Coronavirus ေၾကာင့္ ထုိင္းစီးပြားေရး ထိခုိက္ဖြယ္ရွိ


(Zawgyi/Unicode)

Coronavirus ကူးစက္ခံထားရသူ ၁၄ ဦးရွိေနတဲ့ထိုင္းႏုိင္ငံမွာ တ႐ုတ္ႏုိင္ငံက ၀င္လာတဲ့ခရီးသည္အားလုံးကို ေရာဂါလကၡဏာရွိ မရွိ စစ္ေဆးမယ္လို႔ ထုိင္း က်န္းမာေရးတာ၀န္ရွိသူေတြက အဂၤါေန႔မွာေၾကညာပါတယ္။

တ႐ုတ္ Corona ဗိုင္းရပ္ေရာဂါ အိမ္နီးခ်င္းႏိုင္ငံတခ်ိဳ႕ကို ကူးစက္တဲ့သတင္းကို ဖတ္ရႈႏိုင္ပါၿပီ။

ထိုင္းက လူနာေတြထဲမွာ တရုတ္ႏုိင္ငံက ၀င္လာတဲ့လူ ၆ ဦးပါ၀င္ပါတယ္။ တ႐ုတ္ႏုိင္ငံမွာ Coronavirus ကူးစက္ျပန္႔ႏွံ႔ေနတာေၾကာင့္ ဒီနွစ္အတြင္း ထုိင္းႏိုင္ငံကို၀င္လာမယ့္ တ႐ုတ္ ခရီးသည္ ၉ သန္းကေန ၂ သန္းေလာက္ထိ က်သြားႏုိင္တယ္လုိ႔ ကမၻာလွည့္ခရီးသြားလုပ္ငန္း တာ၀န္ရွိသူေတြက ခန္႔မွန္းေျပာဆိုထားပါတယ္။

တရုတ္ႏုိင္ငံကို မလိုအပ္ပဲ ခရီးမသြားၾကဖို႔ ထုိင္းက်န္းမာေရး၀န္ႀကီးဌာနက အၿမဲတမ္းအတြင္း၀န္ Sukhum Kanchanapimai ကသတင္းစာရွင္းလင္းပြဲမွာ တုိက္တြန္းေျပာဆိုသြားပါတယ္။

ေရာဂါကူးစက္ခံထားရလို႔ ေသဆုံးခဲ့တဲ့ ၁၀၆ ဦးစလုံးကေတာ့ တရုတ္ႏိ္ုင္ငံကျဖစ္ၿပီး တျခားနုိင္ငံေတြမွာ ေတာ့ဒီေရာဂါေၾကာင့္ ေသဆုံးသူမရွိပါဘူး။ ေရာဂါကူးစက္ခံထားရသူေတြကေတာ့ တရုတ္နုိ္င္ငံၿပီးရင္ ထုိင္းမွာအမ်ားဆုံးျဖစ္ပါတယ္။

ထိုင္းမွာ ထပ္ၿပီးကူးစက္ခံထားရတဲ့လူနာ ၅ ဦးကေတာ့ အသက္ ၆ ႏွစ္ကေန ၇၀ ဦးျဖစ္ၿပီး ဟူေဘးျပည္နယ္ကျပန္လာၾကတဲ့ မိသားစုကျဖစ္တယ္လို႔ ထုိင္းက်န္းမာေရးတာ၀န္ရွိသူ Tanarak Plipat ကသတင္းေထာက္ေတြကို ေျပာပါတယ္။

အေစာပုိင္းတုန္းကေတာ့ Wuhan ၿမိဳ ႔က ျပန္ေရာက္လာတဲ့ ခရီးသည္ေတြကိုပဲ ထုိင္းေလဆိပ္ေတြမွာ စစ္ေဆးတာျဖစ္ေပမယ့္ ခုေတာ့ တရုတ္ႏုိင္ငံက ၀င္လာသမွ် ခရီးသည္အားလုံးကိုေရာဂါလကၡဏာ စစ္ေဆးမယ္လို႔ ထုိင္းတာ၀န္ရွိသူေတြက ေျပာပါတယ္။

.................

