အမ်ိဳးသမီးမ်ား အေပၚ အၾကမ္းဖက္မႈ ကာကြယ္ေရး ဥပေဒၾကမ္းထဲက ကိုယ္ဝန္ဖ်က္ခ်ခြင့္

အမ်ိဳးသမီးမ်ား အေပၚ အၾကမ္းဖက္မႈ ကာကြယ္ေရးဥပေဒၾကမ္းထဲမွာ အၾကမ္းဖက္ခံရၿပီးေတာ့ ရလာတဲ့ကိုယ္ဝန္ကို ဖ်က္ခ်ခြင့္ရွိတဲ့ အခ်က္ေတြ ပါဝင္
(Zawgyi)⤵⤵⤵
၂၀၁၃ ခုႏွစ္ကတည္းက စတင္ေရးဆြဲခဲ့တဲ့ အမ်ိဳးသမီးမ်ား အေပၚ အၾကမ္းဖက္မႈ ကာကြယ္ေရး ဥပေဒၾကမ္းကို လႊတ္ေတာ္႐ုံးကေန အမ်ားျပည္သူ သေဘာထားမွတ္ခ်က္ေပးၿပီး ေလ့လာႏိုင္ေအာင္ ဇန္နဝါရီ ၂၅ ရက္ေန႔ကတည္းက ထုတ္ျပန္လိုက္ပါတယ္။ ဒီဥပေဒၾကမ္းထဲမွာ အမ်ိဳးသမီးေတြ အၾကမ္းဖက္ခံရၿပီးေတာ့ ရလာတဲ့ကိုယ္ဝန္ကို ဖ်က္ခ်ခြင့္ရွိတဲ့ အခ်က္ေတြ ပါဝင္ပါတယ္။

ဥပေဒၾကမ္းရဲ႕ ပုဒ္မ ၁၅ အရ အၾကမ္းဖက္ခံရသူဟာ မိမိဆႏၵနဲ႔ ပဋိသေႏၶ တားျခင္း အပါအဝင္ မ်ိဳးဆက္ပြား က်န္းမာေရး ဝန္ေဆာင္မႈေတြကို ရယူပိုင္ခြင့္ရွိတယ္လို႔ ေဖာ္ျပထားပါတယ္။

အဓမၼ အႏိုင္က်င့္ အၾကမ္းဖက္ခံရၿပီး ရရွိလာတဲ့ ကိုယ္ဝန္ကို ဆက္လြယ္ထားရင္ ဒါမွမဟုတ္ စိတ္ပိုင္း ႐ုပ္ပိုင္းဆိုင္ရာ က်န္းမာေရး ထိခိုက္ေစႏိုင္တာနဲ႔ မုဒိမ္းမႈ က်ဳးလြန္ခံရတာေၾကာင့္ ဆိုတဲ့ အခ်က္ႏွစ္ခ်က္မွာ တစ္ခ်က္ခ်က္နဲ႔ အက်ဳံးဝင္ရင္ ေဆးစစ္ေဆးေရး အဖြဲ႕ရဲ႕ ခြင့္ျပဳခ်က္နဲ႔ ကိုယ္ဝန္ ဖ်က္ခ် ႏိုင္တယ္လို႔ ပုဒ္မ ၁၆ မွာ ေဖာ္ျပထားပါတယ္။

နည္းမ်ိဳးစုံနဲ႔ အၾကမ္းဖက္ အႏိုင္က်င့္ခံၿပီးရလာတဲ့ ကိုယ္ဝန္ေတြနဲ႔ သက္ငယ္မုဒိန္းမႈေတြကေန ကိုယ္ဝန္ေတြ ရလာတဲ့အခါမွာ ကိုယ္ဝန္မေဆာင္ႏိုင္တဲ့ အ႐ြယ္ပဲျဖစ္ျဖစ္ ၊ သူတို႔အေပၚ အႏိုင္က်င့္ေစာ္ကားသူေတြရဲ႕ သားသမီးကို အမ်ိဳးသမီးေတြက ျပဳစု ေစာင့္ေရွာက္ ခ်င္စိတ္ မရွိႏိုင္တဲ့အတြက္ ဒီလို အမႈေတြမွာ ကြၽမ္းက်င္သူေဆးပညာရွင္နဲ႔ ကိုယ္ဝန္ဖ်က္ခ်ခြင့္ ဆိုၿပီး ေရးဆြဲထည့္သြင္းတာ ျဖစ္တယ္လို႔ ဥပေဒၾကမ္း ေရးဆြဲစဥ္ ပါဝင္ အႀကံျပဳခဲ့တဲ့ အမ်ိဳးသမီးအေရး လႈပ္ရွားသူ Triangle Women Support Group တည္ေထာင္သူ မခင္ေလးက ဘီဘီစီကို ေျပာပါတယ္။

