ေက်ာက္မီးေသြးသုံးစက္႐ုံကို ဆန႔္က်င္တဲ့လႈပ္ရွားမႈ ဘားအံေဒသခံတို႔ ျပဳလုပ္

ၿမိဳင္ကေလး ဘိလပ္ေျမစက္႐ုံရဲ႕ စြန႔္ပစ္ေရေၾကာင့္ ဒုကၡခံစားေနရတဲ့႐ြာသားေတြ ဘားအံၿမိဳ႕နယ္ နတ္ကုန္းေက်း႐ြာမွာ ၂ဝ၂ဝ ဇန္နဝါရီ ၁၇ ရက္ေန႔က ဆုေတာင္းၾကစဥ္
(Zawgyi)⤵⤵⤵
ၿမိဳင္ကေလးစက္႐ုံေၾကာင့္ ေနာက္ဆက္တြဲဆိုးက်ိဳးေဝးဖို႔ ေဒသခံေတြ ဆုေတာင္း ကရင္ျပည္နယ္ ဘားအံၿမိဳ႕နယ္က ၿမိဳင္ကေလး ေက်ာက္မီးေသြးသုံး ဘိလပ္ေျမစက္႐ုံရဲ႕ စြန႔္ပစ္ေရေတြေၾကာင့္ အနီးအနား ေက်း႐ြာေတြဟာ ေရအရင္းအျမစ္နဲ႔ လူမႈစီးပြားဒုကၡေတြ ခံစားေနရတာကေန ကင္းေဝးေအာင္ဆိုၿပီး ေဒသခံေတြဟာ ဒီေန႔ ဆုေတာင္းပြဲ ျပဳလုပ္ခဲ့ပါတယ္။

ဘားအံၿမိဳ႕နယ္က ဖားကပ္၊ ၿမိဳင္ကေလး၊ ရေသ့ပ်ံ စတဲ့ေက်း႐ြာအုပ္စုေတြမွာရွိတဲ့ ႐ြာ ၂၇ ႐ြာက ေဒသခံအမ်ားအျပားဟာ နတ္ကုန္းေက်း႐ြာမွာ ဆုေတာင္းပြဲျပဳလုပ္ခဲ့တာပါ။

ဒီေန႔ အစီအစဥ္မွာ ေဒသခံေတြ၊ ဆရာေတာ္ေတြဟာ သူတို႔ယုံၾကည္ရာ ဘာသာေတြနဲ႔ ဆုေတာင္းခဲ့ၾကပါတယ္။

ဒီစက္႐ုံဟာ ေဒသခံေတြအတြက္ ေကာင္းက်ိဳးမရွိဘဲ ဆိုးက်ိဳးပဲ ခံစားေနရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ဆုေတာင္းပြဲမွာ ေဒသခံေတြ အသုံးျပဳေနတဲ့ ေရတြင္း၊ ေရကန္ေတြကို အေရာင္ေျပာင္းေစတဲ့ ေက်ာက္မီးေသြးသုံး ဘိလပ္ေျမစက္႐ုံကို ရပ္တန႔္ေပးဖို႔နဲ႔ ေဒသခံေတြရဲ႕ အခက္အခဲေတြကို ေျဖရွင္းေပးဖို႔ အစိုးရကို ေတာင္းဆိုခဲ့တယ္လို႔ ငနက္ျပာေက်း႐ြာခံ ေနာ္စိုးစိုးေအးက ေျပာပါတယ္။

“အစိုးရအဖြဲ႕အစည္းကို ေတာင္းဆိုတာက က်မတို႔ကို ဒီေရအျဖစ္ေျပာင္းေစတဲ့ ေက်ာက္မီးေသြးနဲ႔ လည္ေနတဲ့စက္႐ုံကို အျမန္ဆုံးရပ္တန႔္ေပးဖို႔ က်မတို႔ကို ကူညီေပးဖို႔ေတာင္းဆိုတယ္၊ ေရအခက္အခဲရွိေနတဲ့ ႐ြာေတြကို သူတို႔ ဘယ္လိုတာဝန္ယူမလဲဆိုတာ ခုခ်ိန္မွာမသိေပမယ့္ ဒီကိစၥကို တာဝန္ယူေစခ်င္တာေပါ့”

