
(Zawgyi)⤵⤵⤵
တာချီလိတ်၊ ဇန်နဝါရီ ၂၉




------------
(Unicode)⤵⤵⤵
မိုင်းကိုးကျေးရွာအုပ်စုရှိ ပန်အပ်ကျေးရွာမှာ မီးလောင်မှုဖြစ်ပွားသဖြင့် နေအိမ်(၂)လုံးနဲ့ အမျိုးသမီးတစ်ဦးသေဆုံး

တာချီလိတ်၊ ဇန်နဝါရီ ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ မိုင်းကိုးကျေးရွာအုပ်စု၊ တာချီလိတ်မှ တာလေအသွား၊ တောင်သုံးလုံးကျေးရွာအနီးရှိ ပန်အမ်ကျေးရွာမှာ ဒီကနေ့ ဇန်နဝါရီလ (၂၉)ရက်နေ့ ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦးသေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။

မိုင်းကိုးကျေးရွာအုပ်စု၊ ပန်အမ်ရွာမှာ ဒီကနေ့ ဇန်နဝါရီလ (၂၉)ရက်နေ့ ည(၆)နာရီက မီးလောင်ကြောင်းသတင်းအရ တာချီလိတ်ခရိုင်မီးသတ်တပ်ဖွဲ့ဝင်များနဲ့ ရဲတပ်ဖွဲ့ဝင်များတို့က သွားရောက်ငြိမ်းသတ်ခဲ့ရာ ည(၇)နာရီမှာ မီးငြိမ်းသွားခဲ့ပြီး ဖြစ်စဉ်မှာ ဦးယောကော် ရဲ့ဇနီး ဒေါ်မီအော် မှာ ရေနွေးအိုးထည်ခဲ့ကာ လင်မယားနှစ်ယောက်စလုံး ဘေးအိမ်ကိုသွားနေစဉ် နေအိမ်မီးလောင်နေကြောင်းသိရှိသဖြင့် ဒေါ်မီအော် မှာ အဝတ်အစားယူရန် သွားရောက်စဉ် ချော်လဲပြီး မီးလောင်သေဆုံးခဲ့ကြောင်းနဲ့ ဦးယောကော် မှာ မျက်နှာမီးလောင်ဒဏ်ရာ ရရှိသဖြင့် တာချီလိတ်ခရိုင်ပြည်သူဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

အဆိုပါမီးလောင်မှုကြောင့် လူနေအိမ် (၂)လုံး၊ ဦးယောကော် မှာ မျက်နှာမီးလောင်ဒဏ်ရာ၊ ဒေါ်မီအော် မှာ မီးလောင်သေဆုံးသွားခဲ့တယ်လို့ သိရပြီး ဖြစ်စဉ်နဲ့ပတ်သတ်ကာ တာချီလိတ်မြို့မရဲစခန်းမှာ အမှုဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့ သတင်းရရှိပါတယ်။

သတင်း-ဇင်လတ်(ရွှေတြိဂံ)
Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
မိုင်းကိုးကျေးရွာအုပ်စုရှိ ပန်အပ်ကျေးရွာမှာ မီးလောင်မှုဖြစ်ပွားသဖြင့် နေအိမ်(၂)လုံးနဲ့ အမျိုးသမီးတစ်ဦးသေဆုံး မိုင်းကိုးကျေးရွာအုပ်စုရှိ ပန်အပ်ကျေးရွာမှာ မီးလောင်မှုဖြစ်ပွားသဖြင့် နေအိမ်(၂)လုံးနဲ့ အမျိုးသမီးတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 02:22 Rating: 5
Powered by Blogger.