မုဒိန္းမႈ ျဖစ္ပြားႏႈန္း ၂၀၁၃ ခုႏွစ္မွာ ၇၃၄ မႈ ရွိခဲ့ၿပီး ၂၀၁၉ မွာေတာ့ ဇြန္လအထိ ၄၁၉ မႈ ရွိခဲ့တယ္လို႔ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ရဲ႕ စာရင္းမ်ားအရ သိရပါတယ္။ ဒါ့အျပင္ သက္ငယ္မုဒိန္းမႈေတြကလည္း မုဒိန္းမႈ အားလုံးရဲ႕ ၆၀ ရာခိုင္ႏႈန္း ျဖစ္ပြားခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ ကိုလိုနီေခတ္က ေရးဆြဲခဲ့တဲ့ ရာဇဝတ္မႈ ဥပေဒ ရွိေပမယ့္ အဲဒီဥပေဒဟာ အမ်ိဳးသမီးေတြကို ထိထိေရာက္ ေရာက္ ကာကြယ္ႏိုင္တာ မရွိတဲ့အတြက္ အခုလို အမ်ိဳးသမီးမ်ားအေပၚ အၾကမ္းဖက္မႈ ကာကြယ္ေရး ဥပေဒကို ေရးဆြဲဖို႔ အမ်ိဳးသမီးအေရး လႈပ္ရွားသူေတြက တိုက္တြန္းခဲ့ၾကတာ ျဖစ္ပါတယ္။

အမ်ိဳးသမီးေတြအေပၚ နည္းမ်ိဳးစုံနဲ႔ ခြဲျခားမႈ ပေပ်ာက္ေရး ကုလသမဂၢ သေဘာတူစာခ်ဳပ္ စီေဒါ (CEDAW) ကို ျမန္မာႏိုင္ငံ ဟာ ၁၉၉၇ ခုႏွစ္ ဇူလိုင္လ ၂၂ ရက္ေန႔မွာ လက္မွတ္ေရးထိုးခဲ့ပါတယ္။

ဒီစာခ်ဳပ္ကို ၁၉၇၉ ခုႏွစ္၊ ဒီဇင္ဘာ (၁၈) ရက္ေန႔မွာ က်င္းပတဲ့ ကုလသမဂၢ အေထြေထြညီလာခံမွာ လက္မွတ္ေရးထိုး စတင္ အတည္ျပဳခဲ့တာျဖစ္ၿပီး ႏိုင္ငံေပါင္း (၁၈၅) ႏိုင္ငံက လက္မွတ္ေရးထိုး ပူးေပါင္းခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ က်န္းမာေရး အေရးေပၚ အေျခအေနကလြဲလို႔ အမ်ိဳးသမီးေတြ ကိုယ္ဝန္ဖ်က္ခ်တာကို ဥပေဒနဲ႔ တားျမစ္ထားၿပီး တရားဝင္ သားဆက္ျခား ကုသမႈ သားေၾကာျဖတ္ျခင္းကို အစိုးရ အစီအမံနဲ႔သာ ျပဳလုပ္ခြင့္ရွိပါတယ္။

ဒီဥပေဒၾကမ္းမွာ အခန္း (၁၃) ခန္းထိ ပါဝင္ၿပီး အမ်ိဳးသမီးမ်ားအေပၚ အၾကမ္းဖက္မႈ က်ဳးလြန္ပါက မည္သည့္ ျပစ္မႈနဲ႔ ျပစ္ဒဏ္ မည္မွ် ပါဝင္မယ္ဆိုတဲ့ အခ်က္အလက္ အေသးစိတ္ ပါဝင္ဖို႔ ႀကိဳးစား အႀကံျပဳခဲ့တယ္လို႔ အမ်ိဳးသမီးအေရး လႈပ္ရွားတက္ႂကြသူ မဇာျခည္ဦးက ေျပာပါတယ္။