ဒီကိစၥနဲ႔ပတ္သက္ၿပီး ကရင္ျပည္နယ္ အစိုးရအဖြဲ႕ လွ်ပ္စစ္နဲ႔စက္မႈ ဝန္ႀကီး ဦးစိုးလႈိင္ကို ဆက္သြယ္ေမးျမန္းရာမွာေတာ့ -

“အဲလိုဆုေတာင္းပြဲလုပ္တာ က်ေနာ္လည္း မသိဘူး၊ ဘာမွလည္း မသိရဘူးျဖစ္ေနတယ္၊ အဲဒါကို အစိုးရအဖြဲ႕ ျပန္ၾကားေရးအဖြဲ႕ ဆိုတာရွိပါတယ္ သူတို႔ကိုေမးၾကည့္ပါ” လို႔ေျပာပါတယ္။

ၿပီးခဲ့တဲ့ ႏိုဝင္ဘာလေလာက္ကစၿပီး ဘားကပ္၊ ရေသ့ပ်ံ၊ ေကာ့ရင္း၊ ပန္းကုံး၊ ငနက္ျပာ စတဲ့ ေက်း႐ြာအုပ္စုေတြထဲက ေက်း႐ြာေတာ္ေတာ္မ်ားမ်ား အသုံးျပဳေနတဲ့ ေခ်ာင္းေရနဲ႔ ေရကန္ေတြဟာ ၿမိဳင္ကေလး ဘိလပ္ေျမစက္႐ုံကေန စြန႔္ပစ္လိုက္တဲ့ ေရေတြေၾကာင့္ အသုံးျပဳလို႔မရဘဲ အေရာင္ေျပာင္းလာတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ေရအေရာင္ ေျပာင္းလဲလာတာေၾကာင့္ ေဒသခံေတြ မေသာက္သုံးရဲၾကလို႔ အခုဆိုရင္ ေသာက္သုံးေရ အခက္အခဲျဖစ္ေနေပမယ့္ အစိုးရဘက္က စုံစမ္းစစ္ေဆးတာ၊ အေရးယူတာ မရွိသလို ေရအခက္အခဲအတြက္ ကူညီတာလည္းမရွိဘူးလို႔ ေဒသခံေတြက ေျပာပါတယ္။

ဒီၿမိဳင္ကေလး ဘိလပ္ေျမစက္႐ုံဟာ လုပ္ထုံးလုပ္နည္းေတြ၊ ဥပေဒတြနဲ႔မညီေပမယ့္ အစိုးရဘက္က တစ္စုံတစ္ရာအေရးယူမႈ မရွိတာဟာ စစ္တပ္ပိုင္ကုမၸဏီေၾကာင့္လား ေမးခြန္းထုတ္စရာျဖစ္ေနတယ္လို႔ ကရင္ျပည္နယ္ ျမစ္ေခ်ာင္းမ်ား ေစာင့္ၾကည့္ေရးကြန္ရက္က ကိုေစာသာပိုးက ေျပာပါတယ္။

“ဥပေဒနဲ႔မညီ မေလ်ာ္ကန္ပဲ လုပ္ထားတဲ့ဟာမ်ိဳးကို မ်က္ဝါးထင္ထင္ က်ေနာ္တို႔ ေတြ႕ရတယ္၊ ဒီလိုကိစၥေတြမွာ သူနဲ႔သက္ဆိုင္ရာဌာန ဥပမာ သဘာဝပတ္ဝန္းက်င္ဌာနက သိတယ္ဆိုလို႔ရွိရင္ အေရးယူရမယ့္ကိစၥျဖစ္တယ္၊ အစိုးရက စစ္တပ္ပိုင္တဲ့ ကုမၸဏီမို႔လို႔ တရားမစြဲတာဆိုတာလား ဆိုတာကေတာ့ က်ေနာ္တို႔ ေမးခြန္းထုတ္စရာ သို႔ေလာသို႔ေလာျဖစ္စရာေတြ အမ်ားႀကီးရွိတယ္”

ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာလက RFA က ေမးျမန္းရာမွာေတာ့ အဲဒီေက်ာက္မီးေသြးသုံး ဘိလပ္ေျမစက္႐ုံဟာ တပ္မေတာ္ပိုင္ ျမန္မာ့စီးပြားေရးေကာ္ပိုေရးရွင္း (MEC) က အေကာင္ထည္ေဖာ္တာျဖစ္တာေၾကာင့္ ျပည္နယ္အစိုးရအေနနဲ႔ စီမံခြင့္မရွိထားဘူးလို႔ ျပည္နယ္ လွ်ပ္စစ္နဲ႔စက္မႈ ဝန္ႀကီး ဦးစိုးလႈိင္က ေျဖၾကားထားခဲ့ပါတယ္။

ၿမိဳင္ကေလး ဘိလပ္ေျမစက္႐ုံဟာ ၿမိဳင္ကေလးေက်း႐ြာနဲ႔ လွာကာေက်း႐ြာေတြမွာရွိၿပီး တစ္ရက္ကို ဘိလပ္ေျမ တန္ ေလးေထာင္နဲ႔ တန္ ၉၀၀ ထုတ္ စက္႐ုံ ႏွစ္ခုရွိပါတယ္။ ၁၉၈၀ ေလာက္က တည္ေဆာက္ခဲ့တာျဖစ္ၿပီး အရင္တုန္းက သဘာဝဓာတ္ေငြ႕ကို အသုံးျပဳလည္ပတ္တာျဖစ္ေပမယ့္ ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ကစၿပီး ေက်ာက္မီးေသြးေလာင္စာကို အသုံးျပဳတာျဖစ္ပါတယ္။ အဲဒီ ဘိလပ္ေျမစက္႐ုံ ႏွစ္႐ုံကို ျမန္မာ့စီးပြားေရးေကာ္ပိုေရးရွင္း MEC က စတင္လည္ပတ္ခဲ့တာဟာ ႏွစ္ ၂၀ ေက်ာ္ၾကာၿပီလို႔လည္း သိရပါတယ္။

ေက်ာက္မီးေသြးကိုသုံးမယ့္ သတင္းေတြထြက္ေပၚေနတဲ့ ၂၀၁၆ ခုႏွစ္ကတည္းက ေဒသခံေတြက ကန႔္ကြက္ဆႏၵျပခဲ့ၾကတာပါ။

ေဒသခံေတြ ေသာက္သုံးေရအခက္အခဲျဖစ္ေနသလို ေရနဲ႔လုပ္ကိုင္ရတဲ့ မုန႔္ဟင္းခါးဖိုေတြ၊ ငါးဖမ္းလုပ္ငန္းေတြ၊ စိုက္ပ်ိဳးေမြးျမဴေရး လုပ္ငန္းေတြမွာလည္း အဆင္မေျပမႈနဲ႔ ရင္ဆိုင္ေနရပါတယ္။

ေႏြရာသီမွာ ေရအခက္အခဲဟာ ပိုဆိုးႏိုင္တယ္လို႔ ေဒသခံေတြက ေျပာေနၾကပါတယ္။

RFA Burmese
https://www.rfa.org
--------------
(Unicode)⤵⤵⤵
ကျောက်မီးသွေးသုံးစက်ရုံကို ဆန့်ကျင်တဲ့လှုပ်ရှားမှု ဘားအံဒေသခံတို့ ပြုလုပ်

မြိုင်ကလေး ဘိလပ်မြေစက်ရုံရဲ့ စွန့်ပစ်ရေကြောင့် ဒုက္ခခံစားနေရတဲ့ရွာသားတွေ ဘားအံမြို့နယ် နတ်ကုန်းကျေးရွာမှာ ၂ဝ၂ဝ ဇန်နဝါရီ ၁၇ ရက်နေ့က ဆုတောင်းကြစဉ်
Photo: Saw Tha Phoe

မြိုင်ကလေးစက်ရုံကြောင့် နောက်ဆက်တွဲဆိုးကျိုးဝေးဖို့ ဒေသခံတွေ ဆုတောင်း ကရင်ပြည်နယ် ဘားအံမြို့နယ်က မြိုင်ကလေး ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံရဲ့ စွန့်ပစ်ရေတွေကြောင့် အနီးအနား ကျေးရွာတွေဟာ ရေအရင်းအမြစ်နဲ့ လူမှုစီးပွားဒုက္ခတွေ ခံစားနေရတာကနေ ကင်းဝေးအောင်ဆိုပြီး ဒေသခံတွေဟာ ဒီနေ့ ဆုတောင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

