတင်းထွက်နေတဲ့ နိုင်ငံတွေ စာရင်းကတော့ အတည်မဖြစ်သေးကြောင်းနဲ့ အပြောင်းအလဲတွေလည်း ရှိနိုင်တယ်လို့ Politico ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

အမေရိကန် ပြည်ဝင်ခွင့် ကန်သတ်ထားတဲ့ နိုင်ငံတွေထဲမှာ နောက်ထပ် နိုင်ငံတွေ ထပ်တိုးဖို့ စဉ်းစားသုံးသပ်နေကြောင်း အမေရိကန် သမ္မတ Trump က Wall Street Journal နဲ့ တွေ့ဆုံမေးမြန်းမှုမှာ ပြောဆိုထားပေမယ့် ဘယ်နိုင်ငံတွေလည်း ဆိုတာကိုတော့ ပြောဖို့ ငြင်းဆိုထားပါတယ်။

VOA (Burmese)
https://burmese.voanews.com
ကန္အစုိးရရဲ႕ ျပည္၀င္ခြင့္ဗီဇာတုိးခ်ဲ႕ ကန္႔သတ္မယ့္ႏုိင္ငံေတြထဲ ျမန္မာပါ ကန္အစုိးရရဲ႕ ျပည္၀င္ခြင့္ဗီဇာတုိးခ်ဲ႕ ကန္႔သတ္မယ့္ႏုိင္ငံေတြထဲ ျမန္မာပါ Reviewed by THITHTOOLWIN on 23:15 Rating: 5
Powered by Blogger.