ပညာေရး ႏွီးေႏွာဖလွယ္ပဲြမွာ ေဒၚေအာင္ဆန္းစုၾကည္ ဆႏၵျပခံရ

ပညာေရး ႏွီးေႏွာဖလွယ္ပဲြမွာ ႏုိင္ငံေတာ္ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ မိန္႔ခြန္းေျပာ (ဓါတ္ပံု- Myanmar State Counsellor Office)

(Zawgyi/Unicode)

ဒီကေန႔ ေနျပည္ေတာ္မွာ က်င္းပတဲ့ ပညာေရးဆုိင္ရာ အခမ္းအနားတခုအတြင္း ႏုိင္ငံေတာ္ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ မိန္႔ခြန္းေျပာေနစဥ္ ေက်ာင္းသားတခ်ဳိ႕က ပညာေရးစနစ္ ျပဳျပင္ေျပာင္းလဲေရး ေတာင္းဆုိ ဆႏၵျပခဲ့ၾကပါတယ္။

ဆႏၵျပခဲ့ၾကတဲ့ တက္ၾကြလႈပ္ရွားသူ ေက်ာင္းသားတခ်ဳိ႕ကုိေတာ့ ေဒၚေအာင္ဆန္းစုၾကည္က အက်ဳိးမရွိတဲ့ လုပ္ရပ္အျဖစ္ ျပစ္တင္ေျပာဆုိခဲ့တာေၾကာင့္ ေ၀ဖန္မႈေတြလည္း ထြက္ေပၚခဲ့တာပါ။ အျပည့္အစုံကုိေတာ့ ဆက္သြယ္စုံစမ္းထားတဲ့ မဆုမြန္က ေျပာျပေပးမွာ ျဖစ္ပါတယ္။

ပညာေရးဖြံ႔ၿဖိဳးတိုးတက္မႈ အေကာင္အထည္ေဖာ္ေရး ႏွီးေႏွာဖလွယ္ပြဲတြင္း ေဒၚေအာင္ဆန္းစုၾကည္ မိန္႔ခြန္းေျပာေနခ်ိန္မွာပဲ ရန္ကုန္ပညာေရးတကၠသိုလ္ ၊ စစ္ကိုင္းပညာေရးတကၠသိုလ္နဲ႔ ပညာေရးေကာလိပ္ ေက်ာင္းသားသမဂၢေတြကေက်ာင္းသား တခ်ိဳ႕က ပညာေရးစနစ္မွာ ယုိယြင္းေနတာေတြကုိ ျပင္ဆင္ဖုိ႔ ေတာင္းဆုိတဲ့ ဆုိင္းဘုတ္ေတြကုိ ကုိ္င္ေဆာင္ၿပီး မတ္တပ္ရပ္ ဆႏၵျပခဲ့ၾကတာပါ။ ဆႏၵျပသူေတြကုိ လံုျခံဳေရး တာဝန္ရွိသူေတြက ဖယ္ရွားဖို႔ ၾကိဳးစားေနခ်ိန္မွာပဲ ေဒၚေအာင္ဆန္းစုၾကည္က ဆႏၵျပသူေတြရဲ႕ လုပ္ရပ္ကုိ ျပစ္တင္ေျပာဆုိခဲ့တာ ျဖစ္ပါတယ္။

“ဒီလိုအခမ္းအနားေတြကို ကိုယ့္အတြက္၊ ကိုယ့္အဖြဲ႔အတြက္ ၊ ကိုယ္တေယာက္တည္းရဲ႕ အျမင္အတြက္ အသံုးခ်ေနတာ ။ ဒါက လံုး၀ျဖစ္သင့္တဲ့ကိစၥမဟုတ္ပါဘူး။ လူတုိင္းလူတိုင္းမွာ အခြင့္အေရးရွိသလို တာ၀န္ရွိတယ္ဆိုတာလည္း သိရမယ္။ စည္းကမ္းဆိုတာကလည္း ကိုယ့္စည္းကို သိရမယ္။ အေနာက္ကေနၿပီးေတာ့ ဘာေတြပဲ ေထာင္ျပေထာင္ျပ ဒီကလည္း မျမင္ရဘူး ၊ မျမင္ရေတာ့ ဘာမွ ထူးမွာမဟုတ္ဘူး။ တင္ျပခ်င္တယ္ဆိုရင္ တင္ျပႏိုင္တဲ့ အခြင့္အလမ္းေတြအမ်ားႀကီးရွိတယ္။ တင္ျပႏိုင္တဲ့ ပံုစံေတြရွိတယ္။ ဒါကို ပြင့္ပြင့္လင္းလင္း ကိုယ့္နာမည္တပ္ၿပီးေတာ့ ကိုယ့္အျမင္ေတြကို တင္ျပႏိုင္ပါတယ္။ ဒီလိုအခမ္းအနားေတြကို အလြဲသံုးစားမလုပ္ပါနဲ႔ ။ “