ဘားအံမြို့နယ်က ဖားကပ်၊ မြိုင်ကလေး၊ ရသေ့ပျံ စတဲ့ကျေးရွာအုပ်စုတွေမှာရှိတဲ့ ရွာ ၂၇ ရွာက ဒေသခံအများအပြားဟာ နတ်ကုန်းကျေးရွာမှာ ဆုတောင်းပွဲပြုလုပ်ခဲ့တာပါ။

ဒီနေ့ အစီအစဉ်မှာ ဒေသခံတွေ၊ ဆရာတော်တွေဟာ သူတို့ယုံကြည်ရာ ဘာသာတွေနဲ့ ဆုတောင်းခဲ့ကြပါတယ်။

ဒီစက်ရုံဟာ ဒေသခံတွေအတွက် ကောင်းကျိုးမရှိဘဲ ဆိုးကျိုးပဲ ခံစားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆုတောင်းပွဲမှာ ဒေသခံတွေ အသုံးပြုနေတဲ့ ရေတွင်း၊ ရေကန်တွေကို အရောင်ပြောင်းစေတဲ့ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံကို ရပ်တန့်ပေးဖို့နဲ့ ဒေသခံတွေရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးဖို့ အစိုးရကို တောင်းဆိုခဲ့တယ်လို့ ငနက်ပြာကျေးရွာခံ နော်စိုးစိုးအေးက ပြောပါတယ်။

“အစိုးရအဖွဲ့အစည်းကို တောင်းဆိုတာက ကျမတို့ကို ဒီရေအဖြစ်ပြောင်းစေတဲ့ ကျောက်မီးသွေးနဲ့ လည်နေတဲ့စက်ရုံကို အမြန်ဆုံးရပ်တန့်ပေးဖို့ ကျမတို့ကို ကူညီပေးဖို့တောင်းဆိုတယ်၊ ရေအခက်အခဲရှိနေတဲ့ ရွာတွေကို သူတို့ ဘယ်လိုတာဝန်ယူမလဲဆိုတာ ခုချိန်မှာမသိပေမယ့် ဒီကိစ္စကို တာဝန်ယူစေချင်တာပေါ့”

ဒီကိစ္စနဲ့ပတ်သက်ပြီး ကရင်ပြည်နယ် အစိုးရအဖွဲ့ လျှပ်စစ်နဲ့စက်မှု ဝန်ကြီး ဦးစိုးလှိုင်ကို ဆက်သွယ်မေးမြန်းရာမှာတော့ -

“အဲလိုဆုတောင်းပွဲလုပ်တာ ကျနော်လည်း မသိဘူး၊ ဘာမှလည်း မသိရဘူးဖြစ်နေတယ်၊ အဲဒါကို အစိုးရအဖွဲ့ ပြန်ကြားရေးအဖွဲ့ ဆိုတာရှိပါတယ် သူတို့ကိုမေးကြည့်ပါ” လို့ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလလောက်ကစပြီး ဘားကပ်၊ ရသေ့ပျံ၊ ကော့ရင်း၊ ပန်းကုံး၊ ငနက်ပြာ စတဲ့ ကျေးရွာအုပ်စုတွေထဲက ကျေးရွာတော်တော်များများ အသုံးပြုနေတဲ့ ချောင်းရေနဲ့ ရေကန်တွေဟာ မြိုင်ကလေး ဘိလပ်မြေစက်ရုံကနေ စွန့်ပစ်လိုက်တဲ့ ရေတွေကြောင့် အသုံးပြုလို့မရဘဲ အရောင်ပြောင်းလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေအရောင် ပြောင်းလဲလာတာကြောင့် ဒေသခံတွေ မသောက်သုံးရဲကြလို့ အခုဆိုရင် သောက်သုံးရေ အခက်အခဲဖြစ်နေပေမယ့် အစိုးရဘက်က စုံစမ်းစစ်ဆေးတာ၊ အရေးယူတာ မရှိသလို ရေအခက်အခဲအတွက် ကူညီတာလည်းမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒီမြိုင်ကလေး ဘိလပ်မြေစက်ရုံဟာ လုပ်ထုံးလုပ်နည်းတွေ၊ ဥပဒေတွနဲ့မညီပေမယ့် အစိုးရဘက်က တစ်စုံတစ်ရာအရေးယူမှု မရှိတာဟာ စစ်တပ်ပိုင်ကုမ္ပဏီကြောင့်လား မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ ကရင်ပြည်နယ် မြစ်ချောင်းများ စောင့်ကြည့်ရေးကွန်ရက်က ကိုစောသာပိုးက ပြောပါတယ်။