Coronavirus ကြောင့် ထိုင်းစီးပွားရေး ထိခိုက်ဖွယ်ရှိ

(Unicode)

Coronavirus ကူးစက်ခံထားရသူ ၁၄ ဦးရှိနေတဲ့ထိုင်းနိုင်ငံမှာ တရုတ်နိုင်ငံက ဝင်လာတဲ့ခရီးသည်အားလုံးကို ရောဂါလက္ခဏာရှိမရှိ စစ်ဆေးမယ်လို့ ထိုင်း ကျန်းမာရေးတာဝန်ရှိသူတွေက အင်္ဂါနေ့မှာကြေညာပါတယ်။

တရုတ် Corona ဗိုင်းရပ်ရောဂါ အိမ်နီးချင်းနိုင်ငံတချို့ကို ကူးစက်တဲ့သတင်းကို ဖတ်ရှုနိုင်ပါပြီ။

ထိုင်းက လူနာတွေထဲမှာ တရုတ်နိုင်ငံက ဝင်လာတဲ့လူ ၆ ဦးပါဝင်ပါတယ်။ တရုတ်နိုင်ငံမှာ Coronavirus ကူးစက်ပြန့်နှံ့နေတာကြောင့် ဒီနှစ်အတွင်း ထိုင်းနိုင်ငံကိုဝင်လာမယ့် တရုတ် ခရီးသည် ၉သန်းကနေ ၂ သန်းလောက်ထိ ကျသွားနိုင်တယ်လို့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း တာဝန်ရှိသူတွေက ခန့်မှန်းပြောဆိုထားပါတယ်။

တရုတ်နိုင်ငံကို မလိုအပ်ပဲ ခရီးမသွားကြဖို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် Sukhum Kanchanapimai ကသတင်းစာရှင်းလင်းပွဲမှာ တိုက်တွန်းပြောဆိုသွားပါတယ်။

ရောဂါကူးစက်ခံထားရလို့ သေဆုံးခဲ့တဲ့ ၁၀၆ ဦးစလုံးကတော့ တရုတ်နိုင်ငံကဖြစ်ပြီး တခြားနိုင်ငံတွေမှာ တော့ဒီရောဂါကြောင့် သေဆုံးသူမရှိပါဘူး။ ရောဂါကူးစက်ခံထားရသူတွေကတော့ တရုတ်နိုင်ငံပြီးရင် ထိုင်းမှာအများဆုံးဖြစ်ပါတယ်။ ထိုင်းမှာ ထပ်ပြီးကူးစက်ခံထားရတဲ့လူနာ ၅ ဦးကတော့ အသက် ၆ နှစ်ကနေ ၇၀ ဦးဖြစ်ပြီး ဟူဘေးပြည်နယ်ကပြန်လာကြတဲ့ မိသားစုကဖြစ်တယ်လို့ ထိုင်းကျန်းမာရေးတာဝန်ရှိသူ Tanarak Plipat ကသတင်းထောက်တွေကို ပြောပါတယ်။

အစောပိုင်းတုန်းကတော့ Wuhan မြို့က ပြန်ရောက်လာတဲ့ ခရီးသည်တွေကိုပဲ ထိုင်းလေဆိပ်တွေမှာ စစ်ဆေးတာဖြစ်ပေမယ့် ခုတော့ တရုတ်နိုင်ငံက ဝင်လာသမျှ ခရီးသည်အားလုံးကိုရောဂါလက္ခဏာ စစ်ဆေးမယ်လို့ ထိုင်းတာဝန်ရှိသူတွေက ပြောပါတယ်။

VOA (Burmese)
https://burmese.voanews.com
Coronavirus ေၾကာင့္ ထုိင္းစီးပြားေရး ထိခုိက္ဖြယ္ရွိ Coronavirus ေၾကာင့္ ထုိင္းစီးပြားေရး ထိခုိက္ဖြယ္ရွိ Reviewed by THITHTOOLWIN on 00:37 Rating: 5
Powered by Blogger.