    ပညာေရး ျပဳျပင္ေျပာင္းလဲမႈ လႊတ္ေတာ္အခန္းက႑မွာ ျပည္သူ႔လႊတ္ေတာ္ ပညာေရးျမႇင့္တင္မႈ ေကာ္မတီဥကၠ႒ ေဒါက္တာတင္ေအာင္ကို ေမးျမန္းခ်က္ကို ဖတ္ရႈႏိုင္ပါၿပီ။

ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ဆႏၵျပခဲ့ၾကသူေတြကုိ ေဒၚေအာင္ဆန္းစုၾကည္က ျပစ္တင္ေ၀ဖန္ခဲ့တဲ့အေပၚ လူမႈကြန္ယက္ေတြမွာ ေ၀ဖန္သံေတြလည္း ေနာက္ဆက္တဲြ ထြက္ေပၚခဲ့တာပါ။ တခ်ိန္က အတုိက္အခံဘ၀မွာ ေက်ာင္းသားလူငယ္ေတြရဲ႕ ဆႏၵျပ လႈပ္ရွားမႈေတြကုိ အားေပးခဲ့ခ်ိန္က ေျပာဆုိခဲ့တာေတြကုိလည္း လူမႈကြန္ယက္ေတြမွာ ျပန္လည္ေဖာ္ျပခဲ့ၾကပါတယ္။

ဗမာႏိုင္ငံလံုးဆုိင္ရာ ေက်ာင္းသားသမဂၢမ်ားအဖြဲ႔ခ်ဳပ္ရဲ႕ အေထြေထြအတြင္းေရးမွဴးေဟာင္း ကိုေကာင္းထက္ေက်ာ္ကေတာ့ ပညာေရးစနစ္မွာ စီမံခန္႔ခဲြမႈေတြ လဲြမွားေနတာေတြကုိ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ တုိက္႐ုိက္ေတြ႔ခြင့္ရခ်ိန္မွာ ေက်ာင္းသားေတြက ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ဆႏၵေဖာ္ထုတ္ခဲ့တာသာျဖစ္တယ္လုိ႔ ဆုိပါတယ္။

“က်ေနာ္တို႔ ဥပေဒေဘာင္နဲ႔ တေလွ်ာက္လံုးေျပာခဲ့တာေတြရွိတယ္။ စာတင္တာေတြရွိတယ္။ လက္မွတ္ထိုးcampaign လုပ္တာေတြရွိတယ္။ ဒါေပမယ့္ ဒါေတြကို ဒီကေန႔ NLD အစိုးရက လစ္လ်ဴရႈခဲ့တာရွိတယ္။ ပညာေရး၀န္ႀကီးဌာနက ဒါကို လစ္လ်ဴရႈခဲ့တဲ့အတြက္ေၾကာင့္ ဒါဟာ ဥပေဒအတြင္းက လႈပ္ရွားလို႔မရေတာ့လို႔ စည္းကမ္းရွိရွိနဲ႔ ခုနက ေဒၚေအာင္ဆန္းစုၾကည္ေျပာတဲ့ ဥပေဒေဘာင္အတြင္းက တရား၀င္ေျပာလို႔မရေတာ့လို႔ က်ေနာ္တို႔က ဆႏၵျပတဲ့နည္းနဲ႔ က်င့္သံုးရတာျဖစ္တယ္။”

ဒီမိုကေရစီပညာေရးျပဳျပင္ေျပာင္းလဲမႈ ခရီးရွည္ခ်ီတက္ဆႏၵျပပြဲ ဦးေဆာင္သူတဦးျဖစ္ခဲ့တဲ့ ကိုမင္းေသြးသစ္ကလည္း ဆႏၵျပေက်ာင္းသားေတြအေပၚ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ရပ္တည္ခ်က္အေပၚ သူ႔အျမင္ကုိ အခုလုိေျပာပါတယ္။