“ဥပဒေနဲ့မညီ မလျော်ကန်ပဲ လုပ်ထားတဲ့ဟာမျိုးကို မျက်ဝါးထင်ထင် ကျနော်တို့ တွေ့ရတယ်၊ ဒီလိုကိစ္စတွေမှာ သူနဲ့သက်ဆိုင်ရာဌာန ဥပမာ သဘာဝပတ်ဝန်းကျင်ဌာနက သိတယ်ဆိုလို့ရှိရင် အရေးယူရမယ့်ကိစ္စဖြစ်တယ်၊ အစိုးရက စစ်တပ်ပိုင်တဲ့ ကုမ္ပဏီမို့လို့ တရားမစွဲတာဆိုတာလား ဆိုတာကတော့ ကျနော်တို့ မေးခွန်းထုတ်စရာ သို့လောသို့လောဖြစ်စရာတွေ အများကြီးရှိတယ်”

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက RFA က မေးမြန်းရာမှာတော့ အဲဒီကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံဟာ တပ်မတော်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) က အကောင်ထည်ဖော်တာဖြစ်တာကြောင့် ပြည်နယ်အစိုးရအနေနဲ့ စီမံခွင့်မရှိထားဘူးလို့ ပြည်နယ် လျှပ်စစ်နဲ့စက်မှု ဝန်ကြီး ဦးစိုးလှိုင်က ဖြေကြားထားခဲ့ပါတယ်။

မြိုင်ကလေး ဘိလပ်မြေစက်ရုံဟာ မြိုင်ကလေးကျေးရွာနဲ့ လှာကာကျေးရွာတွေမှာရှိပြီး တစ်ရက်ကို ဘိလပ်မြေ တန် လေးထောင်နဲ့ တန် ၉၀၀ ထုတ် စက်ရုံ နှစ်ခုရှိပါတယ်။ ၁၉၈၀ လောက်က တည်ဆောက်ခဲ့တာဖြစ်ပြီး အရင်တုန်းက သဘာဝဓာတ်ငွေ့ကို အသုံးပြုလည်ပတ်တာဖြစ်ပေမယ့် ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကစပြီး ကျောက်မီးသွေးလောင်စာကို အသုံးပြုတာဖြစ်ပါတယ်။ အဲဒီ ဘိလပ်မြေစက်ရုံ နှစ်ရုံကို မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC က စတင်လည်ပတ်ခဲ့တာဟာ နှစ် ၂၀ ကျော်ကြာပြီလို့လည်း သိရပါတယ်။

ကျောက်မီးသွေးကိုသုံးမယ့် သတင်းတွေထွက်ပေါ်နေတဲ့ ၂၀၁၆ ခုနှစ်ကတည်းက ဒေသခံတွေက ကန့်ကွက်ဆန္ဒပြခဲ့ကြတာပါ။

ဒေသခံတွေ သောက်သုံးရေအခက်အခဲဖြစ်နေသလို ရေနဲ့လုပ်ကိုင်ရတဲ့ မုန့်ဟင်းခါးဖိုတွေ၊ ငါးဖမ်းလုပ်ငန်းတွေ၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွေမှာလည်း အဆင်မပြေမှုနဲ့ ရင်ဆိုင်နေရပါတယ်။

နွေရာသီမှာ ရေအခက်အခဲဟာ ပိုဆိုးနိုင်တယ်လို့ ဒေသခံတွေက ပြောနေကြပါတယ်။

RFA Burmese
https://www.rfa.org
ေက်ာက္မီးေသြးသုံးစက္႐ုံကို ဆန႔္က်င္တဲ့လႈပ္ရွားမႈ ဘားအံေဒသခံတို႔ ျပဳလုပ္ ေက်ာက္မီးေသြးသုံးစက္႐ုံကို ဆန႔္က်င္တဲ့လႈပ္ရွားမႈ ဘားအံေဒသခံတို႔ ျပဳလုပ္ Reviewed by THITHTOOLWIN on 20:08 Rating: 5
Powered by Blogger.