လက္ရွိ အေျခအေနအရ ျမန္မာႏိုင္ငံက အမ်ိဳးသမီးေတြဟာ လူမႈ ပတ္ဝန္းက်င္မွာ ေန႔စဥ္ ေျပာဆို ဆက္ဆံခံရတဲ့ အသုံးအႏႈန္းေတြကအစ ႏွစ္ေပါင္းမ်ားစြာ အျမစ္တြယ္ေနတဲ့ ယဥ္ေက်းမႈေတြ အရပါ နည္းမ်ိဳးစုံနဲ႔ ခြဲျခား ဆက္ဆံ ခံေနရတဲ့ ဒီဥပေဒၾကမ္း ေပၚေပါက္လာမွာ အမ်ိဳးသမီးေရး လႈပ္ရွားသူေတြက ႀကိဳဆိုခဲ့ၾကပါတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု ကာကွယ်ရေး ဥပဒေကြမ်းထဲက ကိုယ်ဝန်ဖျက်ချခွင့်

ဓာတ်ပုံ မူပိုင် MPA
Image caption အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု ကာကွယ်ရေးဥပဒေကြမ်းထဲမှာ အကြမ်းဖက်ခံရပြီးတော့ ရလာတဲ့ကိုယ်ဝန်ကို ဖျက်ချခွင့်ရှိတဲ့ အချက်တွေ ပါဝင်

၂၀၁၃ ခုနှစ်ကတည်းက စတင်ရေးဆွဲခဲ့တဲ့ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု ကာကွယ်ရေး ဥပဒေကြမ်းကို လွှတ်တော်ရုံးကနေ အများပြည်သူ သဘောထားမှတ်ချက်ပေးပြီး လေ့လာနိုင်အောင် ဇန်နဝါရီ ၂၅ ရက်နေ့ကတည်းက ထုတ်ပြန်လိုက်ပါတယ်။ ဒီဥပဒေကြမ်းထဲမှာ အမျိုးသမီးတွေ အကြမ်းဖက်ခံရပြီးတော့ ရလာတဲ့ကိုယ်ဝန်ကို ဖျက်ချခွင့်ရှိတဲ့ အချက်တွေ ပါဝင်ပါတယ်။

ဥပဒေကြမ်းရဲ့ ပုဒ်မ ၁၅ အရ အကြမ်းဖက်ခံရသူဟာ မိမိဆန္ဒနဲ့ ပဋိသန္ဓေ တားခြင်း အပါအဝင် မျိုးဆက်ပွား ကျန်းမာရေး ဝန်ဆောင်မှုတွေကို ရယူပိုင်ခွင့်ရှိတယ်လို့ ဖော်ပြထားပါတယ်။

အဓမ္မ အနိုင်ကျင့် အကြမ်းဖက်ခံရပြီး ရရှိလာတဲ့ ကိုယ်ဝန်ကို ဆက်လွယ်ထားရင် ဒါမှမဟုတ် စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်စေနိုင်တာနဲ့ မုဒိမ်းမှု ကျုးလွန်ခံရတာကြောင့် ဆိုတဲ့ အချက်နှစ်ချက်မှာ တစ်ချက်ချက်နဲ့ အကျုံးဝင်ရင် ဆေးစစ်ဆေးရေး အဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ ကိုယ်ဝန် ဖျက်ချ နိုင်တယ်လို့ ပုဒ်မ ၁၆ မှာ ဖော်ပြထားပါတယ်။

နည်းမျိုးစုံနဲ့ အကြမ်းဖက် အနိုင်ကျင့်ခံပြီးရလာတဲ့ ကိုယ်ဝန်တွေနဲ့ သက်ငယ်မုဒိန်းမှုတွေကနေ ကိုယ်ဝန်တွေ ရလာတဲ့အခါမှာ ကိုယ်ဝန်မဆောင်နိုင်တဲ့ အရွယ်ပဲဖြစ်ဖြစ် ၊ သူတို့အပေါ် အနိုင်ကျင့်စော်ကားသူတွေရဲ့ သားသမီးကို အမျိုးသမီးတွေက ပြုစု စောင့်ရှောက် ချင်စိတ် မရှိနိုင်တဲ့အတွက် ဒီလို အမှုတွေမှာ ကျွမ်းကျင်သူဆေးပညာရှင်နဲ့ ကိုယ်ဝန်ဖျက်ချခွင့် ဆိုပြီး ရေးဆွဲထည့်သွင်းတာ ဖြစ်တယ်လို့ ဥပဒေကြမ်း ရေးဆွဲစဉ် ပါဝင် အကြံပြုခဲ့တဲ့ အမျိုးသမီးအရေး လှုပ်ရှားသူ Triangle Women Support Group တည်ထောင်သူ မခင်လေးက ဘီဘီစီကို ပြောပါတယ်။