“ေဒၚေအာင္ဆန္းစုၾကည္အတိုက္အခံဘ၀က ရပ္တည္ခ်က္နဲ႔ လက္ရွိအစိုးရ အတိုင္ပင္ခံ လက္ရွိရပ္တည္ခ်က္ နဲ႔ ေတာ္ေတာ္ေလး ကြာျခားသြားတာ ေတြ႔ရတယ္။ ေက်ာင္းသားသမဂၢေတြရဲ႕ တရား၀င္ျဖစ္တည္မႈနဲ႔ ေနာက္သူတုိ႔ရဲ႕ ဆႏၵျပခြင့္ဆိုတာမွာ ဒီကေန႔ လုပ္သြားတဲ့ ပံုစံမွာ မိန္႔ခြန္းေျပာေနရင္းနဲ႔ ေက်ာင္းသားေတြကို လွမ္းေငါက္တာက ေက်ာင္းသားေတြရဲ႕ ဆႏၵထုတ္ေဖာ္တာကို မၾကိဳက္တဲ့ ပံုစံျပတယ္လို႔ က်ေနာ္ယူဆတယ္။ ကိုယ္အစိုးရ မျဖစ္တုန္းက တမ်ိဳး ၊ ကိုယ္အစိုးရ ျဖစ္လာတဲ့အခါမွာ တမ်ိဳးက်င့္သံုးတယ္ဆိုရင္ေတာ့ က်ေနာ္တုိ႔ အေနနဲ႔ကေတာ့ ေတာ္ေတာ္ေလး ၀မ္းနည္းဖြယ္ေကာင္းတဲ့ ကိစၥလို႔ ယူဆတယ္။ ေဒၚေအာင္ဆန္းစုၾကည္ဆိုတာ တခ်ိန္တုန္းက အားလံုးေရွ႕မွာ ဒီမိုကေရစီ figure ျဖစ္ေနတဲ့ ပုဂၢိဳလ္ေပါ့ေနာ္ ။ ဒီ ပုဂၢိဳလ္က ဒီလိုေျပာင္းလဲသြားတာမ်ိဳး မျဖစ္ေစခ်င္ဘူး က်ေနာ္တို႔အေနနဲ႔။”

အေျခခံပညာေက်ာင္းေတြမွာ စာေမးပဲြေျဖၾကားရမယ့္ အခ်ိန္ကုိ ေျပာင္းလဲမယ့္အေၾကာင္း ပညာေရး၀န္ႀကီးဌာနက မၾကာေသးခင္ကပဲ ေၾကညာလုိက္ၿပီးေနာက္ ေ၀ဖန္မႈေတြ ထြက္ေပၚေနခ်ိန္မွာပဲ ေနျပည္ေတာ္က အခမ္းအနားမွာ ေက်ာင္းသားတခ်ဳိ႕ ဆႏၵျပခဲ့ၾကတာပါ။

ဆႏၵျပတဲ့ ေက်ာင္းသားေတြကေတာ့ မတ္လကုန္အထိ စာေမးပြဲစစ္မည့္ကိစၥ ႏိုင္ငံ့စီးပြားတက္ႏိုင္ပါသလား၊ပညာေရးစီမံခန္႔ခြဲမႈ အလြဲေတြ ခ်က္ျခင္းျပဳျပင္ေပး သုေတသနမရွိတဲ့ ပညာေရးအလိုမရွိ၊ မႏၲေလးတကၠသိုလ္ သပိတ္ေမွာက္ ေက်ာင္းသားမ်ားကိစၥ ေျဖရွင္းေပး၊ အမွန္တရားအတြက္ အခ်ိန္မဆြဲပါနဲ႔ စတဲ့ဆုိင္းဘုတ္ေတြ ကိုင္ေဆာင္ဆႏၵထုတ္ေဖာ္ခဲ့ၾကတာ ျဖစ္ပါတယ္။

.....................

ပညာရေး နှီးနှောဖလှယ်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဆန္ဒပြခံရ

(Unicode)

ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ပညာရေးဆိုင်ရာ အခန်းအနားတခုအတွင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေစဉ် ကျောင်းသားတချို့က ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြခဲ့ကြတဲ့ တက်ကြွလှုပ်ရှားသူ ကျောင်းသားတချို့ကိုတော့ ဒေါ်အောင်ဆန်းစုကြည်က အကျိုးမရှိတဲ့ လုပ်ရပ်အဖြစ် ပြစ်တင်ပြောဆိုခဲ့တာကြောင့် ဝေဖန်မှုတွေလည်း ထွက်ပေါ်ခဲ့တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က ပြောပြပေးမှာ ဖြစ်ပါတယ်။

ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲတွင်း ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေချိန်မှာပဲ ရန်ကုန်ပညာရေးတက္ကသိုလ် စစ်ကိုင်းပညာရေးတက္ကသိုလ်နဲ့ ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂတွေကကျောင်းသား တချို့က ပညာရေးစနစ်မှာ ယိုယွင်းနေတာတွေကို ပြင်ဆင်ဖို့ တောင်းဆိုတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ပြီး မတ်တပ်ရပ် ဆန္ဒပြခဲ့ကြတာပါ။ ဆန္ဒပြသူတွေကို လုံခြုံရေး တာဝန်ရှိသူတွေက ဖယ်ရှားဖို့ ကြိုးစားနေချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည်က ဆန္ဒပြသူတွေရဲ့ လုပ်ရပ်ကို ပြစ်တင်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“ဒီလိုအခမ်းအနားတွေကို ကိုယ့်အတွက်၊ ကိုယ့်အဖွဲ့အတွက် ၊ ကိုယ်တယောက်တည်းရဲ့ အမြင်အတွက် အသုံးချနေတာ ။ ဒါက လုံးဝဖြစ်သင့်တဲ့ကိစ္စမဟုတ်ပါဘူး။ လူတိုင်းလူတိုင်းမှာ အခွင့်အရေးရှိသလို တာဝန်ရှိတယ်ဆိုတာလည်း သိရမယ်။ စည်းကမ်းဆိုတာကလည်း ကိုယ့်စည်းကို သိရမယ်။ အနောက်ကနေပြီးတော့ ဘာတွေပဲ ထောင်ပြထောင်ပြ ဒီကလည်း မမြင်ရဘူး ၊ မမြင်ရတော့ ဘာမှ ထူးမှာမဟုတ်ဘူး။ တင်ပြချင်တယ်ဆိုရင် တင်ပြနိုင်တဲ့ အခွင့်အလမ်းတွေအများကြီးရှိတယ်။ တင်ပြနိုင်တဲ့ ပုံစံတွေရှိတယ်။ ဒါကို ပွင့်ပွင့်လင်းလင်း ကိုယ့်နာမည်တပ်ပြီးတော့ ကိုယ့်အမြင်တွေကို တင်ပြနိုင်ပါတယ်။ ဒီလိုအခမ်းအနားတွေကို အလွဲသုံးစားမလုပ်ပါနဲ့ ။ “

ပညာရေး ပြုပြင်ပြောင်းလဲမှု လွှတ်တော်အခန်းကဏ္ဍမှာ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်အောင်ကို မေးမြန်းချက်ကို ဖတ်ရှုနိုင်ပါပြီ။

ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့ကြသူတွေကို ဒေါ်အောင်ဆန်းစုကြည်က ပြစ်တင်ဝေဖန်ခဲ့တဲ့အပေါ် လူမှုကွန်ယက်တွေမှာ ဝေဖန်သံတွေလည်း နောက်ဆက်တွဲ ထွက်ပေါ်ခဲ့တာပါ။ တချိန်က အတိုက်အခံဘဝမှာ ကျောင်းသားလူငယ်တွေရဲ့ ဆန္ဒပြ လှုပ်ရှားမှုတွေကို အားပေးခဲ့ချိန်က ပြောဆိုခဲ့တာတွေကိုလည်း လူမှုကွန်ယက်တွေမှာ ပြန်လည်ဖော်ပြခဲ့ကြပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူးဟောင်း ကိုကောင်းထက်ကျော်ကတော့ ပညာရေးစနစ်မှာ စီမံခန့်ခွဲမှုတွေ လွဲမှားနေတာတွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုက်ရိုက်တွေ့ခွင့်ရချိန်မှာ ကျောင်းသားတွေက ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒဖော်ထုတ်ခဲ့တာသာဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ ဥပဒေဘောင်နဲ့ တလျှောက်လုံးပြောခဲ့တာတွေရှိတယ်။ စာတင်တာတွေရှိတယ်။ လက်မှတ်ထိုးcampaign လုပ်တာတွေရှိတယ်။ ဒါပေမယ့် ဒါတွေကို ဒီကနေ့ NLD အစိုးရက လစ်လျူရှုခဲ့တာရှိတယ်။ ပညာရေးဝန်ကြီးဌာနက ဒါကို လစ်လျူရှုခဲ့တဲ့အတွက်ကြောင့် ဒါဟာ ဥပဒေအတွင်းက လှုပ်ရှားလို့မရတော့လို့ စည်းကမ်းရှိရှိနဲ့ ခုနက ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ ဥပဒေဘောင်အတွင်းက တရားဝင်ပြောလို့မရတော့လို့ ကျနော်တို့က ဆန္ဒပြတဲ့နည်းနဲ့ ကျင့်သုံးရတာဖြစ်တယ်။”