မုဒိန်းမှု ဖြစ်ပွားနှုန်း ၂၀၁၃ ခုနှစ်မှာ ၇၃၄ မှု ရှိခဲ့ပြီး ၂၀၁၉ မှာတော့ ဇွန်လအထိ ၄၁၉ မှု ရှိခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ စာရင်းများအရ သိရပါတယ်။ ဒါ့အပြင် သက်ငယ်မုဒိန်းမှုတွေကလည်း မုဒိန်းမှု အားလုံးရဲ့ ၆၀ ရာခိုင်နှုန်း ဖြစ်ပွားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ကိုလိုနီခေတ်က ရေးဆွဲခဲ့တဲ့ ရာဇဝတ်မှု ဥပဒေ ရှိပေမယ့် အဲဒီဥပဒေဟာ အမျိုးသမီးတွေကို ထိထိရောက် ရောက် ကာကွယ်နိုင်တာ မရှိတဲ့အတွက် အခုလို အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကာကွယ်ရေး ဥပဒေကို ရေးဆွဲဖို့ အမျိုးသမီးအရေး လှုပ်ရှားသူတွေက တိုက်တွန်းခဲ့ကြတာ ဖြစ်ပါတယ်။

အမျိုးသမီးတွေအပေါ် နည်းမျိုးစုံနဲ့ ခွဲခြားမှု ပပျောက်ရေး ကုလသမဂ္ဂ သဘောတူစာချုပ် စီဒေါ (CEDAW) ကို မြန်မာနိုင်ငံ ဟာ ၁၉၉၇ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒီစာချုပ်ကို ၁၉၇၉ ခုနှစ်၊ ဒီဇင်ဘာ (၁၈) ရက်နေ့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ လက်မှတ်ရေးထိုး စတင် အတည်ပြုခဲ့တာဖြစ်ပြီး နိုင်ငံပေါင်း (၁၈၅) နိုင်ငံက လက်မှတ်ရေးထိုး ပူးပေါင်းခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ကျန်းမာရေး အရေးပေါ် အခြေအနေကလွဲလို့ အမျိုးသမီးတွေ ကိုယ်ဝန်ဖျက်ချတာကို ဥပဒေနဲ့ တားမြစ်ထားပြီး တရားဝင် သားဆက်ခြား ကုသမှု သားကြောဖြတ်ခြင်းကို အစိုးရ အစီအမံနဲ့သာ ပြုလုပ်ခွင့်ရှိပါတယ်။

ဒီဥပဒေကြမ်းမှာ အခန်း (၁၃) ခန်းထိ ပါဝင်ပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကျုးလွန်ပါက မည်သည့် ပြစ်မှုနဲ့ ပြစ်ဒဏ် မည်မျှ ပါဝင်မယ်ဆိုတဲ့ အချက်အလက် အသေးစိတ် ပါဝင်ဖို့ ကြိုးစား အကြံပြုခဲ့တယ်လို့ အမျိုးသမီးအရေး လှုပ်ရှားတက်ကြွသူ မဇာခြည်ဦးက ပြောပါတယ်။

လက်ရှိ အခြေအနေအရ မြန်မာနိုင်ငံက အမျိုးသမီးတွေဟာ လူမှု ပတ်ဝန်းကျင်မှာ နေ့စဉ် ပြောဆို ဆက်ဆံခံရတဲ့ အသုံးအနှုန်းတွေကအစ နှစ်ပေါင်းများစွာ အမြစ်တွယ်နေတဲ့ ယဉ်ကျေးမှုတွေ အရပါ နည်းမျိုးစုံနဲ့ ခွဲခြား ဆက်ဆံ ခံနေရတဲ့ ဒီဥပဒေကြမ်း ပေါ်ပေါက်လာမှာ အမျိုးသမီးရေး လှုပ်ရှားသူတွေက ကြိုဆိုခဲ့ကြပါတယ်။

BBC Burmese
https://www.bbc.com
အမ်ိဳးသမီးမ်ား အေပၚ အၾကမ္းဖက္မႈ ကာကြယ္ေရး ဥပေဒၾကမ္းထဲက ကိုယ္ဝန္ဖ်က္ခ်ခြင့္ အမ်ိဳးသမီးမ်ား အေပၚ အၾကမ္းဖက္မႈ ကာကြယ္ေရး ဥပေဒၾကမ္းထဲက ကိုယ္ဝန္ဖ်က္ခ်ခြင့္ Reviewed by THITHTOOLWIN on 01:18 Rating: 5
Powered by Blogger.