ဒီမိုကရေစီပညာရေးပြုပြင်ပြောင်းလဲမှု ခရီးရှည်ချီတက်ဆန္ဒပြပွဲ ဦးဆောင်သူတဦးဖြစ်ခဲ့တဲ့ ကိုမင်းသွေးသစ်ကလည်း ဆန္ဒပြကျောင်းသားတွေအပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည်ချက်အပေါ် သူ့အမြင်ကို အခုလိုပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်အတိုက်အခံဘဝက ရပ်တည်ချက်နဲ့ လက်ရှိအစိုးရ အတိုင်ပင်ခံ လက်ရှိရပ်တည်ချက် နဲ့ တော်တော်လေး ကွာခြားသွားတာ တွေ့ရတယ်။ ကျောင်းသားသမဂ္ဂတွေရဲ့ တရားဝင်ဖြစ်တည်မှုနဲ့ နောက်သူတို့ရဲ့ ဆန္ဒပြခွင့်ဆိုတာမှာ ဒီကနေ့ လုပ်သွားတဲ့ ပုံစံမှာ မိန့်ခွန်းပြောနေရင်းနဲ့ ကျောင်းသားတွေကို လှမ်းငေါက်တာက ကျောင်းသားတွေရဲ့ ဆန္ဒထုတ်ဖော်တာကို မကြိုက်တဲ့ ပုံစံပြတယ်လို့ ကျနော်ယူဆတယ်။ ကိုယ်အစိုးရ မဖြစ်တုန်းက တမျိုး ၊ ကိုယ်အစိုးရ ဖြစ်လာတဲ့အခါမှာ တမျိုးကျင့်သုံးတယ်ဆိုရင်တော့ ကျနော်တို့ အနေနဲ့ကတော့ တော်တော်လေး ဝမ်းနည်းဖွယ်ကောင်းတဲ့ ကိစ္စလို့ ယူဆတယ်။ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ တချိန်တုန်းက အားလုံးရှေ့မှာ ဒီမိုကရေစီ figure ဖြစ်နေတဲ့ ပုဂ္ဂိုလ်ပေါ့နော် ။ ဒီ ပုဂ္ဂိုလ်က ဒီလိုပြောင်းလဲသွားတာမျိုး မဖြစ်စေချင်ဘူး ကျနော်တို့အနေနဲ့။”

အခြေခံပညာကျောင်းတွေမှာ စာမေးပွဲဖြေကြားရမယ့် အချိန်ကို ပြောင်းလဲမယ့်အကြောင်း ပညာရေးဝန်ကြီးဌာနက မကြာသေးခင်ကပဲ ကြေညာလိုက်ပြီးနောက် ဝေဖန်မှုတွေ ထွက်ပေါ်နေချိန်မှာပဲ နေပြည်တော်က အခမ်းအနားမှာ ကျောင်းသားတချို့ ဆန္ဒပြခဲ့ကြတာပါ။

ဆန္ဒပြတဲ့ ကျောင်းသားတွေကတော့ မတ်လကုန်အထိ စာမေးပွဲစစ်မည့်ကိစ္စ နိုင်ငံ့စီးပွားတက်နိုင်ပါသလား၊ပညာရေးစီမံခန့်ခွဲမှု အလွဲတွေ ချက်ခြင်းပြုပြင်ပေး သုတေသနမရှိတဲ့ ပညာရေးအလိုမရှိ၊ မန္တလေးတက္ကသိုလ် သပိတ်မှောက် ကျောင်းသားများကိစ္စ ဖြေရှင်းပေး၊ အမှန်တရားအတွက် အချိန်မဆွဲပါနဲ့ စတဲ့ဆိုင်းဘုတ်တွေ ကိုင်ဆောင်ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။

မဆုမြန္/ VOA (Burmese)
https://burmese.voanews.com
ပညာေရး ႏွီးေႏွာဖလွယ္ပဲြမွာ ေဒၚေအာင္ဆန္းစုၾကည္ ဆႏၵျပခံရ ပညာေရး ႏွီးေႏွာဖလွယ္ပဲြမွာ ေဒၚေအာင္ဆန္းစုၾကည္ ဆႏၵျပခံရ Reviewed by THITHTOOLWIN on 00:35 Rating: 5
Powered by Blogger.